Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မန္တလေးတွင် PDF တပ်ဖွဲ့၀င်ဟောင်း တက္ကသိုလ်ကျောင်းသား ပစ်သတ်ခံရ
====================

007
မဇ္ဈိမ။ ။မန္တလေးမြို့တွင် ယမန်နေ့က၊ PDF တပ်ဖွဲ့၀င်ဟောင်းတက္ကသိုလ်ကျောင်းသားတစ်ဦး လမ်းသွားနေစဉ် သေနတ်ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက် အောင်မင်္ဂလာရပ်နေ၊ ရတနာပုံတက္ကသိုလ် ဥပေဒပညာ ဒုတိယနှစ်ကျောင်းသား မောင်အောင်မျိုးမြတ်(အသက် ၂၀ နှစ်)ဆိုသူ ဖြစ်ပြီး၊ ယမန်နေ့ မတ် ၂ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီး ၆၂ လမ်းနှင့် ၁၀ လမ်းထောင့်တွင် ပစ်သတ်ခံံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

"PDF ဟောင်းဆိုတာ မှန်ပါတယ်၊ မနှစ်က လက်နက်ခဲယမ်းတွေနဲ့အတူ၀င်လာသူပါ" ဟု ရဲတပ်ဖွဲဲ့နှင့်နီးစပ်သူ တစ်ဦးက အတည်ပြုပြောသည်။

၆၂ လမ်းအတိုင်း တောင်မှမြောက်သို့ ဆိုင်ကယ်ဖြင့်စီးနင်းမောင်းနှင်လာစဉ်၊ အနောက်မှဆိုင်ကယ်တစ်စီးဖြင့် လိုက်လာသူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ အပစ်ခံရမှုကြောင့် ယာဖက်နားအောက် ဖောက်၀င်ဒဏ်ရာ တစ်ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် ၂၀၂၂ ခုနှစ်အတွင်း လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်၀င်ရောက်လာသူဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းများဖော်ပြသည့်မီဒီယာများက ဆိုသည်။

၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍၊ မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Mandalay Independent Association(MIA)က တော်လှန်ရေးသစ္စာဖောက်တစ်ဦးဖြစ်သူ၊ အောင်မျိုးမြတ်(ယခင်တော်လှန်ရေးလုပ်ခဲ့ဖူးသူ ယခု စစ်တပ်သတင်းပေးပျူစောထီး) အား လူ့လောကမှ အပြီးတိုင်နှုတ်ဆက်ခိုင်းခဲ့သည် ဟု သတင်းထုတ်ပြန်လာသည်။

