Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
🔥1🍌1
NLDပါတီလွှတ်တော်အမတ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချ

အဂမ်

မဇ္ဈိမ။ ။မိုးညှင်းမြို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့တွင်ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဒေါ်သက်ထားနှောင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း မိုးညှင်းမြို့နယ် NLD ပါတီပြန်ကြားရေးအဖွဲ့နှင့် နီးစပ်သူများက မဇ္ဈိမကို ပြောသည်။

“ မြစ်ကြီးနားထောင်မှာပဲ။ ၅၀ (ည) အတွက် ထပ်တိုးတရားစွဲပြီး အမိန့်ချလိုက်တယ်လို့ပဲ သိထားရသေးတယ်။ ၅၀၅ (ခ) နဲ့တရားစွဲထားက ပြစ်ဒဏ်ပြည့်နေပြီကို မလွှတ်ဘဲ ပုဒ်မပြန်တပ်တရားစွဲတာ”ဟု မိုးညှင်းမြို့နယ် NLDပါတီပြန်ကြားရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်

ဒေါ်သက်ထားနှောင်းသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တွင် ဒေါ်သက်ထားနှောင်းက အသိအမှတ်ပြု လက်မှတ်ရေးထိုးခဲ့သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

ကချင်ပြည်နယ် နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်နေအိမ်မှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ထိုအမှုအတွက် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံရပြီးနောက်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် စစ်ကောင်စီကထပ်မံ တရားစွဲဆိုခဲ့ခြင်းဟု သိရသည်။

ဒေါ်သက်ထားနှောင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကချင်ပြည်နယ် NLD ပါတီဝင်များ ဖြစ်ကြသည့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး၊ မိုးညှင်းမြို့နယ် NLD ပါတီဝင် ဒေါ်ခင်ခင်စိန်တို့နှင့် မိသားစုဝင်များဖြစ်ပြီး သုံးဦးစလုံးသည် ၂၀၂၁ ဩဂုတ်လတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဦးတင့်စိုးနှင့်ဒေါ်ခင်ခင်စိန်တို့ကိုလည်း စစ်ကောင်စီက ထောင်ဒဏ်များချမှတ်ခဲ့ပြီး ယခုအခါ နှစ်ဦးစလုံး ပြန်လည်လွတ်မြောက်နေပြီဖြစ်ကြောင်း သိရသည်။ ဒေါ်သက်ထားနှောင်းကိုမူ စစ်ကောင်စီက ပုဒ်မထပ်တိုးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။

၎င်းတို့ သုံးဦး၏ဖခင် အသက် ၈၉ နှစ်အရွယ် ဦးဖေစိန်သည် ၁၉၉၀ ခုနှစ်ဝန်းကျင်က ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး စစ်အစိုးရ အဆက်ဆက်က အကြိမ်ကြိမ် ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၂၉ရက်အထိ NLD ပါတီဝင် ၁,၂၃၅ ဦးကိုဖမ်းဆီးထားကာ ပါတီဝင်၂၆ ဦးသည် စစ်ကြောရေးစခန်းများနှင့် ထောင်တွင်းတွင် ကျဆုံးခဲ့ရပြီး အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိသည်ဟု NLDပါတီဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားပြီး ၄၇ ဦး၏ နေအိမ်များကိုလည်း ဝရမ်းကပ်ထားကြောင်း NLDက သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး
စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

#မိုးညှင်းမြို့
#အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
#ဒေါ်သက်ထားနှောင်း
#ထောင်ဒဏ်ချမှတ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5❤2
👍8👏2🥱2😁1
ဖယ်ခုံနှင့် ပင်လောင်းအစပ် ၁ လကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေဆုံးကြောင်း မိုးဗြဲ PDF ထုတ်ပြန်

