Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီးမော့ဆိုအနောက်ဘက်ခြမ်းအားစကစတပ်မှလက်နက်ကြီးဖြင့်ပစ်မှုကြောင့်လူအချို့ဒဏ်ရာရကာပစ္စည်းများပျက်စီး
====================

ဂန္ဒမာ(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် လူအချို့ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူပိုင်ပစ္စည်းတွေလည်း ပျက်စီးမှုရှိခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ယခုလိုပစ်ခတ်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ အိမ်ပိုင်ရှင်အမျိုးသမီးကလည်း ၎င်းကြုံတွေ့နေရတဲ့ အခက်အခဲများကို ပြောပြလာခဲ့ပါတယ်။

ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။
ရုပ်သံ
တည်းဖြတ်/တင်ဆက် - ဂန္ဒမာ

https://youtu.be/7K3zKVa3fm4

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1😁1🤬1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၅ ဧပြီ ၂၀၂၃ )
=======================

· ကရင်ပြည်နယ်နှင့်စစ်ကိုင်း၊ကရင်နီဘက်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်းအကူအညီရယူကာ တိုက်ခိုက်နေသည်။တော်လှန်ရေးအဖွဲ့များမှလည်း သင်္ကြန်ပွဲတော် မတိုင်မီ တိုက်ပွဲများ ပြင်းထန်လာနိုင်၍ မလိုအပ်ပါက ခရီးမထွက်ကြရန် ပြည်သူများကို ပန်ကြား ထားသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍6🔥1👏1
ဧပြီလ (၀၆) ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ကရင်ပြည်နယ်ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်နဲ့ချီ ထွက်ပြေး နေရတဲ့သတင်းနဲ့အတူ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သက်ကြီးရွယ်အိုအတော်များများ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာပြောဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/EufybRkSXKg


#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁1🤮1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီလ ၆ ရက် ၂၀၂၃ ခုနှစ်) | VOA On Mizzima
===================

ပြဿနာရဲ့အဖြေကို ချဉ်းကပ်တင်ပြတဲ့ သတင်းမီဒီယာအကြောင်းနဲ့ ဖွားဖွားတွေကန်တဲ့ ဘောလုံးပွဲ အကြောင်း၊ အပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေ၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/i3NZwz7W5cA

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁1🤮1
​​DONATE TO HELP

FM Radio Stations in Myanmar's rural communities
Mizzima FM radio delivers essential information to at risk Myanmar communities. This includes Myanmar’s ethnic communities as well as regions of the country experiencing the heaviest fighting.

Without Mizzima FM radio, populations in these regions may otherwise lack a reliable and secure means to access information – thereby jeopardizing their safety and livelihood.

Donate here - https://bit.ly/2VhJ12U
#supportfmradio
#mizzimaradio
#donationsneeded
#donate
👍8😁1🤮1
ကြံ့ခိုင်ရေးပါတီက မိုက်ကယ်ကျော်မြင့်နှင့် စစ်လော်ဘီမီဒီယာအချို့ကို ၆၆ (ဃ) ဖြင့် အမှုဖွင့်
😁8👏2
ကြံ့ခိုင်ရေးပါတီက မိုက်ကယ်ကျော်မြင့်နှင့် စစ်လော်ဘီမီဒီယာအချို့ကို ၆၆ (ဃ) ဖြင့် အမှုဖွင့်
=======================

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လကျ်ာစွန်း ဝါဒီ မိုက်ကယ်ကျော်မြင့်နှင့် စစ်လော်ဘီမီဒီယာအချို့ကို ဧပြီ ၅ရက်နေ့ နေပြည်တော် ဒက္ခိဏသီရိ မြို့မရဲစခန်းတွင် ၆၆( ဃ) ဖြင့် အမှုဖွင့်ခဲ့ရကြောင်း ၎င်းတို့လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရသည်။

အမှုဖွင့်ရခြင်း ဖြစ်ရပ်မှာ ထိုင်းနိုင်ငံနှင့် မလေးရှားသို့ ပို့ပေးမည်ဟုဆိုကာ လူ၁၀၀၀၀ ကျော်ထံမှ ငွေသိန်းပေါင်း ၅၀၀၀၀ ကျော် လိမ်လည်ခဲ့သည့် Star High နှင့် 7 Star High ကုမ္ပဏီတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ၏ တူမနှင့် မြေး ကိုယ်တိုင် ပါဝင်နေကြောင်း မိုက်ကယ်ကျော်မြင့်မှ သတင်းစာရှင်းလင်းပွဲလုပ်ရာမှ ဖြစ်ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီနာမည်ကို ထုတ်ဖော်ပြောကြားခဲ့မှုနှင့် ယင်းသတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်ပြီး သတင်းဖော်ပြသည့် စစ်လော်ဘီ မီဒီယာအချို့ကိုပါ ကြံ့ခိုင်ရေးပါတီမှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ အေးဂျင်စီမှ အလိမ်ခံထားရသည့် သူများသည် အမှုဖွင့်သော်လည်း ရဲစခန်းများမှ အမှုကိုလက်ခံ ဖွင့်ပေးခြင်းမရှိကြောင်း မိုက်ကယ်ကျော်မြင့်က ပြောထားပြီး စစ်အာဏာရှင် မင်းအောင်လှိုင်သည် မလုပ်ရဲတာ ဘာမှမရှိကြောင်းကိုပါ ပြောဆိုထားသည်။

