Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
တမူး- PDF တပ်ရင်း (၃) ကို အမျိုးသားလွတ်မြောက်ရေး တပ်တော်အဖြစ် ပြင်ဆင်ဖွဲ့စည်း
=======================

မဇ္ဈိမ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးအခြေစိုက်၊ တမူး- PDF တပ်ရင်း (၃) အား အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) အဖြစ် မတ်လ ၅ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ပြည်သူ့နွေဦးတော်လှန်ရေးကို တပ်ရင်းအဆင့်ထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်စေရန်အတွက် စစ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များ ချမှတ်ကာ NLA တပ်တော်အဖြစ် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

NLA အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NU) ‌လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၊ မဟာမိတ် အင်အားစုများနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ထုတ်သွားမည်ဖြစ်ကြောင်း NLA က ထုတ်ပြန်ထားသည်။

ယင်းအမျိုသားလွတ်မြောက်ရေးတပ်တော် ဖွင့်ပွဲအခမ်းအနားကို NLA တပ်တော် ဌာနချုပ်တွင် မတ်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

#NLA
#တမူးPDF
#တပ်တော်
#mizzimatv
👍22❤4🔥1🤣1
Gender ဆိုတာဘာလဲ
=============

အောင်မြင်ပြီး အေးချမ်းသာယာတဲ့လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်တဲ့အခါ ပြောင်းလဲလာတဲ့ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ အခြေခံကျတဲ့အချက်တွေကို သိရှိနားလည်နေကြဖို့လည်း လိုအပ်ပါတယ်။ ဒီနေ့လူ့အဖွဲ့အစည်းကို ပြောင်းလဲချင်သူတွေအားလုံး Sex နဲ့ Gender ဆိုတာကို ခွဲခြားနားလည်ထားကြမယ်ဆိုရင် ဒီနားလည်မှုဟာ အနာဂတ်အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဆက်တိုက်သယ်ဆောင်လာတော့မှာအမှန်ပါ။

https://youtu.be/V9wOljNjQjY

#PSA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1
​​လမိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ဒဏ်ရာရသည့်အဘွား သေဆုံး
========================

ဂျူချန်း
(မဇ္ဈိမ) ။။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊​ အောင်သာယာကျေးရွာတွင် စစ်ကောင်စီတပ်၏ အမတ (၃၁၇)မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည် ထိမှန်ခဲ့‌သည့် အဘွားအို သေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမ ကိုပြောသည်။

မတ်လ ၅ ရက်နေ့တွင် လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် အသက် ၇၈နှစ်အရွယ် အဘွားဒေါ်ထုမူးသည် ယမန်နေ့ မတ်လ ၆ ရက် ညနေ ၃နာရီဝန်းကျင်ခန့်တွင် ယင်းဒဏ်ရာဖြင့် မော်လမြိုင်ဆေးရုံကြီးတွင် ကွယ်လွန်သွားကြောင်း သိရသည်။

“လက်နက်ကြီးကျည်ထိတဲ့ အဘွားဒေါ်ထုမူး ဆုံးသွားပြီ။ ခန့်မှန်း ညနေ ၃နာရီ မတိုင်ခင်လောက်ဖြစ်မယ်။ ဗိုက်တွေပေါက် အူတွေပါထွက်တာကိုး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောင်သာယာရွာရှိ ပြည်သူအများစုမှာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရန်ကို ကြောက်သဖြင့် အခြားနေရာများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

“အောင်သာယာရွာကို သတင်းသွားမေးတာ အိမ်တော်တော်များများပိတ်ထားကြတယ်။ ကြောက်လန့်ပြီး ရွာဟောင်းတွေဘက်၊ ခြံတွေဘက် ရှောင်ပြေးနေကြတယ်” ဟု ၎င်းကဆက်‌ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် အနီးရှိကျေးရွာများသို့ လက်နက်ကြီးများပစ်ခတ်ရာ ဘုန်းကြီးကျောင်းအနီး ပတ်ဝန်းကျင်များတွင် ကျလေ့ရှိကြောင်း အနီးရှိ ဒေသခံက ဆိုသည်။

