Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ယူကရိန်းအရေးတွင် ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်ချင်သော တရုတ်က ရုရှားနှင့်ဆက်ဆံရေး တိုးမြှင့်လာသဖြင့် သံသယပွားစရာ ဖြစ်နေ 

တရုတ်နိုင်ငံသည် ဝင်ရိုးစုံကမ္ဘာသစ်အခင်းအကျင်းတွင် ဦးဆောင်သူဖြစ်လာရန် ကြိုးပမ်းနေသောကြောင့် ယူကရိန်းအရေး၌ ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်လာရန် အားထုတ်မှုသည် ရပ်တည်ချက် ပြောင်းလဲခြင်းထက် ၎င်း၏ပုံရိပ်ကို မြှင့်တင်လိုသည့် ရည်ရွယ်ချက်ကို ပြသနေကြောင်း အနောက်တိုင်း သံတမန်များနှင့် လေ့လာသုံးသပ်သူများက ပြောကြားသည်။
👍7😁4
​​အကြမ်းဖက်တိုက်ခိုက်မှုသတင်းများ မထုတ်လွှင့်ရန် ပါကစ္စတန် မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ရုပ်သံ လုပ်ငန်းများအား တားမြစ် 

ပါကစ္စတန် မီဒီယာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (PEMRA) က ရုပ်သံအစီအစဉ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုသတင်းများထုတ်လွှင့်ခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်တားမြစ်လိုက်ကြောင်း ပါကစ္စတန်အခြေစိုက် The News International Newspaper က ဖော်ပြသည်။
🔥1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_25 Seg_1 | ကြက်သားသရက်သီးသနပ်ချက်နှင့် ချဉ်ပေါင်ရွက်ချည်ရည်ဟင်း

Watch more detail - https://youtu.be/Fi9h0cTB0Uo

#thecookingguy #mizzimatv #reels #shorts #cooking
👍5🤮1
​​ပါကစ္စတန် အစ္စလာမာဘတ်မြို့တော်တွင် အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေးတပ်လှန့်ထား 

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မှ ရဲအုပ် အက်ခ်ဘာနာဆာခန်းသည် မြို့တော်အတွင်း တရားဥပဒေစိုးမိုးမှု အခြေအနေကို ထိန်းသိမ်းရေးအတွက် လုံခြုံရေးတပ်လှန့်ထားရန် တင်းကျပ်သောညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း The News International သတင်းတွင် ဖော်ပြထားသည်။
👍2🔥2
ဖေ​ဖော်ဝါရီလ 27 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​မီဒီယာလုပ်ငန်းများ လုပ်ကိုင်ခြင်းကို အာဖဂန်ပြည်နယ် ၂ ခုတွင် တာလီဘန် တားမြစ်

တာလီဘန်အနေဖြင့် ဟဲမန်းနှင့် ပါဝန်ပြည်နယ်များတွင် မီဒီယာလုပ်ငန်းများကို ပစ်မှတ်ထားသည့် မကြာသေးမီက အမိန့်ညွှန်ကြားချက်များကို ပြန်လည်ပယ်ဖျက်ပြီး သတင်းထောက်များအား လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုရန် ဂျာနယ်လစ်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဖေဖော်ဝါရီလ ၂၂ ရက်တွင် တောင်းဆိုလိုက်သည်။
👍3🔥1
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်နေဟု စစ်ကောင်စီခေါင်းဆောင်ပြော

001
မဇ္စျိမ။ ။ကမ္ဘာ့နိုင်ငံများတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုအခက်အခဲဖြစ်ပေါ်နေသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း ကုန်ဈေးနှုန်းကြီးမြင့်နေကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ စစ်ကောင်စီ လက် အောက်ခံ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ် သည်။
မြန်မာနိုင်ငံတွင် ရေနှင့်မြေများ၊ သဘာဝသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စဉ် ဆက်မပြတ်ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်ကိုင်လိုမှုအားနည်းခြင်းကြောင့် တိုးတက်မှုနောက်ကျနေသည် ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။
😁16👍5🤮4🔥1
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ပြီး စီးပွား ရေးဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းနေသည်ဟုလည်း ၎င်းကပြောသည်။
အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း နိုင်ငံ့စီးပွားရေးအကျပ်အတည်းများရှိခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့် မှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် အစည်းအဝေးတစ်ခုတွင် ပြောဆိုထားသည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်း ရန်ကုန်မြို့ရှိ ဆင်းရဲနွမ်းပါးသူအိမ်ထောင်စုဝင်များအနေဖြင့် အစားလျှော့စား နေရကြောင်း UNDP Myanmar က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကောင်စီ
#ကုန်ဈေးနှုန်း
#စီးပွားရေး
🤮9❤2👍2🔥1
ဖေဖော်ဝါရီလ ၂၇ ရက်၊ ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:06- အမှုကိစ္စတွေအတွက် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ခွင့်ပေးဖို့ ရှေ့နေအဖွဲ့ တင်ပြပေမယ့်လည်း စစ်ကောင်စီက တွေ့ခွင့်မပြုတဲ့သတင်း
02:22- ဒေါ်နယ်ထရန့်ကိုလက်စားချေဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး ပြောကြားလိုက်တဲ့သတင်း
03:58- ထန်တလန်မြို့တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ကျဆုံးခဲ့တယ်ဆိုတဲ့သတင်း
05:26- ဒီကနေ့မနက်မှာ ပုသိမ်မုံရွာလမ်းအတိုင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဆားလင်းကြီးမြို့နယ်က ကျေးရွာ ကိုးရွာခန့် စစ်ဘေးရှောင်နေရတဲ့သတင်းအပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/sKCu0sNatIQ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁2