Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့နယ် ကုန်းရွာတွင် စစ်တပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကို မီးရှို့ပြီး ပြည်သူ ၃ ဦး ကို ပစ်သတ်
🤬5🔥1
ယင်းမာပင်မြို့နယ် ကုန်းရွာတွင် စစ်တပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကို မီးရှို့ပြီး ပြည်သူ ၃ ဦး ကို ပစ်သတ်
======================

လွှမ်းမိုး
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကုန်းရွာတွင် စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကိုမီးရှို့ပြီး ပြည်သူ သုံးဦးကိုပါ ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းမာပင်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ အိမ်ခြေ ၇၅၀ ခန့်ရှိသည့် ကုန်းရွာမှနေအိမ်များကို ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီတွင် မီးတင်ရှို့ခဲ့ခြင်းဟု ဆိုသည်။

“ ည မှောင်ရီတန်း အချိန်ကနေစပြီး မီးတောက်တွေကို အဝေးကနေ မြင်နေရတာပေါ့ ။ ရွာက ကြီးပြီး အိမ်ခြေကစိတ်တော့ တော်တော်လေး ဆုံးရှုံးမှူများသွားတယ်။ အခု မီးလောင်အိမ်ခြေ စာရင်းလုပ်ကြည့်တာတော့ ပြာကျသွားတဲ့ အိမ်ခြေ ၆၀၀ လောက်တော့ ရှိမယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကုန်းရွာတွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဦးဆန်းလင်း၊ အသက် ၄၃ နှစ်အရွယ် ကိုအေးလွင် နှင့်အတူ စစ်ကြောင်းတွင် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာရှိ ပြည်သူပိုင်နေအိမ် အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ယင်းမာပင် မြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်ထိတွေ့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပေါက်ပန်းဖြူ ၊ ဇီးတော၊ ရင်ပေါင်တိုင် ၊ ကျွန်းတော ၊ မြင်သာကုန်း ၊ မေတ္တာကုန်း ၊ နတ်ထောက် ၊ စားတော်ပြင် စတဲ့ ကျေးရွာများမှ ဒေသခံ ပြည်သူ ၉,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ယင်းမာပင်မြို့နယ်
#ကုန်းရွာ
#မီးရှို့
#စစ်ကြောင်း
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4❤1
Belarus leader 'fully supports' China's Ukraine peace plan
=====================

Belarus President Alexander Lukashenko tells his Chinese counterpart Xi Jinping that his country "fully supports" Beijing's proposals for ending the Ukraine conflict. "Belarus is actively coming up with peace proposals, and fully supports the initiative on international security you have put forward," Lukashenko explains, referring to a position paper by Beijing on Moscow's offensive in Ukraine insisting it is a neutral party and calling for dialogue.

https://youtu.be/ORw1wGeNUp8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥1
ယင်းမာပင်မြို့နယ် ဇီးတောရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးဟု KLG PDF ပြော
==================

လွှမ်းမိုး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ ၊ အနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ဇီးတောကျေးရွာအနီးတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တို့ မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KLG) က မဇ္ဈိမကို ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အမျိုးသမီး စစ်သား အပါအဝင် ကိုးဦးထက်မနည်း သေဆုံးပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KLG PDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ တိုက်ပွဲကတော့ မီတာ ၈၀ အကွာလောက်ကနေ ပစ်ခဲ့တာဗျ ။ စစ်သား ငါးဦး နဲ့ အမျိုးသမီး စစ်သား လေးဦး သေဆုံး တယ်။ ဒါကတော့ မျက်မြင်ပေါ့ဗျာ ။ အပြင်းထန်ထိခိုက်မှုကတော့ များနိုင်တယ် ။ ကျနော်တို့ဘက်က ရဲဘော်နှစ်ဦး ထိခိုက်မှု ရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (KLG) က မဇ္ဈိမကို ပြောသည်။