“အဲဒီရက်က အောင်သာယာရွာကို ပစ်တာ အောင်သာယာဘုန်းကြီးကျောင်းရှေ့တစ်အိမ်ကျော်မှာပဲ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က အောင်သာယာရွာနဲ့ တစ်မိုင်လောက်ပဲဝေးတဲ့ လိမ္မော်ခြံရွာကိုလည်း ပစ်သေးတယ်။ ဆေးပေးခန်းနားကိုကျတာ ဆေးပေးခန်းက လိမ္မော်ခြံဘုန်းကြီးကျောင်းရှေ့တည့်တည့်မှာ။ ကနင်ကမော့ ဘုန်ကြီးကျောင်းဝင်းထဲလည်း လက်နက်ကြီး ကျပြီးပြီ။ စုစည်းမြိုင် ဘုန်းကြီးကျောင်း မှာလည်း ဦးဇင်းကြီးတစ်ပါး ဆေးရုံပို့ရပြီး ကိုရင်လေးက ပွဲချင်းပြီး (ပျံလွန်တော်မူ)။ ပစ်သမျှအလုံးတွေက ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီး ပစ်နေသလိုပဲ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၁၀ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ အမတ (၃၁၇) မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အောင်သာယာ ကျေးရွာရှိ အရပ်သားနေအိမ် နှစ်လုံး ပျက်စီးခဲ့ပြီး စုစည်းမြိုင်ဘုန်းတော်ကြီးကျောင်းသို့ လက်နက်ကြီး နှစ်လုံးကျရောက်ပေါက်ကွဲရာ ကိုရင်တစ်ပါး ပျံလွန်တော်မူခဲ့ရကာ ဦးဇင်းတစ်ပါး ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း ကနင်ကမော့ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယင်းကျေးရွာရှိ အမျိုးသမီးနှစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သေးသည်။

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးခဲ့ရသည့် အရပ်သား စုစုပေါင်း ၃,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့ မတ်လ ၆ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ရေးမြို့နယ်
#လက်နက်ကြီးပစ်ခတ်မှု
#စစ်ကောင်စီတပ်
🤬6👍4😢2🔥1
ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
❤9👏5🔥1🥱1
ဘုတလင်မြို့နယ် ဇီးတောကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
======================

လွှမ်းမိုး
မဇ္ဈီ။ ။စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် ၊ ဇီးတောကျေးရွာအနီးတွင် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ် ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၆ ရက် နံနက် ၉ နာရီ အချိန်တွင် လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော် (S.A.F) တပ်ဖွဲ့ ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်မသိရှိရသေးကြောင်း ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကို Marilyn က ပြောသည်။