ဆက်လက်၍ တော်လှန်ရေးသစ္စာဖောက်တစ်ဦးဖြစ်သော အောင်မျိုးမြတ်ဆိုသူသည် ၂၀၂၂ ခုနှစ်အတွင်း၊ တော်လှန်ရေးအဖွဲ့တစ်ခုမှ၊ ယုံကြည်စွာအပ်နှံခဲဲ့သော လက်နက်ခဲယမ်းများကို၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ခလရ(၄)အား၊ မိမိအလိုကျသွားရောက်အပ်နှံကာ၊ ၎င်းရဲဘော်များ၏ ကိုယ်ရေးအချက်အလက်များကိုပါ တိုင်ကြားမှုများဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် စစ်တပ်များအတွင်းသို့လည်း ယခုနောက်ပိုင်း ၀င်ထွက်သွားလာနေသူ တစ်ဦးဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းရှိ စကစခန့်ထားသော စစ်ကြောင်းမှူးဆိုသူများနှင့်လည်း၊ အဆက်အသွယ်ရှိကာ ကိုယ်ပိုင်သေနတ်အတိုတစ်လက် လက်၀ယ်ထားရှိသူဖြစ်သည်။
ထို့အပြင် အောင်မျိုးမြတ်ဆိုသူမှာ မန္တလေးမြို့အတွင်းရှိ Club များတွင် မူးယစ်ဆေးများကို နယ်မြေခံရဲများ စခ(စစ်ကောင်စီတပ်သား)များနှင့်ပူးပေါင်းကာ ဖြန့်ဖြူးနေသည်ကိုလည်း သိရှိရပါသည် ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၎င်းအဖွဲဲ့နှင့်မေးမြန်းခွင့်ရရန်ကြိုးပမ်းနေသော်လည်း အဆက်အသွယ် မရသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေးမြို့
#PDF
#စစ်ကောင်စီတပ်သား
#ပုသိမ်ကြီးမြို့နယ်
👍15🥴3🤔1🤬1
​​ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ကင်းဂိတ်ကို တိုက်ခိုက်ရာ ၃ဦးသေ၊ သေနတ် ၂လက် သိမ်းဆည်းရရှိဟုဆို
=====================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းဂိတ်တစ်ခုကို ပြောက်ကျားစစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး သေနတ် နှစ်လက်နှင့် ကျည်ဆန်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Mobile Local Teamက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ ၂ရက် နံနက် ၅နာရီဝန်းကျင်တွင် ဘုတလင်မြို့အထွက် ၊ မုံရွာ- ရေဦးကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကင်းစခန်းဂိတ်တွင် ကင်းစောင့်ရန်လာသော စစ်ကောင်စီတပ်သားသုံးဦးကို ယင်းကင်းဂိတ်အနီး၌ အသင့်စောင့်ကြိုကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျတော်တို့က မတ်လ ၁ရက်နေ့ ညဦးပိုင်းကတည်းက မြို့ထဲမှာ နေရာယူပြီးတော့ ပွဲဖြစ်သွားတာက မတ်လ ၂ မနက်ပိုင်း ၅နာရီဝန်းကျင်မှာ ပွဲဖြစ်သွားတာဗျ။ သူတို့သုံးယောက်က အိမ်စီးကားနဲ့ထွက်လာပြီးတော့ ကင်းစခန်းအနီးမှာ ကျတော်တို့အသင့်စောင့်တယ်။ ကျတော်တို့ ကင်းပုန်းဝပ်ပြီးစောင့်တဲ့နေရာ ရှေ့တည့်တည့်မှာ ရပ်တယ်။ ကားပေါ်ကနေအဆင်းမှာ ကျတော်တို့က တစ်ခါထဲပစ်ခတ်ဖြေရှင်းပြီးတော့ လက်နက်တွေကိုကောက်ယူပြီးပြန်ဆုတ်ခဲ့တာဗျ။ သူတို့က သုံးကောင်မှာ သေနတ်က နှစ်လက်ပဲပါတာဗျ။ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)သုံးကောင်လုံးက အဲ့မှာတင်သေသွားပါတယ်” ဟု Depeyin Mobile Local Teamမှ စစ်ရေးတာဝန်ခံ ဗိုလ်ကောင်းကင်က မဇ္ဈိမသို့ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ကိုင်ဆောင်သည့် MA4 တစ်လက် ၊MA 11 တစ်လက် ၊၄၀-မမ အသီး ၁၅ လုံး၊ MA11 ကျည်ဘောက်‌ လေးခု၊ လက်ပစ်ဗုံးနှစ်လုံး၊ 5.56 ကျည် ၁၀၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Mobile Local Teamက ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

အဆိုပါ ကင်းစခန်းဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံပြည်သူများအား အတင်းအဓမ္မဆက်ကြေးကောက်ခံနေပြီး ဒေသခံတောင်သူများထံမှ ပဲဆီများကိုပါ သိမ်းယူခြင်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း ဗိုလ်ကောင်းကင်က ဆက်ပြောသည်။
ထိုတိုက်ခိုက်မှုကို Depeyin Local Mobile Team နှင့်အတူ ကြေးမုံတပ်ရင်း တပ်ခွဲ(၃) ၊ တပ်ရင်း(၁၂) ရွှေဘိုခရိုင်တို့က ပူးပေါင်း၍ ပြောက်ကျားစစ်ဆင်ရေးအဖြစ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Depeyin Local Mobile Team၏ ထုတ်ပြန်ချက်တွင် ယခုစစ်ဆင်မှုသည် ဆပ်ပြာကျင်းတူမီး တိုက်ပွဲတွင် ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော်များ၏ တစ်နှစ်နှင့် ရှစ်လပြည့် ကြေကွဲဝမ်းနည်းဖွယ် အမှတ်တရနေ့အတွက် သူရဲ‌ကောင်းတို့အမှတ်တရ အထူးစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာတိုက်ပွဲသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဇူလိုင် ၂ ရက်‌နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် ၂၆ ဦး ကျဆုံးခဲ့သည်ဟု Depeyin Local Mobile Team ထံမှ သိရသည်။

