မော်လမြိုင်တွင် နေအိမ်(၄)လုံးမီးလောင်ပြီး မြေးအဘိုးနှစ်ဦး မီးလောင်သေဆုံး
==================
ဂျူချန်း
မဇ္ဈိမ ။။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် နေအိမ် လေးလုံး မီးလောင်ခဲ့ပြီး အိမ်တအိမ်ထဲတွင် ပိတ်မိသွားသည့် မြေးအဘိုးနှစ်ဦး မီးလောင် သေဆုံးခဲ့ရကြောင်း သိရသည်။
မော်လမြိုင်မြို့၊လှိုင်ရပ်ကွက်၊ဘဲကုန်းဈေးအနောက်ဘက်မှ နေအိမ်လုံးသည် ယနေ့ မတ်လ ၁ရက်နေ့ နေ့ခင်း ၂နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုတွင် လေဖြတ်နေသည့် အသက် ၈၀ အရွယ် အဘိုးဖြစ်သူနှင့် အသက် လေးနှစ်အရွယ် မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရကာ နေအိမ်လေးလုံး မီးလောင်ပျက်ဆီးခဲ့ရကြောင်း လူမှုကယ်ဆယ်ရေးအသင်းနှင့် ဒေသခံများမှ သိရသည်။
“အသက် ၈၀အရွယ်အဖိုးနဲ့ လေးနှစ်အရွယ် မြေးယောကျ်ားလေးတစ်ယောက်ဆုံးသွားတယ်။ အဘိုးကလေဖြတ်ထားတယ်။ ကျနော့စိတ်ထင် မီးက တချက်တည်းတောက်လာတော့ ပြေးလို့မလွတ်တော့လို့ ကလေးကြောက်မှာစိုးလို့ ဖက်ထားတာလားမသိဘူး။ ကလေးကိုဖက်လျက်ကြီးဖြစ်နေတယ်"ဟု ရာမည အရေးပေါ်ကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်တဦးက ပြောသည်။
အဆိုပါ မီးလောင်မှုသည်
ဝါယာရှော့ကြောင့်ဟု ကနဦးသတင်းထွက်နေပြီး မီးသတ်ဌာနက အသေးစိတ် စစ်ဆေးနေဆဲဖြစ်ကြောင်းသိရသည်။ မီးစတင်လောင်ကျွမ်းသည့်နေအိမ်မှ အိမ်ပိုင်ရှင်လည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံများက ယနေ့ညနေ ပြောသည်။
မီးလောင်သည့်နေအိမ်များကို မီးသတ်တပ်ဖွဲ့များ၊ ဒေသခံပရဟိတအသင်းများနှင့် ပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ မိနစ်၂၀ခန့်အကြာတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်သေဆုံးခဲ့ရသည့် မြေးအဘိုးရုပ်အလောင်းအား မော်လမြိုင်ဆေးရုံကြီးရင်ခွဲရုံမှတဆင့်သုဿာန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#မွန်ပြည်နယ်
#မော်လမြိုင်မြို့
#မြေးအဘိုးနှစ်ဦး
#မီးလောင်သေဆုံး

😢16👍13
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_26 Seg_3 | မုန့်ဟင်းခါး
Watch more detail - https://youtu.be/Ujb2_iSYVW8
#thecookingguy #mizzimatv #reels #shorts #cooking

👍5🤡1
စစ်ကောင်စီ ဘယ်အချိန်အထိ ရာဇဝတ်ဘေးက လွတ်မြောက်နေဦးမှာလဲ (ဆောင်းပါး)
=====================
စစ်ကောင်စီက နိုင်ငံ့အာဏာကို မတရားရယူခဲ့ပြီး နှစ်နှစ်ကျော်အကြာမှာ ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေး၊ အသက်အန္တရာယ်ထိပါးမှု ဒဏ်တွေကို ပြည်သူတွေ ခံစားနေရတာ ပိုပိုပြီး ဆိုးဝါးလာပြီ ဖြစ်ပါတယ်။
တိုက်ပွဲ အရှိန်အဟုန်မြင့်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ မိုင်းထိလို့ အရပ်သားသေဆုံးမှုတွေ ရှိနေပါတယ်။ ဒေသကာကွယ်ရေး တပ်တွေရှိရာနားမှာ ထောင်ထားတဲ့ မိုင်းတွေဟာ လက်လုပ်မိုင်းမဟုတ်ဘဲ စက်လုပ်မိုင်းတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ထောင်တာလို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူနယ်ထဲမှာ ၁ ရက်အတွင်း မိုင်းထိခံရတဲ့ ဒေသခံ ၉ ဦးအထိရှိခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
https://youtu.be/js2MuGF2e8c
#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စစ်ကောင်စီ ဘယ်အချိန်အထိ ရာဇဝတ်ဘေးက လွတ်မြောက်နေဦးမှာလဲ (ဆောင်းပါး)
စစ်ကောင်စီက နိုင်ငံ့အာဏာကို မတရားရယူခဲ့ပြီး နှစ်နှစ်ကျော်အကြာမှာ ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ စီးပွားရေး၊ လူမှုရေး၊ အသက်အန္တရာယ်ထိပါးမှု ဒဏ်တွေကို ပြည်သူတွေ ခံစားနေရတာ ပိုပိုပြီး ဆိုးဝါးလာပြီ ဖြစ်ပါတယ်။
တိုက်ပွဲ အရှိန်အဟုန်မြင့်နေတဲ့ စ…
တိုက်ပွဲ အရှိန်အဟုန်မြင့်နေတဲ့ စ…
👍9😁1
မတ်လ ၂ ရက် ကြာသပတေးနေ့ “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
=====================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးနေရာမှာ ရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြောကြားလိုက်တဲ့ သတင်းနဲ့ အတူ
မြင်းမူမြို့မှာ အရပ်သားကလေးငယ် ၂ ဦး အသတ်ခံခဲ့ရတဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး အိုင်စီစီ နဲ့ပတ်သတ်တဲ့ အစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါမယ်။
https://youtu.be/QW58v51Ph8c
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးနေရာမှာ ရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြောကြားလိုက်တဲ့ သတင်းနဲ့ အတူ
မြင်းမူမြို့မှာ အရပ်သားကလေးငယ် ၂ ဦး အသတ်ခံခဲ့ရတဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး အိုင်စီစီ နဲ့ပတ်သတ်တဲ့ အစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါမယ်။
https://youtu.be/QW58v51Ph8c
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မတ်လ ၂ ရက် ကြာသပတေးနေ့ “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးနေရာမှာ ရှိနေတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြောကြားလိုက်တဲ့ သတင်းနဲ့ အတူ
မြင်းမူမြို့မှာ အရပ်သားကလေးငယ် ၂ ဦး အသတ်ခံခဲ့ရတဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွ…

