Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတ်လ (၂) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

− စစ်ကောင်စီအတွက် နေပြည်တော်အပါအဝင် ဘယ်နေရာကမှ လုံခြုံမှုမရှိဘူးဆိုတာကို သိစေရမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့သတင်း

− မြန်မာ့အရေးဟာ ဒေသတွင်းလုံခြုံရေးထိခိုက်တာကြောင့် ငြိမ်းချမ်းရေးရအောင် နည်းလမ်းသစ်ရှာဖို့ မလေးရှားဝန်ကြီးချုပ်တိုက်တွန်းလိုက်တဲ့သတင်း

−အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား ရောင်းချနေတဲ့သတင်း နဲ့

− အီးယူရဲ့အာမေးနီးယားနယ်စပ်မစ်ရှင်အပေါ် ရုရှားနဲ့အဇာဘိုင်ဂျန်တို့ ဝေဖန်လိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/_CXaIB7Z718

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
ပိတ်ကားပေါ် ပြန်ရောက်လာတဲ့ ဖန်ဘင်ဘင်း “Pop Culture အစီအစဉ်”
=================

တရုတ်နိုင်ငံက ရုပ်ရှင် မင်းသမီး ဖန်ဘင်ဘင်း အနုပညာမြင်ကွင်းက ၅ နှစ်နီးပါး ပျောက်နေပြီး နောက်မှာ လူထုပရိသတ်ရှေ့ ပြန်ရောက်လာတော့ သူ့ရဲ့ ပရိသတ်တွေ ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။ အခွန်ရှောင်မှုကိစ္စအတွက် ၂၀၁၈ ခုနှစ်မှာ သူ့ကို အာဏာပိုင်တွေက ဒေါ်လာ ၁၂၉ သန်း ၊ တရုတ်ယွမ် ၈၈၃ သန်း ဒဏ်ငွေရိုက်ခဲ့ပြီး သူလူမြင်ကွင်းက ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာပေါ်မှာ ခေတ်စားနေတာတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေအကြောင်း စုစည်းတင်ဆက်ထားတဲ့ Pop Culture အစီအစဉ်ကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။

https://youtu.be/5792Wz3i090

#VOA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥1
​​အပူရှိန်ပြင်းထန်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်နိုင်သဖြင့် ပြည်သူများသတိထားကြရန် NUG အစိိုးရ သတိပေး
=================

မဇ္ဈိမ
အပူရှိန်ပြင်းထန်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ မြင့်တက်နိုင်သဖြင့် ပြည်သူများသတိထားကြရန် NUG အစိိုးရ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်သည်။

၂၀၂၃ခုနှစ်၊ နွေကာလ အယ်နီညို ဖြစ်တန်စွမ်းခန့်မှန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ မိတ္ထီလာမြို့၊ နေပြည်တော်၊ ပျဉ်းမနား၊ ပုဂံမြို့ဟောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ တောင်ငူမြို့၊ ဖြူးမြို့၊ ပြည်မြို့၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ရန်ကုန်မြို့တို့တွင် မွန်းလွဲ ၁၂နာရီမှ ညနေ ၄ နာရီအတွင်း ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မြင့်တက်လာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ( NUG )က ထုတ်ပြန်သည်။

ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များအနေဖြင့် နေ့အပူချိန် မြင့်တက်ချိန်များတွင် ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုများမှ ရှောင်ရှားနိုင်ရန်အတွက် အရိပ်အာဝါသ ကောင်းမွန် သောနေရာများတွင် နေထိုင်ကြပါရန်နှင့် အပူချိန်မြင့်တက်ခြင်းနှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သတိပြုနိုင်ပါရန် အသိပေးတင်ပြအပ်ကြောင်း NUG အစိုးရက အသိပေးထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကလေးသူငယ်များ
#သက်ကြီးရွယ်အိုများ
#ခရမ်းလွန်ရောင်ခြည်
#NUG
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤1😁1🥴1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep_16 seg_1 (Kira နဲ့ BoBတို့ရဲ့ စိန်ခေါ်မှု ခရီးစဥ်)

