ထန်းကုန်းတိုက်နယ်တွင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးတင်ရှို့နေ၍ စစ်ဘေးတိမ်းရှောင်သူ ပိုများလာဟုဆို
===================
ကိုခင်မောင်
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာမှ လူနေအိမ်များကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများမှ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့၍ စစ်ဘးရှောင် ဒေသခံများ ပိုမိုများပြားလာသည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၃ရက် ညနေ ၄နာရီခန့်တွင် အင်အား ၁၅၀ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့များသည် အင်းလယ်ကြီးရွာထဲသို့ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း အင်းလယ်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။
ထိုစစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၃ရက်နေ့တွင် အင်းလယ်ကြီးရွာ၌ ညအိပ်ရပ်နားခဲ့ပြီး ယနေ့ ဧပြီလ ၄ရက် နံနက် ၆နာရီတွင်လည်း လူနေအိမ်များအား နှစ်ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ဒေသခံလူနေအိမ် မည်မျှပျက်စီးဆုံးရှုံးသည်ကိုမူ အတည်ပြု၍ မရသေးကြောင်း ၎င်းကဆိုသည်။
“တိုက်ပွဲတော့မရှိဘူးဗျ၊ တောက်လျောက်ဝင်ရှို့နေတာ။ စစ်ရှောင်တွေကတော့ တောထဲတွေမှာ ဖြစ်သလိုနေထိုင်နေကြရပါတယ်၊ အခြေခံစားသောက်ကုန်၊ အမိုးအကာနဲ့၊ ဆေးဝါးတွေတော့ အရေးပေါ်လိုအပ်ပါတယ်ဗျ” ဟု အင်းလယ်ကြီးရွာ ဒေသခံက မဇ္ဈိမသို့ပြောသည်။
အိမ်ခြေ ၈၀၀ကျော်ရှိသော အင်းလယ်ကြီးရွာသည် စစ်ကောင်စီတပ်မှ ဒုတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့များမှ အင်းလယ်ကြီးရွာရှိ လူနေအိမ် ၁၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရသိရသည်။
အင်းလယ်ကြီးရွာကို မီးရှို့သွားသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၂ရက်နေ့တွင်လည်း ကိုးတောင်ဘို့တိုက်နယ်၊ လျှော်ဖြူကုန်းရွာမှ လူနေအိမ် ၆၀လုံးကို အကြမ်းဖက်မီးရှို့ခဲ့သည်ဟု ဆိုသည်။ ယင်းနေ့တွင်ပင် ထန်းကုန်းတိုက်နယ် ဉာဏ်အင်းရွာရှိ ဒေသခံလူနေအိမ်များကို စစ်ကောင်စီတပ်များမှ မီးတင်ရှို့နေ၍ လူနေအိမ် ၄၀လုံးမီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများသည် လျှော်ဖြူကုန်းရွာကို သုံးကြိမ်မြောက်မီးတင်ရှို့သွားခြင်းဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ၂၆၀လုံးအနက် ၁၈၂လုံးမီးလောင်ပြာကျသွားကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးတင်ရှို့နေသော စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးများသည် ယနေ့နံနက်ပိုင်းတွင် အင်းလယ်ကြီးရွာမှ ကိုးမိုင်ကျော်ကွာဝေးသော ကန့်ဘလူမြို့၊ အမြှောက်တပ်ရင်း(၆၀၀၆)သို့ ပြန်ဝင်သွားကြသည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
အလားတူ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ချပ်ကြီးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယနေ့ ဧပြီလ ၄ရက် နံနက် ၁၀နာရီ ၃၇ မိနစ်တွင် ချပ်ကြီးရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းတိုက်နယ် ၊ ချပ်သင်းတိုက်နယ်၊ ကိုးတောင်ဘို့တိုက်နယ် များသို့ ဧပြီလ ၂ရက်နေ့မှစ၍ တစ်ပြိုင်တည်း စစ်ကြောင်းဝင်ရောက်လာခြင်းကြောင်း ဒေသခံ ၁၀,၀၀၀ကျော်သည် နီးစပ်ရာ တောထဲတဲတိုက်များသို့ ရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်း ဧပြီလအတွင်း စစ်ဘေးရှောင်ဦးရေများနှင့် ယခင်က စစ်ဘေးရှောင်ဦးရေပေါင်းလျှင် ဒေသသခံဦးရေ စုစုပေါင်း ၃၀,၀၀၀ခန့် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကန့်ဘလူခရိုင်
