Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အာဖဂန်အမျိုးသမီးတွေ အတွက် အဆင့်မြင့်နည်းပညာ သင်တန်းပေးနေတဲ့ Digital Citizen Fund ကို တည်ထောင်တဲ့ Roya Mahboob ဟာ အရင်တည်းက အာဖဂန်အမျိုးသမီးတွေ အတွက် Bitcoin (သို့) တခြားသော Crypto အမျိုးအစားကို သုံးပြီး လစာ ပေးနေသူပါ။ အကြောင်းရင်းကတော့ အာဖဂန်အမျိုးသမီး တော်တော်များများမှာ ဘဏ်အကောင့် မရှိကြပါဘူး။ ထုံးတမ်းအစဉ်အလာအရ အာဖဂန်အမျိုးသမီးတွေရဲ့ ဝင်ငွေတွေဟာ အိမ်ထောင်စုမှာ ရှိတဲ့ အမျိုးသားတစ်ဦးထံကို အပ်နှံရပါတယ်။ ဒီလို Bitcoin ဒါမှမဟုတ် Cryptocurrency တစ်ခုခု ပုံစံအနေနဲ့ သိမ်းထားခြင်း အားဖြင့် အမျိုးသားတွေထံ ကိုယ့်ရဲ့ ဝင်ငွေ အပြည့်အပ်စရာမလိုတော့ပါဘူး။

သူမက “ကျွန်မတို့ အနေနဲ့ crypto အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပေးဖို့လိုမယ် ယုံကြည်တယ်။ ဒါဆို အာဖဂန်လူမျိုးတွေ အတွက် crypto wallet တွေ ပိုရှိလာပြီး သူတို့ ငွေလိုရင် အချိန်မရွေးသုံးလို့ရနိုင်တယ်။ လူကုန်ကူးသူတွေ၊ အခွင့်အာဏာရှိသူတွေက ဒီစနစ်ကြီးထဲမှာ အခွင့်ကောင်းယူနေချိန်မှာ ဒီလို Crypto နည်းပညာက ဘဏ်အကောင့်မရှိတဲ့ အမျိုးသမီးတွေနဲ့ တခြားသော အာဖဂန်နိုင်ငံသားတွေ အတွက် အများကြီး အကျိုးရှိနိုင်မှာပါ” လို့ ပြောထားပါတယ်။

Code to Inspire ဆိုတဲ့ အမျိုးသမီးတွေ အတွက် ဒစ်ဂျစ်တယ်နည်းပညာ သင်တန်းကျောင်း တည်ထောင်ထားတဲ့ အာဖဂန်အမျိုးသမီး Fereshteh Forough ဟာလည်း အာဖဂန်မှာ အာဏာမသိမ်းခင် အမျိုးသမီးတွေ အတွက် ကွန်ပြူတာကျွမ်းကျင်မှုနဲ့ ငွေကြေးဆိုင်ရာ မှန်ကန်တဲ့ ရပ်တည်မှုတွေကို သင်ကြားပေးနေသူပါ။ တာလီဘန်အကြမ်းဖက်သမားတွေ အာဏာသိမ်းပြီးသွားချိန်မှာတော့ စီးပွားရေးအလွန်အမင်းကျဆင်းမှုနဲ့ အတူ သူမရဲ့ ကျောင်းသူ တော်တော်များများ အလုပ်ပြုတ်သွားခဲ့ပါတယ်။ အမေရိကန် ဘဏ်တွေကနေ တဆင့် အရေးပေါ် ငွေသားတွေကို ဘဏ်အကောင့်ရှိသူတွေထံ လွှဲပေးဖို့ ကြိုးစားပေမယ့် အဆင် မပြေခဲ့ပါဘူး။ အမေရိကန် စီးပွားရေးပိတ်ဆို့မှုကြောင့်ရော၊ အာဖဂန်ဘဏ်တွေရဲ့ ငွေကြေး ပြန်လည် ထုတ်ယူမှု ကန့်သက်ချက်ကြောင့်ပါ။ နောက်ဆုံးမှာတော့ သူမ အနေနဲ့ Binance လုပ်ငန်းနဲ့ ပူးပေါင်းပြီး အာဖဂန်အမျိုးသမီး ၁၀၀ ကို ကန်ဦး Crypto အသုံးပြုနည်း သင်ပေးခဲ့ပါတယ်။