နှစ်ဘက်တိုက်ပွဲ တစ်နာရီခန့်ကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်ဖြင့်လာရောက်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် တိုက်ပွဲအတွင်း သေဆုံးသူ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ရှိ အနောက်မြောက် တိုင်းစစ်ဌာနချုပ် (န.မ.ခ) သို့ နှစ်ကြိမ် သယ်ဆောင်သွားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ထိုစစ်ကြောင်းမှ မြေပြင်တွင် ကျန်ရစ်ခဲ့သည့် စစ်ကောင်စီ တပ်သားများမှာ ယင်းမာပင်မြို့တွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းက ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသမီးစစ်သည်များကို တွေ့ရကြောင်း ရှေ့တန်းတိုက်ပွဲဝင်နေသော PDF များက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းများတွင် အမျိုးသမီး စစ်သားများကို ထည့်၍ အသုံးပြုလာခြင်းမှာ စစ်တပ်အင်အား အမှန်တကယ် ယုတ်လျော့ လာခြင်းကြောင့် ဖြစ်သည်ဟု KLG PDF မှ နာယက ဆရာတော်က မဇ္ဈိမကို မှတ်ချက်ပြုသည်။

အဆိုပါ တိုက်ပွဲကို ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) ၊ ၊ နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) ၊ Alpha Special Force ၊ Triple Two Force ၊ ချင်းတွင်းဂဠုန်ရာဇာ ၊ Yinmarbin Local PDF ၊ ဗျတ္တညီနောင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ သံမဏိမြွေပြွေး ၊မြောက်ယမား တပ်ဖွဲ့ ၊ Yinmarbin PDA စတဲ့ တပ်ဖွဲ့များ ပါဝင်သည့် ပြည်ထောင်စု လွတ်မြောက်ရေး တပ်ပေါင်းစု (ULF) ၊ Yoma Fighetr တပ်ဖွဲ့နှင့် ဒေသခံ မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ အပြင် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီ အချိန်ကလည်း ယင်းမာပင်မြို့နယ် မြင်သာကုန်းဇရပ် ၊ ဆည်ဘောင်ကြီး အနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

https://youtu.be/7eEmxccJb5A

စာတည်း ။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ယင်းမာပင်
#ဇီးတောတိုက်ပွဲ
#အမျိုးသမီးစစ်သည်
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13❤2😁2
လောင်းလုံးမြို့မှာ လူထုစည်းရုံးရေးနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ
====================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ကျေးရွာ နှစ်ရွာရှိ စျေးနှင့် နေရာ အချို့တို့တွင် တော်လှန်ရေး အင်အားစု လူငယ်များက ဦးဆောင်ပြီး လူထု စည်းရုံးရေး အသိပညာပေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှသ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် စည်းရုံး‌ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ထိုင်းနိုင်ငံပိုင် PTTEP/ PTT ကုမ္ပဏီအား ဆန့်ကျင်ကြရန်နှင့် လက်နက်မဲ့ လူထုတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရန် စည်းရုံးဟောပြောပြီး တော်လှန်ရေး ကြွေးကြော်သံများနှင့် ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ယင်း အဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီအနေဖြင့် လူထုစည်းရုံး အသိပညာပေးလှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကျေးရွာပေါင်း ၁၆ ရွာ၌ လူထုစည်းရုံးရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

#mizzima
#စည်းရုံးလှုံ့ဆော်ရေး
#လက်ကမ်းစာစောင်
#လောင်းလုံးမြို့နယ်
#တော်လှန်ရေးအင်အားစု
👍13❤2🔥2😁1
မတ်လ (၂) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:03 −   ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထားကာ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံတွေပြောတဲ့သတင်း

04:41 − စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးရဲ့တပ်ဦးနေရာမှာရှိနေတယ်လို့ CRPH ဥက္ကဋ္ဌ၊ ဦးအောင်ကြည်ညွန့်ပြောတဲ့သတင်း

06:04 − မြင်းမူမြို့မှာ အရပ်သားကလေးငယ် ၂ ဦးကို စစ်ကောင်စီတပ်က ဓားစာခံအနေနဲ့ သတ်ဖြတ်သွားခဲ့တဲ့သတင်းနဲ့

