တရုတ်က လူမှုမီဒီယာနှင့် ကိုယ်တိုင်ထုတ်လွှင့်သည့် မီဒီယာများကို ပစ်မှတ်ထား ဖိနှိပ်လာ
တရုတ်နိုင်ငံတွင် သတင်းသမားများအဖြစ် မှတ်ပုံမတင်ထားသည့် အင်တာနက်သုံးစွဲသူများသည် လွတ်လပ်စွာဖန်တီးထားသည့် သတင်းများကို လူမှုမီဒီယာ သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်တွင် တင်လေ့ရှိကြပြီး ထိုသို့သော ကိုယ်တိုင်ထုတ်လွှင့်သောမီဒီယာများအပေါ် တရုတ်အာဏာပိုင်များက ထိန်းချုပ်ရန် ထပ်မံကြိုးစားလာကြောင်း Bitter Winter သတင်းက ဖော်ပြသည်။

👍7😁1
တရုတ်ပညာရေးစနစ်မှ အနောက်လစ်ဘရယ်အတွေးအမြင်ကို ဖျောက်ဖျက်ရန် သမ္မတ ရည်ရွယ်နေ
တရုတ်အစိုးရက ကျောင်းများနှင့် ကောလိပ်များရှိ ကျောင်းသားများကို ပစ်မှတ်ထားသည့် ညွှန်ကြားချက်များ အခါအားလျော်စွာ ထုတ်ပြန်နေခြင်းဖြင့် ရှီကျင့်ဖျင်သည် တရုတ်ပညာရေးစနစ်မှ အနောက်လစ်ဘရယ် အတွေး အခေါ်များကို ဖျောက်ဖျက်ရန် ရည်ရွယ်နေကြောင်း အာဏာရှင်တိုက်ဖျက်ရေးအသံအဖွဲ့ (VAA) က ဖော်ပြ လိုက်သည်။