Watch more detail - https://youtu.be/9LKGJaA8M4s

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍1🔥1
​​အာဆီယံအနေဖြင့် မြန်မာအကျပ်အတည်းကို ပြည်တွင်းရေးကိစ္စသက်သက်အဖြစ် သဘောထား၍ မရနိုင်တော့ဟု မလေးရှားဝန်ကြီးချုပ် ပြော
=========================

မြန်မာ့အကျပ်အတည်းသည် ဒေသတွင်းလုံခြုံရေးအပေါ် ထိခိုက်လာနေသည့်အတွက် ယင်းကို ပြည်တွင်းရေးကိစ္စသက်သက်အဖြစ် သဘောထား၍ မရနိုင်တော့ကြောင်းနှင့် အာဆီယံအနေဖြင့် ထိုအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအလို့ငှာ နည်းလမ်းသစ်များ ရှာသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တိုက်တွန်းပြောကြားလိုက်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1😁1
​​မြန်မာဒုက္ခသည် ၂၀၀,၀၀၀ ကျော် နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံလာဟု မလေးရှားဝန်ကြီးချုပ် ပြော 
========================

မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၀၀,၀၀၀ ကျော်သည် ၎င်းတို့ နိုင်ငံမှ ထွက်ပြေးလာကာ မိမိတို့နိုင်ငံဆီ ခိုလှုံဝင်ရောက်လာကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဗုဒ္ဓဟူးနေ့တွင် ပြောပြီး ပြည်တွင်းပဋိပက္ခကို ဖြေရှင်းရန် မြန်မာအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအား နားချနိုင်မည့် နည်းလမ်းသစ်များအတွက် အရေးတကြီး တိုက်တွန်းသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1🥴1
ပွဲစားအလိမ်ခံရသော မြန်မာအလုပ်သမား ၂၀ ကျော်အား အလုပ်ရရှိအောင် AAC ကူညီဆောင်ရွက်ပေးခဲ့
===================

မဇ္ဈိမ။ ။ အလုပ်သမားကဒ်နဲ့ CI ကတ်လုပ်ပြီး အလုပ်သွင်းပေးမယ်လို့ အကျိုးဆောင်ခယူပြီး အလုပ်သွင်း ပေးခြင်းမရှိတဲ့အတွက် တစ်နှစ်ကျော်ခန့် ဒုက္ခရောက်နေခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂ ဦးကို အလုပ်ရအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ဆောင်ရွက်ပေးနေသူဖြစ်တဲ့ ကိုရဲမင်း(AAC)ကပြောပါတယ်။

သတင်းအပြည့်အစုံကို ဂျူချန်းက တင်ဆက်ပေးထားပါတယ်။

https://youtu.be/FsDa-uF2JX4

ရုပ်သံ တည်းဖြတ်/တင်ဆက် - ဂျူချန်း

#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းအလုပ်သမား
#MoUစနစ်

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🤮2
​​အိုင်အက်စ်အကြီးတန်းအဖွဲ့ဝင် ၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တာလီဘန်ပြော
=====================

အာဖဂန်နစ္စတန်တွင် မကြာသေးမီ သီတင်းပတ်များက တာလီဘန်လုံခြုံရေးတပ်ဖွဲ့များ၏ သီးခြားစစ်ဆင်ရေးများ အတွင်း အိုင်အက်စ်အဖွဲ့၏ ဒေသဆိုင်ရာအကြီးတန်းအဖွဲ့ဝင် ၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
🔥2😁1
​​ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာစဉ် ထိုင်းတွင် အလုပ်လက်မဲ့နှုန်း ကျဆင်း
=====================