09:00 -ဓါတ်ခွဲခန်းယိုစိမ့်မှုစွပ်စွဲချက်ဟာ အမေရိကန်ရဲ့ဂုဏ်သိက္ခာကိုပဲ ထိခိုက်စေကြောင်း တရုတ်ပြောကြားလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့  စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/_0tpYXj6724

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1🤮1
မြန်မာ့အရေးဒေသတွင်းလုံခြုံရေးထိခိုက်ငြိမ်းချမ်းရေးရအောင် နည်းလမ်းသစ်ရှာဖို့မလေးရှားဝန်ကြီးတိုက်တွန်း
=================

မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွါးနေတဲ့ ပဋိပက္ခအကျပ်အတည်းဟာ ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုထိခိုက်နေတယ်လို့ မလေးရှားဝန်ကြီးချုပ် အန္နဝါ အီဘရာဟင်က ပြောလိုက်ပါတယ်။

 ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင်တွေကို အာဆီယံနဲ့ လက်တွဲ အလုပ်လုပ်လာစေဖို့သိမ်းသွင်းနိုင်ရေးမှာ နည်းလမ်းသစ်တွေလိုနေတယ်လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပြဿနာတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ သာယာဝပြောရေးကိုပါ ထိခိုက်လာနေတာကြောင့် - ပြည်တွင်းရေး သက်သက်လို့ သဘောထားလို့ မရတော့ဘူးလို့ သူက ပြောဆိုပါတယ်။

ဒါကြောင့် မြန်မာစစ်အာဏာပိုင်တွေအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း -အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်အောင် နည်းလမ်းသစ်ရှာဖို့ အကြံပြုလိုတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) နဲ့ မနီလာမြို့တော်မှာ မတ်လ ၁ ရက် တွေ့ဆုံအပြီး ပြောဆိုလိုက်တာပါ။

https://youtu.be/d08TPg26QSo

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁3
စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်အတွက် ပြည်ပကုမ္ပဏီတွေ လေယာဉ်ဆီ ဆက်လက်ပေးပို့နေ
======================

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့စစ်တပ်အတွက် ပြည်ပကနေလေယာဉ်ဆီ တင်သွင်းထောက်ပို့လမ်းကြောင်းအသစ်တွေရှိနေတယ်လို့ Amnesty International ၊Global Witness အဖွဲ့နဲ့ Burma Campaign UK တို့က ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှာ အိန္ဒိယ Sikka ဆိပ်ကမ်းကနေ Prime V အမည်ရှိ ရေနံတင်သင်္ဘောထွက်ခွာလာပြီး ဒီဇင်ဘာ ၁၀ ရက် ဝန်းကျင်မှာ Puma Energy Aviation Sun Co. Ltd. အရင်က သုံးခဲ့တဲ့ သီလဝါက ဆိပ်ကမ်းမှာ ဂျက်တိုက်လေယာဉ်သုံး လောင်စာဆီတွေကို သင်္ဘောပေါ်က ချတယ်လို့ ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှတ်ပုံတင်နဲ့ နိုင်ငံစုံပါတဲ့ Puma Energy လောင်စာကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ မနှစ်က အောက်တိုဘာမှာ ပြောကြားပြီး စစ်တပ်အတွက် လောင်စာဆီတင်သွင်းနေတဲ့ အရင်က Asia Sun Aviation ကို နာမည်ပြောင်းထားတဲ့ Shoon Energy ကို ရောင်းချခဲ့တယ်လို့ ပြောပါတယ်။

စစ်တပ်ကို လေယာဉ်လောင်စာဆီတင်ပို့နေတဲ့ တခြား ပြည်ပကုမ္ပဏီတွေအကြောင်းနဲ့ Prime V ရေနံတင်သင်္ဘောနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ကြေညာချက်မှာ အသေးစိတ်ဖော်ပြထားပါတယ်။

https://youtu.be/XjnQc_A1kvE

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5👍3
​​ယခုနှစ်အတွင်း မြန်မာ့စီးပွားရေး ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုရှိမည်ဟု IMF ခန့်မှန်း
====================

မေဘယ်လ်သူ
မဇ္ဈိမ။ ။ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းရှိမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အတွင်း မြန်မာ့စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း နှစ်ရာခိုင်နှုန်းမှ ယခု ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းကို တိုးတက်လာခြင်းဖြစ်ကြောင်း ဆိုထားသည်။

