Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အိမ်၊ခြံ၊မြေအကျိုးဆောင်များ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးများထံတွင် လိုင်စင်တင်ပြီးမှအရောင်း အဝယ်လုပ်ကိုင်ရတော့မည်
==================
ထွန်းမောင် (မဇ္ဈိမ)
မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေကြသည့် အကျိုးဆောင်များအနေဖြင့် အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဥပဒေ အသိပညာပေးသင်တန်းဆင်းလက်မှတ်ဖြင့် အကျိုးဆောင်လိုင်စင်လျှောက်ထားရမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ၊ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု ရောင်းဝယ်သူများ ကြီးကြပ်ရေး အာဏာပိုင် သတင်းပို့အဖွဲ့အစည်းဖြစ်သည့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက် ထုတ်ပြန်ထားရှိပြီးနောက် ထွက်ပေါ်လာသည့် ညွှန်ကြားချက်လည်း ဖြစ်သည်။
😁5👍4❤3
‘’ကျွန်မတို့နယ်မှာရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေကို ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးသင်တန်းတွေ တက်ရမယ်။အဲဒီသင်တန်းတွေတက်မှပဲ အိမ်ခြံမြေအကျိုးဆောင် လုပ်လို့ရတော့မယ်ဆိုပြီး ပြောတယ်။သင်တန်းမှာလည်း လူကြီးတွေပြောတာတော့ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်သူ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က အမည်မည်းစာရင်း (Black List) သွင်းထားတယ်။ဒါကြောင့်ငါတို့တွေက ဒီလိုအိမ်ခြံမြေအကျိုးဆောင်တွေ၊ရွှေလုပ်ငန်းလုပ်ကိုင်တဲ့သူတွေကို ငွေဖြူငွေမည်းမလုပ်အောင် သင်တန်းတွေပေးနေရတာဖြစ်တယ်။ဒါမှငါတို့နိုင်ငံကို အမည်မည်းစာရင်းက ပယ်ဖျက်ခံရမှာလို့ ပြောတာပဲ။ကျွန်မလည်း အိမ်ခြံမြေအကျိုးဆောင်လုပ်လာတာ ၁၀ နှစ်ကျော်ပြီ တခါမှမကြုံဖူးဘူး’’ဟု မိထ္ထီလာမြို့မှသင်တန်းလာရောက်တက်သည့် အကျိုးဆောင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် အီရန်နှင့်မြောက်ကိုရီးယားနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု၊အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်သူ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်မည်းစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။
‘’တကယ်တော့ဆိုင်တော့မဆိုင်ဘူးဗျ၊အခုအိမ်ခြံမြေအရောင်းအဝယ်တွေ တော်တော်လေးအေးကုန်တယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော့ ဒီညွှန်ကြားချက် ထွက်လာတယ်။ သူကအရောင်းအဝယ်တစ်ခုဖြစ်လို့ သိန်းထောင်ကျော်ရင် ထွေအုပ်ရုံးကိုသတင်းပို့ရမယ်ဆိုတော့ လူတွေကလန့်ကုန်တယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်တာတောင်ဘယ်ကရတဲ့ငွေနဲ့ ဝယ်တာလဲ၊ဘာညာတွေမေးတာစမ်းတာတွေကို မကြိုက်ကြဘူးလေ။ အဲဒီမှာအရောင်းအဝယ် အေးကုန်တာ။ပြီးတော့ နိုင်ငံတကာကBlack List သွင်းတယ်ဆိုတာကလည်း စစ်ဗိုလ်ချုပ်တွေကို သွင်းချင်တာလေ။အခုတော့အောက်ခြေက အိမ်ပွဲစားလေးတွေကို လာထိကြတာပေါ့’’ဟုလည်း အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေလောကတွင် "မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA) နှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MRPDA)" ဟူ၍ မှတ်ပုံတင်ထားသည့် အသင်းနှစ်သင်းရှိသည်။
စာတည်း။ ။ ဖူးသိမ်ကျ
#အိမ်ခြံမြေလုပ်ငန်း
#စစ်ကောင်စီ
#ရင်းနှီးမြှုပ်နှံမှု
ပုံ- ၂၀၂၃ အိမ်ခြံမြေအရောင်းပြပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁5
​​မြန်မာနိုင်ငံရှိ လူဦးရေ ၁၇ သန်းကျော်အတွက် အကူအညီများလိုအပ်နေဟု UNOCHA ထုတ်ပြန်
============
ဝေဟင်စိုး
မဇ္ဈိမ။ ။မြန်မာနိုင်ငံအတွင်းရှိ စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ ပုံနီးပါးသည် လက်ရှိအချိန်တွင် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာ‌ထွက်ပြေး တိမ်းရှောင်ရသူ ၁ ဒသမ ၅ သန်းကျော်ရှိ‌နေပြီး၊ ၂၀၂၃ ခုနှစ်အထိ ပြည်သူ ၁၇ ဒသမ ၆ သန်း (စုစုပေါင်းလူဦးရေ၏ ၃ ပုံ ၁ပုံ နီးပါး) သည် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြောင်း UNOCHA က ထုတ်ပြန်ထားခြင်းဖြစ် သည်။
ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ရေး အစီ အစဉ်အတွက် ဒေါ်လာ ၇၆၄ သန်း ကုန်ကျနိုင်သည်ဟုဆိုသည်။
မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ လူဦးရေ ၄ သန်းကျော်အတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများပေးအပ်ထားပြီး ဖြစ်ကြောင်းဆိုသည်။ သို့သော် မည်သည့်ဒေသမှ စစ်ဘေးရှောင်များကို မည်ကဲ့သို့ကူညီခဲ့ကြောင်းနှင့် ခန့်မှန်းကုန်ကျငွေကို ဖော်ပြထားခြင်းမရှိပေ။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကောက်ယူထားသော ကိန်းဂဏန်း များအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိ များ ပြားလာခဲ့ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#UNOCHA
#ကုလသမဂ္ဂ
#လူသားချင်းစာနာမှု
#အကူအညီ
#မြန်မာနိုင်ငံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁1💩1
​​ကမ္ဘောဒီးယားပြည်တွင်းရေးတွင် ပြည်ပ ဝင်မစွက်ရန် ဟွန်ဆန် သတိပေး

ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအတိုက်အခံခေါင်းဆောင်တစ်ဦး ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်သံများ ထွက်ပေါ်ပြီးနောက် ရက်များအကြာတွင် နိုင်ငံ၏ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်သည့် တိုင်းတပါးသားများကို မိမိအနေဖြင့် သည်းခံသွားမည် မဟုတ်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က မတ်လ ၆ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁16💩5👍2🥴2👏1
Business Round Up (March 6)

- မြန်မာ့နယ်စပ်ကုန်သွယ်မှု ဘီလီယံနှင့်ချီပြီး သိသိသာသာ ကျဆင်းနေ

- စင်ကာပူထိပ်သီး Keppel Land က မြန်မာဟိုတယ်စီမံကိန်းတစ်ခုမှ နှုတ်ထွက်

- လျှပ်စစ်သုံး EV မော်တော်ကားများနှင့် ဆက်စပ်ကဏ္ဍ ၂၈ ခုကို အခွန်ကင်းလွတ်ခွင့်နှင့် အခွန်လျော့ပေါ့ခွင့်တွေပြုမည်ဟုဆို

- ချမ်းသာသည့်နိုင်ငံများက ဆင်းရဲသည့်နိုင်ငံများကို တစ်နှစ်လျှင် ကန်ဒေါ်လာ ၅ဝဝ ဘီလျံ ကူညီထောက်ပံ့ပေးသင့်ကြောင်း ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း

- သီရိလင်္ကာာနိုင်ငံတွင် စီးပွားရေးပြိုလဲမှုကြောင့် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

https://youtu.be/dxnenhEYeDE
😁2🔥1
စစ်ရှောင်ပြည်သူများအတွက် Oak Awe UG (Salay)မှ ဦးဆောင်ကာ ပြည်ပရောက်မြန်မာအဖွဲ့အစည်း များ၏ ကူညီမှုဖြင့်ထောက်ပံ့