“နစကအစိုးရလက်ထက်မှာ နိုင်ငံရေးလောကထဲက နာမည်အရှိန်အဝါကိုသုံးပြီး ဘယ်လိုလူမျိုးကမှ ပြည်သူကိုအနိုင်ကျင့် ဂုတ်သွေးစုပ်လို့ မရပါဘူး။ ခင်ဗျားတို့အားလုံးသိဖို့က ဥပဒေနဲ့ညီရင် ကျုပ်တို့ တိုင်းပြုပြည်ပြု‌ ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာပါပဲ “ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားခဲ့သည်။

မတ် ၂၈ရက် သတင်းစာရှင်းလင်းပွဲမလုပ်ခင်အချိန်တွင် မိုက်ကယ်ကျော်မြင့်သည် ၎င်း၏ လူမှုကွန်ရက်မှ အဆိုပါလိမ်လည်မှုတွင် နောက်ကွယ်က အကောင်ကြီးကြီး နိုင်ငံရေးပါတီတစ်ခုပါဝင်နေကြောင်း ပိုစ့်များရေးသားခဲ့ပြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီးချိန်တွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီအား ဥက္ကကြီး လောင်ကီးဟု၍ လည်းကောင်း နာမည်တပ်ဆဲဆိုခြင်းများနှင့် “ ပြည်သူတွေ စိတ်ဆင်းရဲ ဒုက္ခရောက်စေမည့် ပြဿနာများကို ကာကွယ်ဖြေရှင်းပေးသွားမည် ၊ သို့သော် ငါ့တူမ ငါ့မြေး ငါ့ဆွေမျိုးတို့၏ လိမ်လည်ယုတ်မာမှုကြောင့် ပြည်သူတွေဆင်းရဲဒုက္ခရောက်လျှင် ငါနဲ့လားလားမှမဆိုင်”ဟူ၍ လည်းကောင်း ရေးသားထားသည်။

ထိုသို့ ကြံ့ခိုင်ရေးပါတီကို မိုက်ကယ်ကျော်မြင့် ပြောဆို လုပ်ဆောင်နေမှုများသည် အခြားပါတီများမှ သတင်းအချက်အလက်များနှင့် ငွေပေးခိုင်းစေမှုကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများကိုလည်းမိုက်ကယ်ကျော်မြင့်မှ ပြည်သူတွေရဲ့ မျက်ရည်ကို မကြည့်ရက်နိုင်လို့ပါ ဟုသာဆို၍ ငွေပေးခိုင်းစေသည်ဟူသော အချက်ကိုမူ ပြန်လည်ဖြေရှင်းခြင်း မရှိသည်ကို တွေ့ရသည်။

ယခုအမှုဖွင့်ခံထားရသည့် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) သည် ပုဂ္ဂိုလ်တစ်ဦးဦးကို ခြောက်လန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း ၊ နှောက်ယျက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ဖြစ်ပြီး ပြစ်ဒဏ်အနေဖြင့် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
👍12😁9👏8
ပြဿနာရဲ့အဖြေကို ချဉ်းကပ်တင်ပြတဲ့ သတင်းမီဒီယာ | VOA On Mizzima
===========================

သတင်းမီဒီယာတွေဟာ ကမ္ဘာပေါ်က သတင်းဆိုးတွေကိုပဲ အများအားဖြင့် အာရုံစိုက်တတ်ကြတယ် ဆိုပြီး ဝေဖန်ခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ ပြဿနာတွေကို တင်ပြုံရုံသက်သက် မဟုတ်ဘဲ ပြဿနာရဲ့အဖြေကို ချဉ်းကပ်တင်ပြတဲ့ သတင်းမီဒီယာတွေ ရှိတဲ့အကြောင်း Dino Jahic သတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။

https://youtu.be/YJRHW_vd9Is

#VOA
#MizzimaTV
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤3😁2
​​မဲမှောင်ပျောက်ကြားတပ်ဖွဲ့အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာအတု ထွက်ပေါ်
====================