ထိုင်းနိုင်ငံတွင် အဓိကအရေးပါသော ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နာလန်ထူလာခြင်းနှင့်အတူ နိုင်ငံ၏ အလုပ်လက်မဲ့မှုနှုန်းသည် ၂၀၂၂ ၏ စတုတ္ထသုံးလပတ်တွင် ၁ ဒသမ ၁၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ပြီး ထိုမတိုင်မီ အစောပိုင်းသုံးလပတ်က ၁ ဒသမ ၂၃ ရာခိုင်နှုန်း ဖြစ်ကြောင်း အစိုးရ စီမံကိန်းရေးဆွဲမှုအေဂျင်စီက မတ်လ ၂ ရက်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
​​မြန်မာနိုင်ငံက အကြမ်းဖက်မှုများ လမ်းကြောင်းပြောင်းလဲရေး နိုင်ငံတကာကို HURFOM တိုက်တွန်း 
========================

မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုများ၏ နက်ရှိုင်းစွာ စိုးရိမ်ရသော လမ်းကြောင်းအား ပြောင်းလဲနိုင်ရန် နိုင်ငံတကာအနေဖြင့် ၎င်းတို့၏ မူဝါဒများနှင့် သံတမန်ရေးတို့ကို အသုံးချရန် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM က တိုက်တွန်းသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🥴2❤1🔥1
Business Round Up (March 2 )
===============

- မြန်မာ့စီးပွားရေး (၃.၃) ရာခိုင်နှုန်း တိုးတက်မှုရှိမည်ဟုခန့်မှန်းထားပေမယ့် တိုးတက်မှုနှေးကွေးနေဆဲဖြစ်ကြောင်း IMF ထုတ်ပြန်

- အိန္ဒိယသို့တင်ပို့နေသည့် ပဲမျိုးစုံ ယခင်နှစ်ကာလတူထက် ဈေးကောင်းရနေ

- မကွေးတိုင်းအတွင်းရှိ အမွေအနှစ်စာရင်းဝင် အဆောက်အဦး၊ နေရာဒေသများ NUG ကြေညာ

- ရွှေလီကျောက်စိမ်းဈေးကွက် ပြန်ရုန်းထနေဆဲ

- G-20 အစည်းအဝေးမှာ ယူကရိန်းစစ်ပွဲကို ရုရှားအပေါ် အပြစ်တင်ရေးကိစ္စ သဘောကွဲလွဲပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခြင်း မရှိ

https://youtu.be/dvHqtOWRAMw

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1😁1
​​ဘလိုချီစတန်ပြည်နယ်ဝန်ကြီးကို ၃ လောင်းပြိုင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီး 
=======================

ါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဆာဒါအဗ္ဗဒူ ရာမန် ခီထရန်ကို ဘာခန်းခရိုင်ရှိ ရေတွင်းတစ်ခုတွင်တွေ့ရသော သတ်ဖြတ်ခံထားရသူ ၃ ဦးနှင့် ဆက်စပ်သည်ဟုဆိုကာ ပါကစ္စတန်ရဲများက ဖမ်းဆီးခဲ့ကြောင်း ARY သတင်းဌာနက ဖော်ပြသည်။

ဝန်ကြီး ခီထရန်သည် အဆိုပါ ၃ လောင်းပြိုင်လူသတ်မှုအတွက် စွပ်စွဲခံရကာ ထိန်းသိမ်းခံထားရပြီး ကတ်တာမြို့တွင်လည်း ဆန္ဒပြသူများက တရားမျှတမှုတောင်းဆိုကာ ၂ ရက်ဆက်တိုက် ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။ 