MTO
မဇ္ဈိမ။ ။ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ဒေသကာကွယ်ရေးအဖွဲ့များထံ ရောက်ရှိ ခိုလှုံနေသည့် စစ်ရှောင်ပြည်သူများကို မတ် လ ၄ ရက်နေ့က တစ်အိမ်ထောင်လျှင် ကျပ် ၁၀,၀၀၀ နှင့် ကြက်သွန်တပိဿာ လှူဒါန်းပေးနိုင်ခဲ့ကြောင်း မကွေးတိုင်း စလေမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Oak Awe UG (Salay) မြို့ပြပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မတ်လ ၃ ရက်နေ့ က CRPH support နော်ဝေးအဖွဲ့ကနေပြီတော့ ၁၅ သိန်း ထောက်ပံ့ပေးတယ်၊ JSS အဖွဲ့က ၁၀ သိန်းရယ်၊ နောက် စလေမြို့ပေါ်က သူဌေးတစ်ဦးက ခုနစ်သိန်းရယ် ၃၂ သိန်းရတယ်။ အဲဒီအထဲကမှ သွားရောက်လှူဒါန်းခဲ့တာ စုစုပေါင်း ၂၉ သိန်းဖိုး လှူဖြစ်ခဲ့တယ်။ ကျန်တဲ့ပိုက်ဆံကို မီးဘေးသင့်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းသွားမှာပါ” ဟု ၎င်းက ပြောသည်။
👍16🔥1😁1
ယခု သွားရောက်လှူဒါန်းခဲ့သည့် စစ်ရှောင်ပြည်သူများသည် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်း ပျူရွာမှထွက်ပြေးလာသည့် စစ်ရှောင်ပြည်သူများဖြစ်ပြီး အိမ်ထောင်စု ၁၉၇ စု လူဦးရေအားဖြင့် ၈၂၃ ဦး ရှိ ကြောင်း သိရသည်။
“လိုအပ်ချက်တွေက အများကြီးရှိနေဆဲပါ။ နောက်ထပ်အကူအညီတွေရအောင်လည်း ဆောင်ရွက်နေ ပါ တယ်။ အခြား စင်္ကာပူနဲ့ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေကနေ အကူအညီရအောင်လည်းဆောင်ရွက်ပေး နေပါတယ်” ဟု ပြောသည်။
အဆိုပါစစ်ရှောင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ LPDF များနှင့် အခြားသော ဒေသကာကွယ်ရေး အဖွဲ့များက အဆင်ပြေသည့်နေရာများတွင် လက်ခံစောင့်ရှောက်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
ကူညီမှုများပြုလုပ်ရာတွင် မဟာမိတ်အဖွဲ့များဖြစ်သည့် သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) အဖွဲ့ နှင့် တိုက်မောင်း LPDF အဖွဲ့ များ၏ အကူအညီဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#စလေမြို့
#OakAweUG(Salay)
🥰11👍2👏2😁2🔥1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ် ကော်မတီမှ ၁၂ ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေး သပိတ်ကော်မတီမှ ယနေ့ မတ်လ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ၎င်းတို့သပိတ်ကော်မတီ၏ ၁၂ ကြိမ်မြောက်အဖြစ် ထပ်မံဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က
"ဟေ့ (စကစ) မခြိမ်းခြောက်နဲ့ ငါတို့မကြောက်"စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည် သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်ပြုလုပ်လာသည့်အတွက် စစ်ကောင်စီတပ်များနှင့် ရဲများက သပိတ်ကော်မတီဝင်များ၏ သတင်းများအား ကြံခင်း
မြို့ပေါ် တွင် လိုက်လံစုံစမ်းနေကြသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်က ကြံခင်းမြို့ တစ်နေရာတွင် စစ်အာဏာရှင်တော်လှန်ရေးလူမဲ့သပိတ်တစ်ခု ပြု လုပ်ထားသည့်အတွက် အဆိုပါ လူမဲ့သပိတ်အား ဖြုတ်သိမ်းရန် ဆိုင်ကယ်ဖြင့်လာသည့် (စရဖ)တပ်ဖွဲ့ဝင်တစ်ဦးလမ်းဘေး၌ရပ်ထားသော ၁၀ ဘီးကားအား ဝင်တိုက်ပြီးသေဆုံးခဲ့သေးသည်။
👍7❤3😁3
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_17 seg_4

Watch more detail - https://youtu.be/4lz4sY2Njho

#myanmardramaseries #lovestory #BLSeries #reels
👍2🖕1
မတ်လ (၆) ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

တာတိုင်ကျေးရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွက် နောင်တစ်ချိန်မှာအရေးယူနိုင်ဖို့ သက်သေများစုဆောင်းနေတယ်ဆိုတဲ့ သတင်းနဲ့အတူ

စစ်ကောင်စီကျူးလွန်တဲ့ပြစ်မှုတွေကို လူ့အခွင့်ရေးကောင်စီ အစီရင်ခံစာမှာ ဖော်ပြထားတဲ့သတင်းအပါအဝင်

တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုလည်း တင်ဆက်သွားမှာဖြစ်ပါတယ်။

အပတ်စဉ်ကဏ္ဍအနေနဲ့ Mizzima Editorial talk ဆွေးနွေးခန်းအစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ bni ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

https://youtu.be/NUyBO9SRcRM
👍8😁1🥴1