စစ်မှန်သော တော်လှန်ရေးသမားတို့လက်၌ လက်နက်ခဲယမ်းသည် အဓိကလိုအပ်ချက်ဖြစ်သည့်အတွက် လက်နက်ခဲယမ်း အင်အားရှိမှ အောင်မြင်သော စစ်ဆင်ရေးများ ဆင်နွှဲသွားနိုင်မည်ဖြစ်ပြီး ပြည်သူ့ ထောက်ပံ့ကူညီမှုအားသည်လည်း စစ်ဆင်ရေးအတွက် အဓိကဖြစ်သည်ဟု ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်သုခက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
👍15🥴1
မတ်လ ၃ ရက်၊ မွန်းလွှဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=================

- FOEIM ကျောင်း၏အချက်အလက်များ ပေါက်ကြားပြီးနောက် NUG ကျောင်းများတွင် ကျောင်းအပ်နှံပါက အကြမ်းဖက်ဥပဒေဖြင့် အရေးယူမည်ဟု စစ်ကောင်စီခြိမ်းခြောက်တဲ့သတင်း

- ကနီမြို့နယ်က NUG အစိုးရ စာသင်ကျောင်းတွင် နှစ်ဆုံးစာမေးပွဲ ကျင်းပတဲ့သတင်း

- အိန္ဒိယအနေဖြင့် စစ်အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်၍ မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် တော်လှန်ရေးအင်အားစုများ တောင်းဆိုတဲ့သတင်း

- ရုရှားကို လက်နက်ပေးအပ်ခြင်းမပြုဖို့ တရုတ်ကို ဂျာမန်အဓိပတိအိုလက်ဖ်ရှောတိုက်တွန်း

တဲ့သတင်းတွေ အပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2rCcwQNongo

Photo - CJ

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9
စစ်ကိုင်းတိုင်းတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံရ
🤬7
စစ်ကိုင်းတိုင်းတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံရ
=====================

001
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်းတွင် ဖေဖော်ဝါရီလ တစ်လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ မီးသတ်ဦးစီးဌာနက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် မီးရှို့ခံရမှု ၉၃ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အလုံးပေါင်း ၇,၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ဖော်ပြသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း NUG ၊ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပြောဆိုသည်။
မီးရှို့ဖျက်ဆီးမှုများကြောင့် တိုင်းနှင့် ပြည်နယ် ခြောက်ခုရှိ ဘာသာရေးအဆောက်အဦ ခုနစ်ခု မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ဆေးရုံနှစ်ရုံနှင့် ကျေးလက်ဆေးပေးခန်းများလည်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းတွင် မီးရှို့သတ်ဖြတ်ခံရသူ ၁၉ ဦး၊ မကွေးတိုင်းတွင် တစ်ဦးနှင့် ပဲခူးတိုင်းတွင် တစ်ဦး စုစုပေါင်း မီးရှို့သတ်ဖြတ်ခံရသူ ၂၁ ဦးရှိခဲ့ကြောင်း ဆိုထားသည်။

နေအိမ်များ မီးလောင်ပျက်စီးမှုမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးရှို့ခံရသည့် အကြိမ်အရေအတွက် ၇၃ ကြိမ်ရှိခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းထဲရှိ မီးဘေးသင့် ပြည်သူများအတွက် ပြည်လည်ထူထောင်ရေး ဆောင်ရွက်ရန် အဆောက်အဦ၊ အမိုးအကာလိုအပ်ချက်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များ ရှိနေကြောင်း ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးကပြောသည်။

