Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခံရ

001
မဇ္စျိမ ။ ။နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇဝနဒီပရပ်ကွက်၊ ပိတောက်လမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ မိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဧပြီလ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ ကြောင်း ပုဗ္ဗသီရိမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက ပြောသည်။
“ဆိုင်သိမ်းခါနီးပေါ့။ သူတို့က အိမ်ဆောက်ပစ္စည်းရောင်းတာ၊ ဘေးပတ်ဝန်းကျင်မှာ အဲ့ဒီအချိန်က လူနည်း နည်းပြတ်တာပေါ့။ အဲ့ဒီအချိန်မှာ လူသုံးယောက်လာပြီးတော့ ဓားနဲ့ သေနတ်ကတော့ အစစ်လား၊ အတု လားမသိဘူး။ သေနတ်တစ်လက်တော့ ပါတယ်ပေါ့။ သူတို့ဆီက တနေကုန်ရောင်းရတဲ့ ပိုက်ဆံ ယူသွားတဲ့ သဘောပါ”ဟု ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဓားပြတိုက်သူသုံးဦးမှာ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ခြင်းဖြစ်ပြီး ကျပ် ၁၅ သိန်းဝန်းကျင်ပါသွားကာ လူ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
“လောလောဆယ်တော့ မဖမ်းမိသေးဘူး။ အခုက ဓားပြတိုက်တာပေါ့။ အဲ့ဒီဖြစ်စဉ် သိပ်မကြာခင်ကတော့ ခိုးမှုတွေလည်း အမြဲတမ်းတော့ ဒီမှာကြုံတွေ့နေရတာပဲ။ အဲဒါတွေလည်း မမိတော့ မမိကြပါဘူး”ဟု ပရဟိတအဖွဲ့ဝင်ကပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများ၌ ဓားပြတိုက်ခံရမှုများ ဖြစ်ပွားလျက် ရှိသကဲ့သို့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်လည်း ဓားထောက်လုယက်ခံရမှုများ၊ ခိုးမှုများနှင့် ဓားပြတိုက်မှုများဖြစ်ပွားလျက်ရှိသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ပန်းအလှဆိုင်ကို အမျိုးသားနှစ်ဦးက ပန်းလာဝယ်သူအဖြစ်ဟန်ဆောင်ပြီး ဆိုင်ရှင်အမျိုးသမီးကို ဓားထောက်ကာ ဖုန်းနှင့် ဆွဲကြိုးလုယက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#နေပြည်တော်
#ပုဗ္ဗသီရိမြို့နယ်
#ဓားပြတိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🥴3👏1
မြဝတီကုန်သွယ်ရေးဇုန်စစ်ဆင်ရေးအားဦးဆောင်သူကော်ဘရာမှတပ်ခွဲမှူးကိုရှိုင်းနှင့်တွေ့ဆုံမေးမြန်ချက်

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးဇုန်ကို မတ်လ၂၅ ရက်နေ့က KNU ၊ KNLA ပူးပေါင်းတပ်ဖွဲ့က နံနက် ၅ နာရီခွဲမှစတင်ကာ တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ ဒုရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူ ကော်ဘရာစစ်ကြောင်းမှ တပ်ခွဲမှူးကိုရှိုင်းအား မဇ္ဈိမမှတွေ့ဆုံမေး မြန်းထားသည်။

https://youtu.be/h55dXKCap4g
❤18👍12😁2
အမျိုးသမီးကျန်းမာရေးဆိုင်ရာ သိကောင်းစရာ | ကျန်းမာသုတ လူမှုဘဝ Episode - 9

"ကျန်းမာသုတ လူမှုဘဝ” အစီအစဉ်ကနေ ဒီတခါမှာတော့ အမျိုးသမီးကျန်းမာရေးဆိုင်ရာ သိကောင်းစရာတွေကို တင်ဆက်ပေးချင်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ ကိုက်ခဲနာကျင်တာတွေ သက်သာအောင် ဘယ်လိုနေထိုင်ပြုမူသင့်တယ်ဆိုတာ
ဒေါက်တာ ဖြိုးသီဟ က ဆွေးနွေးပေးထားပါတယ်။

https://youtu.be/78Mh48C0yyI
👍6🍌2🤮1
CDM သင်္ကြန်

တေးရေး- ကေဒီဖံန်
တေးဆို - မင်းမော်ကွန်း
တေးဂီတ- နွေဦးပြည်သူ

https://youtu.be/GJ_8z-nAlVw
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18❤5🤮1🥴1
​​ထန်တလန်မြို့နယ်တွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများထဲမှ ၁ ဦး ထပ်မံသေဆုံး

