Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ရှောင်ပြည်သူများအတွက် Oak Awe UG (Salay)မှ ဦးဆောင်ကာ ပြည်ပရောက်မြန်မာအဖွဲ့အစည်း များ၏ ကူညီမှုဖြင့်ထောက်ပံ့

MTO
မဇ္ဈိမ။ ။ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ၏ ကူညီမှုဖြင့် ဒေသကာကွယ်ရေးအဖွဲ့များထံ ရောက်ရှိ ခိုလှုံနေသည့် စစ်ရှောင်ပြည်သူများကို မတ် လ ၄ ရက်နေ့က တစ်အိမ်ထောင်လျှင် ကျပ် ၁၀,၀၀၀ နှင့် ကြက်သွန်တပိဿာ လှူဒါန်းပေးနိုင်ခဲ့ကြောင်း မကွေးတိုင်း စလေမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Oak Awe UG (Salay) မြို့ပြပျောက်ကြားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မတ်လ ၃ ရက်နေ့ က CRPH support နော်ဝေးအဖွဲ့ကနေပြီတော့ ၁၅ သိန်း ထောက်ပံ့ပေးတယ်၊ JSS အဖွဲ့က ၁၀ သိန်းရယ်၊ နောက် စလေမြို့ပေါ်က သူဌေးတစ်ဦးက ခုနစ်သိန်းရယ် ၃၂ သိန်းရတယ်။ အဲဒီအထဲကမှ သွားရောက်လှူဒါန်းခဲ့တာ စုစုပေါင်း ၂၉ သိန်းဖိုး လှူဖြစ်ခဲ့တယ်။ ကျန်တဲ့ပိုက်ဆံကို မီးဘေးသင့်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းသွားမှာပါ” ဟု ၎င်းက ပြောသည်။
👍16🔥1😁1
ယခု သွားရောက်လှူဒါန်းခဲ့သည့် စစ်ရှောင်ပြည်သူများသည် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်း ပျူရွာမှထွက်ပြေးလာသည့် စစ်ရှောင်ပြည်သူများဖြစ်ပြီး အိမ်ထောင်စု ၁၉၇ စု လူဦးရေအားဖြင့် ၈၂၃ ဦး ရှိ ကြောင်း သိရသည်။
“လိုအပ်ချက်တွေက အများကြီးရှိနေဆဲပါ။ နောက်ထပ်အကူအညီတွေရအောင်လည်း ဆောင်ရွက်နေ ပါ တယ်။ အခြား စင်္ကာပူနဲ့ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေကနေ အကူအညီရအောင်လည်းဆောင်ရွက်ပေး နေပါတယ်” ဟု ပြောသည်။
အဆိုပါစစ်ရှောင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ LPDF များနှင့် အခြားသော ဒေသကာကွယ်ရေး အဖွဲ့များက အဆင်ပြေသည့်နေရာများတွင် လက်ခံစောင့်ရှောက်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
ကူညီမှုများပြုလုပ်ရာတွင် မဟာမိတ်အဖွဲ့များဖြစ်သည့် သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦး (B.H.S.R.F) အဖွဲ့ နှင့် တိုက်မောင်း LPDF အဖွဲ့ များ၏ အကူအညီဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#စလေမြို့
#OakAweUG(Salay)
🥰11👍2👏2😁2🔥1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ် ကော်မတီမှ ၁၂ ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေး သပိတ်ကော်မတီမှ ယနေ့ မတ်လ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ၎င်းတို့သပိတ်ကော်မတီ၏ ၁၂ ကြိမ်မြောက်အဖြစ် ထပ်မံဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
စကြဝတေးမင်းကြီး သပိတ်ကောင်မတီအဖွဲ့ဝင်အချို့က
"ဟေ့ (စကစ) မခြိမ်းခြောက်နဲ့ ငါတို့မကြောက်"စာသားပါ ဘန်နာ(ဗီနိုင်း)အား ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည် သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်ပြုလုပ်လာသည့်အတွက် စစ်ကောင်စီတပ်များနှင့် ရဲများက သပိတ်ကော်မတီဝင်များ၏ သတင်းများအား ကြံခင်း
မြို့ပေါ် တွင် လိုက်လံစုံစမ်းနေကြသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ရက်က ကြံခင်းမြို့ တစ်နေရာတွင် စစ်အာဏာရှင်တော်လှန်ရေးလူမဲ့သပိတ်တစ်ခု ပြု လုပ်ထားသည့်အတွက် အဆိုပါ လူမဲ့သပိတ်အား ဖြုတ်သိမ်းရန် ဆိုင်ကယ်ဖြင့်လာသည့် (စရဖ)တပ်ဖွဲ့ဝင်တစ်ဦးလမ်းဘေး၌ရပ်ထားသော ၁၀ ဘီးကားအား ဝင်တိုက်ပြီးသေဆုံးခဲ့သေးသည်။
👍7❤3😁3
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_17 seg_4