“အခုဆိုရင် ကျွန်တော်တို့ မီးဘေးသင့်ပြည်သူတွေဆီ အခုကို ရောက်နေတယ်။ ရောက်နေတဲ့အခါမှာ သူတို့တွေ အိမ်တွေဆီပြန်မကပ်နိုင်သေးဘူး။ အိမ်တွေမရှိတော့ဘူး။ နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်တယ်။ အဲ့တာကြောင့် ကျွန်တော်တို့ နိုင်သလောက်ပေါ့။ CDM ဝင်ထားတဲ့ ဆရာမတွေနဲ့ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုက်လုပ်နေတယ်။ အခက်အခဲတွေတော့ အများကြီးပေါ့ ”ဟု ကိုသက်ဦးက ပြောသည်။

ယနေ့ မတ်လ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်စစ်ကြောင်းက စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မြောက်ဘက်တည့်တည့်ကို ထွက်လာသည့်အတွက် အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံ ရှစ်ထောင်ဝန်းကျင် ထွက်ပြေးတိမ်း​ရှောင်နေရကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိလာပြီဖြစ်ပြီး ထိုအထဲမှ ၁ ဒသမ ၂ သန်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူများဖြစ်ကြောင်း UN OCHA Myanmar က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၅၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၃,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း Data for Myanmar ၏ အချက်အလက်များအရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#မီးသတ်ဦးစီးဌာန
#စစ်ကောင်စီ
#စစ်ကိုင်းတိုင်း

ဓာတ်ပုံ- ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို စစ်ကောင်စီတပ်က မတ်လ ၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် မြင်ကွင်း (CJ)
🤬4👍1😁1
​​ချင်းခရစ်ယာန်များ ဘာသာရေးလုပ်ငန်းများ၌ ပြင်းထန်သည့် တားမြစ်ချက်များ ကြုံနေရ 
===================

မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေရာ ချင်းပြည်နယ်က ခရစ်ယာန်များသည် အာဏာသိမ်း စစ်ကောင်စီ၏ မကြာသေးခင်က စစ်အုပ်ချုပ်ရေး ထပ်တိုးမှုအောက်တွင် တနင်္ဂနွေနေ့ ဝတ်ပြုခြင်းအပါအဝင် ၎င်းတို့၏ ဘာသာရေးလုပ်ငန်းဆောင်တာများ၌ တားမြစ်ချက်များကို တိုး၍ ရင်ဆိုင်နေရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😱3👍2😁1
၁၉၁၇ မတ်လ ၈ ရက်နေ့ | အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
===================

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးများအပေါ် ဖိနှိပ်မှု၊ မတရားမှု၊ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကြောင့် တကမ္ဘာလုံးကအမျိုးသမီးတွေအားလုံး အတူတူရုန်းကန်ရပ်တည်ကြဖို့ ခွန်အားသတ္တိတွေနဲ့အတူ အမျိုးသမီးများရဲ့အသံတွေကို နှစ်စဉ်နှစ်တိုင်း သယ်ဆောင်လာတဲ့နေ့ထူးနေ့မြတ်ကြီးဖြစ်ပါတယ်။

https://youtu.be/40mBBzjPROE

#PSA
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ဘုတလင်မြို့နယ် ဆည်ကုန်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးဟုဆို
===================

လွှမ်းမိုး

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဆည်ကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ မိနစ် ၄၀ အချိန်မှ စတင်၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးအထက် သေဆုံးပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F)မှ ဗဟိုကော်မတီဝင်ကို Marilyn က ပြောသည်။

“ စစ်ကောင်စီတပ် စစ်ကြောင်းက ကျနော်တို့ ခင်းထားတဲ့ ဗျူဟာတွင်းကို ဝင်လာတဲ့အတွက် ကျနော်တို့ အားသာချက် ဖြစ်သွားတာပါ။ တိုက်ပွဲကတော့ အရင် နှစ်ရက်လောက်ကတည်းက ထိတွေ့မှုတွေ စဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၁၅ ဦးအထက်မှာ အသေဆုံး ရှိမယ်ဗျ။ ကျနော်တို့ ဘက်က ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ဖေ​ဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်အချိန် တိုက်ပွဲ ပြင်းထန်နေစဉ်တွင် စစ်ကောင်စီတပ်ဘက်မှ Mi-35 ရဟတ်ယာဉ် နှစ်စီးဖြင့် မိနစ် ၄၀ ခန့်အကြာ လာရောက်ပစ်ခတ်သွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် (S.A.F) ၊ MDF တပ်ဖွဲ့ ၊ ဒေသခံ ပ.က.ဖ များ နှင့်အတူ အခြားမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/AGfVFABQ_AE