ပါခွီး
မဇ္စျိမ။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက် ခိုက်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သူများအနက်မှ တစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူကိုးဦးအထိ ရှိလာ ပြီဖြစ်ကြောင်း သိရသည်။
လေကြောင်းမှ တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိသူများထဲမှ Salai Van Cem (၁၇ နှစ်)သည် ဧပြီလ ၁ ရက် နေ့တွင် ထပ်မံသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြား သည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ ကိုးဦးရှိလာသည့်အပြင် ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်း သိရ သည်။
သေဆုံးသူများမှာ Pu Hmet Lian (၂၀ နှစ်) ၊ Pi Par Thluai Cin (၁၈ နှစ်)၊ Pi Sung Hlei Cuai (၃၀ နှစ်)၊ Nu Ngun Dawt (၂၈ နှစ်)၊ Pi Len Zi (၄၀ နှစ်)၊ Mai Sofia (၁၆ နှစ်) ၊ Van Duh (၆ နှစ်)၊ Siang Cung Bik (၉ နှစ်) နှင့် Salai Van Cem (၁၇ နှစ်)တို့ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ Public Administration Thantlang (PAT)မှ ထုတ်ပြန်ထားသည်။
၎င်းအပြင် ဒဏ်ရာရရှိသူများမှာ Peng Cung Thang (၈ နှစ်)၊ Benjamin (၁ နှစ်)၊ Pi Ngun Hoi (၄၀ နှစ်)၊ Pi Biak Tial (၅၀နှစ်)၊ Pi Iang Par (၆၁ နှစ်)၊ Bawi Dawt (၆ နှစ်)၊ Sai Thluai (၁၁နှစ်)၊ Salai Bawi Lian Tlung (၁၈နှစ်) ၊ Pu Ngun Bik (၄၀နှစ်)နှင့် Pastor Sang Cung တို့ဖြစ်ကြောင်း သိရသည်။
မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ခွါဖိုကျေးရွာကို လေကြောင်း မှတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးခဲ့မှုများအပြင် နေအိမ် ၁၃ လုံးလည်းပျက်စီးခဲ့ကြောင်း PAT က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့၏ အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်သည့် စက် ဆုပ်ဖွယ်လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး ရည်ရွယ် ချက်ရှိရှိဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုး သားတပ်မတော် (CNA) က မတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာမိသားစုမှ ဝိုင်းဝန်းအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ကြပါရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#ထန်တလန်မြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းပစ်ခတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍4😁2🤬1
မန္တလေးတွင် သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေ

007
မဇ္စျိမ။ ။သင်္ကြန်ပွဲတော်တွင် ပါ၀င်ဆင်နွှဲမည့်၊ ဌာနဆိုင်ရာနှင့် နာမည်ရစီးပွားရေးလုပ်ငန်းများ၏ ရေကစား မဏ္ဍပ်များ၊ မန္တလေးကျုံးဘေးတွင် စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
“အရှေ့ကျုံးနဲ့ တောင်ကျုံးမှာ စဆောက်နေပြီ။ လောလောဆယ် မဏ္ဍပ်ရှစ်ခုလောက်ရှိမယ် ထင်တယ်။ ကျုံးအရှေ့ဘက်မှာက ဌာနဆိုင်ရာမဏ္ဍပ်တွေ အရင်ကလည်း လုပ်ရတယ်။ တောင်ကျုံးမှာ Alpine ဆောက်နေကျနေရာမှာ တစ်ခု၊ အဲဒီအနောက်ဘက်တစ်လျှောက်ကို စည်ပင်မဏ္ဍပ်မရောက်ခင်အထိကို နှစ်ခု၊ စည်ပင်မဏ္ဍပ်အလွန်မှာ နှစ်ခု အားလုံးပေါင်းရှစ်ခုလောက်ရှိမယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဧပြီလ ၁ ရက်နေ့ကစ၍ စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်းသိရပြီး မည်သည့်စီးပွားရေးလုပ်ငန်းရှင် များ၏ မဏ္ဍပ်များဖြစ်သည်ကိုမူ မသိရသေးပေ။
“မဏ္ဍပ်ဆောက်နေတဲ့နေရာမှာ လက်မှတ်ရောင်းတာတွေဘာတွေတော့ မတွေ့ရသေးဘူး။ မဏ္ဍပ်ရုပ်လုံး ပေါ်လာရင်တော့ ဘယ်လိုနေမယ်မသိဘူး၊ ကြားရသလောက်တော့ ဇွတ်လုပ်ခိုင်းလို့ လုပ်နေရတာလို့ လုပ်ငန်းရှင်တချို့ပြောနေသံကြားတယ်” ဟု နာမည်ကြီးစီးပွားရေးလုပ်ငန်းတစ်ခုနှင့်နီးစပ်သည့် မြို့ခံတစ်ဦး ကပြောသည်။
👍8🤮8❤2👏1🤬1
မန္တလေးသင်္ကြန်ပွဲအတွက် ကျုံးဘေးရေကစားမဏ္ဍပ်များအား ယခင် အစိုးရအဆက်ဆက်လက်ထက်က မဲစနစ်ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံ အခွန်အခပေးသွင်းပြီး ဆောက်လုပ်ကြရ ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းခံထားရသည့် ယခုနှစ်တွင်မူ စစ်ကောင်စီက မဏ္ဍပ်ဆောက်လုပ်ခွင့်အား အခမဲ့ပေးခဲ့ သည်။ မဏ္ဍပ်ဆောက်လုပ်ခွင့်အခမဲ့ပေးထားသော်လည်း မြို့လူထုက စိတ်၀င်စားမှုနည်းနေသေးကြောင်း စုံစမ်းသိရပြီး ထို့အတွက်ကြောင့်လည်း နာမည်ရစီးပွားရေးလုပ်ငန်းရှင်များအား မဆောက်မနေရ ဆောက်ခိုင်းထားကြောင်း သတင်းများထွက်ပေါ်နေသည်။
“နာမည်ကြီးလုပ်ငန်းရှင်တွေကို မဏ္ဍပ်ဆောက်မလား၊ ဒဏ်ငွေဆောင်မလားဆိုပြီး ပိုက်ဆံတောင်းတာ တွေရှိတယ်၊ မလုပ်ချင်ဘဲလုပ်နေရတာမို့လို့ နားလည်ပေးကြဖို့ သူတို့ကပြောတယ်ပေါ့နော်။ အဓိကတော့ လူတွေထွက်မလာဖို့ပါပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်အသိုက်အ၀န်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် တိုင်းပြည်ပုံမှန်အခြေအနေဖြစ်နေကြောင်း ဝါဒဖြန့်လို၍ ယမန်နှစ်က မန္တလေးသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စေရန် နည်းလမ်းပေါင်းစုံအသုံးပြုခဲ့သော် လည်း မြို့လူထုက ပူးပေါင်းပါ၀င်ခြင်းမရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#သင်္ကြန်ပွဲတော်
#ရေကစားမဏ္ဍပ်
#စစ်ကောင်စီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤮3❤2👏1
ဧပြီလ (၂) ရက်၊ စနေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ထိုင်းနိုင်ငံရောက် မြန်မာ MoU လုပ်သား ၁,၃၀၀ ကျော် အလုပ်မှရပ်ဆိုင်းခံရ သတင်းနဲ့အတူ မန္တလေးကျုံးဘေး အခမဲ့ ရေကစားခွင့်ပြုသော်လည်း စိတ်ဝင်စားသူနည်းပါးဆိုတဲ့သတင်းလွှာ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် Vox Pop အစီအစဉ်နဲ့အတူ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်”ဆိုတဲ့ သရော်စာအစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/WvS1PRAA8NI
👍5❤2😁2
​​မီးခိုးမြူညစ်ညမ်းမှု အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေး မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများကို ထိုင်း တိုက်တွန်း

ထိုင်းနိုင်ငံအထက်ပိုင်းအပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်ထိခိုက်စေလျက်ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူ ညစ်ညမ်းမှုကို ထိန်းသိမ်းရေးအတွက် ဒေသတွင်း အားထုတ်မှုများကို အရှိန်မြှင့်တင်ရေး ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုးပမ်းလျက် ရှိကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကန်ချာနာ ပတ်တရာချော့ကီက ဧပြီ ၁ ရက်တွင် ပြောသည်။
😁6👍2🔥2
​​ဒုက္ခသည် အစုအပြုံလိုက် ဝင်ရောက်မှုက မြန်မာ-အိန္ဒိယ ဆက်ဆံရေးအပေါ် တင်းမာစေ

၂၀၂၁ ၊ ဖေဖေါ်ဝါရီတွင် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းလူမျိုးစုမှ အစုအဖွဲ့ဝင် ၅၂,၀၀၀ ထက်မနည်းသည် နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့ကြသည်။ ၎င်းတို့တွင် အမျိုးမျိုးအဖုံဖုံသော စိတ်ခံစားမှုတို့ ရှိခဲ့ကြသည်ကိုလည်း သိရှိရသည်။
👍4🔥2😁2
​​မန္တလေးတွင် သွေးသောက်တံဆိပ် လည်ဆွဲပါ ရုပ်အလောင်းတွေ့ရှိ