#လူနေအိမ်
#စစ်ကောင်စီတပ်သား
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬6👍4🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်အသစ်ချထားပေးမှု ကန့်သတ်ထားခြင်းကြောင့် နယ်စပ်ဆန်တင်ပို့မှု ရပ်ဆိုင်းလုနီးဖြစ်
Watch more detail - https://www.youtube.com/watch?v=UqaXi1VFiOU
#reels
#shorts
#BusinessRoundUp
#MizzimaTV

👍5❤1🔥1
စကစ တပ်သား ၄ ဦး သေဆုံးခဲ့သည့် မုံရွာ မြဝတီဘဏ် တိုက်ခိုက်ခံရမှု (ရုပ်သံဖိုင်)
====================
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ် မြဝတီဘဏ်ရှေ့ရှိ စစ်ကောင်စီတပ် ကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့သည်။
ဧပြီလ ၂ ရက် နံနက် ၅ နာရီ ၅၃ မိနစ်တွင် အဆိုပါ ဘဏ်ရှေ့၌ လုံခြုံရေး ယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မုံရွာခရိုင်တပ်ရင်း(၂၂) မုံရွာ(နတ်ဆိုး)နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မြဝတီဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ပြီးနောက် တစ်ချိန်တည်းမှာ မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ကိုလည်း သွားရောက်တိုက် ခိုက်ခဲ့ကြသည်။
စီးပွားရေးဘဏ်ကို ပစ်ခတ်ချိန်တွင် ဘဏ်အရှေ့မှ ဘန်ကာကို ကားဖြင့်ဝင်တိုက်ပြီး အနီးကပ် ပေ ၃၀ အတွင်း ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျည်ထိမှန်ပြီး လဲကျသွားသည်ကို မျက်မြင် တွေ့ခဲ့ရသော်လည်း အသေအပျောက်စာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိကြောင်း မုံရွာနတ်ဆိုး အဖွဲ့မှတာဝန်ရှိ သူတစ်ဦးက မဇ္စျိမ ကိုပြောသည်။
မြဝတီဘဏ်တွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး၏ ရုပ်အလောင်းအား သယ်ယူသွားသည်ကို မျက်မြင်တွေ့ရှိသူထံမှ ပြန်လည်သိရှိရ၍ အတည်ပြုထားခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။
ဘန်ကာကိုတိုက်မိသော ကားမှာ ပျက်စီးသွားသဖြင့် စွန့်ပစ်ထားခဲ့ရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
https://youtu.be/1agTt7PL8vU
Video- မြဝတီဘဏ် တိုက်ခိုက်ခံရသည့် ရုပ်သံဖိုင်
စာတည်း - သန့်ဇော်(သန်လျင်)
#မြဝတီဘဏ်
#စကစ၄ဦးသေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စကစ တပ်သား ၄ ဦး သေဆုံးခဲ့သည့် မုံရွာ မြဝတီဘဏ် တိုက်ခိုက်ခံရမှု (ရုပ်သံဖိုင်)
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ် မြဝတီဘဏ်ရှေ့ရှိ စစ်ကောင်စီတပ် ကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့သည်။
ဧပြီလ ၂ ရက် နံနက် ၅ နာရီ…
ဧပြီလ ၂ ရက် နံနက် ၅ နာရီ…
❤7👍5👏1😁1🥴1
မေးခွန်းပေါက်ကြားမှုဖြင့် တိုင်းပညာရေးမှူးအပါအဝင် ၅ ဦး အလုပ်ဖြုတ်ခံရ ဆက်စပ်သူများ ဖမ်းဆီးစစ်ဆေးခံနေရဟုဆို
=================
007