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောင်းသားလက်ရုံးတပ်တော်
#မဟာမိတ်တပ်ဖွဲ့
#ရဟတ်ယာဉ်
#ဘုတလင်မြို့နယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7👏2❤1🥴1
မြောက်ဥက္ကလာပမြို့နယ်က စရဖတပ်စခန်း ပစ်ခတ်ခံရ၊ ၁၀ ဦး သေဆုံးတယ်လို့ပြော (ရုပ်သံ)
===========================

ဂန္ဒမာ(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်စခန်းကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ၁၀ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ပြောပါတယ်။

အဲဒီ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) စခန်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

Mission Impossible 1 (MI1) အဖြစ် သတ်မှတ်ထားတဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးအောင် မစ်ရှင်ဆောင်ရွက်ခဲ့ပုံနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ပြောပြပါတယ်။

https://youtu.be/6j8wwxtm6aQ

တည်းဖြတ်/တင်ဆက် - ဂန္ဒမာ

#စရဖတပ်ပစ်ခတ်ခံရ
#ရန်ကုန်
#ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤1👏1
​​ဒီမိုကရေစီဘက်က ရပ်တည်ပေးရန် အိန္ဒိယအစိုးရကို မြန်မာလူမှုအဖွဲ့ ၉၀ ကျော် တောင်းဆို
===================

ပါခွီး (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်စပ်သည့် နိုင်ငံခြားရေးမူဝါဒအား ပြုပြင်ပြောင်းလဲကာ မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းမှုအား ရှုတ်ချပြီး ဒီမိုကရေစီအင်အားစုဘက်က ရပ်တည်ပေးရန် အိန္ဒိယအစိုးရကို မြန်မာလူမှုအဖွဲ့အစည်း ၉၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်သည်။

အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များ အရေးနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းနှင့် အိန္ဒိယအခြေစိုက် လူမှုအဖွဲ့အစည်း ၉၄ ဖွဲ့၏ အိန္ဒိယအာဏာပိုင်များထံ တောင်းဆိုစာတွင် ထိုသို့ပြောကြားထားခြင်း ဖြစ်သည်။

မြန်မာ့အရေး အိန္ဒိယအစိုးရ၏ ရပ်တည်မှုအပေါ် အချက် လေးချက် ပါဝင်သော တောင်းဆိုစာကို ထိုလူမှုအဖွဲ့အစည်းများက မတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အသက်သေဆုံးခဲ့ရသော ဒဲမ်ခိုလွန်းအတွက် တရားမျှတမှု ရရှိရန် သေဆုံးမှုဖြစ်စဉ်အား ဖြစ်ရပ်မှန် အမြန်ဆုံး ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးပေးရန်လည်း ထုတ််ပြန်ချက်တွင် တောင်းဆိုထားသည်။

အသက် ၃၂ နှစ်အရွယ် စစ်ဘေးရှောင် Mr . Demkholun Guite (ဒဲမ်ခိုလွန်း)သည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ မိုးရေးမြို့ Langcham ရွာတွင် ဖမ်းဆီးခံရပြီးနောက် ထိန်းသိမ်းခံထားရစဉ် ထောင်အတွင်း၌ ရုတ်တရက်သေဆုံးသွားခြင်း ဖြစ်သည်။

ယင်းအပြင် စစ်ရေးပဋိပက္ခများကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူများအား ဖမ်းဆီးထောင်ချ အရေးမှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးပြီး လူသားချင်းစာနာထောက်ထာမှုအားဖြင့် ပြည်နယ်အတွင်း ယာယီသွားလာနေထိုင်ခွင့် ကဒ်များ ထုတ်ပေးရန် တောင်းဆိုထားသည်။

