ဖေဖော်ဝါရီလ (၅) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================
ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ်စာအုပ် ၄သိန်းခွဲကျပ် ပေါက်ဈေးရှိနေတဲ့သတင်းနဲ့အတူ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ဖခင် ဦးစိန်တင်ကွယ်လွန် သွားတဲ့သတင်းအပါအဝင်် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ သံစဉ့်အိမ် အစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
https://youtu.be/QZs4uUg26a0
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဖေဖော်ဝါရီလ (၅) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဟားခါးမြို့မှာ နိုင်ငံကူးလက်မှတ်စာအုပ် ၄သိန်းခွဲကျပ် ပေါက်ဈေးရှိနေတဲ့သတင်းနဲ့အတူ ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူရဲ့ဖခင် ဦးစိန်တင်ကွယ်လွန် သွားတဲ့သတင်းအပါအဝင်် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့…
အဲဒီနောက်မှာတော့…
👍2😁1
လမိုင်းမြို့၊ သောင်ပြင်ရွာ ကမ်းခြေတွင် လုယက်မှုဖြစ်ပွါး
=====================
ဂျူချန်း
မဇ္ဈိမ ။ ။ မွန်ပြည်နယ်၊ ရေးမြိုနယ်၊ လမိုင်းမြို့၊သောင်ပြင်ကျေးရွာရှိ ကျိုက်မင်ဝ ကမ်းခြေ၌ ယနေ့ မတ်လ ၄ရက် နံနက် ၁၁ နာရီခွဲခန့်တွင် လူငယ်နှစ်ဦး လုယက်ခံရကာ လုယက်ခံရသူအမျိုးသမီးတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သောင်ပြင်ရွာ ဒေသခံထံမှ သိရသည်။
“ဖြစ်တဲ့အချိန်က ၁၁နာရီ ၁၅မိနစ်လောက်မှာ ကျနော်တို့ဆီ သတင်းဝင်တာက ၁၁နာရီခွဲလောက်မှာ။ မိန်းကလေးနဲ့ ယောက်ျားလေးက သဲသောင်ပြင်မှာ ဆိုင်ကယ်စီးနေရင်းက အနောက်ကနေ ယောက်ကျေားလေးနှစ်ယောက် ဆိုင်ကယ်နဲ့ လိုက်လာပြီး သူတို့ကိုတားတယ်။ သူတို့က မရပ်ပေးလို့ဆိုပြီး ဘေးနားကပ်လာပြီး သေနတ်နဲ့ ပစ်သွားတယ်။ သေနတ်ဒဏ်ရာက အရှေ့ကနေ အနောက်အထိ ကျွံသွားတယ်။ လောလောဆယ် လူနာကတော့ သတိရှိနေတယ်” ဟု သောင်ပြင် လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။
ကျိုက်မင်ဝကမ်းခြေ၌ လူငယ်နှစ်ဦး ဆိုင်ကယ်စီးနင်းနေစဉ် လုယက်မှု ဖြစ်ပွားခဲ့ရာ လုယက်ခံရသူ အမျိုးသမီးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသားထံမှ ဆွဲကြိုးနှင့်ဆိုင်ကယ်ကို ယူဆောင်သွားကြောင်း သိရသည်။
“ခုလုတဲ့နှစ်ယောက်က ကျနော်တို့ရွာကပဲ။ တစ်ယောက်က ၁၇၊ ၁၈ နှစ်လောက်ရှိတယ်။ နောက်တစ်ယောက်က ၁၉၊၂၀ အရွယ်လောက်ရှိတယ်” ဟု သောင်ပြင်ကျေးရွာနေ ဒေသခံတစ်ဦးမှ ပြောသည်။
လုယက်ခံရသူများသည် လမိုင်းမြို့၊ မော့ကနင်ကျေးရွာမှ အသက် ၂၃နှစ်အရွယ် အမျိုးသားနှင့် အသက် ၁၉နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး အဆိုပါအမျိုးသမီး၏ ဝမ်းဗိုက် ဘယ်ဘက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#ရေးမြို့နယ်
#ကျိုက်မင်ဝကမ်းခြေ
#လုယက်မှု
#ပစ်ခတ်မှု
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#မွန်ပြည်နယ် – Explore
explore #မွန်ပြည်နယ် at Facebook
👍8
လာဘ်ပေးလာဘ်ယူမှုဖြင့် တရုတ်ကုန်သည်များဘဏ် ဥက္ကဋ္ဌဟောင်း တရားစွဲခံရ
========================
တရုတ်ကုန်သည်များဘဏ်၏ ဥက္ကဋ္ဌဟောင်း ထန်းဟွေယုကို လာဘ်ပေးလာဘ်ယူမှု၊ အတွင်းသတင်းပေးမှုဖြင့် သံသယရှိသဖြင့် စွဲချက်တင်ထားကြောင်း တရုတ်ထိပ်တန်း အစိုးရရှေ့နေက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