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ တိုင်းပညာရေးမှူးအပါအဝင် ဝန်ထမ်းငါးဦးကို ရှစ်တန်း(အဋ္ဌမတန်း)စာမေးပွဲ မေးခွန်းပေါက်ကြားမှုဖြင့်၊ စစ်ကောင်စီက အလုပ်ကထုတ်ပယ်လိုက်ပြီး၊ ဖမ်းဆီးစစ်ဆေးနေကြောင်း ပညာရေးအသိုက်အဝန်းထံက သတင်းရရှိသည်။
“မေးခွန်းပေါက်ကြားမှုနဲ့ တိုင်းပညာရေးမှူးအပါအဝင် လူကြီးလေးယောက်၊ နောက်ပြီးတော့ စာရေးတစ်ယောက်၊ အားလုံးပေါင်းငါးယောက် အလုပ်ဖြုတ်ခံထားရတယ်၊ ရှစ်တန်းစာမေးပွဲဆိုတာက ခရိုင်စစ်ခေါ်တာပေါ့နော်၊ ကိုယ့် ခရိုင်နဲ့ကိုယ်မေးခွန်းထုတ်ရတာ၊ အဲဒါပေါက်ကြားမှုနဲ့ ဆွဲစိ (ဖမ်းဆီး)ခံရတာ” ဟု အမည်မဖော်ပြလိုသည့် ပညာရေးဝန်ထမ်း တစ်ဦးကပြောသည်။
မန္တလေးတိုင်းပညာရေးမှူး ဦးစန်းအောင်(ဒုညွှန်ချုပ်)နှင့်အတူ၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကြီးတန်းစာရေး စုစုပေါင်းဝန်ထမ်း ငါးဦးတို့ကို အလုပ်ကထုတ်ပယ်ပြီး၊ တိုင်းပညာရေးမှူးအပါအဝင် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ပညာရေးလောကမှာ၊ အလုပ်ကဖြုတ်ပစ်တဲ့အထိဆိုတာ တော်တော်လေးကို မရှိခဲ့တဲ့ ဖြစ်စဉ်ပါ၊ အများဆုံးနယ်ပြောင်းခံရတာလောက်ပဲရှိခဲ့ဖူးတယ်၊ အခုက နိုင်ငံရေးကိစ္စတွေလည်းပါတယ်လို့ ကြားတယ်၊ စာမေးပွဲမေးခွန်းပေါက်လို့ လို့ဆိုရအောင် ဖြေသမျှ အအောင်ပေးနေတာဆိုတော့၊ မေးခွန်းပေါက်ကိစ္စ မဟုတ်လောက်ဘူးလို့ ဝန်ထမ်းတွေဘက်က ဝေဖန်တာတွေရှိတယ်” ဟု အငြိမ်းစားပညာရေးဝန်ထမ်း အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍၊ တိုင်းပညာရေးမှူးရုံးနှင့် နီးစပ်သည့်အသိုက် အဝန်းထံစုံစမ်းကြည့်ရာတွင်၊ ဖြစ်စဉ် မှန်ကန်ကြောင်းနှင့် ရုံးတွင်း စာသာထုတ်ပြန်ထားသေးကြောင်း ၎င်းတို့ကဆိုသည်။
နောက်ဆက်တွဲသိရသည့်သတင်းများအရ၊ မေးခွန်းပေါက်ကြားမှုတွင် ပါဝင်ပတ်သက်ကြသည်ဟု စွပ်စွဲချက်ဖြင့်၊ ပညာရေးဝန်ထမ်းများ ကျောင်းသားမိဘများ ကျောင်းသားကျောင်းသူများနှင့် ပုံနှိပ်လုပ်ငန်းတချို့ကိုပါ ဖမ်းဆီး စစ်ဆေးနေကြောင်းသိရသည်။
အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း ခရိုင်စစ်)စာမေးပွဲကို၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့ အထိ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#အဋ္ဌမတန်း
#ခရိုင်စစ်
#စာမေးပွဲ
#မန္တလေးတိုင်း
#တိုင်းပညာရေးမှူး

👍12😁6❤2
ဧပြီလ (၄) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
=================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီနဲ့ PDF ပဋိပက္ခကြားမှာ ဝင်ပါမှာမဟုတ်ဘူးလို့ RCSS ထုတ်ပြန်လိုက် တဲ့သတင်း နဲ့အတူ အမှုရင်ဆိုင်ရမယ့် အမေရိကန်သမ္မတဟောင်း Donald Trump ဟာလက်ရှိမှာ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့သတင်း တွေ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ အမေရိကန်သတင်းထောက်ကိုပြန်လွှတ်ပေးဖို့ ရုရှားကို နေတိုးအကြီးအကဲတောင်းဆို လိုက်တဲ့အကြောင်းတွေပါဝင်တဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ ဒီနေ့အတွက်သတင်းသုံးသပ်ချက်၊ရွှေဈေးနှုန်းငွေဈေးနှုန်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်အစီအစဉ်တွေအဖြစ်နဲ့ “မရွှေမိုးရဲ့လေးညှို့သံ”အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” ဆိုတဲ့ သဘာဝကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/YI567oqLgGc