“တောင်းဆိုချက်ကို လိုက်လျောမှု မလုပ်ပေးဘူးဆိုရင် အိန္ဒိယက ခိုလှုံလာတဲ့ မြန်မာပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အပါအဝင် မတရား အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေအားလုံးကို ကျနော်တို့ ပြင်ဆင်ပြီး သူတို့ရဲ့ လုပ်ရပ်ကို ဝိုင်းဝန်းရှုတ်ချပေးဖို့ နိုင်ငံတကာကို တင်ပြ တောင်းဆိုသွားမယ်” ဟု တောင်းဆိုချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော India For Myanmar မှ ဆလိုင်းဒိုခါရ်က မဇ္စျိမ ကိုပြောသည်။

မြန်မာစစ်ဘေးရှောင်များအား ဖမ်းဆီးပြီး မဏိပူရ ပြည်နယ် အင်ဖားမြို့ရှိ အကျဉ်းထောင်အတွင်းရှိ အဆောက်အဦဟောင်းတစ်ခုတွင် ထိန်းသိမ်းထားရာ ယင်းနေရာ၌ နေထိုင်စားသောက်ရေးများမှာ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ဆိုသည်။

ထိုထိန်းသိမ်းခံထားရသူများအနက် သက်ကြီးပိုင်း သုံးဦးကို ဆေးရုံတင်ထားရပြီး ၎င်းတို့နှင့် တွေ့ဆုံရန်တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်ဘေးရှောင် မြန်မာပြည်သူများကို ခိုးဝင်နိုင်ငံခြားသား ဥပဒေပုဒ်မ (၁၄) ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုကို ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့သည်။

လက်ရှိမှာ အသက်မပြည့်သေးသူ ၁၅ ဦး ၊ အသက်ကြီးပိုင်း ၁၀ ဦးနှင့် အမျိုးသမီး ၃၀ ခန့် အပါအဝင် မြန်မာစစ်ဘေး ဒုက္ခသည် ၂၀၀ ခန့်ကို အင်ဖာမြို့ရှိ Sajiwa အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

၎င်းတို့အနက် အချို့သည် ရက်ကန်းသည်များဖြစ်ကြပြီး စစ်အာဏာမသိမ်းမီ အချိန်ကတည်းက လာရောက်လုပ်ကိုင်နေသူများဖြစ်ကြောင်း ဆိုသည်။

အကျဉ်းချခံထားရသည့် မြန်မာပြည်သူများအတွက် အထူးပင်စိုးရိမ်မကင်းဖြစ်ကြရပြီး အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များအတွက် တောင်းဆိုချက်များအား အချိန်မဆိုင်း အကောင် အထည်ဖော်ဆောင်ပေးရန် တိုက်တွန်းထားသည်။

ယင်းပြင် အိန္ဒိယနိုင်ငံပိုင် စစ်လက်နက် ကုမ္ပဏီဖြစ်သော Yantra India Limited က ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာစစ်ကောင်စီတပ်ကို ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုး ရှိသည့် ၁၂၂ မမ အမြှောက်ပြောင်း အလက် ၂၀ ကို တင်ပို့ခဲ့ကြောင်း Justice for Myanmar က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယအနေဖြင့် စစ်ကောင်စီ ကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေအရ တာဝန်များကို စောင့်ထိန်းပြီး မြန်မာပြည်သူများနှင့် အတူရပ်တည်ရန် JFM ကလည်း တိုက်တွန်းထားသည်။

စာတည်း။ ‌။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ဒီမိုကရေစီ
#စစ်လက်နက်
#စစ်ဘေးရှောင်
#mizzimatv
👍8
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကိုလမ်းပြလုပ်ပေးနေသူ ပစ်ခတ်ခံရ၍ သေဆုံး
======================