ဂျူချန်း

မဇ္ဈိမ။။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ဖေဖော်ဝါရီ လ ၂၄ ရက်နေ့မှ စတင်ခဲ့သည့် တစ်လကျော်ကြာ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၀၀ ဦး သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း MOBYE PDF တပ်ရင်း(၂) မှ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တစ်လကျော်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိခိုက်များ ရှိသကဲ့သို့ တော်လှန်ရေးအင်အားစုမှ ရဲဘော် ၁၂ ဦး ကျဆုံးခဲ့ရကာ ၁၅ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပင်လောင်းနှင့် ဖယ်ခုံအစပ်တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်ကာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ရာ တိုက်ပွဲဖြစ်သည့် အကြိမ်တိုင်းလိုလိုတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းသုံး တိုက်ခိုက်လျက်ရှိရာ စုစုပေါင်း အကြိမ် ၁၀၀ ခန့် လေကြောင်းတိုက်ခိုက်မှုရှိကြောင်း သိရသည်။

“ထုတ်ပြန်ချက်ထဲက ၂၆ ကြိမ်က အစီးရေ ၂၆ စီး လာကြဲတာပါ။ အရင်ပိုင်းက တစ်စီးကို သုံးကြိမ် လာကြဲပါတယ်။ နောက်ပိုင်း တစ်စီးကို လေးကြိမ်ထိ လာကြဲတာရှိပါတယ်။ ကြဲချတဲ့အကြိမ်အရေအတွက်နဲ့တွက်ရင် အကြိမ်ရေတစ်ရာနီးပါး ကပ်ပါတယ်။ ကျနော်တို့သတင်းကို တစ်စီးလာရင် တစ်ကြိမ်ပဲ တင်ထားလို့ပါ” ဟု MOEBYE PDF တပ်ရင်း(၂) မှ တာဝန်ရှိသူတစ်ဦး က မဇ္ဈိမကို ပြောသည်။

မတ်လ ၂၉ ရက်နေ့ ပင်လောင်းမြို့တိုက်ပွဲတွင် တိုက်ပွဲဖြစ်ပြီး မိနစ် ၃၀ အတွင်း စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နှစ်စီးဖြင့် ၂၄ ကြိမ် ဗုံးကြဲခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။

ထိုတိုက်ပွဲများတွင် မတ်လ ပထမအပတ်၌ စစ်ကောင်စီတပ်ဘက်အထိနာခဲ့သဖြင့် ပင်လောင်းမြို့နယ်ရှိ နမ်းနိန်ကျေးရွာအား မီးရှို့ခဲ့ခြင်း၊ ရဟန်း သုံးပါးအပါအဝင် အရပ်သား ၂၂ ဦးတို့အား သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အား MOBYE PDF2 အနေဖြင့် ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်စပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများဖြစ်သည့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်၊ Demoso Local PDF၊ PHEKON ZONE (KNDF)၊ PNDF(KK)၊ ရှမ်းတောင် PDF တပ်ရင်း(၈) စသည့် မဟာမိတ်ပူးပေါင်းတပ်များနှင့် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ လက်နက်ခဲယမ်းနှင့် ရိက္ခာများလည်း လိုအပ်နေသဖြင့် ပြည်သူများအနေဖြင့် ကူညီထောက်ပံ့ပေးကြရန် တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းထားကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzimatv
#လက်နက်ခဲယမ်း
#ရိက်ခာ
#ပင်လောင်းမြို့နယ်
#ဖယ်ခုံမြို့နယ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👏2😁2❤1😢1
မြန်မာ့စီးပွားရေးက “အကြီးအကျယ် ဆုတ်ယုတ်” နေဆဲဟု ကမ္ဘာ့ဘဏ် ပြော

စစ်တပ်၏ အာဏာသိမ်းမှုနောက် နှစ်နှစ်တာ ပဋိပက္ခအတွင်း ကျရောက်နေဆဲ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုသည် “အကြီးအကျယ် ဆုတ်ယုတ်” နေဆဲဖြစ်ပြီး စက်တင်ဘာအထိဖြစ်သော ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီသည် သုံးရာခိုင်နှုန်းသာ တိုးပွားမည်ဟု ကမ္ဘာ့ဘဏ်က သောကြာနေ့တွင် ပြောသည်။

http://www.mizzimaburmese.com/article/126361

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
😭4🔥3😁1
ဗကသကျောင်းသူ မဆုသွန်းပိုင်ကို မရမ်းကုန်းတရားရုံးက ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) မရမ်းကုန်း ကျောင်းသားများသမဂ္ဂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၏ အဖွဲ့ဝင်ဖြစ်သူ မဆုသွန်းပိုင်ကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့တွင် မရမ်းကုန်းမြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းထားသည့် ပုဒ်မ၅၀၅(က)သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် သုံးနှစ် သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး မဆုသွန်းပိုင်ကို အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့အမိန့်ချမှတ်မှုအပေါ်တွင် ဗကသများအဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက “ဒီအပေါ်မှာ သိပ်ပြောဖို့ မရှိဘူး။ စစ်အာဏာရှင်စနစ်ကို ပေါ်ပေါ်ထင်ထင် ကျင့်သုံးနေတဲ့ လက်ရှိစစ်အစိုးရကို ဖက်ဆစ်အစိုးရလို့ ကျနော်တို့ တစ်လျှောက်လုံး ပြောခဲ့တာပဲ။ ဖက်ဆစ်က ဖက်ဆစ်အလုပ်ကို လုပ်တယ်လို့ပဲ မြင်တယ်။ ဒီတော့ ကျနော်တို့ကလည်း ကျနော်တို့ အလုပ်ကို ဆက်လုပ်မှာပါ။ ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရား ဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ကို ရရာနည်းလမ်းပေါင်းစုံနဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ကြဖို့ပဲ တိုက်တွန်းနှိုးဆော်ချင်တယ်” ဟုပြောသည်။

အသက် ၁၈ နှစ်အရွယ် မဆုသွန်းပိုင်သည် အခြေခံပညာအထက်တန်း ကျောင်းသူတစ်ဦး ဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)ကျောင်းသားတစ်ဦးဖြစ်သည့် ကိုကောင်းဆက်ပိုင်ကိုလည်း ပုဒ်မ၅၀၅(က)၊ ၅၀(ည)တို့ဖြင့် မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သေးသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်တိုင်း
#ဗကသ
#စစ်ကောင်စီ
#ထောင်ဒဏ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😡9👍3😁2🤬2❤1
NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေ ဖျက်သိမ်းမှု စစ်ကောင်စီကို နိုင်ငံတကာ ပြစ်တင်ဝေဖန်

https://youtu.be/48dLpuJr_Cw
👍9😁1🤮1
တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်တိုး (ရုပ်/သံ)

https://youtu.be/7-PEc2u1XKc
👍6🔥3😢2😁1
👍7❤3🔥1😁1
တကသများ-ရန်ကုန် ကို အလေးအနက် အသိအမှတ်ပြုကြောင်း ဗကသများအဖွဲ့ချုပ်က သဝဏ်လွှာပေးပို့

မိုးသောက်

မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်) ဖွဲ့စည်းခြင်း နှစ်နှစ်မြောက် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)များအဖွဲ့ချုပ်က ပေးပို့ခဲ့သည်။

စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိတော်လှန်ရေးလှုပ်ရှားမှုများတွင် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေကြသော တကသများ-ရန်ကုန်ကို အလေးအနက် အသိအမှတ်ပြုကြောင်း ဗကသများအဖွဲ့ချုပ်က သဝဏ်လွှာတွင် ထည့်သွင်းရေးသားထားသည်။

ဗကသများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “တကသ(တက္ကသိုလ်ကျောင်းသားသမဂ္ဂ)တွေနဲ့က အရင်ကတည်းက တချို့လုပ်ငန်းတွေ တွဲလုပ်ခဲ့တာရှိပါတယ်။ စစ်အာဏာမသိမ်းခင်ကရော စစ်အာဏာသိမ်းပြီးမှရော ကျနော်တို့ အတူလုပ်ခဲ့တာတွေ ရှိတယ်။ နောင်လည်း တစ်ချက်တူရင် တစ်ချက်ပေါင်းပြီး တူရာအပိုင်းတွေကို တွဲလုပ်သွားမှာပါ။ တကသအင်အားစုတွေတင် မဟုတ်ဘဲ တောင်တန်း/မြေပြန့်၊ ပြည်တွင်း/ပြည်ပ ဘယ်ဒေသကမဆို လက်ရှိမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲခွင်ထဲမှာ ရှိနေတဲ့ အင်အားစုတွေနဲ့ ကျနော်တို့ တူရာကဏ္ဍတွေ တွဲလို့ရတဲ့အပိုင်းတွေကို တွဲလုပ်သွားမှာပါ” ဟု ဆိုသည်။