ထို့အပြင် လာမည့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်း ၃ ဒသမ ၄ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်းလည်း ကြိုတင်ခန့်မှန်းထားသည်။
“ပြည်တွင်းစီးပွားရေးက ဒီနှစ်ထဲမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်မှုရှိမယ်လို့ IMF က ခန့်မှန်းထားသလိုဖြစ်လာမလားဆိုတာ လာမည့် လေးလပိုင်း ဘတ််ဂျက်ခွဲဝေမှုနဲ့ ဖြစ်လာမယ့်အခြေအနေတွေပေါ်မှာမူတည်ပါတယ်” ဟု မဇ္ဈိမ၏ စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ဒေသတွင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ထက် နောက်ကျနေပြီး၊ သီရိလင်္ကာ၊ စင်ကာပူ နှင့် လာအိုနိုင်ငံတွေထက် စီးပွားရေး ပိုမိုတိုးတက်မှုရှိမည်ဟု ခန့်မှန်းထားလေသည်။
ဒါ့အပြင် ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင်လည်း မြန်မာ့ GDP သုံးရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားလေသည်။

ငွေကြေးခဝါချမှုအပါအဝင် အကြမ်းဖက်မှုများနှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့ ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black List) တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ငွေကြေးခဝါချမှု
#FATF
#GDP
#တိုးတက်မှုနှုန်း
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1👏1😁1
​​ဖယ်ခုံတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်‌နေပြီး ကျောင်းသားနှစ်ဦး သေဆုံးဟု KNDFထုတ်ပြန်
=====================

မဇ္ဈိမ။ ။ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်းအတွင်း စာကျက်နေသည့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် တပ်ရင်း (၁၁) - KNDF B (11) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က ဖယ်ခုံ စကစတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အကြောင်းမဲ့ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စုမှ ‌ဘုန်ကြီးကျောင်းတကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘုန်းကြီးကျောင်းတွင် စာကျက်နေသော ဆယ်တန်းကျောင်းသားညီအစ်ကိုနှစ်ဦးဒဏ်ရာရကာ သေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။သေဆုံးသူ ညီအစ်ကိုနှစ်ဦးမှာ အသက်(၁၉)နှစ် နှင့်အသက်(၁၅)နှစ် အရွယ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတုများ၊မီးစက်နှင့် အခြားသောအသုံးအဆောင်ပစ္စည်းများစွာ ပျက်စီးခဲ့ရသည်ဟု KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုKNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက် ည၈နာရီခန့်ကလည်း ဖယ်ခုံ စကစတပ်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတရွာတွင် လက်နက်ကြီး ကျည်သုံးလုံးကျရောက် ပေါက်ကွဲရာ ဘုန်းကြီးကျောင်းတွင် ရှိနေသော အသက် (၄၀) အရွယ် အမျိုးသားတဦးနှင့် (၈) နှစ်အရွယ်ကလေးတဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယင်းနေ့ည၉ နာရီခန့်တွင်လည်း ဖယ်ခုံစကစတပ်မှ လက်နက်ကြီးများ ထပ်မံပစ်ခတ်ရာ ဖယ်ခုံအနောက်ဘက်ခြမ်းရှိကျေးရွာတစ်ရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးထိခိုက် ဒဏ်ရာရကြောင်း၊ ဆက်သွယ်ရေး အခက်အခဲကြောင့် ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရသေးကြောင်း KNDFက ထုတ်ပြန်ထားသည်။
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်နီးပါး အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန် KNDFက တ်ိုက်တွန်းထားသည်။

ဖယ်ခုံမြို့နယ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပါဝင်ပြီး ကရင်နီပြည်နယ်နှင့် နယ်မြေချင်းထိစပ်နေသည်။

စာတည်း -မောင်ကြီး

#ဖယ်ခုံမြို့နယ်
#စစ်ကောင်စီလက်နက်ကြီးကျည်
#ကျောင်းသားနှစ်ဦးသေဆုံး
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3❤2🤬2😁1