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီနဲ့ PDF ပဋိပက္ခကြားမှာ ဝင်ပါမှာမဟုတ်ဘူးလို့ RCSS ထုတ်ပြန်လိုက် တဲ့သတင်း နဲ့အတူ အမှုရင်ဆိုင်ရမယ့် အမေရိကန်သမ္မတဟောင်း Donald Trump ဟာလက်ရှိမှာ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့သတင်း တွေ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ အမေရိကန်သတင်းထောက်ကိုပြန်လွှတ်ပေးဖို့ ရုရှားကို နေတိုးအကြီးအကဲတောင်းဆို လိုက်တဲ့အကြောင်းတွေပါဝင်တဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ ဒီနေ့အတွက်သတင်းသုံးသပ်ချက်၊ရွှေဈေးနှုန်းငွေဈေးနှုန်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်အစီအစဉ်တွေအဖြစ်နဲ့ “မရွှေမိုးရဲ့လေးညှို့သံ”အစီအစဉ်နဲ့ “သဘာဝရဲ့လက်ဆောင်” ဆိုတဲ့ သဘာဝကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
https://youtu.be/YI567oqLgGc
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ (၄) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
စစ်ကောင်စီနဲ့ PDF ပဋိပက္ခကြားမှာ ဝင်ပါမှာမဟုတ်ဘူးလို့ RCSS ထုတ်ပြန်လိုက် တဲ့သတင်း နဲ့အတူ အမှုရင်ဆိုင်ရမယ့် အမေရိကန်သမ္မတဟောင်း Donald Trump ဟာလက်ရှိမှာ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့သတင်း တွေ အပါအဝင် နောက်ဆုံးရ ပြ…

👍4🍌2
မန္တလေးတွင် အမျိုးသား ၂ ဦး အသတ်ခံရ
=============
007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ အောင်မြေသာစံ မြို့နယ်တွင် သွေးသောက်အဖွဲ့ လည်ဆွဲကတ်နှင့်အတူ သတ်ဖြတ်ခံထားရသော အမျိုးသား ရုပ်အလောင်း နှစ်လောင်းကို ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။
အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရာအိမ်မှူးနှစ်ဦး အသတ်ခံခဲ့ရသည့် နေရာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
“သူတို့တည်နေရာ အညွှန်းအရဆိုရင် ရာအိမ်မှူး နှစ်ယောက် အသတ်ခံရတဲ့ လက်ဖက်ရည်ဆိုင်နဲ့ မလှမ်းမကမ်း လို့ပြောရမှာပဲ၊ မနေ့က ညဉ့်နက် သန်းခေါင်ကြီး အသံဗလံတွေတော့ ကြားလိုက်တယ်၊ ဒါပေမယ့် ဘယ်သူမှ ထွက်မ ကြည့်ရဲဘူး၊ အခုမနက်ကျမှ အလောင်းနှစ်လောင်းတွေ့လို့ဆိုတာ သိရတာ” ဟု အမည်မဖော်လိုသော မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါအလောင်းနှစ်လောင်းအား၊ မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက် ၈ လမ်းနှင့် ၈၆ လမ်းထောင့်အနီးတွင် ယနေ့နံနက်အစောပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း စစ်အုပ်စု၏ သတင်းရပ်ကွက်တွင် ဖော်ပြ ကြသည်။
အသတ်ခံရသူ နှစ်ဦးသည် အသက် ၅၀ ကျော်အရွယ် အမျိုးသား နှစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်ဖြတ်ခံရသူ နှစ်ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမာခံများဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုနေကြသော်လည်း မဇ္ဈိမအ နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မန္တလေး အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက် ၈၆ လမ်း၊ ၈ လမ်းနှင့် ၉ လမ်းကြားတွင် မတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက ရာအိမ်မှူးနှစ်ဦး လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေစဉ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။