“စစ်ကောင်စီ စစ်ကြောင်းကို ၈၀ မမ၊ ၄၀ မမ စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (S.A.F)၊ MDFနှင့် ဒေသခံ ပ.က.ဖတို့ ပူးပေါင်း၍ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေခြင်းဖြစ်ပြီး မတ်လ ၄ ရက်နေ့ကလည်း မြို့ပေါ်မှ နေအိမ် ၂၈ လုံးကို မီးရှိုဖျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဘုတလင်မြို့နယ်
#ဇီးတောကျေးရွာ
#စစ်ကြောင်းထိုး
👍9😁1🥱1
​​မအူပင်မြို့ မအူပင်-ကျိုက်လတ်လမ်းပေါ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီး ဗုံးပေါက်ကွဲ
=====================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ မအူပင်မြို့ မအူပင်-ကျိုက်လတ်လမ်းပေါ်ရှိ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် မတ်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်ခန့်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗုံးပေါက်ကွဲရာနေရာ၌ စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ စုစုပေါင်းရှစ်ဦးခန့်ရှိနေချိန် ပေါက်ကွဲခဲ့ခြင်းဖြစ် ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိမသိရသေးကြောင်း ဖောက်ခွဲမှုပြုလုပ်ခဲ့သော အမည်မဖော်လိုသည့် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မအူပင်ကနေကျိုက်လတ်ကိုထွက်တဲ့ မြို့ဝင်ဆိုင်းဘုတ်နားမှာ ဒေသခံတွေကို စစ်ဆေးတာတွေ၊ မတရား ငွေတောင်းတာတွေလုပ်နေတဲ့ စစ်ခွေး(စစ်ကောင်စီတပ်)နဲ့ ရဲခွေး(ရဲတပ်ဖွဲ့) တွေကိုဖောက်ခွဲခဲ့တာပါ” ဟု ဆို သည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ညပိုင်းတွင် စစ်ကောင်စီတပ်များနှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခြင်း မရှိဘဲ အရပ်ဝတ်များဖြင့်သာ လိုက်လံစုံစမ်းစစ်ဆေးနေကြကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် မအူပင် PDF တပ်ဖွဲ့ ဝင်များနှင့် ဖျာပုံ PDF အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးခံရပြီးနောက် မအူပင်မြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများ၊ စစ်ကောင်စီသတင်းပေး ရှင်းလင်း ခံရမှုဖြစ်စဥ်များ ခြောက်လကျော်ကြာသည်အထိ ဖြစ်ပွားခြင်းမရှိတော့ကြောင်း၊ ယမန်နေ့ကမှသာ ဗုံး ပေါက်ကွဲမှု ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း
#မအူပင်မြို့
#မအူပင်-ကျိုက်လတ်လမ်း
#ဗုံးပေါက်ကွဲ
👍13😁3
မတ်လ ၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:02-စင်ကာပူထိပ်သီး Keppel Land က မြန်မာဟိုတယ်စီမံကိန်းတစ်ခုမှ နှုတ်ထွက်တဲ့ သတင်း

03:08-မန္တလေးရှိ သုံးဘီးအငှားယာဉ်များ (မီနီအိုးဝေ) အားလုံးကို အဝါရောင်ပြောင်းလဲဖို့စီစဉ်နေတဲ့ သတင်း

06:48-ရေနံချောင်းမြို့မရဲစခန်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့ သတင်း

04:38-Unicef ကမြန်မာနိုင်ငံနဲ့ အာဖကန်နစ်စတန်မှာရှိတဲ့ ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အဟာရ ဖြည့်တင်းရေးအတွက် အမေရိကန် ဒေါ်လာ၃၀.၅ သန်း ကူညီလှူတန်းခဲ့တဲ့ သတင်း အပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/piZwEIINpVM

Photo - CJ

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2
​​ကသာမြို့နယ်တွင် တိုက်ပွဲလက်ကျန် ဗုံးသီးပေါက်ကွဲရာမှ အမျိုးသမီး ၁ ဦး သေဆုံး
======================

ဂျူချန်း
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ငါးတဲ့ကျေးရွာအုပ်စု၊ ပျဉ်ထောင်လေးကျေးရွာတွင် စစ်ကောင်စီ တပ်သားများပစ်ခတ်ထားသည့် ၆၀ မမ ဗုံးသီးတစ်လုံး ပေါက်ကွဲရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံထံမှ သိရသည်။

ကသာမြို့နယ်၊ ပျဉ်ထောင်လေးကျေးရွာမှ အမျိုးသမီးငယ်နှစ်ဦးသည် မတ်လ ၅ ရက်နေ့က ပျဉ်ထောင် လေးဘုန်းကြီးကျောင်းနှင့် ပေ ၁၅၀ ခန့်အကွာတွင်ရှိသည့်ဇီးပင်မှ ဇီးသီးခူးရာတွင် အပင်အောက်မှ ခြုံများ အား ရှင်းလင်းရင်းနှင့် ၆၀ မမ ဗုံးသီးအား ဓါးဖြင့်ခုတ်မိသဖြင့် ပေါက်ကွဲခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အတူပါလာသည့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ညီအမနှစ်ယောက် ဇီးသီးကောက်ဖို့ဆိုပြီး ဇီးပင်အောက်ကအပင်တွေကို ဓါးနဲ့လျှောက်ခုတ်ရင်း စစ်တပ် ကပစ်ထားတဲ့ အသီး(၆၀ မမ ဗုံး)ကိုခုတ်မိတာ။ အဲဒီအသီးက မကွဲဘဲနဲ့ ဇီးပင်အောက်မှာကျနေတာကို မမြင်လို့ ဓါးနဲ့ခုတ်မိတာနဲ့တူပါတယ်” ဟု ပျဉ်ထောင်လေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပ်၏ ငါးအိုးရွာအခြေစိုက် ခလရ(၁၂၁)တပ်သည် အဆိုပါပျဉ်ထောင်လေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် လွန်ခဲ့သည့် ဇန်နဝါရီလက စခန်းချခဲ့ဖူးကြောင်း ဆိုသည်။