ပြည်နယ်ဝန်ကြီးက စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်းနှင့် သူသည် လွန်ခဲ့သည့် ၁၀ ရက်လုံး ကတ်တာမြို့တွင် ရှိနေကြောင်း တုံ့ပြန်ခဲ့ကာ ထောင်ကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေကြောင်း ဒေသတွင်း မီဒီယာ Urdu Point က ဖော်ပြခဲ့သည်။
🔥1
မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ အလစ်အငိုက်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
==================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် အမှတ်(၂) ရဲစခန်းအနီးရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး တပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း မုံရွာနတ်ဆိုး တပ်ဖွဲ့မှ မတ်လ ၂ ရက် တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေ ၆ နာရီခန့်တွင် အမှတ် (၂) ရဲစခန်းမှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ရှစ်ဦးသည် အေးရိပ်သာလမ်းအားပိတ်နေစဉ် နတ်ဆိုးအထူးကွန်မန်ဒိုတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ ကျောင်းထဲကအစောင့်တွေက သွပ်ဆူးကြိုးရိုက်ထားတဲ့ သစ်သားခုံတွေနဲ့ လမ်းပိတ်ဖို့ ထွက်လာတာမှာ အနီးကပ် ထိထိမိမိကိုပစ်ခဲ့တာ ကျနော်တို့ကို ပြန်တောင်မပစ်နိုင်ကြဘူး” ဟု မုံရွာ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမှတ်(၂) ရဲစခန်းအနီးရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ အခြေစိုက်တပ်စွဲထားပြီး ညနေ ၆ နာရီခန့်တွင် ၎င်းတို့လုံခြုံရေးအတွက် လမ်းကိုအမြဲ ပိတ်လေ့ရှိကြောင်းသိသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

မြေပြင်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်မပစ်ခတ်နိုင်ခြင်းမရှိသော်လည်း စာသင်ကျောင်းပေါ်ရှိ စက်ကလေးနှင့်စောင့်နေသည့် စစ်ကောင်စီတပ်တပ်သားမှ ပစ်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ် (၂) ရဲစခန်းတွင် အင်အား ၂၀ ခန့်ရှိသော်လည်း အခြေအနေပေါ်မူတည်ပြီး တပ်အင်အား အတိုးအလျော့ရှိတတ်ကြောင်းနှင့် ယင်းသို့ပစ်ခတ်ခံရပြီးနောက် အင်အားထပ်မံ ဖြည့်တင်းထားကြောင်းသိရသည်။

ထိုသို့ပစ်ခဲ့ပြီးမကြာမီ အရေးပေါ်လူနာတင်ကားများရောက်လာခဲ့ပြီး ၎င်းတို့၏စစ်ကားများနှင့်အတူ မုံရွာမြို့ဘက်သို့ အမြန်မောင်းနှင်သွားခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို အဖွဲ့တာဝန်ရှိသူမှ ပြန်လည်ပြောပြသည်။

နတ်ဆိုးအဖွဲ့မှ ပစ်ခတ်မည့်အသင့်အနေအထားတွင် အမျိုးသမီးတစ်ဦး ပစ်ကွင်းအတွင်းသို့ ဝင်လာသဖြင့် ၎င်းအားဖယ်ခိုင်းနေခဲ့ရကာ မှတ်တမ်းတင်ခြင်း အဆင်မပြေဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် မတ်လ ၁ ရက်နေ့တွင် ရဲစခန်းရှေ့၌ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး ပြည်သူတစ်ဦးကိုပစ်ခတ်ခဲ့ကြောင်း နတ်ဆိုးအဖွဲ့တာဝန်ရှိသူမှ ဆက်လက် ပြောဆိုသည်။
၎င်းတို့ တပ်ဖွဲ့ စစ်ဆင်ရေးလှုပ်ရှားမှုများတွင် ပြည်သူများမထိခိုက်စေရေး ဦးစားပေး ဆောင်ရွက်ရသဖြင့် မစ်ရှင်များနောက်ကျခြင်း၊ ဖျက်သိမ်းခဲ့ရခြင်းများရှိလာ၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး စစ်ကောင်စီတပ်ဖွဲ့များနှင့် ဝေးသောနေရာများတွင် သွားလာနေထိုင်ကြရန် အသိပေးလိုကြောင်းဆိုသည်။