အလားတူ ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းကလည်း ချမ်းမြသာစည်တောင်ရပ်ကွက် စံပြလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲဘေးတွင် သတ်ဖြတ်ခံထားရသော အမျိုးသား ရုပ်အလောင်းတစ်လောင်းကို သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြားနှင့်အတူ တွေ့ရှိခဲ့သေးသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#သွေးသောက်
#အမျိုးသားနှစ်ဦးအသတ်ခံရ
#မန္တလေး

👍6❤1🔥1😁1😢1
စစ်ကောင်စီပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစုများ တောင်းဆို
===================
ဂန္ဒမာ
(မဇ္ဈိမ)။ ။လာမည့်ရက်သတ္တပတ်အတွင်းကျရောက်မည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော် အပါအဝင် စစ်ကောင်စီမှ ကျင်းပရန်ပြင်ဆင်နေသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ(အကယ်ဒမီ)စသည့် ပျော်ပွဲရွှင်ပွဲ များတွင် ပြည်သူများပါဝင်ဆင်နွှဲခြင်းမပြုရန် တော်လှန်ရေးအင်အားစုများမှ တောင်းဆိုထားသည်။
“စစ်ကောင်စီက နိုင်ငံတဝှမ်း အကြမ်းဖက်မှုတွေနေ့စဉ်ပြုလုပ်နေတာ အားလုံးအသိဖြစ်ပါတယ်။ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတဲ့ ရဲဘော်တွေ ပြည်သူတွေလည်း တစ်နိုင်ငံလုံးမှာ ရှိနေပါ တယ်။ ဒီအခြေနေတွေကိုမေ့လျော့ပြီး သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား အသက်ဝင်စေလိုတာကြောင့် စစ်ကောင်စီက သင်္ကြန်ရော အကယ်ဒမီပေးပွဲကိုရော စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ ကြိုးစားနေ ပါတယ်။ ဒီအခြေနေတွေအပြင် စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကြောင့်ရော၊ အုပ်ချုပ်ဖို့ ကြိုးပမ်းမှု ညံ့ဖျင်းတဲ့အတွက်ကြောင့်ရော တစ်နိုင်ငံလုံး စီးပွားရေးနဲ့ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုကာလမှာ ပြည်သူလူထု (အထူးသဖြင့် မြို့ပြနေလူထုအနေနဲ့) တိုးတိုးတိတ် တိတ်လေးပဲ ကိုယ့်မိသားစုနဲ့ ချစ်ခင်ရသူတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်နေကြဖို့၊ ပျော်ရွှင်နေတဲ့ပုံရိပ်တွေကို လူမှုကွန်ရက်တွေမှာ မမျှဝေဖို့၊ အကယ်ဒမီပေးပွဲနဲ့ ပတ်သတ်တာမှန်သမျှကို boycott လုပ်ပြီး အဲဒီပွဲ အကြောင်းကို နည်းနည်းတောင်မပြောဆိုကြဖို့ တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်”ဟု တော်လှန်ရေး အင်အားစုများက မဇ္ဈိမကို ဖြေကြားသည်။
တောင်းဆိုရခြင်းအကြောင်းမှာ စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ၍ ယနေ့အချိန်ထိ စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များသည် နေ့ရောညပါ ပြည်သူလူထုကို မတရား ဖမ်းဆီးခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊ အဓမ္မပြု ကျင့်ခြင်း စသည့်စစ်ရာဇဝတ်မှုများကို အချိန်နှစ်နှစ်ကျော်ကြာလာသည်အထိ အဆက်မပြတ် ကျူးလွန် လျက်ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဆိုသည်။