အဆိုပါ ခလရ(၁၂၁)တပ်မှ စစ်ကောင်စီစစ်ကြောင်းထိုးပြီးနောက် ပျဉ်ထောင်ကျေးရွာတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ၄၀ မမ နှင့် ၆၀ မမ စသည့် ဗုံးသီး အလုံး ၃၀ ခန့်ရှိကြောင်း ဆိုသည်။

“အသီးတွေကို တစ်ရွာလုံး ပတ်ချထားတာ။ ရှာတော့ရှာတယ်ဗျ။ တွေ့သလောက် မကွဲသေးတဲ့ဟာက ၃၀ ထက်မနည်းပဲ။ ဟိုနားကတွေ့လိုက်၊ ဒီနားကတွေ့လိုက်နဲ့” ဟု ဒေသခံက ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ မကြာခဏစစ်ကြောင်းထိုးနေမှုကြောင့် ပျဉ်ထောင်လေးကျေးရွာမှ ဒေသခံ များမှာ လက်ရှိအချိန်အထိ နေအိမ်များမှ တိမ်းရှောင်နေရကြောင်း သိရသည်။

“ရွာထဲမှဦမနေရဲကြလို့ အပြင်ပဲနေကြတာ။ နေ့ဆို သူ့အိမ်ကိုယ့်အိမ် သန့်ရှင်းရေးလာလုပ်ကြတယ်။ အတွင်းထဲမှာ လူတွေလည်း မနေရဲအောင်ကိုဖြစ်နေတာ။ အိမ်တွေလည်း ဇကာပေါက်တွေကို ဖြစ်နေတာ။ အရင်သူတို့ စစ်ကြောင်းထိုးတုန်းကလည်း တစ်ရွာလုံးနီးပါး အိမ်တွေထဲဝင်မွှေသွားပြီး ကျန်ခဲ့တဲ့ ပစ္စည်း တွေကို ယူသွားတာတွေရှိတယ်။ ကျနော့်အိမ်ကိုလည်းဖျက်ဆီးသွားတယ်” ဟု ပျဉ်ထောင်ရွာမှ စစ်ရှောင် နေသည့် ဒေသခံတစ်ဦးက ပြောသည်။

မတ်လ ၂ ရက်နေ့ကလည်း ကသာမြို့နယ်၊ ကျောက်ပုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ထောင်ထားသည့်မိုင်း အား နင်းမိခဲ့သဖြင့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး ခြေထောက်တဖက် ဖြတ်တောက် လိုက်ရ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲလက်ကျန်ခဲယမ်းမီးကျောက်များ သို့မဟုတ် မြေမြှုပ်မိုင်းများပေါက်ကွဲမှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း လူပေါင်း ၃၉၀ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း ယူနီဆက်ဖ်က ဖေဖေါ်ဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကသာမြို့နယ်
#ဗုံးပေါက်ကွဲ
😢5🔥1😱1
​​မဏိပူပြည်နယ်အကျဉ်းထောင်မှ မြန်မာစစ်ဘေးရှောင် ၃ ဦး အာမခံဖြင့် လွတ်မြောက်
========================

ပါခွီး
မဇ္စျိမ။ ။အိန္ဒိယနိုင်ငံ၊ မဏိပြည်နယ်၊ အင်ဖားအကျဉ်းထောင်တွင် ထိန်းသိမ်းရေးစခန်းဖွင့်လှစ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူများအနက်မှ မြန်မာစစ်ဘေးရှောင်သုံးဦး အာမခံဖြင့်လွတ်မြောက်လာကြောင်း သိရ သည်။