ဂျူနို

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကိုလမ်းပြပေးနေသည့် ပျူစောထီးဆိုသူအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ယနေ့မတ်လ ၃ ရက်နေ့၌ ယက္ခညီနောင် PDF-Mandalay အဖွဲ့က ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ဦးအေးလွင်ဆိုသူဖြစ်ပြီး မန္တလေး ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ PRFK(Kse)နှင့် Mahar(SGG) တို့က ပူးပေါင်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက် ည ၈ နာရီခန့်က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

''သူက စစ်ကောင်စီရဲ့လက်အောင်ခံ ပျူစောထီး ဒလန် ပါ။ ကျေးရွာတွေကို စစ်ကောင်စီခွေး(စစ်ကောင်စီတပ်ဖွဲ့)တွေနဲ့ ပူးပေါင်းပြီးလမ်းပြလုပ်ပါတယ်။ သူ့ကြောင့်အဖမ်းခံရတဲ့ ပြည်သူတွေနဲ့ တိမ်းရှောင်နေရတဲ့ မိသားစုတွေလည်း အများကြီးပါပဲ။ ကျွန်တော်တို့ တပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးဖို့ဆောင်ရွက်နေချိန်မှာပဲ ပျူစောထီးအေးလွင်က စစ်ကောင်စီတပ်ကို ဖုန်းဆက်ပါတယ်။ သူဖုန်းဆက်နေချိန်မှာပဲ ကျွန်တော်တို့က ပစ္စတိုနဲ့ ရှင်းလင်းခဲ့တာပါ" ဟု ယက္ခညီနောင် PDF-Mandalay အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း၌ပင် ပျူစောထီးဆိုသူ ဦးအေးလွင်၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့က ကားတစ်စီးဖြင့် သယ်ဆောင်သွားကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ထံက သိရသည်။

တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပျူစောထီးဆိုသူ ဦးအေးလွင်၏ နေအိမ်အား လက်ပစ်ဗုံးပစ်သွင်းကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ယက္ခညီနောင် PDF-Mandalay အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုညဏ်လင်းက ဆိုသည်။

https://youtu.be/F8vOLUefZY4

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ပျူစောထီး
#ပစ်ခတ်မှု

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8
​​အင်္ဂပူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းမိ၊ ဗိုလ်အပါအဝင် ၄ ဦးသေဆုံးဟု ဆို
====================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းဒေသတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့မတ်လ ၂ ရက်နေ့ ၊နံနက် ၁၀ နာရီခန့်အချိန်က မဲဇလီကုန်းဒေသ၊ နတ်ပုတီးတောင်ကြောရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောတွင်းတစ်နေရာအရောက်တွင် တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF) က ထုတ်ပြန်သည်။

Red Falcon PDF အဖွဲ့တာဝန်ခံ ဗိုလ်သူရိန်က
"မတ်လ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ခွေး(စစ်ကောင်စီတပ်) အင်အား၂၃ ယောက်လောက်ပါတဲ့ စစ်ကားတစီး ခုံကြီးအုပ်စု၊ မကျီးပင်ကွင်းရွာ ချောင်းအဖျားကိုရောက်ပြီး ညအိပ်နေတယ်လို့ သတင်းရလို့ မိုင်းဆင်ထားတာဗျ။နောက်နေ့မနက် ဒီကောင်တွေ စစ်ကြောင်းထိုးလာတာမှာ ကျွန်တော်တို့ဆင်ထားတဲ့ မိုင်းနဲ့ တိုးတာပါ"ဟု ပြောသည်။

