“လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” ရွာပေါင်းစုံသပိတ်ဆက်လက်ဆန္ဒပြ
ပါခွီး
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် တောင်ယာလုပ်ငန်းခွင်မှ ပြည်သူများ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ချီတက်ဆန္ဒပြကြသည်။
ယနေ့ မတ်လ ၃၁ရက်တွင် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတမ်းကို ကိုင်းဆွဲပြီး တောင်ယာလုပ်ငန်းခွင်ရှိ ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေး ပြုခဲ့ကြကြောင်း သိရှိရသည်။
ရွာပေါင်းစုံသပိတ်ကော်မတီသည် ရက်ပေါင်း ၇၅၂ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8❤4😁2
တီးတိန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
ကိုခင်မောင်
မဇ္ဈိမ။ ။ ချင်းပြည်နယ်မြောက်ပိုင်း ၊ တီးတိန်မြို့တွင် Zomi Federal Union (ZFU) သပိတ်ကော်မတီမှ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ လှုပ်ရှားမှုကို တီးတိန်မြို့ပေါ် နေရာအချို့တွင် ယမန်နေ့ မတ်လ ၃၀ရက်က ပြလုပ်ခဲ့ခြင်းဟုသိရသည်။
Zomi Federal Union နှင့် PDF Zoland တည်ထောင်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် တီးတိန်မြို့၊ ကမ်းဟောက်လမ်းမပေါ်တွင် “ စစ်အာဏာရှင်အလိုမရှိ” စာတန်းများကိုင်ဆောင်ကာ ချီတက်သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။
စာတည်း - မောင်ကြီး
#ချင်းပြည်နယ်မြောက်ပိုင်း
#တီးတိန်မြို့
#Zomi Federal Union (ZFU)
#စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု

👍9🔥3
တောင်အာရှတွင် တရုတ်နယ်ချဲ့မည့်အစီအစဉ်များကို တွေ့ရကြောင်း ပညာရှင်အဖွဲ့ ပြောကြား
တောင်အာရှတွင် မကြာသေးမီနှစ်များအတွင်း တရုတ်၏ မဟာဗျူဟာ၊ စီးပွားရေးနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ လက္ခဏာများ ပိုမိုတွေ့လာရကြောင်း နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့အခြေစိုက် ပညာရှင်အဖွဲ့ ဖြစ်သည့် တောင်အာရှလေ့လာရေးဆိုင်ရာ ဥရောပဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူးက ပြောကြားလိုက်သည်။

👍5🔥1
ဓားပြမှုဖြင့်ဖမ်းထားသူ ၂ ဦးကို စစ်အုပ်စုက ပစ်သတ်၊ လုံခြုံရေးတပ်ဖွဲ့ကို ခုခံသဖြင့် ရှင်းလင်းခြင်းဖြစ်ဟုဆို
007
မဇ္စျိမ။ ။ မန္တလေးမြို့၊ စိန်ကျော်မိုးရွှေသန့်စင်ဆိုင်ဓားပြမှုဖြင့် ဖမ်းဆီးထားသူနှစ်ဦးကို၊ ဖမ်းဆီးရေးအဖွဲ့က ယမန်နေ့က ပစ်သတ်ရှင်း လင်းခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍၊ စစ်ကောင်စီတပ်၏ ရဲအသိုက်အ၀န်းနှင့်နီးစပ်သူများထံစုံစမ်းကြည့်ရာတွင်၊ ဓားပြ ခေါင်းဆောင်နှင့်နောက်လိုက်တို့သည်၊ လုံခြုံရေးတပ်ဖွဲ့၀င်များအား ခုခံမှုကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဓားပြခေါင်းဆောင်ဆန်း၀င်းနဲ့ နောက်လိုက်က လုံခြုံရေးတွေကို ခုခံထွက်ပြေးလို့၊ ဖမ်းဆီးရာကနေ ပစ်ခတ်မှု ဖြစ်တာပါ၊ ဓားပြနှစ်ယောက်စလုံးနေရာမှာတင် သေတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
နီးစပ်သူများထံက ရရှိသည့်သတင်းအရ၊ ဓားပြအဖွဲ့ခေါင်းဆောင်ဆန်း၀င်းနှင့်နောက်လိုက် တင်စိုး(ခ) ရခိုင်တို့သည်၊ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက် ၁၃၁ လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားတွင် ဗုံးနှင့်လက်နက် များ သိမ်းထားကြောင်း ထွက်ဆိုသဖြင့်၊ လုံခြုံရေးတပ်ဖွဲ့က ၎င်းတို့နှင့်အတူသွားရောက်ရှာဖွေခဲ့ကြောင်း၊ ထိုသို့ရှာ ဖွေနေစဉ်၊ ဓားပြခေါင်းဆောင်ဆန်း၀င်သည် လက်ပစ်ဗုံးများအား ကလစ်ဖြုတ်ပြီး ဖောက်ခွဲရန်ကြိုးစားကြောင်း၊ နောက်လိုက် တင်စိုး(ခ)ရခိုင်သည် လက်ထိပ်ခတ်ထားသည့်ကြားမှ လုံခြုံရေးတပ်ဖွဲ့၀င်များအား တွန်းကန်ပြီး သေနတ်ကိုလုယူကာ ပြန်ခုခံကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့၀င်များက အသေပစ်ခတ်ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေး ချမ်းအေးသာစံံမြို့နယ် ၈၅(A)လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ၊ စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်း၀ယ်ရေးဆိုင်ကို၊ မတ်လ ၂၇ ရက်နေ့ညနေပိုင်းက၊ အိမ်စီးကားစီးလာသော လူသုံးဦးက ပစ္စတိုသေနတ်များဖြင့် ပစ်ဖောက်ခြောက်လှန့်ကာ ဆိုင်ရှင်၏ ငွေကျပ်သိန်း ၁,၂၀၀ ကို ဓားပြတိုက် လုယူသွားခဲ့သည်။
အဆိုပါဓားပြတိုက်မှုနှင့်ပတ်သက်၍၊ ညတွင်းချင်း ဓားပြလေးဦးကိုဖမ်းဆီးလိုက်နိုင်ပြီး နှစ်ဦးကိုဖမ်းဆီးရန်ကျန် သေးကြောင်း၊ ဓားပြအဖွဲ့သည်၊ ၎င်းရွှေသန့်စင်ဆိုင်အပြင် နောက်ထပ် လူသတ်ဓားပြတိုက်မှု နှစ်ခုကိုပါကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့အား ဓားပြတိုက်ရာတွင် စီးလာသည့်ကား၊ လက်နက်နှင့် မူးယစ်ဆေးဝါးများ၊ ငွေကျပ် ၈၃၅ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါသတင်းထုတ်ပြန်ချက်အရ၊ ဖမ်းမိထားသည့် ဓားပြလေးဦးသည် မူးယစ်မှုဖြင့် နှစ်ရှည်ထောင်ချခံထားရပြီး လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွတ်လာသူများဖြစ်ကြောင်း၊ ၎င်းတို့သည် တခြားမှ ဓားပြတိုက်ယူခဲ့သော ရွှေထည် ပစ္စည်းများကို စိန်ကျော်မိုးရွှေ့သန့်စင်ဆိုင်သို့ ထုခွဲရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် စိန်ကျော်မိုးရွှေသန့်စင်ဆိုင် ပိုင်ရှင်ဖြစ်သူကိုလည်း တရားမ၀င်လက်ခံ၀ယ်ယူမှုဖြင့် အရေးယူဖွယ်ရာရှိကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#စိန်ကျော်မိုး
#ရွှေသန့်စင်ဆိုင်
#ဓားပြမှု
#မန္တလေးမြို့