အစောပိုင်းမှာ ရှင်းပြရဖို့ အရမ်းခက်ခဲပေမယ့် နောက်ပိုင်းမှာတော့ ပညာပေး video အနေနဲ့ ဖန်တီးပြီး အချိန်ယူ ကြိုးစားချိန်မှာတော့ လူအများစု နားလည် သွားတယ်လို့ သူမက ပြောထားပါတယ်။ Binance မှာ stable coin တွေ ဖြစ်တဲ့ USDT, USDC စတဲ့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ coin တွေကို ကိုင်ထားပြီး သူတို့ရဲ့ ငွေကြေးကို အသုံးပြုစေခဲ့ပါတယ်။ ဘဏ်အကောင့်တွေ မကြာခဏ ပိတ်ခံရလေ့ရှိတဲ့ အာဖဂန်မှာ အာဖဂန် အမျိုးသမီးတွေအနေနဲ့ ဘယ်နေရာကို သွားသွား နည်းပညာအသုံးပြု ငွေကြေးစနစ်ရှိတာကြောင့် ဘယ်သူ့ကိုမှ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကြောက်စရာမလိုတော့ပါဘူး။

အာဖဂန်နစ္စတန်မှာ မြန်မာပြည်လိုဘဲ တာလီဘန်တွေက လမ်းမှာ ဖုန်းစစ်ဆေးတာမျိုးတွေ ရှိပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ password / seedphrase တွေကို ခေါင်းထဲမှာ မှတ်ထားပြီး ဖုန်းပေါ်မှာရှိတဲ့ application ကို ဖြုတ်ထားပြီး နေ့စဉ် သွားလာလှုပ်ရှားနေကြပါတယ်။ တာလီဘန်အကြမ်းဖက်သမားတွေဟာ အင်တာနက် နည်းပညာ နားလည်မှုမှာ အလွန်နောက်ကျပါတယ်။ ဒါဟာလည်း အာဖဂန် ပြည်သူတွေ အတွက် အလွန်ကောင်းတဲ့ အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ပေါက်ကြားခဲ့တဲ့ အထူးလျှို့ဝှက် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း မှတ်တမ်းအရ စစ်အာဏာရှင်တော်လှန်တဲ့ social media အကောင့်တွေကို hack လုပ်ဖို့ hacker အဖွဲ့ဖွဲ့စည်းသင့်ကြောင်း၊ PDF game ဆော့တဲ့ လူတွေကို ဖမ်းမည် ဖြစ်ကြောင်း ဆွေးနွေးမှုများကို လေ့လာခွင့်ရခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်အဖွဲ့ဝင်တွေရဲ့ နည်းပညာကို ထိန်းချုပ်နိုင်မှုဟာ ခေတ်ကာလနဲ့ အတော်ဝေးဝေးမှာ ကျန်ခဲ့ပြီး တာလီဘန်တွေလိုပဲ နည်းပညာနဲ့ လှည့်စားခြင်းကို ဆက်လက်ပြီး ခံစားနေရဦးမှာပါ။

အကြောင်းအမျိုးမျိုးကြောင့် အာဏာရှင်လက်အောက်မှာ နေထိုင်နေရပေမယ့် နည်းပညာကို အသုံးပြုပြီး မိမိရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေကို Crypto နဲ့ တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နေတဲ့ အာဖဂန် ပြည်သူ အမျိုးသမီးတွေ အကြောင်းကို လေ့လာမိသလောက် ဖော်ပြပေးလိုက်ပါတယ်။
👍17❤2🔥1😁1
​​ဆားတောင်ရဲစခန်းကို PAFD နှင့်မဟာမိတ်များ ပစ်ခတ်တိုက်ခိုက်၊ ရဲ ၂ ဦးသေဆုံးဟုဆို