007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက သွေးသောက်တံဆိပ်ပါလည်ဆွဲ ကတ်ချိတ်ဆွဲထားသည့် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်တောင်ရပ်ကွက် စံပြလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲဘေးတွင် ယနေ့ ဧပြီလ ၂ ရက် နံနက် ၂ နာရီခွဲခန့်ကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
“အသက် ၄၀ အရွယ် အမျိုးသားလို့ သိရတယ်၊ သွေးသောက်တံဆိပ် ပါတာလည်းမှန်တယ်။ ဓားဒဏ်ရာ တွေအများကြီးနဲ့လဲကျနေတာကို လုံခြုံရေးတွေကတွေ့တာ၊ ဘယ်သူဘယ်ဝါမှန်းတော့ မသိရသေးဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့ ကင်းလှည့်စဉ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၄၀ ၀န်း ကျင်အရွယ် အမျိုးသားဖြစ်ကြောင်း၊ ဓားဒဏ်ရာများစွာဖြင့်လဲကျလျက် ပက်လက်အနေအထားဖြင့် တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းတွင် သွေးသောက်အဖွဲ့ အနီရောင်ရှင်းလင်းရေး MDY စာသားပါ လည်ဆွဲ ကတ်ပါရှိကြောင်း၊ အလောင်းအားစစ်ဆေးရာတွင် လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်နှင့် ဝဲဘက်လက်ပြင် ထိုးသွင်းဒဏ်ရာ ခုနစ်ချက်တွေ့ရကြောင်း စစ် ကောင်စီ၏ ဝါဒဖြန့်သတင်းများက ဆိုသည်။
“လအတန်ကြာငြိမ်နေပြီးမှ အခုတစ်ကျော့ပြန်လာတာ၊ သွေးသောက်က ပျောက်နေတာကြာပြီ အခုမှပြန် ပေါ်လာတာ ဘာသဘောလဲမသိဘူး၊ ဟိုတလောက မတ္တရာမှာ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
မန္တလေးတိုင်း၊ မတ္တရာမြို့တွင် အသက် ၂၀ ဝန်းကျင် လူငယ်အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများ စွန့်ပစ်ခံထားရသည့်ဖြစ်စဉ်တစ်ခု မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းများတွင် သွေးသောက် တံဆိပ်ပါလည်ဆွဲကတ် ချိတ်ဆွဲထားသည်။
သွေးသောက်အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်အလွန်ကာလတွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး NLD ပါတီဝင်နှင့် ပါတီထောက်ခံသူများ၊ PDF အဖွဲ့ဝင်များနှင့် ဆက်နွယ်နေသူများအားခြေမှုန်းမည်ဟု ထုတ် ပြန်ထားသည့် အဖွဲ့လည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မန္တလေးမြို့ပေါ်တွင် အနီရောင်သွေးသောက်အဖွဲ့လက်ချက်ဖြင့် ၁၀ ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး မြင်းခြံ၊ နွားထိုးကြီးနှင့် ကျောက်ဆည်မြို့တို့တွင်လည်း အလားတူဖြစ်ရပ် များဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးသောက်အဖွဲ့နှင့် ပတ်သက်၍ စစ်ကောင်စီ ကျောထောက်နောက်ခံဟု သတင်းများထွက်ပေါ် နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#ချမ်းမြသာစည်မြို့နယ်
#အနီရောင်သွေးသောက်အဖွဲ့
#သတ်ဖြတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🤬9❤1👎1👏1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီသပိတ်ကော်မတီမှ (၃၉) ကြိမ်မြောက် ဆန္ဒထုတ်ဖော်

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ယနေ့ ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ထပ်မံပြုလုပ်ခဲ့သည်ဟု သိရသည်။
“စစ်အာဏာရှင်ရဲ့ သွေးစွန်းလက်အောက်ကို ငါတို့တိုင်း ပြည်အရောက်မခံနဲ့” စာတန်းကိုင်ဆောင်ကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စကြဝတေးမင်းကြီးသပိတ်ကော်မတီ၏ (၃၉)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှု ဖြစ်သည်ဟု သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#စကြဝတေးမင်းကြီးသပိတ်ကော်မတီ
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23🔥2😁1
Media is too big
VIEW IN TELEGRAM
NUGဟာZoomမသုံးအောင်နှောင့်ယှက်ပြီးသူတို့ပိုင်JitsiMeetAppကိုအသုံးပြုခိုင်းတယ်လို့သတင်းမှားပျံ့။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6557512060950310/

#misinformation_buster #Reels #Fake_News #Shorts #NUG #Jitsi_Meet #Zoom
👍9😁2💩2🍌2