🔥2
ကမ္ဘောဒီးယားတွင် တရုတ်ထောက်ပံ့ငွေဖြင့် ရေတပ်အခြေစိုက်စခန်း တိုးချဲ့ထားကြောင်း တွေ့ရှိ
=======================
ကမ္ဘောဒီးယားနိုင်ငံ စီဟန်နက်ဗေးပြည်နယ်တစ်ဝိုက်ရှိ ကမ်းရိုးတန်းဒေသအား မကြာသေးမီက ရိုက်ကူးထား သော ဂြိုဟ်တုဓာတ်ပုံများ၌ အရှေ့တောင်အာရှတွင်သာမက ထိုင်ဝမ်ရေလက်ကြားကိုပါ တရုတ်က သြဇာ ဖြန့်ကြက်နိုင်မည့် တရုတ်ထောက်ပံ့ငွေဖြင့်တည်ဆောက်ထားသော ရေတပ်အခြေစိုက်စခန်းတစ်ခု သိသာစွာ တိုးချဲ့လာပုံကို ဖော်ပြထားသည်။
အခြေစိုက်စခန်း၏ တစ်စိတ်တစ်ပိုင်းကို တရုတ်စစ်တပ်အား အသုံးပြုခွင့်ပေးရေး လျှို့ဝှက်သဘောတူညီချက် တစ်ရပ်ကို ကမ္ဘောဒီးယားနှင့် တရုတ်က လက်မှတ်ရေးထိုးခဲ့ကြောင်း Wall Street Journal က ၂၀၁၉ ခုနှစ်တွင် ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားက ယင်းသဘောတူညီချက်ကို အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး အခြေစိုက်စခန်းအား နိုင်ငံခြားတိုင်းပြည် များကို စစ်ရေးအတွက် သီးသန့်အသုံးပြုခွင့်ပေးခြင်းသည် ကမ္ဘောဒီးယားဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင် ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် တရုတ်တို့သည် ၂၀၂၂ ခုနှစ် ဇွန်လတွင် တရုတ်ထောက်ပံ့ငွေဖြင့် ထိုင်းပင်လယ်ကွေ့ရှိ စီဟန်နက်ဗေးပြည်နယ်တွင် Ream ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရေး စီမံကိန်းကို စတင်ခဲ့သည်။

😁5👍2
အမေရိကန်ရှိ တရုတ်ရဲစခန်းကို သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် ကန့်ကွက်ဆန္ဒပြ
=========================
တရုတ်အစိုးရအား ဆန့်ကျင်သူများအပေါ် သူလျှိုလုပ်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် နေထိုင်ကြသည့် တရုတ်လူမျိုး ၆၀ ကျော်က တရုတ်ရဲစခန်းဖွင့်ထားသည့် အဆောက်အအုံတစ်ခု၏ အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြကြောင်း The New York Post သတင်းတွင် ဖော်ပြထားသည်။
ဆန္ဒပြသူများသည် ရဲဘက်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေသည့် အကျိုးအမြတ်မယူသော ချန်းလီအသင်း (ChangLe Association Inc) တည်ရှိရာ 107 East Broadway အဆောက်အအုံအပြင်ဘက်တွင် ဖေဖော်ဝါရီလ ၂၅ ရက်က စုဝေးခဲ့ကြသည်။
“တရုတ်အသိုင်းအဝိုင်းမှာ ဒါဟာ အလွန်ဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်တွင်းက လူတွေကို ဖိနှိပ်ချုပ်ချယ်ပြီး အမေရိကန်နဲ့ အာရှ-အမေရိကန် နိုင်ငံရေးသမားတွေကနေတစ်ဆင့် အမေရိကန်ရောက် တရုတ်တွေအပေါ် သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေပါတယ်” ဟု ဆန္ဒပြသူတဦးဖြစ်သည့် တိုနီကိုင်က ပြောကြားခဲ့သည်။