👍11😁5
မတ်လ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥1
အွန်လိုင်းအစည်းအဝေးများပြုလုပ်သည့် Jitsi Meet ကို NUG မှ ပိုင်ဆိုင်သည်မှာ မဟုတ်မှန်ပါ
TK
မဇ္ဈိမ။ ။အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် ပြည်တွင်း၌ Zoom Application အား အသုံးမပြုနိုင် အောင် နည်းပညာသုံးနှောင့်ယှက်ကာ ၎င်းတို့ပိုင် Jitsi Meet Application အား အသုံးပြုရန်ခိုင်းစေနေ ကြောင်း ဖြန့်ဝေမှုများရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။
“အသန်း(ICG)” အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ မတ်လ ၂၄ ရက်နေ့တွင် “Zoom Application ကို နည်း ပညာဖြင့်နှောင့်ယှက်ထားပြီး NUG က ၎င်းတို့တီထွင်ပြုလုပ်ထားသည့် Jitsi Meet Application အား စမ်းသပ်အသုံးပြုခိုင်းနေတာကိုတွေ့ရတယ် ရုံးလုပ်ငန်းများ အစိုးရရုံးများ ထို Application အား အထူး သတိထားပါ အသုံးမပြုဖို့လိုပါတယ်” ဟု ဖြန့်ဝေထားသည်။ ထိုအကြောင်းကို ကြည့်ရှုသူ ၁၀,၀၀၀ ကျော် နေပြီဖြစ်ပြီး ဖေ့စ်ဘုတ်တွင်လည်း ပြန်လည်ဖြန့်ဝေမှုများရှိနေသည်။
မဇ္ဈိမအနေဖြင့် ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာတွင် Jitsi Meet အား NUG ပိုင်ဆိုင်ခြင်း၊ တီထွင်ထားခြင်းဆိုသည်မှာ မဟုတ်မှန်ကြောင်း တွေ့ရသည်။
Jitsi Meet သည် အွန်လိုင်းဆွေးနွေးပွဲများ၊ သင်တန်းများအတွက် အသုံးပြုမှုများသည့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပြီး ကွန်ပျူတာအပြင် ဖုန်းများတွင်ပါ အသုံးပြုရလွယ်သည့် Application တစ်ခုဖြစ်သည်။
ထို Jitsi Meet ကို ပြင်သစ်နိုင်ငံ Strasbourg တက္ကသိုလ်မှ Emil Lvov အမည်ရှိ ကျောင်းသားမှ SIP Communicator အဖြစ် ၂၀၀၃ ခုနှစ်ကတည်းကဖန်တီးခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် Jitsi အဖြစ် အမည် ပြောင်းခဲ့ခြင်းဖြစ်သည်။ ထို Jitsi ကို ၂၀၂၀ ခုနှစ်အထိ တစ်လလျှင် အသုံးပြုသူ ၂၀ မီလီယံ ကျော်ရှိခဲ့ သည်။ လင့် − https://jitsi.org/about/
အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး Jitsi Meet နှင့် သက်ဆိုင်မှုမရှိပေ။
လွန်ခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံတွင် အွန်လိုင်းအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၌ အသုံး များသည့် Zoom တွင် အခက်အခဲအချို့ပေါ်ပေါက်ခဲ့ပြီး Jitsi ကို အစားထိုးအသုံးပြုရန် တော်လှန်ရေး ရဲဘော်များအတွက် ဒစ်ဂျစ်တယ်နည်းပညာများကို ပြန်လည်မျှဝေနေသည့် "နွေဦးလုံခြုံရေး" တယ်လီ ဂရမ်ချန်နယ်မှ အသိပေးထားသေးသည်။
လင့် − https://t.me/SpringRevSecurity/1324
ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာပညာရှင်တစ်ဦးမှလည်း “Jitsi က NUG က ထုတ်တာရယ်လို့ မသိထား ပါဘူး၊ အခုမှ သုံးတာမဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သုံးနေတဲ့သူတွေရှိကြပါတယ် IOS ရ မရ တော့ မသိဘူး” ဟု မဇ္ဈိမသို့ ပြောသည်။
ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် NUG မှ Zoom နည်းပညာကို အသုံးမပြုနိုင်ရန်နှောင့်ယှက်ပြီး ၎င်းတို့ပိုင် Jitsi Meet အား အသုံးပြုရန်တိုက်တွန်းနေသည်ဆိုသည်မှာ မှားယွင်းသောအကြောင်းအရာများ ပါဝင်နေ သည့် သတင်းတုတစ်ပုဒ်သာဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#Jitsi_meet
#NUG

👍14😁5🥴1
မတ်လ ၃၁ ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်း အစီအစဉ်
01:00 - NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင်ဝေဖန်တဲ့သတင်း
04:15 - စစ်ကောင်စီ ဖျက်သိမ်းတဲ့ ပါတီတွေထဲမှာ စစ်ခေါင်းဆောင်နဲ့ သွားတွေ့တဲ့ ပါတီ ၁၀ ခု ပါဝင်တဲ့သတင်း
09:55 - မယ်ခါးထာစခန်းအား ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း KNU ထုတ်ပြန်တဲ့သတင်း
08:59 - အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်နှစ်စင်းပျက်ကျမှုကြောင့် ၉ ဦးသေဆုံးတဲ့သတင်း တွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
https://youtu.be/hDiKLNU4_Wg

YouTube
မတ်လ ၃၁ ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်း အစီအစဉ်
01:00 - NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင်ဝေဖန်တဲ့သတင်း
04:15 - စစ်ကောင်စီ ဖျက်သိမ်းတဲ့ ပါတီတွေထဲမှာ စစ်ခေါင်းဆောင်နဲ့ သွားတွေ့တဲ့ ပါတီ ၁၀ ခု ပါဝင်တဲ့သတင်း
09:55 - မယ်ခါးထာစခန်းအား ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း…