တရုတ်ကုန်သည်များဘဏ်၏ ဥက္ကဋ္ဌဟောင်း ထန်းဟွေယုကို လာဘ်ပေးလာဘ်ယူမှု၊ အတွင်းသတင်းပေးမှုဖြင့် သံသယရှိသဖြင့် စွဲချက်တင်ထားကြောင်း တရုတ်ထိပ်တန်း အစိုးရရှေ့နေက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8
ကမ္ဘာကြီးကို ပြောင်းလဲခဲ့သည့် နာလန္ဒာတက္ကသိုလ်
====================
အောက်စဖို့ဒ် တက္ကသိုလ် မတည်ထောင်ခင် နှစ်ပေါင်း ၅၀၀ ကျော်က အိန္ဒိယရဲ့ နာလန္ဒာတက္ကသိုလ်ဟာ စာအုပ်ပေါင်း ကိုးသန်းကျော် ရှိပြီး ကမ္ဘာတစ်လွှားက ကျောင်းသားပေါင်း ၁၀,၀၀၀ ကျော် တက်ရောက်ခဲ့ရာ တက္ကသိုလ်ပဲ ဖြစ်ပါတယ်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"

👍5
Weekend News Roundup
================
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
ထုတ်လွှင့်ပေးသွားမယ့် သတင်းတွေကတော့................
-မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်တဲ့သတင်း
-စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ နိုင်ငံရေးပါတီ ၁၃ ခု မှတ်ပုံပြန်တင်ထားပြီး ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီလည်း ဝင်ပြိုင်မည်ဟုဆိုတဲ့ သတင်း
-တရုတ်ရဲ့ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်အပေါ် ဘီလာရုစ်သမ္မတက အပြည့်အဝထောက်ခံကြောင်းပြော တဲ့သတင်း
-ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ ခဲယမ်းများ ရောင်းချခြင်းအပေါ် တရုတ်ပြင်းပြင်းထန်ထန် ကန့်ကွက် တဲ့သတင်း
-ဂျပန်အစိုးရက မြန်မာစစ်တပ်အား သင့်တော်သည့် အရေးယူမှု ပြုလုပ်မည်ဟုဆိုတဲ့ သတင်း
-စစ်ကောင်စီ၏ နယ်စပ်မှ ဆန်စပါးတင်ပို့ခွင့်မူဝါဒသစ်ကြောင့် ကုန်သည်နှင့် တောင်သူများ နစ်နာနိုင်တဲ့ သတင်း
https://youtu.be/jIzax4oBDVM
#weekendnewsroundup
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
================
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
ထုတ်လွှင့်ပေးသွားမယ့် သတင်းတွေကတော့................
-မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်တဲ့သတင်း
-စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ နိုင်ငံရေးပါတီ ၁၃ ခု မှတ်ပုံပြန်တင်ထားပြီး ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီလည်း ဝင်ပြိုင်မည်ဟုဆိုတဲ့ သတင်း
-တရုတ်ရဲ့ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်အပေါ် ဘီလာရုစ်သမ္မတက အပြည့်အဝထောက်ခံကြောင်းပြော တဲ့သတင်း
-ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၆၁၉ သန်းတန်ဖိုးရှိ ခဲယမ်းများ ရောင်းချခြင်းအပေါ် တရုတ်ပြင်းပြင်းထန်ထန် ကန့်ကွက် တဲ့သတင်း
-ဂျပန်အစိုးရက မြန်မာစစ်တပ်အား သင့်တော်သည့် အရေးယူမှု ပြုလုပ်မည်ဟုဆိုတဲ့ သတင်း
-စစ်ကောင်စီ၏ နယ်စပ်မှ ဆန်စပါးတင်ပို့ခွင့်မူဝါဒသစ်ကြောင့် ကုန်သည်နှင့် တောင်သူများ နစ်နာနိုင်တဲ့ သတင်း
https://youtu.be/jIzax4oBDVM
#weekendnewsroundup
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Weekend News Roundup
ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။
ထုတ်လွှင့်ပေးသွားမယ့် သတင်းတွေကတော့................
-မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့…

👍1😁1
တိဗက်၌ လိုဆာနှစ်သစ်ကူးပွဲတော်ကာလအတွင်း လုံခြုံရေးတင်းကျပ်ထား
======================
တိဗက်လူမျိုးများသည် လုံခြုံရေးတင်းကျပ်သည့် လိုဆာတိဗက်နှစ်သစ်ကူးပွဲတော်ကာလ (ဖေဖော်ဝါရီ ၂၀ မှ ၂၆ ရက်) အတွင်း ၎င်းတို့အား ဆက်သွယ်ခြင်းမပြုလုပ်ရန် ပြည်ပရောက် ဆွေမျိုးများအား မှာကြားခဲ့သည်ဟု RFA သတင်းတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
တိဗက်လူမျိုးများသည် လုံခြုံရေးတင်းကျပ်သည့် လိုဆာတိဗက်နှစ်သစ်ကူးပွဲတော်ကာလ (ဖေဖော်ဝါရီ ၂၀ မှ ၂၆ ရက်) အတွင်း ၎င်းတို့အား ဆက်သွယ်ခြင်းမပြုလုပ်ရန် ပြည်ပရောက် ဆွေမျိုးများအား မှာကြားခဲ့သည်ဟု RFA သတင်းတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Media is too big
VIEW IN TELEGRAM
စစ်တပ်အာဏာမသိမ်းခင်ကာလတုန်းက စိုက်ပျိုးရေးအခြေအနေတွေက ဘယ်လိုရှိခဲ့ပါသလဲ?
Watch more detail - https://youtu.be/enHkECDOIaA
#ချစ်သောအညာမြေ #စကားဝိုင်း #shorts #reels

👍3😁2
တရုတ်-မြန်မာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ကွာဟချက်ရှိနေ
======================
မေဘယ်လ်သူ
မဇ္ဈိမ။ ။၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လတာ ကာလအတွင်း တရုတ်-မြန်မာကုန်သွယ်မှုတန်ဖိုးအား နှိုင်းယှဥ်ကြည့်ပါက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ကွာဟချက်ရှိနေကြောင်း Institute for Strategy and Policy-Myanmar (မြန်မာ့မဟာ့ဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့) ၏ ဖော်ပြချက်များအရ သိရသည်။
၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာကာလအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံ၏ ထုတ်ပြန်ချက်များနှင့် နှိုင်းယှဥ်ကြည့်ပါက စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ အဆိုပါရှစ်လတာအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ခြောက်ဘီလီယံနီးပါးရှိကြောင်း ဆိုသည်။
သို့သော် တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ၏ ထုတ်ပြန်ချက်တွင် အဆိုပါ ရှစ်လတာအတွင်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ဘီလီယံနီးပါးရှိကြောင်း သိရသည်။
“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံဘက်က နည်းပေါင်းစုံနဲ့ ဝင်လာသမျှ ကုန်စည်တိုင်းကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာနိုင်ငံဘက်မှာတော့ တရားဝင်ကုန်သွယ်မှုဆိုင်ရာ အချက်အလက်တွေကိုပဲ မှတ်တမ်းယူထားပုံရပါတယ်” ဟု ISP-Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံကုန်သွယ်မှုအား နှိုင်းယှဥ်ကြည့်ရာတွင် စစ်ကောင်စီ၏ကိန်းဂဏန်းထက် တရုတ်အကောက်ခွန်ဌာန၏ကိန်းဂဏန်းမှာ လစဥ် နှစ်ဆနှင့်အထက် ကျော်လွန်နေကြောင်းသိရသည်။
“နှစ်နိုင်ငံကုန်သွယ်မှုရဲ့ ဒီကွာခြားချက်ကိုကြည့်ရင် မြန်မာနဲ့တရုတ်နိုင်ငံအကြား တရားမဝင် တင်ပို့မှု ဒါမှမဟုတ် တရားမဝင်ကုန်သွယ်မှု ကြီးထွားနေတာကို ရည်ညွှန်းနေတယ်” ဟု ဆိုသည်။
၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတာအတွင်း တရုတ်-မြန်မာကုန်သွယ်ရေးမှ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ ကျော် ရရှိထားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာထားသည်။
ထို့အပြင်၂၀၂၂-၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၉၅သန်းကျော်သာရှိကာ၊ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သူ တတိယနေရာ၌သာရှိသော်လည်း ဒေါ်လာသန်း ၁၀၀ ပင် မပြည့်ကြောင်းသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရင်းနှီးမြှုပ်နှံမှု
#တရုတ်
#GACC
#ကုန်သွယ်မှုတန်ဖိုး

👍7🔥3❤1