မိုင်းများသည် စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)နှင့် အင်္ဂပူမြို့နယ် (ပကဖ) တို့က ထောင်ထားခြင်းဟု သိရသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ဗိုလ်တစ်ဦးအပါ လေးဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စွန်ရဲနီနွေဦးတော် လှန်ရေးအောင်ဆန်းတပ်ရင်း(Red Falcon PDF)ပက သတင်းထုတ်ပြန်သည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ်အကြာ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ဗိုလ်သူရိန်ကပြောသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရရှိသူများအား ယမန်နေ့ မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်ကာ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။
"အင်္ဂပူ၊ မဲဇလီကုန်းဘက်ကို လူနာတင်ကားတွေ နှစ်စီး သုံးစီးလာပြီးသွေးတွေထွက်နေတဲ့ စစ်သားတွေကို တင်သွားတာတွေ့တယ်။
ဘယ်ကိုခေါ်သွားလဲတော့ မသိရဘူး"ဟု ဒေသခံတဦးကပြောသည်။
ယနေ့မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မဲဇလီကုန်းဒေသရှိ တောအုပ်များအထက်၌ စစ်ကောင်စီ၏ ရဟတ်ယာဥ် နှစ်စီးပျံဝဲနေခဲ့သည်ဟု ဒေသခံများကပြောသည်။ထို့အပြင် အင်္ဂပူမြို့နယ်ပတ်ဝန်းကျင်ရှ်ိ ဘန့်ဘွေးကုန်းနှင့် ကွင်းကောက်ကြား ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးနေသည်ဟု သတင်းရရှ်ိသည်။

စာတည်း - မောင်ကြီး

#ဧရာဝတီတိုင်း
#အင်္ဂပူမြို့နယ်
#မဲဇလီကုန်းဒေသ
#မိုင်းဖောက်ခွဲတိုက်ခိုက်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
👍12❤2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မတ်လ ၃ ရက်၊ ၂၀၂၃
=================

ယူကရိန်းစစ် တနှစ်ကြာ ရုရှားစီးပွားရေး၊ ပိုလန်က ယူကရိန်းဒုက္ခသည်တွေနဲ့ ရုရှားစေတနာ့ဝန်ထမ်းများအကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/zNuRAXHPgZI

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4
ယူကရိန်းစစ် တနှစ်ကြာ ရုရှားစီးပွားရေး
================

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ် စတင် ဆင်နွှဲခဲ့ပြီးနောက် ရုရှားအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေက ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ တနှစ်ကြာလာတဲ့ အခုလို အချိန် ရုရှားစီးပွားရေးဟာ အနောက်အင်အားကြီးနိုင်ငံတွေ မျှော်မှန်းထားသလိုမျိုး လျင်လျင်မြန်မြန် ထိခိုက်ပျက်ဆီး သွားတဲ့အခြေအနေတော့ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ရိုက်ခတ်မှုတစုံတရာ ရှိလာတာကိုတော့ ခံစားနေရပါပြီ။ VOA မော်စကိုဗျူရို ရုံးက ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ဆက်ထားပါတယ်။

https://youtu.be/26qy6REFH-s

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4
ဈေးဝယ်ကဒ်တွေနဲ့ သေနတ် အလဲအလှယ်လုပ် ပြန်သိမ်းမှု
======================

သေနတ်ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘေးရန်ကင်းကင်းနဲ့ကျောင်းတက် နိုင်ဖို့ အမေရိကန်ကျောင်းသားတွေလိုလားနေကြပါတယ်။ တက္ကဆတ်ပြည်နယ်မှာ ဈေးဝယ်လို့ရတဲ့ Gift Card တွေနဲ့ အရပ်သားတွေလက်ထဲက သေနတ်တွေ အလဲအလှယ်လုပ် ပြန်သိမ်းနေပါတယ်။ ကိုအောင်အောင်တင်ဆက်ထားပါတယ်။

https://youtu.be/Mi88gVq5FBQ

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3
မတ်လ ၃ ရက်နေ့၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=================

အိန္ဒိယအနေဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး မြန်မာပြည်သူများနှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုတဲ့သတင်း

စစ်ကိုင်းတိုင်းတွင် ၁ လအတွင်း နေအိမ်အလုံးပေါင်း ၆,၆၀၀ ကျော်နှင့် စာသင်ကျောင်း ၁၀ ကျောင်း မီးရှို့ဖျက်ဆီးခံရတဲ့သတင်း

မန္တလေးမှာ PDF တပ်ဖွဲ့၀င်ဟောင်း တက္ကသိုလ်ကျောင်းသား ပစ်သတ်ခံရတဲ့သတင်း

ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုစနစ်ကျရှုံးသွားပြီလို့ G20 မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီပြောတဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာနဲ့ အရေးကြီးသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။

https://youtu.be/DrUebj0jDLQ

Photo - CJ
#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁1