Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
HONDA နာမည်ကို အသုံးပြုပြီး ဖေ့စ်ဘုတ်မှာ လိမ်လည်နေကြတဲ့သတင်း | Misinformation Buster S3| Ep.60

− ဆိုရှယ်မီဒီယာ အသုံးပြုပြီး သတင်းဖတ်ရှုတွေကို သတင်းတု၊ သတင်းမှား နဲ့ ပတ်သက်ပြီး ကျပမ်း အမေးအဖြေပြုလုပ်ချက်တွေနဲ့အတူ

- HONDA နာမည်ကို အသုံးပြုပြီး ဖေ့စ်ဘုတ်မှာ လိမ်လည်နေကြတဲ့သတင်း

- အွန်လိုင်းအစည်းအဝေးတွေပြုလုပ်တဲ့ Jitsi Meet ကို NUG က ပိုင်ဆိုင်တယ်ဆိုတဲ့သတင်းမှား

https://youtu.be/lELV1UWZMFE
👍7🍌2
ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1😁1
👍2❤1
ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှ ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ ‌ဧပြီလ ၁ ရက်‌နေ့က သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဆင်းလာသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း သည် ယင်းနေ့ နံနက် ၈ နာရီကျော်ခန့်တွင် ရွှေတောင်ဦးမှတဆင့် ကံကုန်းကျေးရွာသို့ သေနတ်များပစ် ဖောက်ဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ကံကုန်းကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများအား မွှေနှောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ညနေ ပိုင်း၌ ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အခြားဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး ညှဉ်းပန်းနှိပ်စက်၍ ဒုံးတောကျေးရွာ မြောက်ပိုင်းရှိ ကိုင်းတောထဲတွင် သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းကို ယနေ့ ဧပြီလ ၃ ရက် နံနက်ပိုင်း၌ ပြန် လည်တွေ့ရှိရသည်ဟု ဒေသခံများက ဆိုသည်။

သတ်ဖြတ်ခံရသူမှာ ကျေးရွာပကဖအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုဆိုသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ် ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#စစ်ကောင်စီတပ်
#သတ်ဖြတ်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7😁2
👍3❤1
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

007

မဇ္ဈိမ။ ။မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး အုပ်ချုပ်ရေးမှူး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ ၁၃၁ လမ်းနှင့် ၅၃(C)လမ်းထောင့်ရှိ အဆိုပါအုပ်ချုပ်ရေးမှူးပိုင် ဆေးခန်းရှေ့တွင် ယနေ့ ဧပြီလ ၃ ရက် နံနက် ၇ နာရီခွဲခန့်က ၎င်း၏တူဖြစ်သူနှင့် အတူရှိနေစဉ် ဆိုင်ကယ် နှစ်စီးဖြင့် သေနတ်သမားလေးဦးရောက်လာပြီး ပစ္စတိုသေနတ်များဖြင့် ၁၀ ချက်ခန့် ပစ်သွားခြင်းဖြစ် ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

“အုပ်ကြီးနဲ့သူ့တူ အပစ်ခံရတာ၊ သူတို့ဆေးခန်းရှေ့မှာပဲ ပစ်သတ်ခံရတာ။ အုပ်ကြီးက (On The Spot) ပွဲချင်းပြီးပဲ၊ သူ့တူကိုတော့ ဆေးရုံကားနဲ့တင်ခေါ်သွားတယ်၊ သေဖို့များတယ် ဒဏ်ရာပြင်းတယ်” ဟု အခင်းဖြစ်ပွားသည့် ရပ်ကွက်အနီး နေထိုင်သူက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ဦးစိုးမင်းဟန်( ၄၂ နှစ်)ဖြစ်ပြီး ပစ်ခတ်ခံရမှု ကြောင့်၊ ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲဘက်ရင်အုံဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ရင်ညွန့်ဖောက် ဝင်ဒဏ်ရာ တစ်ချက်၊ နောက်ကျော ဖောက်ဝင်ဒဏ်ရာ သုံးချက်၊ ဝဲဘက်ဦးခေါင်း ဖောက်ဝင်ဒဏ်ရာ တစ် ချက်တို့ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း၊ ၎င်း၏တူဖြစ်သူ မျိုးဆန်းဦး( ၂၆ နှစ်)တွင် ယာနောက်ကျောဘက် ဖောက်ထွက်ဒဏ်ရာ တစ်ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားကြောင်းကို မသိရသေးပေ။