👍3😁3
တရုတ်ကွန်မြူနစ်ပါတီက ၁၄ ဆက်မြောက်ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံရေးကိစ္စကို နှောင့်ယှက်ရန် ဝါဒဖြန့် ရုပ်သံအစီအစဉ်များ စတင်ထုတ်လွှင့်
==========================
တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၁၄ ဆက်မြောက် ဒလိုင်းလားမား၏ အရိုက်အရာဆက်ခံခြင်းဆိုင်ရာကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ဝါဒဖြန့်ချိရေး ရုပ်သံအစီအစဉ်ထုတ်လွှင့်မှုများကို စတင်လိုက်ကြောင်း Tibet Rights Collective က သတင်းထုတ်ပြန်သည်။
ရုပ်သံချန်နယ် CCTV တွင် ထုတ်လွှင့်ပြသခဲ့သော Tashilhunpo ဟူသော အခန်းဆက်အစီအစဉ်တွင် ဒလိုင်းလားမားနှင့် ပန်ချန်လားမားတို့၏ အရိုက်အရာဆက်ခံမည့်သူများကို ရှာဖွေခြင်းဆိုင်ရာ အသေးစိတ်မှတ်တမ်းကို ဖော်ပြခဲ့ကြောင်း Global Times ကို ကိုးကား၍ Tibet Rights Collective က ဖော်ပြခဲ့သည်။ ဘာသာရေးထုံးတမ်းစဉ်လာကို ၁၃ ရာစုနှောင်းပိုင်းကတည်းက တရုတ်ပိုင်နက်တွင် တရုတ်အစိုးရမှ ကြီးကြပ်ကျင်းပခဲ့သည်ဟု ရုပ်သံစီးရီးတွင် ရိုက်ကူးပြထားသည်။
တရုတ်အစိုးရသည် တိဗက်ဒေသသို့ လာလည်ရန် ပြည်သူများအား ဖိတ်ခေါ်ခဲ့သလို ပြည်ပဘလော့ဂါများနှင့် လူသိများထင်ရှားသူများကို ဖိတ်ခေါ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် တိဗက်အား သာယာအေးချမ်းသောဒေသအဖြစ် ပုံဖော် ရိုက်ကူးစေခဲ့ပြီး ဆွေးနွေးပွဲများ၊ ပြပွဲများကို ကျင်းပကာ လူမှုမီဒီယာများတွင် မျှဝေခဲ့သည်။

😁2👍1
အာကာသလက်နက်ပြိုင်ပွဲတွင် တရုတ်နှင့် ရုရှားက အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုများဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီး ပြောကြား
======================
လက်နက်ပြိုင်ဆိုင်မှု ကြီးထွားလာခြင်းကြောင့် အာကာသသည် နှစ်အနည်းငယ်အတွင်း လုံးလုံးလျားလျား ပြောင်း လဲသွားကြောင်းနှင့် တရုတ်သည် အန္တရာယ်အရှိဆုံးခြိမ်းခြောက်မှုဖြစ်ကာ ယင်းနောက်တွင် ရုရှားရှိနေကြောင်း အမေရိကန်အာကာသစစ်ဆင်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘရတ်လေချန့်စ် ဆော့ဇ်မန်းက ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဘက်တွေက ထုတ်လုပ်တဲ့ လက်နက်တွေ အားလုံး ရောနှောနေတာ တွေ့နေရပါတယ်" ဟု ဆော့ဇ်မန်းက AFP အပါအဝင် ရွေးချယ်ဖိတ်ကြားထားသည့် မီဒီယာများကို ပြောကြားခဲ့သည်။
"အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှုက တရုတ်ပါ၊ ရုရှားလည်း အလားတူပါပဲ” ဟု ဖေဖော်ဝါရီ ၁၈ ရက်ကကျင်းပသော ဂြိုဟ်တုတိုက်ဖျက်ရေး ဒုံးကျည်များ၊ မြေပြင်အခြေစိုက်တိုက်ရိုက်စွမ်းအင်နှင့် ပတ်လမ်း ကြားဖြတ်နှောင့်ယှက်စွမ်းရည်များ အပါအဝင် နည်းပညာများကို ဖော်ပြသည့် မြူးနစ်လုံခြုံရေးညီလာခံ၏ သီးသန့်အစည်းအဝေး၌ ဆော့ဇ်မန်းက ပြောကြားခဲ့သည်။

👍6🔥1
ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထား၊ ပြန်လွှတ်မပေးသေးဟု ဒေသခံများပြော
🤬7🔥1