Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆားလင်းကြီးမြို့နယ်ရှိ မီးရှို့ခံရသောကျေးရွာမှ ပြည်သူများအား ခေါက်ဆွဲကြော်လှူဒါန်း
====================

ကိုရွှေမြိတ်
(မဲဆောက်)မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မီးရှို့ခံထားရသော အိမ်ထောင်စု ၁၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ပြီး လူဦးရေ ၆၀၀ အတွက် ခေါက်ဆွဲကြော်ဘူးများ လှူဒါန်းပေးခဲ့ကြောင်းဆိုသည်။

" ကျနော်တို့အနေနဲ့ အိမ်ထောင်စု ၁၂၈ စု လူဦးရေ ၆၀၀ အတွက် ဘူးရေ ၆၀၀ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ Mi Mi Lay Lin Family (Australia) ရဲ့ကူညီမှုနဲ့လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကျနော်တို့ အညာပစ်တိုင်းထောင်လေးများအနေနဲ့လည်း နောက်ထပ် လှူဒါန်းနိုင်ဖို့ကြိုးစား နေပါတယ်" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြောသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေသည့် အဖွဲ့ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများကိုလည်း စားနပ်ရိက္ခာများနှင့် အခြားသော လိုအပ်သည့် အကူအညီများကို ထောက်ပံ့ပေးနေသည့် အဖွဲ့လည်း ဖြစ် သည်။

စာတည်း - Alden
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)

#ဆားလင်းကြီး
#ကျေးရွာ
#အညာပစ်တိုင်းထောင်
#ဘူး_၆၀၀
👍11❤4🔥1
Media is too big
VIEW IN TELEGRAM
စီးပွားရေးကျဆင်းခြင်းကြောင့် ဗီယက်နမ်ရှိကုမ္ပဏီများ ဝန်ထမ်းအင်အားလျော့ချနေရ

Watch more detail - https://www.youtube.com/watch?v=UqaXi1VFiOU

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍15😁3❤1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၄ ဧပြီ ၂၀၂၃ ) 
=======================

ကိုကိုးကျွန်းတွင်တရုတ် ရေတပ်စခန်းဆောက်လုပ်နေသည်ဟု အိန္ဒိယသတင်းများတွင် ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Vinay Kumar သည် အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနှင့်ဝန်ကြီးများကို ဧပြီ (၃) ရက်က နေပြည်တော်၌ သီးခြားစီသွား ရောက် တွေ့ဆုံခဲ့သည့်အတွက် အိန္ဒိယက စစ်ကောင်စီကို ဖိအားများပေးလာဖွယ်ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁3
​​ထိုင်းသင်္ကြန်၌ အသုံးအစွဲ ဒေါ်လာ ၃ ဘီလီယံကျော် ရှိမည် ခန့်မှန်း 
==========================

စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာခြင်းကြောင့် လာမည့် ထိုင်းနှစ်သစ်ကူးပွဲတော်အတွင်း ပြည်သူများ၏ သုံးစွဲမှုသည် လေးနှစ်တာအမြင့်ဆုံးအဖြစ် ၁၇ ရာခိုင်နှုန်း တိုးမြင့်ကာ ဘတ်ငွေ ၁၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၅ ဘီလီယံ) ရှိလာနိုင်သည်ဟု ကုန်သွယ်ရေးတက္ကသိုလ်က အင်္ဂါနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းမှ တောမီးနှင့် မီးခိုးမြူလေထုညစ်ညမ်းမှုကိစ္စ
အိမ်နီးချင်းနိုင်ငံတွေထံ အသိပေးပြီးဖြေရှင်းဖို့ ကြိုးစားနေ

Watch more detail -
https://www.youtube.com/watch?v=UqaXi1VFiOU

#reels
#shorts
#BusinessRoundUp
#MizzimaTV
👍7🔥1😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ခုနှစ် ဧပြီလ ၄ ရက်ထုတ်လွှင့်မှုများ
============================

https://youtu.be/Vvr1555WOCw

#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🍌2
​​သမိုင်းဝင်အရွေ့အဖြစ် ဖင်လန်က နေတိုးထဲ ပါဝင်လာ၊ တန်ပြန်သွားမည်ဟု ရုရှ ခြိမ်းခြောက် 
===========================