မန္တလေးတွင် လမ်းဘေးမိုဘိုင်းစက်သုံးဆီဆိုင် မီးလောင်၊ ဆိုင်ကယ်တစီးပျက်စီး
========================
007
မဇ္စျိမ။ ။မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ဘုန်းကြီးကျောင်းဘေးတနေရာ၌ မော်တော်ယာဉ်ဖြင့်ရောင်းချသည့် မိုဘိုင်းစက်သုံးဆီဆိုင်တဆိုင် ယနေ့ မတ်လ ၄ရက်နံနက်ပိုင်းက မီးလောင်ခဲ့ပြီး ဆီဖြည့်နေသော ဆိုင်ကယ်တစီး မီးထဲပါသွားခဲ့သည်။
ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ၆၃ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြားရှိ မနောမယဘုန်းကြီးကျောင်းဘေးမှ မိုဘိုင်းစက်သုံးဆီဆိုင်၌ မော်တော်ဆိုင်ကယ်တစီးက ဆီဖြည့်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
“တခြားကူးစက်မှုမဖြစ်ခဲ့ဘူး။သူ့တဆိုင်ထဲမီးလောင်တာ။ ဆိုင်ကယ်ဆီဖြည့်နေတုန်း မီးထလောင်တာလို့ ကနဦးမှတ်ချက်ပြုထားတယ်။ဆိုင်ကယ်တစီးမီးလောင်ပျက်စီးသွားတယ်။ လူထိခိုက်မှုမရှိပါဘူး” ဟု မီးငြှိမ်းသတ်ရာတွင်ပါ၀င်ခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။
လူနေအိမ်ခြေနှင့်ဝေးသည့် ဘုန်းကြီးကျောင်းအုတ်တံတိုင်းဘေး၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သောကြောင့် ဘေးပတ်ဝန်းကျင်သို့ မီးကူးစက်ခြင်းမရှိခဲ့ဟု သိရသည်။
အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် အနီး၀န်းကျင်ပြည်သူများက ဝိုင်း၀န်းမီးငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်ပြီး ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုအကြောင်းရင်းနှင့်ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေ။
မန္တလေးမြို့တွင် ယမန်နေ့ မတ်လ ၃ရက်ကလည်းချမ်းအေးသာစံမြို့နယ် ၇၉ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ မိုးဝေကျော်ကဖေးဆိုင်တွင် ဂတ်စ်အိုးမှတစ်ဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလန့်မှုသာဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ဆိုသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့်ဇန်နဝါရီလက မီးလောင်ကျွမ်းမှု(၉)၊ဖေဖော်ဝါရီလတွင် (၁၁)ကြိမ်စုစုပေါင်းမီးလောင်မှု အကြိမ်(၂၀)ရှိခဲ့သည်။
ဖေဖော်ဝါရီလမှ စတင်ကာ မြန်မာနိုင်ငံအနှံ့ အပူချိန်မြင့်တက်လာပြီဖြစ်၍ မီးဘေးကိုပိုမိုသတိပြုကြရန် လူမှုကူညီရေးအဖွဲ့များက သတိပေးသည်။
စာတည်း - မောင်ကြီး
#မန္တလေးမြို့
#အောင်မြေသာစံမြို့နယ်
#မိုဘိုင်းစက်သုံးဆီဆိုင်
#မီးလောင်

👍7❤1🔥1
ကနေဒါစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက TikTok ကို ပူးတွဲစုံစမ်းစစ်ဆေးမှုစတင်
=======================
ကနေဒါအစိုးရသည် တရုတ်လူမှုမီဒီယာ TikTok ၏ အချက်အလက်စုဆောင်းမှု၊ အသုံးပြုမှုနှင့် ကိုယ်ရေးအချက်အလက်များအား ထုတ်ဖော်မှုများအပေါ် စိုးရိမ်သဖြင့် ဗဟိုအစိုးအရနှင့် ပြည်နယ်များဆိုင်ရာ ပူးပေါင်းစစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ကြောင်း ကိုယ်ရေးအချက်အလက်ဆိုင်ရာကော်မရှင်ရုံးက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
ကနေဒါအစိုးရသည် တရုတ်လူမှုမီဒီယာ TikTok ၏ အချက်အလက်စုဆောင်းမှု၊ အသုံးပြုမှုနှင့် ကိုယ်ရေးအချက်အလက်များအား ထုတ်ဖော်မှုများအပေါ် စိုးရိမ်သဖြင့် ဗဟိုအစိုးအရနှင့် ပြည်နယ်များဆိုင်ရာ ပူးပေါင်းစစ်ဆေးမှုတစ်ရပ်ကို စတင်လိုက်ကြောင်း ကိုယ်ရေးအချက်အလက်ဆိုင်ရာကော်မရှင်ရုံးက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထုတ်ပြန်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤1😁1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_17 seg_2
Watch more detail - https://youtu.be/4lz4sY2Njho
#myanmardramaseries #lovestory #BLSeries #reels