Watch more detail - https://youtu.be/4lz4sY2Njho

#myanmardramaseries #lovestory #BLSeries #reels
👍2🖕1
မတ်လ (၆) ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

တာတိုင်ကျေးရွာက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွက် နောင်တစ်ချိန်မှာအရေးယူနိုင်ဖို့ သက်သေများစုဆောင်းနေတယ်ဆိုတဲ့ သတင်းနဲ့အတူ

စစ်ကောင်စီကျူးလွန်တဲ့ပြစ်မှုတွေကို လူ့အခွင့်ရေးကောင်စီ အစီရင်ခံစာမှာ ဖော်ပြထားတဲ့သတင်းအပါအဝင်

တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုလည်း တင်ဆက်သွားမှာဖြစ်ပါတယ်။

အပတ်စဉ်ကဏ္ဍအနေနဲ့ Mizzima Editorial talk ဆွေးနွေးခန်းအစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ bni ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

https://youtu.be/NUyBO9SRcRM
👍8😁1🥴1
လှိုင်သာယာ မီးခွက်ဈေးကို မြို့နယ်လူမိုက်များက ကန်ထရိုက်ယူထားသောကြောင့် ပျံကျ ဈေးသည်များအခက်ကြုံ

ကီရာ
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ မီးခွက်ဈေးကို ၎င်းမြို့နယ်လူမိုက်များက ကန်ထရိုက်ယူထားသောကြောင့် ပျံကျ ဈေးသူဈေးသားများ အခက်အခဲကြုံနေရသည်ဟု သိရသည်။
မီးခွက်ဈေးပတ်ပတ်လည်တွင် ဈေးရောင်းချခွင့်ကို ပိတ်ပင်ထားပြီး အဆိုပါနေရာများတွင် ဈေးရောင်းခြင်းမပြုနိုင်အောင် အမှိုက်များပုံထားခြင်းနှင့် မိမိနေအိမ်ရှေ့တွင် ဈေးရောင်းချသူများကိုလည်း ဈေးရောင်းခြင်းမပြုရန် လိုက်လံတားမြစ်မှုများ လှိုင်သာယာလူမိုက်များမှ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
🤬17😁2👎1
" ရပ်ကွက်အုပ်ကြီးကတော့ ကိုယ့်အိမ်ရှေ့မြောင်းမကျော်ရင် ဈေးရောင်းခွင့်ပြုထားတယ်။ ဒါပေမယ့် သူတို့ကတော့ မရဘူး လိုက်ပိတ်ခိုင်းတာပဲ။ တနေ့‌လုံးဈေးရောင်းမှ လေး‌ထောင် ငါးထောင်လောက်ပဲရတဲ့သူတွေက သူတို့ဆိုင်ခန်းတွေကို ဘယ်ဌားနိုင်မလဲဗျာ "ဟု ဈေးရောင်းချခွင့်မရသည့်အကြောင်းကို မြင်တွေ့ရသူတစ်ဦးက ပြောသည်။
၎င်းတို့ ကန်ထရိုက်ဆွဲထားသော ဈေးဆိုင်ခန်းများသည် လေးပေပတ်လည်ဆိုင်ခန်းတစ်ခန်းကို ကျပ်ငွေ ‌၄၀၀၀၀ခန့်ရှိသဖြင့် ဌားရမ်းခမတတ်နိုင်သည့်အကြောင်း ပျံကျ ဈေးသူဈေးသားများက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူမိုက်များက ဈေးရောင်းချခွင့်မရရန် ပြုလုပ်ထားသော အမှိုက်ပုံအနီး ပဲပြုတ်လာရောင်းသူအဘွားအိုတစ်ဦးကိုလည်း စည်ပင်ခေါ်၍ ဈေးဗန်းသိမ်းခိုင်းကြောင်းကိုလည်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၂ရက်နေ့က မီးခွက်ဈေးအနီး ဈေးရောင်းနေသည့် ဈေးသည်များနှင့် စည်ပင် ပြဿနာတက်ရာမှ စစ်တပ်ခေါ် ဖမ်းခိုင်းသည့် ဖြစ်ရပ် လည်း ရှိခဲ့သည်ဟု သိရသည်။
🤬15👍11🔥3😁1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၆ မတ် ၂၀၂၃ ) 

ခုခံတော်လှန်မှုပြင်းထန်လာသည့် အလျှောက် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်မှ အသေများသလို ပြည်သူ့တော်လှန်ရေးအဖွဲ့များမှလည်း သေဆုံးမှုများရှိလာနေသည်ကိုတွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁3
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep17 seg - 3 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://tinyurl.com/49cznbj8

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍8🍌1