👍4🤮3😁1
NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမှုအပေါ် အမေရိကန်၊ ယူကေနှင့် ပြင်သစ် ရှုတ်ချ
001
မဇ္စျိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမှုအပေါ် ရှုတ်ချကြောင်း မြန်မာနိုင်ငံရှိ အမေရိကန်၊ ယူကေနှင့် ပြင်သစ်သံရုံးတို့က မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တို့တွင် ထုတ်ပြန်ထားကြသည်။
ထိုသို့ဖျက်သိမ်းမှုအပေါ် အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံရေးပါတီများကို ဖျက်သိမ်းသည့် စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည် ပြည်သူများ၏ ဆန္ဒသဘောထားနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ပြီး မထေမဲ့မြင်ပြုကြောင်း ဖော်ပြလျက်ရှိသည်ဟု ထုတ်ပြန်ပြောဆိုသည်။
နိုင်ငံရေးအတိုက်အခံပြုခြင်းကို ပိတ်ပင်ထိန်းချုပ်ရန်နှင့် အများပြည်သူလွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့်ရှိသည့် ပြည်သူ့အဝန်းအဝိုင်းကို မြေလှန်အမြစ်ဖြတ်ရန် အာဏာရှင်အဖွဲ့အစည်းက ကြိုးပမ်းနေမှုများသည် ၎င်းတို့၏ အာဏာနှင့် အကျိုးစီးပွားများ ပိုမိုတည်တံ့ခိုင်မြဲစေရန် ကြံဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် အာဏာရှင်အဖွဲ့အစည်း၏ ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည်မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်းဖော်ပြလျက်ရှိသည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။
ပါတီ ၄၀ ကိုဖျက်သိမ်းရန် စစ်အာဏာရှင်အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ယူကေအစိုးရကလည်း ထုတ်ပြန်ပြောဆိုသည်။
အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် လုပ်ဖော်ကိုင်ဖက်များနှင့် အတူ စစ်အာဏာရှင်အား ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယူကေ အစိုးရက ပြောသည်။
စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီး နှစ်လအတွင်း မှတ်ပုံပြန်မတင်သည့် NLDနှင့် SNLDအပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီ၏ UEC က မတ်လ ၂၈ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုသို့ နိုင်ငံရေးပါတီများကို ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး အမေရိကန်၊ ယူကေနှင့် ပြင်သစ်နိုင်ငံတို့အပြင် ဂျာမနီကလည်းရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကလည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။
ပါတီများကို ဖျက်သိမ်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုတိုးမြင့် လာနိုင်ပြီး နိုင်ငံကို ပို၍ မတည်မငြိမ်ဖြစ်စေနိုင်ကြောင်း ဂျာမနီသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တည်ဆဲဥပဒေများကို ချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှု မရှိသည့်အတွက် တရားဝင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် လုံးဝမရှိကြောင်း NLDပါတီက တုံ့ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နိုင်ငံရေးပါတီ
#စစ်ကောင်စီ
#အမေရိကန်
#ယူကေ
#ပြင်သစ်
#ရှုတ်ချ

👍11🤮2😁1
နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည်ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတပြော
နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည် ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။
" နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထု တော်လှန်ရေးကြီး ဖြစ်ပါတယ်။ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ္ဘူးဆိုတာကို ပြတ်ပြတ် သားသား နားလည်ထားကြဖို့ လိုပါတယ်။ အုပ္စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲဝင်နေခြင်း ဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေး မူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြု ထားပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။
တော်လှန်ရေးအတွင်း အင်အားစုများအားလုံး ဝိုင်းဝန်းသဘော တူညီထားသည့် နိုင်ငံရေးဘုံသဘောတူညီ ရှိရမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပေါ်ထွက်လာခြင်းဖြစ် ကာ နိုင်ငံရေးလမ်းပြမြေပုံလည်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို နှိမ်နင်းရာတွင်အသုံးပြုရမည်ဟု ၎င်းကဆက်ပြောသည်။
" စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစၧာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးခ် တိုက်ပွဲဝင်ရပါလိမ့်မယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုများလည်း
်တက်ရောက်ခဲ့သည်။