007
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ရာ ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များထံမှ သတင်းရရှိသည်။
ဆားတောင်မြို့ ရဲစခန်းအပေါက်ဝတွင် ခရီးသည်တင်ယာဉ်များအား စစ်ဆေးပြီး ငွေတောင်းနေသော ရဲတပ်ဖွဲ့ဝင်များကို လက်နက်ငယ်များဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Army To Fight Dictatorship (PAFD) အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
“အဲဒီမှာ ရဲခွေး(ရဲတပ်သား) ၁၅ ကောင်လောက်ရှိတာ၊ သူတို့က မနက်အစောကြီးဆိုရင် ခရီးသွားကားတွေ ကို ပိုက်ဆံထွက်ထွက်ကောက်တယ်၊ အဲဒီအချိန်မှာ ကျွန်တော်တို့က ဝင်ပစ်တာ၊ သူတို့က နှစ်ယောက် သုံး ယောက်တစ်တွဲစီ ပိုက်ဆံ ထွက်ထွက်ကောက်တာ အဲဒီအချိန်မှာ လှမ်းပစ်တာ” ဟု ၎င်းကဆိုသည်။
ပစ်ခတ်မှုကြောင့် ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း မဟာမိတ်တပ်ဖွဲ့များဘက်က သတင်းထုတ် ပြန်ချက်ရှိသော် လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) နှင့် PADF တပ်ခွဲ DKPDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU)၊ DBBF-MMU တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
PAFD နှင့် မဟာမိတ်တပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ်လ၂၉ ရက်နေ့ကလည်း စစ်ကိုင်း-မုံရွာကားလမ်း မြင်းမူမြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာ‌သော ကားတစ်စီးအား ပဒေသာမိုင်းအလုံး ၃၀ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့နယ်
#ဆားတောင်ရဲစခန်း
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤1😁1🥱1
ထိုင်းနိုင်ငံရောက် မြန်မာ MoU လုပ်သား ၁,၃၀၀ ကျော် အလုပ်မှရပ်ဆိုင်းခံရ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံမှ စက်ရုံနှစ်ရုံတွင် ဧပြီလ ၁ ရက်နေ့က မြန်မာ MoU အလုပ်သမား ၁,၃၀၀ ကျော် ရုတ်တရက် အလုပ်မှရပ်ဆိုင်းခံလိုက်ရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေ သည့်(MHAC)အဖွဲ့ထံမှ သိရသည်။
ရုတ်တရက် အလုပ်မှရပ်ဆိုင်းခံလိုက်ရသည့် မြန်မာ MoU အလုပ်သမား ၁,၃၀၀ ကျော်အတွက် လက်ရှိ တွင်(MHAC)အဖွဲ့နှင့် (NUG)အစိုးရ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများဖြင့်ချိတ်ဆက်ပြီး နစ်နာ ကြေးနှင့် အလုပ်ပြန်လည်ရရှိရေး ကူညီဆောင်ရွက်နေကြောင်းလည်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကူညီပေးနေသည့်(MHAC)အဖွဲ့တာဝန်ရှိသူ ကိုရဲမင်းက“အခု MoU အလုပ်သမားတွေက ထိုင်းကိုရောက်တာ မကြာသေးဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းလို့ဆိုပြီး တော့ အလုပ်သမား လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့အထဲက ၁,၀၀၀ ကျော်ကို ဖြုတ်လိုက်တယ်လို့ ကျွန်တော် တို့ သိရတယ်”ဟု ပြော သည်။
😢9👍3❤2
ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ Cal-Comp အီလက်ထရောနစ်စက်ရုံမှ မြန်မာအလုပ်သမား ၁၀၆၀ ဦးကို လုပ်ခတလစာပေးပြီး အလုပ်မှရပ်ဆိုင်းခဲ့သလို အခြားစက်ရုံတစ်ခုမှ လည်း အလုပ်သမား ၃၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ခံရကြောင်း ကိုရဲမင်းကပြောသည်။
“အခု အလုပ်ကထုတ်ခံရတဲ့ အလုပ်သမား ၁၃၀၀ ကျော်အတွက် ထိုင်းဥပဒေပါအတိုင်း ဘောင်ထဲကနေ ပြန်ရင်ဆိုင်ဖို့နဲ့ နစ်နာကြေးတွေပြန်ရဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်”ဟု ကိုရဲမင်းက ဆိုသည်။
လက်ရှိတွင် ရက်ပိုင်းအတွင်း အလုပ်သမား ၁,၅၀၀ ကျော် အလုပ်မှ ရပ်ဆိုင်းခံနေရကာ အခြားစက်ရုံများ တွင်လည်း ယခုလိုဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများရှိနိုင်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်းနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သား
#MoU
#အလုပ်မှရပ်ဆိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍3❤1
​​ကျိုက်ထိုမြို့ရှောင်လမ်းတွင် အသတ်ခံထားရသည့် အမျိုးသား ၁ဦး၏ ရုပ်အလောင်းတွေ့ရှိ

YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့ရှောင်လမ်းတနေရာ၌ ဓါးဒဏ်ရာများဖြင့် အသတ်ခံထားရသည့် အမျိုးသားတဦး၏ ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။
အသတ်ခံရသူသည် ကျိုက်ထိုမြို့၊ အောင်ချမ်းသာရပ်ကွက် (၂) လမ်းမှ အသက် ၄၈ နှစ်အရွယ် ဦးကိုကိုမင်းဖြစ်ပြီး ၎င်းသည် ဆိုင်ကယ်ပွဲစားတဦးဖြစ်ကြောင်း သိရသည်။
"ခြံရောင်းပြီး သူ့အမျိုးသမီးအတွက် ဆိုင်ကယ်ဝယ်ဖို့ သွားတာ။ ပိုက်ဆံ သိန်း ၃၀ နဲ့ သူဝတ်ထားတဲ့ ရွှေနှစ်ကျပ်သား ပါသွားတယ်။ သူ့ကို ပြန်တွေ့တဲ့အချိန်မှာတော့ အဲ့ဒါတွေမရှိတော့ဘူး " ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ဦးကိုကိုမင်း၏ ရုပ်အလောင်းကို မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီတွင် ကျိုက်ထိုမြို့ရှောင်လမ်းဘေး၌ လည်ပင်း၊ဝမ်းဗိုက်၊ လက်ကောက်ဝတ်တို့တွင် ဓားဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒဒေသခံအချို့က ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကို သံသယတရားခံအနေဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ကျိုက်ထိုမြို့၊ မြို့ရှောင်လမ်းသည် ကျိုက်ထိုမြို့နယ်၊ ဘိုက္ကားကျေးရွာမှ ကျိုက်ထိုမြို့အထွက် တံတားဖြူအထိ ဆက်သွယ်ဖောက်လုပ်ထားပြီး ထိုလမ်းတလျှောက်တွင် လူပြတ်လပ်သဖြင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
ဦးကိုကိုမင်း အသတ်ခံရမှုအပေါ် စစ်ကောင်စီ​၏သတင်းများကို ဖြန့်ဝေပေးနေသည့် တယ်လီဂရမ်ချန်နယ်များတွင် PDF များက ပစ္စည်းလုယူ သတ်ဖြတ်သွားသည်ဟု စွပ်စွဲထားသည်ကို တွေ့ရသည်။ ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု (KRF) အပါအဝင် တော်လှန်အင်အားစုများက ၎င်းတို့ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောဆိုသည်။
"ဒီကိစ္စက ကျိုက်ထိုမြို့နယ်မှာရှိတဲ့ KRF အပါအဝင် အခြားတော်လှန်ရေးအင်အားစုတွေက လုပ်ခဲ့တာလုံးဝမဟုတ်ပါဘူး" ဟု ကျိုက်ထိုမြို့နယ်မှ တော်လှန်ရေးတာဝန်ခံတဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာမှ ဒေါ်ခင်မြဝင်းသည် ၎င်း​၏ ရာဘာခြံထဲတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ထိုအချိန်ကလည်း စစ်ကောင်စီက PDF များပြုလုပ်ခဲ့ကြောင်း စွပ်စွဲပြောဆိုမှုများ ရှိခဲ့သေးသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#မြို့ရှောင်လမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢2❤1🔥1
ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း (၇၅၄)ရက်မြောက် ဆန္ဒပြ

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး (၇၅၄)ရက်မြောက်အဖြစ် ဧပြီလ ၂ ရက် ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက် ဆန္ဒပြကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လူထုအားကို ဗဟိုပြု တပ်ပေါင်းစုကို ပုံဖော်” စာတမ်းကို ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေးကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကို အလေး ပြုခဲ့ကြကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြနေခြင်းဖြစ်သည်။
#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍9🔥1😁1