ထို့ကြောင့် နိုင်ငံတဝှမ်းဖြစ်ပျက်နေသော ကပ်ဘေးများကြား တိုးတိုးလေးငိုနေသူများရှိသည့်အတွက် တိတ်တိတ်လေး ပျော်ပေးကြရန်၊ ပျော်ရွှင်နေသည့် ပုံရိပ်များကိုလည်း လူမှုကွန်ရက် စာမျက်နှာများတွင် ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် မတင်ကြရန်၊ မမျှဝေကြရန် တိုက်တွန်းနှိုးဆော်ကြခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများကို ပြည်သူ များမေ့လျော့သွားပြီး ၎င်းတို့၏အုပ်ချုပ်ရေးယန္တရား အသက်ဝင်လည်ပတ်နေနိုင်အောင် သင်္ကြန်ပွဲတော် နှင့် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေခြင်းဖြစ် ကြောင်း တော်လှန်ရေးအင်အားစုများက ပြောကြားသည်။
လူစုလူဝေးဖြစ်စေနိုင်သော အခမ်းအနားများကျင်းပမှုကို ကိုဗစ်ကာလမှစတင်ရပ်နားခဲ့ရာ အကယ်ဒမီ ပေးပွဲလည်းအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင်မူ စစ်ကောင်စီမှ ဖိအားပေးကာ အကယ်ဒမီပေးပွဲ ကျင်းပနိုင် အောင် စီစဉ်လျက်ရှိသည်။ ပြည်သူလူထုဘက်တွင် မရပ်တည်သည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ ကျင်းပဖို့ပြင်ဆင်နေခြင်းမျိုးလည်းရှိသလို မပါဝင်လိုသည့် အနုပညာရှင်များကိုလည်း ဖိအားပေးကာ ဖြစ်မြောက်အောင် ဆောင်ရွက်နေခြင်းများရှိသည်ကို ကြားသိထားရကြောင်းလည်း ဆိုသည်။
ထို့ကြောင့် စစ်ကောင်စီကကျင်းပမည့် သင်္ကြန်ပွဲတွင် မပါဝင်ခြင်း၊ စစ်ကောင်စီနှင့်ဆက်စပ်နေသည့် ကုန်ပစ္စည်းများ၊ တည်းခိုစရာနေရာများကို သပိတ်မှောက်ခြင်း၊ စစ်ကောင်စီကကျင်းပမည့် အကယ်ဒမီ ပေးပွဲကို မကြည့်ရှုခြင်း၊ မမျှဝေခြင်းတို့ဖြင့် နိုင်ငံတဝှမ်း စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှု အောက် စစ်ဘေးဒဏ်ကို ခံစားနေရကာ စစ်ဘေးရှောင်ပြည်သူများ၊ ပြန်မဆုံနိုင်တော့သော မိသားစု ဝင်များ၊ မလျှော့သောဇွဲဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသူများကို ငဲ့ညှာသောအားဖြင့် ယခုနှစ်သင်္ကြန်ကို မိမိ၏မိသားစုအနီးနားတွင်သာနေရင်း တိုးတိုးလေးပျော်ပေးကြရန် တော်လှန်ရေးအင်အားစုများမှ တောင်းဆိုထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပျော်ပွဲရွှင်ပွဲ
#စစ်ကောင်စီ
#တော်လှန်ရေးအင်အားစုများ
#သပိတ်မှောက်
#သင်္ကြန်
#အကယ်ဒမီ

👍12❤2👏1😁1🤮1
ဖလမ်း - ဟာခါးလမ်း ၂ ရက်တိုက်ပွဲအတွင်း လူနေအိမ် ၇ လုံးမီးရှို့သည့် စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံး
================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာပို့ရန်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိရာ နှစ်ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၂ဦး သေဆုံးခဲ့ပြီး ၎င်းတို့မှ လူနေအိမ် ခုနစ်လုံးကို မီးရှို့ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၃ ရက် နံနက် ၁၁ နာရီအချိန်တွင် ဖလမ်းမြို့နယ် တလန်ဇာရွာ အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့ကြောင်းဆိုသည်။
“မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က ခုနစ်ယောက်ကျတယ် ၊ အလောင်းတွေ ထမ်းသယ်နေတာကို အဝေးကနေ လှမ်းမြင်ရတယ် ၊ အဲဒါပြီးတော့ မီးရှို့ ကြတော့တာပဲ” ဟု တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများသည် တလန်ဇာရွာကို ဝင်ရောက်ပြီး လူနေအိမ် ခုနစ်လုံးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။
ယမန်နေ့တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို အနီးဝန်းကျင်ရှိ ပြည်သူ့နေအိမ်များတွင် ထည့်သွင်းမီးရှို့ခြင်းများ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့၏ ယမန်နှစ်အတွေ့အကြုံများပေါ်မူတည်ပြီး ၎င်းက သုံးသပ်ပြောဆိုသည်။
ယနေ့ ဧပြီလ ၄ရက် နံနက် ၈နာရီအချိန်တွင် တလန်ဇာနှင့် ရမ်ထလိုရွာအကြားတွင် ချင်းပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးရှစ်ကြိမ် ကြဲချခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း ဆလိုင်းထက်နီ က ဆက်လက်ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်း၏ ရှေ့နောက် လုံခြုံရေးများကိုသာမက လမ်းဘေးရှိ တောင်ပေါ်သို့ နေရာယူရန် တက်လာသည့် စစ်ကောင်စီတပ်သားများကိုပါ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် သေဆုံးမှုများအပြင် ယာဉ်တန်းနှင့်အတူပါလာသော JCV (မြေကော်စက်) မောင်းသူနှင့် ၊ ကုန်တင်ကားမောင်းသူပါ ဒဏ်ရာရရှိထားကြောင်း၊ တင့်ကားနှစ်စီးအကြား မိုင်းကျထားပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့သည် ရှေ့မတိုးနိုင်ဘဲ တလန်ဇာရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် လေကြောင်းမှ MI35 ဖြင့် လေးကြိမ် လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်သော်လည်း ရာသီဥတုမှာ မိုးရွာနေပြီး ၊တိမ်များဖုံးလွှမ်းနေသဖြင့် ချင်းပူးပေါင်းတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိကြောင်း ဆိုသည်။
အဆိုပါတိုက်ပွဲများကို CNA တပ်ဖွဲ့နှင့်အတူ CDF – Hakha ၊ CDF – Thantlang တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၂၂ရက်နေ့က ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဦးတည်ထွက်ခွာလာသည့် တင့်ကားနှစ်စီး၊ ကုန်တင်ယာဉ် အစီး ၃၀နှင့် အင်အား ၂၀၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ချင်းပူးပေါင်းတပ်ဖွဲ့များ၏ အကြိမ်ကြိမ်ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် အထိနာလျက်ရှိနေကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#ဖလမ်းမြို့
#ဟားခါးမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

👍10❤2😁2🔥1🥰1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
==================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၄ ရက် မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ပေါ်တစ်နေရာ၌ " သွေးစက်တိုင်းရဲ့ ငိုညည်းသံ သင်္ကြန်ရေနဲ့ မဆေးနဲ့၊ တော်လှန် သင်္ကြန်ဖြစ်ပါစေ ၊ ပေတစ်ရာပေါ်ကသွေးတွေ မခြောက်သေးဘူး"စာသားပါ ဘန်နာအား ကိုင်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။
စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် အဆိုပါ သပိတ်အဖွဲ့၏ ၄၁ ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#စကြဝတေးမင်းကြီးသပိတ်ကော်မတီ
#ဆန္ဒ

👍6❤3🔥1🥰1😁1
ဆားလင်းကြီးမြို့နယ်ရှိ မီးရှို့ခံရသောကျေးရွာမှ ပြည်သူများအား ခေါက်ဆွဲကြော်လှူဒါန်း
👍7❤4🔥1