❤17👍8😁1🤮1
စစ်ကိုင်းမြို့နယ်ပုဏ္ဏားယာကွေ့ရွာသို့စစ်ကြောင်းထိုးလာသောစစ်တပ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံရ
https://youtu.be/nswIGKe6fYw

ဂျူနို
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ပုဏ္ဏားယာကွေ့ရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းနယ် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF က မဇ္ဈိမကိုပြောသည်။…

👍12🔥3👏1😁1
ထိုင်းနိုင်ငံရောက် မြန်မာအပါအဝင် နိုင်ငံခြားသားရာဇဝတ်သားများ | VOA On Mizzima
https://youtu.be/8-p_6yOdwJM

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ဒေသဟာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ အများဆုံးသွားရောက်လည်ပတ်ကြတဲ့ နေရာတခုပါ၊ အဲ့ဒီဒေသက ရာဇဝတ်မှုနဲ့ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့လည်း ပါဝင်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်၊…
👍5🤮2🤬1
ရွှေကူမြို့ မံဝိန်းကျေးရွာရှိ လူနေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး
https://youtu.be/Lu9nIYQ9bKw

KMN
မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို မတ်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင့် နေအိမ် နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီး ကျန်ရှိသည့်နေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်မီးရှို့ရာ နေအိမ် ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး…

🔥6🤬6❤1😁1
ရိုဟင်ဂျာများကို ပြန်ပို့မည်အစီအစဉ်အား ဘင်္ဂလားဒေ့ရှ် ရပ်ဆိုင်းထားသင့်ဟု HRW ပြော
ရိုဟင်ဂျာဒုက္ခသည်များအား ၎င်းတို့၏ ဘဝနေထိုင်မှုများနှင့် လွတ်လပ်ခွင့်များ အလွန်ကို ဘေးအန္တရာယ်များသည့် မြန်မာနိုင်ငံဆီ ပြန်ပို့မည့် အစီအစဉ်များအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် ရပ်ဆိုင်းထားသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ရိုဟင်ဂျာဒုက္ခသည်များအား ၎င်းတို့၏ ဘဝနေထိုင်မှုများနှင့် လွတ်လပ်ခွင့်များ အလွန်ကို ဘေးအန္တရာယ်များသည့် မြန်မာနိုင်ငံဆီ ပြန်ပို့မည့် အစီအစဉ်များအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် ရပ်ဆိုင်းထားသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့တွင် ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1😁1
တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသဖြင့် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ ဒုက္ခရောက်နေ
တရုတ်က စီးပွားရေးသြဇာလွှမ်းမိုးမှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေသည့်အတွက် ထိုင်းနှင့် ပါကစ္စတန်ရှိ ဝီဂါဒုက္ခသည်များ အတိဒုက္ခရောက်နေကြရကြောင်း သြစတြီးယားနိုင်ငံ၊ ဗီယင်နာတွင် အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် Voices Against Autocracy (VAA) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

👍1🔥1😁1
မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ကျော်အတွက် အရေးပေါ်ဆေးဝါးများလိုအပ်
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေပြီး ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်ဆေးဝါးများ လိုအပ်နေသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။
မတူပီ - ပလက်ဝလမ်းမအတိုင်း အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည် မတ်လလယ်ခန့်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။မတူပီ - ပလက်ဝလမ်းပေါ်ရှိ ရွာခုနှစ်ရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် တောတောင်ထဲတွင် တိမ်းရှောင်နေရပြီး ကျန်းမာရေးဆိုင်ရာပြဿနာများ ရင်ဆိုင်နေရသည်ဟု မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတင်းနှင့် ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းက မဇ္စျိမကိုပြောသည်။

👍6🔥1😁1