ဖင်လန်နိုင်ငံသည် နေတိုးအုပ်စုထဲ အင်္ဂါနေ့တွင် တရားဝင် ပါဝင်လာပြီဖြစ်ပြီး ၎င်း၏ အလံသည် စစ်မဟာမိတ် နေတိုးအုပ်စု၏ ဘရပ်ဆဲလ်ရှိ ရုံးချုပ်အပြင်ဘက်တွင် တလူလူ လွှင့်လျက် ရှိပြီဖြစ်သည်။ ယူကရိန်းအား ရုရှကျုးကျော်စစ်ကြောင့် ဖြစ်ပေါ်လာသော သမိုင်းဝင် မူဝါဒအရွေ့အဖြစ် ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်လာခြင်းကို “တန်ပြန်” သွားမည်ဟု ရုရှက ခြိမ်းခြောက်ပြောဆိုလာခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏2🔥1
ဧပြီလ (၅) ရက် ဗုဒ္ဓဟူးနေ့ မနက် မဇ္ဈိမ ရေဒီယိုအစီအစဉ်
======================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ 
 မတ်လအတွင်း ကလေးသူငယ် ၂၇ ဦးအပါအဝင် လူ ၂၀၀ ကျော် သတ်ဖြတ်ခံရဟု NUG ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ   

ဖမ်းဆီးခံ ဆရာ၊ဆရာမများအားလုံးကို ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေးတဲ့သတင်းတွေအပါအ၀င် အခြားစိတ်၀င်စားစရာကောင်းတဲ့ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေး သတင်းတွေကို နားဆင်ရမှာပါ။  

 သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ ဆောင်းပါးအစီအစဉ် ကိုနားဆင်ရမှာကပါ။  
ဒီတစ်ပတ်မှာတော့ အာဏာရှင်ရဲ့ပရိတ်သတ်ဆိုတဲ့ခေါင်းစဉ်နဲ့ မရွှေမိုးရေးထားတဲ့ဆောင်းပါးကို ကိုယ်တိုင်ဖတ်ပြပြီး တင်ဆက်ပေးမှာဖြစ်ပါတယ်။  

https://youtu.be/Kq0xFKp8yj8
 
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2
ကျွန်မတို့ အလေးထားတဲ့လူတွေကို ထိခိုက်လာရင် ဒါက တကယ်ကို ကိုယ်ရေးကိုယ်တာ ကိစ္စပဲလား..?
=====================

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်လာတာ မဟုတ်ပဲ အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင်၊ ဘယ်လိုပဲ ဖြစ်နေပါစေ အချိန်မရွေး နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။ နှုတ်ဆိတ်နေမယ်ဆိုရင်တော့ ဒီလိုပြဿနာတွေက ပိုပြီးတော့ ကြီးထွားလာမှာပါ။

ကျွန်မတို့ရင်ထဲက အသံတွေ၊ လုပ်ရပ်တွေကို အသုံးပြုပြီးတော့ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ကြရအောင်ပါ။

https://youtu.be/x3r_g0W3AHM

လူတိုင်းအတွက် ပိုမိုလုံခြုံစေဖို့ အတူတကွလုပ်ဆောင်ကြပါစို့..။

#Sexual_violence
#PSA
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌1🖕1
ပြည်သူရှိနေသရွေ့ပါတီရှိနေမယ် (ဆောင်းပါး)
================

တရားမဝင်ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကိုအသုံးချပြီး စစ်ကောင်စီက NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီစုစုပေါင်း ၄၀ ကိုဖျက်သိမ်းလိုက်ပါတယ်။ ဒီလိုအရေးတွေကြုံလာမယ်ဆိုတာ ဖမ်းဆီး ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီခေါင်းဆောင်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုတွက်ထားပုံရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံ ထားရစဉ်ကတည်းက “ပြည်သူရှိနေသရွေ့ပါတီရှိနေမယ်”ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကပြည်သူတွေကို သတင်းစကားပါးထားခဲ့တာဖြစ်ပါတယ်။ NLD နဲ့ အတူ ဖျက်သိမ်းခံရတဲ့ပါတီတွေထဲမှာ ဒေသအလိုက် လူထု ထောက်ခံမှုရထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) တို့လည်းပါဝင်ခဲ့တာဖြစ် ပါတယ်။

https://youtu.be/0pQ2rFbQC14

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12❤3😁2🤮1
ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥3
“အရိပ်ကိုသာ ယူစေ”
===========

မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။ 
ဒီနေ့တော့ “အရိပ်ကိုသာ ယူစေ”ဆိုတဲ့ ဗမာပုံပြင်လေးကို ပြောပြပါမယ်။ 

သစ်ခုတ်သမားကိုမိုးညိုနဲ့  ငါးကြော်သည်တစ်ယောက်အကြောင်းကနေ မတရားလုပ်တာခံရရင် ရင်ဆိုင်အနိုင်ယူဖို့ နည်းသစ်တစ်ခုရသွားနိုင်ပါမယ်။

နားထောင်ကြည့်ပါနော်။ 

https://youtu.be/Vi8_ElwAj-k

#ပုံပြောပြမယ်
#ပုဂံ
#ပုံပြင်
#သစ်ခုတ်သမား
#ငါးကြော်သည်
#အရိပ်ကိုသာယူစေ

👍9❤1🔥1🍌1