❤3👍3👏1
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃၁ မတ် ၂၀၂၃ )
အာဏာသိမ်းမှုကြောင့် တိုင်းပြည်တိုးတက်မှုများ ဆုတ်ယုတ်လာပြီး ပြည်သူ့အစိုးရ၏ စီစဉ်မှုဖြင့် ပြုလုပ် ထားသည့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်မီးပေးသည့် LNG သင်္ဘောလည်း ထွက်ခွာသွားပြီဖြစ်သည်။ယင်းကြောင့် ရန်ကုန်တွင် အလှည့်ဖြင့် မီးပေးစနစ်အပြင် ညနေပိုင်းလုံးဝမီးမပေးတော့ကြောင့် စစ်ကောင်စီမှ ထုတ်ပြန်ရသည့်အထိဖြစ်နေသည်။ မင်းအောင်လှိုင် အာဏာရူးမှုကြောင့် တိုင်းပြည်တစ်ခုလုံး အမှောင်ကျရုံမက ပြည်သူများ၏ အနာဂတ်ပါ အမှောင်ကျ သွားခြင်းဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။

👍13😁2
Media is too big
VIEW IN TELEGRAM
မတရားအသင်းများအား ဆက်သွယ်ခြင်း ငွေကြေးထောက်ပံ့ခြင်းများမလုပ်ကြဖို့ စစ်ကောင်စီ ဖိအားပေး
Watch more detail - https://youtu.be/YxuWDOOvWMw
#reels #shorts #politicalnews #mizzima

❤3👍2🔥1
Media is too big
VIEW IN TELEGRAM
LNG ဓါတ်ငွေ့ရည်တင်သင်္ဘော မြန်မာပြည်မှထွက်ခွာ
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp #MizzimaTV

👍8🔥2😢1
Media is too big
VIEW IN TELEGRAM
ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် Uniqlo မြန်မာနိုင်ငံမှ ထုတ်လုပ်မှုများ ရပ်ဆိုင်း
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV

👍6🔥2
Media is too big
VIEW IN TELEGRAM
ဧပြီ ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံသို့လာရောက်သူများအား ယခင်အတိုင်း အခမဲ့ဗီဇာ ၁၄ ရက်သာခွင့်ပြုမည်
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
🔥2👍1
Media is too big
VIEW IN TELEGRAM
BRI စီမံကိန်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထုတ်ပေးခဲ့တဲ့ ချေးငွေတွေပြန်လည်ရရှိရေး တရုတ် ရုန်းကန်နေရ
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
👍3😁3❤1
Media is too big
VIEW IN TELEGRAM
ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍအတွက် ကုန်ကြမ်း ၈၀ ရာခိုင်နှုန်းကျော် တရုတ်နိုင်ငံမှ တင်သွင်း
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/Bb43z4oMeFE
#reels #shorts #BusinessRoundUp
#MizzimaTV
👍2🔥2😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
https://youtu.be/ND19uwjTj0g
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာ

YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်ထုတ်လွှင့်မှုများ
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍15🍌1
ဧပြီလ ၁ ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမှုအပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်တဲ့သတင်းနဲ့အတူ မိုးညှင်း NLD အမျိုးသမီးအမတ် ထောင်ဒဏ် ၁၁ နှစ် ထပ်ပြီး ချမှတ်ခံလိုက်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကာလအတွင်း ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာန ရဲ့ ပြန်လည်ထူထောင်ရေးလပ်ငန်းစဉ်များနဲ့ရပ်တည်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြိးဌာန ပြည်ထောင်စုဝန်းကြီး ဒေါက်တာဇော်ဝေစိုး ကို မေးမြန်းထားတဲ့ အစီအစဉ်ထဲက ကောက်နုတ်ချက်ကို နားဆင်ရမှာပါ။
https://youtu.be/pOMTPsgSxfk
#Mizzimaradio
#Morningradio
----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမှုအပေါ် စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်တဲ့သတင်းနဲ့အတူ မိုးညှင်း NLD အမျိုးသမီးအမတ် ထောင်ဒဏ် ၁၁ နှစ် ထပ်ပြီး ချမှတ်ခံလိုက်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့…

👍13😁1🥴1
"လွဲမှားနေသော ကျန်းမာရေး အယူအဆများ'' Misinformation Health Program
====================
ဒီတစ်ခါမှာတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက မဖြစ်မနေ သုံးဖို့လိုလားဆိုတာ အပါအဝင် ဘေးကင်းသော လိင်ကိစ္စ (Safe Sex) အကြောင်း နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိထားသင့်တာတွေကို“ဒေါက်တာ အမတ” က တင်ဆက်ပေးမှာပါ။
https://youtu.be/2IIeLuIw-oc
#Misinformation_Health_Program
#MizzimaTV
#reproductivehealth
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ဒီတစ်ခါမှာတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက မဖြစ်မနေ သုံးဖို့လိုလားဆိုတာ အပါအဝင် ဘေးကင်းသော လိင်ကိစ္စ (Safe Sex) အကြောင်း နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိထားသင့်တာတွေကို“ဒေါက်တာ အမတ” က တင်ဆက်ပေးမှာပါ။
https://youtu.be/2IIeLuIw-oc
#Misinformation_Health_Program
#MizzimaTV
#reproductivehealth
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
"လွဲမှားနေသော ကျန်းမာရေး အယူအဆများ'' Misinformation Health Program
ဒီတစ်ခါမှာတော့ အမျိုးသမီးသုံး သန့်စင်ဆေးရည်တွေက မဖြစ်မနေ သုံးဖို့လိုလားဆိုတာ အပါအဝင် ဘေးကင်းသော လိင်ကိစ္စ (Safe Sex) အကြောင်း နဲ့ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိထားသင့်တာတွေကို“ဒေါက်တာ အမတ” က တင်ဆက်ပေးမှာပါ။
#Misinformation_Health_Program
#MizzimaTV
#r…
#Misinformation_Health_Program
#MizzimaTV
#r…
👍9🍌2
ပြည်သူက စစ်တဲ့ ကေအိုင်အိုအတွက် စာမေးပွဲ
======================
ကေအိုင်အိုအစိုးရထိန်းချုပ်ရာ မံစီမြို့နယ် ဒိန်ဆင်းပါကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေကြတာကို ဒေသ ခံတွေအနေနဲ့ ကန့်ကွက်ဆန္ဒပြလာကြတာ အားလုံး အသိပင် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ကေအိုင်အိုအစိုးရထိန်းချုပ်ရာ မံစီမြို့နယ် ဒိန်ဆင်းပါကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေကြတာကို ဒေသ ခံတွေအနေနဲ့ ကန့်ကွက်ဆန္ဒပြလာကြတာ အားလုံး အသိပင် ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3
အောက်ချင်းငှက်တို့ရဲ့ တော်လှန်ရေး
========================
ထန်ချွန်းဖေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် မင်းတပ်ရဲ့ မဲဆန္ဒနယ်အမှတ် (၁) အတွက် ယှဉ်ပြိုင်ခဲ့ရာမှာ အနိုင်ရခဲ့ပါတယ်။ ပုံမှန်အတိုင်းဆို သူဟာ ပြည်နယ်လွှတ်တော်မှာ အမတ်တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမယ့် အာဏာသိမ်းမှုနဲ့ကြုံပြီး အသက် ၃၄ နှစ်အရွယ် ထန်ချွန်းဖေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ် (Mindat CDF) ရဲ့ စစ်ဦးစီးချုပ်ဖြစ်သွားပါတော့တယ်။

👍20😁3