တကသများ-ရန်ကုန်သည် ၂၀၂၁ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်ရှိကျောင်းသားများသမဂ္ဂ ၁၅ခုဖြင့် စတင်ဖွဲ့စည်းခဲ့သော အဖွဲ့တစ်ခုဖြစ်သည်။

ယနေ့ နှစ်နှစ်မြောက်အဖြစ် ထုတ်ပြန်သော တကသများ-ရန်ကုန်၏ ထုတ်ပြန်ချက်တွင် တစ်တိုင်းပြည်လုံးတွင် ပျံ့နှံ့တည်ရှိနေသော ကျောင်းသားသမဂ္ဂများနှင့် ကျောင်းသားထု၏ တိုက်ပွဲဝင်စွမ်းအားကို ကျစ်လျစ်စွာ စုစည်း၍ ကျောင်းသားထုသွေးစည်းညီညွတ်ရေးသို့ ချီတက်နိုင်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တကသများ-ရန်ကုန်၏ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်က “တစ်နိုင်ငံလုံးမှာရှိနေကြတဲ့ ကျောင်းသားသမဂ္ဂတွေ သမဂ္ဂအလံတော်အောက်က ရဲဘော်တွေ အနေနဲ့လည်း ကျနော်တို့ ကျောင်းသားသမဂ္ဂတွေကြားထဲမှာ ဒီထက်ပိုပြီးတော့ ကျစ်လျစ်တဲ့ စုဖွဲ့မှုမျိုးတွေ ချိတ်ဆက် ဆောင်ရွက်မှုမျိုးတွေ လိုတယ်။ အဲဒီအတွက်လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီထက်ပိုပြီး စုဖွဲ့မှုမျိုးဆီ ဦးတည်ကြဖို့ အလေးအနက်တိုက်တွန်းပါတယ်”ဟု ဆိုသည်။

တကသများ-ရန်ကုန် စတင်ဖွဲ့စည်းပြီးနောက် ဗကသများအဖွဲ့ချုပ်မှ သဝဏ်လွှာပေးပို့မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ တစ်နှစ်‌မြောက်အခမ်းအနားတွင် ဆက်သွယ်ရေး အခက်အခဲကြောင့် ပေးပို့နိုင်ခြင်းမရှိခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#တကသများ-ရန်ကုန်
#ဗကသများအဖွဲ့ချုပ်
#စစ်ကောင်စီ
#တော်လှန်ရေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤3🔥3
Business Round Up (31 March 2023)

- LNG ဓါတ်ငွေ့ရည်တင်သင်္ဘော မြန်မာပြည်မှထွက်ခွာ
- ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် Uniqlo မြန်မာနိုင်ငံမှ ထုတ်လုပ်မှုများ ရပ်ဆိုင်း
- ဧပြီ ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့လာရောက်သူများအား ယခင်အတိုင်း အခမဲ့ဗီဇာ ၁၄ ရက်သာခွင့်ပြုမည်
- BRI စီမံကိန်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထုတ်ပေးခဲ့တဲ့ ချေးငွေတွေပြန်လည်ရရှိရေး တရုတ် ရုန်းကန်နေရ
- ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်း ၈၀ ရာခိုင်နှုန်းကျော် တရုတ်နိုင်ငံမှ တင်သွင်း

https://youtu.be/Bb43z4oMeFE
👍9🔥2
💩4❤1
ဂန့်ဂေါမြို့နယ် ကန်နယ်မြေ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ်လေကြောင်းမှ ပြန်လည်တိုက်ခိုက်
-----------------------------------------------------------------------
ပါခွီး

မဇ္ဈိမ ။။ မကွေးတိုင်း ၊ ဂန့်ဂေါ်မြို့နယ် ၊ ကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ) ခရိုင်တပ်ရင်းများမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာ၍ လေကြောင်းပစ်ကူများခေါ်ပြီး ပြန်လည် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မတ်လ ၃၁ရက် ယနေ့နံနက် ၆နာရီမှ စတင်ပြီး ၉နာရီ ၄၅မိနစ်အချိန်အထိ ရဲစခန်း အနီးသို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်လေယာဉ်နဲ့ လေးကြိမ်လာတယ် ၊ ဗုံးနှစ်ကြိမ်ချတယ် မစ်ဇိုင်းလေးလုံးပစ်တယ်၊ Mi 35 က ခြောက်ခေါက်လာပစ်တယ်” ဟု တိုက်ပွဲအနီးရှိ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးမှ မဇ္ဈိမ ကိုပြောသည်။

မွန်းလွဲ ၂နာရီဝန်းကျင်က ဆက်သွယ်မေးမြန်းချိန်တွင် ကောင်ကင်တွင်ပျံဝဲနေသည့် တိုက်လေယာဉ်အသံများကြားခဲ့ရသည်။

ယင်းတိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များမှာ ကလေးမြို့နှင့် အနောက် မြောက်တိုင်း စစ်ဌာချုပ်မှ လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲကို ဂန့်ဂေါခရိုင်တပ်ရင်းများမှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်နှစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေဆုံး ထိခိုက်မှုကို သိရှိနိုင်ခြင်းမရှိသေးကြောင်းဆိုသည်။

စစ်ကောင်စီတပ်လေကြောင်းမှ ပစ်ခတ်မှုကြောင့် ရဲစခန်းအနီး လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး အသေးစိတ်ကို သိရှိနိုင်ခြင်းမရှိကြောင်း အဆိုပါ ကာကွယ်ရေး တပ်ဖွဲ့ဝင်မှဆက်ပြောဆိုသည်။

မွန်းလွဲ ၃နာရီ ၂၀မိနစ်အချိန် တွင် အဆိုပါရဲစခန်းကို ဝိုင်းဝန်းတိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း မြေပြင်ရှိ ကာကွယ်ရေးရဲဘော်က ပြောကြားခဲ့သည်။

ကန်နယ်မြေရဲစခန်းသည် ဂန်ဂေါမြောက်ဖက် ၂၃မိုင်အကွာတွင် တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန်နယ်မြေရဲစခန်း
#ဂန့်ဂေါ်မြို့နယ်
#တိုက်လေယာဉ်
#ကာကွယ်ရေးပူးပေါင်းအဖွဲ့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2❤1😁1
မတ်လ ၃၁ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်း အစီအစဉ်

01:01-စစ်အာဏာသိမ်းပြီး ၂နှစ်တာအတွင်း KNU ထိန်းချုပ်နယ်မြေအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၃၀ ကျော်ပြုလုပ်တဲ့သတင်း

04:48-ရွှေကူမြို့ မံဝိန်းကျေးရွာရှိ လူနေအိမ် ၁၀၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးတဲ့သတင်း

08:09-ကျောက်တော်မှာ စစ်ဘေးရှောင်ဦးရေ ၃,၅၀၀ ခန့်ကို နေရပ်ပြန်ဖို့ စစ်ကောင်စီ ညွှန်ကြားတဲ့သတင်း

09:48 -ဖိလစ်ပိုင်ကူးတို့သင်္ဘောမီးလောင်မှု ၁၂ ဦးသေဆုံးတဲ့သတင်း တွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာနဲ့ အရေးကြီးသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။

https://youtu.be/ixza3E2UnrE
👍4🔥1😁1
"လွဲမှားနေသော ကျန်းမာရေး အယူအဆများ'' Misinformation Health Program

https://youtu.be/RmhhT-8ZvOw
👍5🔥1
အာဏာသိမ်းပြီး၂နှစ်အတွင်းKNUထိန်းချုပ်နယ်မြေအတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်၂၃၀ကျော်ပြုလုပ်

https://youtu.be/MrLbJp_i97c
🤬4🔥1👏1