အိမ်စီးကားများအနေဖြင့်လည်း ကားမှန်ချပြီး မောင်းနှင်ပေးရန်နှင့် ပစ်ခတ်သံများကြားပါက အလျှင်အမြန် လုံခြုံသည့်နေရာရှာပြီး သတိဖြင့်နေထိုင်ကြပါရန် မေတ္တာရပ်ခံထားသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မုံရွာမြို့
#အမှတ်(၂)_ရဲစခန်း
#တိုက်ခိုက်
#သေဆုံး
#နတ်ဆိုးအဖွဲ့
👍12❤2🥴2
​​ပါကစ္စတန်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ ၇ လအတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်း
=====================

ပါကစ္စတန်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်၏ ပထမ ၇ လအတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပါကစ္စတန်အခြေစိုက်ဘဏ္ဍာရေးဆိုင်ရာနေ့စဉ်သတင်းစာ Business Recorder က ဖော်ပြသည်။

နိုင်ငံ၏ FDI ပမာဏသည် ၂၀၂၂ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ဇန်နဝါရီ ၂၃ ရက် အထိ အမေရိကန်ဒေါ်လာ ၆၈၃ သန်းရှိပြီး ယမန်နှစ် ဘဏ္ဍာနှစ်၏ အလားတူကာလ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ ရှိခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ် (SBP) ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ 

ယခုဘဏ္ဍာရေးနှစ်၏ ပထမ ၇ လအတွင်း အသားတင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၄ သန်းဖြင့် အနုတ်လက္ခဏာဆောင်နေကြောင်း နိုင်ငံတော်ဘဏ်မှ အချက်အလက်များအရ သိရသည်။
👍6🔥1😁1
ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ပစ်ခတ်နေလို့ ဒေသခံတွေထွက်ပြေးနေရ
===================

KMN
မဇ္ဈိမ။ ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် တက္ကသိုလ်ဝန်ထမ်းဖြေဆိုမယ့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကို ဒီကနေ့ မတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ကနေ ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်နေတာကြောင့် အရေးပေါ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညက လက်နက်ကြီးတွေနဲ့ ရန်းသန်းပစ်ခတ်မူကြောင့် ခေါင်းအိကျေးရွာ ဘုန်းကြီးကျောင်းအတွင်းကိုကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ စာကျက်နေတဲ့ ဆယ်တန်းကျောင်းသား အသက် ၁၉ နှစ်နဲ့ အသက် ၁၅ နှစ် အရွယ် ညီအစ်ကို နှစ်ဦး သေဆုံးခဲ့တာပါ။ ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတု၊ မီးစက်နဲ့အခြားအသုံးအဆောင်ပစ္စည်းတွေ ထိခိုက်ခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၂ ရက်နေ့ မှာလည်း ရဟတ်ယာဉ်နဲ့ လေးကြိမ်ထက်မနည်းပစ်ခတ်နေတယ်လို့ ခေါင်းအိကျေးရွာ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုမှာ လူဦးရေ ကိုးထောင်နီးပါးနေထိုင်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေပါ ပစ်ခတ်နေတာကြောင့် နီးစပ်ရာတောတောင်တွေမှာ
စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ သတိဝီရိယနဲ့ နေထိုင်ကြပါဖို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် ၊အမှတ် (၁၁) တပ်ရင်းကသတင်း ထုတ်ပြန်ထားပါတယ်။

https://youtu.be/-B2DM2ExeGY

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬4👍2🔥2👏1
​​ကမ္ဘောဒီးယားတွင် ငှက်တုပ်ကွေးကြောင့် ကလေးငယ် ၁ ဦး သေဆုံး၍ သိပ္ပံပညာရှင်များ သတိပေးလာ 
=======================

ကမ္ဘောဒီးယားနိုင်ငံတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရသည့် ငှက်တုပ်ကွေး မျိုးကွဲသည် လက်ရှိတွင် လူသို့ အလွယ်တကူ ကူးစက်နိုင်အောင် သန္ဓေပြောင်းနေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးချက် ထုတ်လာခဲ့သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1