မန္တလေးမြို့တွင် မတ်လ ၃၁ ရက်နေ့ကလည်း၊ ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက်မှ ရာအိမ်မှူး ဦးဆန်းအောင်ဆိုသူနှင့် ချမ်းမြသာစည်တောင်ရပ်ကွက်မှ ရာအိမ်မှူး ဦးစိုးနိုင်ဆိုသူတို့ သေနတ်ဖြင့်ပစ် သတ်ခံထားရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ပြည်ကြီးတံခွန်မြို့နယ်
#အုပ်ချုပ်ရေးမှူး
#ပစ်ခတ်မှု

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14🔥2👏2
​​ထီးချိုင့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲပြီး ရွာ ၂ ရွာကိုမီးရှို့

MTO

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှ ရတနာအောင်ရွာနှင့် မယ်ဇလီရွာအကြားသို့ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်ဗုံးကြဲပြီးနောက် ယင်းကျေးရွာနှစ်ရွာကို ဧပြီလ ၂ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားနေစဉ် အဆိုပါနေရာသို့ လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ ဗုံးက လယ်ကွင်းတွေထဲကျတာဆိုတော့ လူအထိအခိုက်တော့ မရှိဘူး။ မနေ့ကတော့ တိုက်ပွဲဖြစ်နေတဲ့ အနေအထားမှာ လေယာဉ်နဲ့လာကြဲတာပါ။ ဂျက်ဖိုက်တာတစ်စီးထဲနဲ့ ဗုံးကြဲသွားတာ တစ်ကြိမ်၊ ပစ်ခတ်မှု တွေလည်း လုပ်သွားသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးကြဲပြီးနောက် စစ်ကောင်စီတပ်၏ခြေလျင်စစ်ကြောင်းနှစ်ခုသည် ရတနာအောင်နှင့် မယ်ဇလီကျေးရွာ တို့ကို ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း Tigyaing Revoilution TR ကလည်း ထုတ်ပြန် ထားသည်။

“မယ်ဇလီရွာကတော့ ရွာတစ်ဝက်လောက် ရှို့ခံရတယ်။ ရတနာအောင်ကတော့ ရွာရဲ့သုံးပုံတစ်ပုံလောက် ပါသွားတယ်။ ပျက်စီးဆုံးရှုံးမှုအတိအကျတော့ မသိရသေးဘူး ” ဟု ဒေသခံက ဆက်ပြောသည်။

ဧပြီလ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့သည် ထီးချိုင့်မြို့နယ်အတွင်းရှိ ဝဲကြီးနှင့် အင်ဒေါင်းရွာ အကြား စစ်ရှောင်များနေထိုင်နေသည့်နေရာအနီးသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့သည့်အတွက် အရပ်သား ခြောက်ဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ထီးချိုင့်
#လေယာဉ်
#ဂျက်ဖိုက်တာ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬10👍2🔥1👏1
​​ပေါင်းတည်တွင် လောင်းကစားဝိုင်းမှ ဆက်ကြေးကောက်ပြန်လာသော ရဲနှင့်စစ်သားများ တိုက်ခိုက်ခံရ

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သရက်ချဉ်ကျေးရွာတွင်ပြုလုပ်နေသော လယ်ပြင်ဘုရားပွဲ အတွင်းရှိ လောင်းကစားဝိုင်းများမှ ဆက်ကြေးကောက်ပြန်လာသော စစ်ကောင်စီတပ်သားများနှင့် ရဲတပ် ဖွဲ့ဝင်များအား ဒေသခံကာကွယ်ရေးတပ်များက နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ရေးသတင်းပြန်ကြားရေးစာမျက်နှာ Bago Region PDF က ထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်ကောင်စီတပ်သားများနှင့်အတူ ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးသည် ဆိုင်ကယ်ငါးစီးဖြင့် လယ်ပြင်ဘုရားပွဲဘက်မှပြန်လာစဉ် နတ်ပုတီးရွာနှင့် သရက်ချဉ်ရွာကြား လမ်းမပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပေါင်းတည်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင်သုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး သရက်ချဉ်ရွာမှ လူနာတင်ကားဖြင့် ပြည်ဘက်သို့ သယ်ဆောင်သွားသည်ဟု ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ − PPDF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“လောင်းကစားဝိုင်းတွေက အရင်လကစစ်ကောင်စီသတင်းပေးမောင်ဝင်း ဦးဆောင်ပြီးလုပ်တဲ့ဝိုင်းက တော့ရပ်သွားတယ်၊ သတင်းပေးတွေက လုပ်တာတင်မကဘဲ သူတို့ (စစ်ကောင်စီတပ်သားများနှင့် ရဲများ) ကိုယ်တိုင်ဦးဆောင်ပြီး လုပ်နေတာတွေလည်းရှိတယ်။ မြို့မရဲစခန်းမှူးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရ ပြီး နောက်ဆက်တွဲကြားရတဲ့ သတင်းတွေအရ သေဆုံးမှုရှိတယ်လို့လည်း ကြားရပါတယ်” ဟု PPDF တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁) တပ်ခွဲ(၃) တပ်ခွဲ (၄) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် ပေါင်းတည်မြို့နယ်အပါအဝင် မြို့နယ်အများစု၌ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ် ဖွဲ့နှင့် ပျူစောထီးများက ဦးဆောင်၍ သော်လည်းကောင်း၊ လိုင်းကြေးကောက်ခံ၍ သော်လည်းကောင်း လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့်လများအတွင်းက အုတ်ဖိုမြို့နယ်နှင့် သာယာဝတီမြို့နယ် အပါအဝင် အခြားမြို့နယ်များ၌လည်း ပျူစောထီးများ ဦးဆောင်လုပ်ကိုင်နေသော လောင်းကစားဝိုင်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးဖောက်ခွဲမှုများ ပြုလုပ်ခဲ့သေးသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီတပ်များနှင့်ရဲများသည် လောင်းကစားဝိုင်းများအား ၎င်းတို့၏ ဝင်ငွေရလမ်းကြောင်းတစ်ခုအနေဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရ သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ပဲခူးတိုင်း
#ပေါင်းတည်မြို့နယ်
#စစ်ကောင်စီတပ်
#နန်းထိုက်အောင်စစ်ဆင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20❤1👏1😁1🥱1
အာရှတခွင် စီးပွားရေးအမြင် | VOA on Mizzima

ဒီတပတ် အာရှစီးပွာ ရေးကဏ္ဍ မှာတော့ အ နောက်နိုင်ငံကြီးတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ခံနေရတဲ့ ရုရှားနိုင်ငံမှာ တရုတ်ပြည်တွင်းထုတ် ကားတွေက ဈေးကွက်ထဲ ထိုးဖောက်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းနဲ့ တာလီဘန်တွေ တင်းကျပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ အမျိုးသမီးတွေအတွက် သီးသန့် ဈေးဝယ်စင်တာ ဖွင့်ထားပေမယ့် မျှော်လင့်ထားသလို ရောင်းအား မရှိလှတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

https://youtu.be/CDxtfncfp5U
👍8👎1😁1🤮1
ဧပြီလ ၃ ရက်၊ တနင်္လာနေ့ညနေပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

မြန်မာနိုင်ငံရေး အဖြေရှာနိုင်ဖို့ မြန်မာကိုယ်တိုင် ဦးဆောင်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ပြောလိုက်တဲ့သတင်းနဲ့အတူ

Project DragonFly မှ ဒေါ်လာ (၁.၄) သန်းကို လေကြာင်းရန်ကာကွယ်ဖို့အတွက် အသုံးပြုနေတယ်လို့ NUG အသိပေးလိုက်တဲ့အကြောင်းတွေအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ရုရှားက ကုလလုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌဖြစ်လာတဲ့အပေါ် မိမိတို့နဲ့ နိုင်ငံတကာက စိတ်ပျက်လက်ပျက်ဖြစ်ရတယ်လို့ ယူကရိန်းပြောလိုက်တဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ ဒီနေ့အတွက်သတင်းသုံးသပ်ချက်၊ရွှေဈေးနှုန်းငွေဈေးနှုန်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် Editorial Talk အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။

ဒီတစ်ပတ်မှာတော့ NLD ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကို ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီးတော့ အမြင်နဲ့သုံးသပ်ချက်တွေကို သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့အတူ ကိုနောင်နောင်တို့က ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/PkAqXpFpoPY
👍7😁2