အာမခံဖြင့်လွတ်မြောက်လာသူများမှာ Jamkhosei Touthang (၇၀ နှစ်)၊ Sonminthang Lame (၂၃ နှစ်) နှင့် Willian (၂၀ နှစ်)တို့ဖြစ်ပြီး မတ်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် လွတ်မြောက်လာခြင်းဖြစ်သည်။

“အသက်ကြီးတဲ့သူကတော့ ကျန်းမာရေးမကောင်းတဲ့အတွက်နဲ့ ကျန်နှစ်ယောက်က လူငယ်ကျောင်းသား အရွယ်ဖြစ်တဲ့ဆိုတဲ့ သက်ညှာတဲ့ စဉ်းစားမှုနဲ့ တရားသူကြီးက အာမခံနဲ့ လွှတ်ပေးလိုက်တာလို့ သိရတယ်” ဟု Burma Refugee Committee Kabaw Valley နာယက ဦးထန်ဆေးက မဇ္စျိမကိုပြောသည်။

လွတ်မြောက်လာသူသုံးဦး၏ မိသားစုဝင်များမှ ၎င်းတို့အဆက်အသွယ်များဖြင့် သီးခြားဆက်သွယ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် အသက်(၁၈)နှစ်အောက် ကိုးဦးပါဝင်ပြီး ၎င်းတို့အားလည်း ကျောင်းသား လူငယ်အရွယ်များဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အာမခံရရန် ရှေ့နေမှတဆင့် ကြိုးစားဆောင် ရွက်နေကြောင်း ဆိုသည်။

သို့သော် တရားသူကြီးများအနေဖြင့် အစိုးရ၏ပေါ်လစီဖြင့် ဖမ်းဆီးထိန်းသိမ်းသည့်အတွက် အစုအဖွဲ့လိုက် ပြန်လွှတ်မပေးရဲကြောင်း တရားရုံးနှင့်နီးစပ်သောအသိုင်းဝိုင်းများမှတဆင့်သိရကြောင်း ဦးထန်ဆေးကဆို သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်းက ထိန်းသိမ်းထားသူများထဲမှ ကိုဒဲမ်ခိုလွန်း (၃၂ နှစ်)သည် ရုတ်တရက် သေဆုံးသွားခဲ့သည့်အတွက် ထိန်းသိမ်းခံရသူများ၏မိသားစုဝင်များအကြားတွင် စိုးရိမ်မှုများမြင့်တက် နေပြီး ၎င်းတို့ လွတ်မြောက်ရေးအတွက် နည်းမျိုးစုံဖြင့်ကြိုးပမ်းအားထုတ်လာကြောင်း သိရသည်။

ထိန်းသိမ်းရေးစခန်းဟုဆိုသော အင်ဖားမြို့ရှိ Sajiwa အကျဉ်းထောင်တွင်းရှိ အဆောက်အဦးဟောင်း တစ်ခုတွင် စစ်ဘေးရှောင်များကို အကျဉ်းချထားကာ သံမံသလင်းပေါ်တွင်အိပ်စက်ရပြီး အစားအသောက် ညံ့ဖျင်းပြီး ကျန်းမာရေးနှင့်မညီညွတ်ကြောင်း ထိန်းသိမ်းခံမိသားစုဝင်များထံမှသိရသည်။

မဏိပူပြည်နယ် မိုးရေးမြို့အနီးတွင် ဇန်နဝါရီလ ၂၆ ရက်နှင့် ၃၀ ရက်နေ့က မြန်မာစစ်ဘေးရှောင် ၈၀ ကျော်ကို တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ဥပဒေ ပုဒ်မ(၁၄)ဖြင့် ဖမ်းဆီးတရားစွဲဆိုထား ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ စစ်ဘေးရှောင်များကို ခိုးဝင် ဥပဒေ ဖြင့် ငါးကြိမ်ထက်မနည်းဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၃၉၃ ဦး ထိန်းသိမ်းခံထားရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အိန္ဒိယနိုင်ငံ
#မဏိပူပြည်နယ်
#မြန်မာစစ်ဘေးရှောင်
#ဖမ်းဆီထိန်းသိမ်း
👍8🔥2