JC
(မဇ္ဈိမ)။ ။ မြေပြင်တွင် အမှန်တကယ်လှုပ်ရှားနေသည့် မဲမှောင်ပျောက်ကြားတပ်ဖွဲ့၏အမည်အသုံးပြုကာ ဖေ့စ်ဘုတ်စာမျက်နှာဖွင့်၍ စစ်ဆင်ရေးဖိုင်အဟောင်းများကိုသုံးပြီး ၎င်းတို့လှုပ်ရှားမှုအဖြစ်ပုံဖော်ကာ အလှူငွေကောက်ခံခြင်းများ ပြုလုပ်နေသည်။
“မဲမှောင် ပျောက်ကြားတပ်ဖွဲ့” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာတွင် ဧပြီလ ၂ ရက်နေ့က ဝမ်းနည်းကြေ ကွဲခြင်းဟုဆိုကာ ၎င်းတို့တပ်ဖွဲ့တွင် လက်နက်စမ်းသပ်ထုတ်လုပ်ပြီး အဖွဲ့ဝင်ခုနစ်ဦးကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကို ဖြန့်ဝေမှု ၁၂၃ ခု ရှိခဲ့ပြီး စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များတွင်လည်း ထိုအကြောင်းကို လှောင်ပြောင်ခြင်းများ ရှိခဲ့သည်။

မဲမှောင် ပျောက်ကြားတပ်ဖွဲ့စာမျက်နှာအတုတွင် အလှုခံနေသည်များလည်းရှိရာ လှူဒါန်းသူများအား အသိအမှတ်ပြုဖြတ်ပိုင်းများကိုလည်း ဖြန့်ဝေထားသည်ကို တွေ့ရသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ မဇ္ဈိမမှအချက်အလက်စစ်ဆေးခဲ့ရာ အဆိုပါပေ့ချ်မှာ စစ်ကိုင်းတိုင်း၊ ယင်း မာပင်ခရိုင်တွင် စစ်ရေးလှုပ်ရှားနေသည့် ပြောက်ကျားတပ်ဖွဲ့တဖွဲ့ဖြစ်သော “မဲမှောင်ပျောက်ကြားတပ်ဖွဲ့” ၏အမည်ကိုအသုံးပြုထားသည့် စာမျက်နှာအတုဖြစ်ပြီး ရဲဘော်ခုနစ်ဦးသေဆုံးခြင်းမှာလည်း မဟုတ်မှန် ကြောင်း သိရသည်။

မဇ္ဈိမအနေဖြင့် “မဲမှောင်ပျောက်ကြားတပ်ဖွဲ့”မြေပြင်တွင် အမှန်တကယ်လှုပ်ရှားမှု ရှိ မရှိကို ယင်းမာပင် မြို့နယ်သတင်းမှန်ပြန်ကြားရေးသို့မေးမြန်းရာတွင် လှုပ်ရှားမှုရှိကြောင်း စာဖြင့်ပြန်လည်ဖြေကြားသည်။

တဖန် “မဲမှောင်ပျောက်ကြားတပ်ဖွဲ့”အမည်ရှိ စာမျက်နှာနှစ်ခုကိုနှိုင်းယှဉ်ရာတွင် အမှန်တကယ်တည်ရှိပြီး လှုပ်ရှားနေသည့် “မဲမှောင်ပျောက်ကြားတပ်ဖွဲ့”၏ ဖေ့စ်ဘုတ်စာမျက်နှာသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကတည်းက ဖွင့်လှစ်အသုံးပြုခဲ့ပြီး အမည်မှာ “မဲမှောင်ပျောက်ကြားတပ်ဖွဲ့” ဖြစ်သည်။

စာမျက်နှာအတုသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကမှ စတင်အသုံးပြုနေခြင်းဖြစ်ပြီး အမည်မှာ “မဲမှောင် ပျောက်ကြားတပ်ဖွဲ့” ဖြစ်ပြီး ကြားတွင် ကွက်လပ်တစ်ခုခြားထားသည်။
“မဲမှောင်ပျောက်ကြားတပ်ဖွဲ့၏”စာမျက်နှာအစစ်မှလည်း ဧပြီ ၃ ရက်နေ့တွင် ရဲဘော်ခုနစ်ဦးကျဆုံးသည် ဟုဆိုကာ ၎င်းတို့အဖွဲ့မည်ကို အလွဲသုံးစားလုပ်စားနေကြောင်းနှင့် ယခုချိန်ထိ အထိအခိုက်အကျအဆုံး မရှိကြောင်း ရှင်းလင်းထားသည်။

လင့် - t.ly/c53G
“မဲမှောင်ပျောက်ကြားတပ်ဖွဲ့”မှတာဝန်ရှိသူတစ်ဦးအား မဇ္ဈိမမှမေးမြန်းရာတွင် “ကျနော်တို့ အဖွဲ့နာမည်နဲ့ လုပ်စားနေတာပါ။ ကျနော်တို့အဖွဲ့ ယနေ့အချိန်အထိ အကျအဆုံးရဲဘော်မရှိဘူးဗျ။ နာမည်တွေကလည်း လုပ်ရေးထားတာ” ဟု ပြန်လည်ဖြေကြားသည်။
စာမျက်နှာအစစ်မှ ဖော်ပြထားသည့် ယခင် စစ်ဆင်ရေးလှုပ်ရှားမှု ဗီဒီယိုများကိုအသုံးပြုပြီး လက်ရှိတွင် စစ်ဆင်ရေးပြုလုပ်သယောင်ဖြင့် စာမျက်နှာအတုတွင် ဖော်ပြလျက်ရှိနေသည်။

စာမျက်နှာအစစ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကဖော်ပြထားသည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရေကားရွာမှဝင်လာသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြောင်းထုတ် ပြန်သည့် ဗီဒီယိုကို စာမျက်နှာအတု၌ ယခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စစ်ဆင်ရေးပြုလုပ်ကြောင်း ဖော်ပြ ထားသည်။

တဖန် စာမျက်နှာအစစ်က ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ကို စာမျက်နှာအတုက ယခုနှစ် ဧပြီလ ၃ ရက်နေ့တွင် စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ဖော်ပြထားသည့် တိုက်ပွဲသတင်းထုတ်ပြန်ချက် ဗီဒီယိုဖိုင်ကိုလည်း စာမျက်နှာအတုတွင် ယခုနှစ် ဧပြီ ၂ ရက်နေ့က တိုက်ခိုက်သည့်ဖိုင်အဖြစ် ဖော်ပြထားသည်။

တိုက်ပွဲထုတ်ပြန်ချက်အစစ်လင့်များ - https://bit.ly/3m6QtLE, https://bit.ly/3nQHDSD, https://bit.ly/3GefzPK
ထို့ကြောင့် “မဲမှောင် ပျောက်ကြားတပ်ဖွဲ့” အမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာသည် အမှန်တကယ်တည်ရှိ သည့်အဖွဲ့ပုံရိပ်ကိုအသုံးပြုကာ အလှူငွေကောက်ခံခြင်း၊ ယခင်ထုတ်ပြန်ချက်ဗီဒီယိုဖိုင်များအား ယခုဖြစ် စဉ်ကဲ့သို့ ကူးယူဖော်ပြခြင်းများပြုလုပ်နေသည့် စာမျက်နှာအတုသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#PDF_Fake_Page
#မဲမှောင်ပျောက်ကြားတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👍15😁2
ဧပြီလ ၆ ရက်နေ့ နံနက် ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥3
​​ဗီယက်နမ်တွင် ကမ္ဘာလှည့်ခရီးသွား ရဟတ်ယာဉ် ပျက်ကျ၍ ၂ ဦး သေဆုံး 
========================

ဗီယက်နမ်နိုင်ငံတွင် လူ ငါးဦး လိုက်ပါသော ကမ္ဘာလှည့်ခရီးသွား ရဟတ်ယာဉ်တစ်စင်းသည် ကောင်းနင်းပြည်နယ်နှင့် ဟိုင်ပွန်မြို့ နယ်စပ်တွင် ပျက်ကျရာ နှစ်ဦး သေဆုံးပြီး သုံးဦး ပျောက်ဆုံးလျက် ရှိသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥2😢2
“ပတ္တမြားမင်းသားလေးရဲ့ စွန့်စားခန်း”
==============

မင်္ဂလာပါ။ “ပုံပြောပြမယ်” အစီအစဉ်လေးကနေ ကြိုဆိုပါတယ်။
ဒီနေ့တော့ “ပတ္တမြားမင်းသားလေးရဲ့ စွန့်စားခန်း ” ဆိုတဲ့ မွန်ပုံပြင်လေးကိုပြောပြပါမယ်။
အောင်မြင်ဖို့ ပညာကြီးမှု၊ ဝိရိယရှိမှု နဲ့ ကြင်နာတတ်မှုက ဘယ်လောက် အရေးကြီးလဲဆိုတာ သတိထားမိလာနိုင်မဲ့ ပုံပြင်လေးပါ။
နားထောင်ကြည့်ပါနော်။

https://youtu.be/X7ukFfCpUaQ

#ပုံပြောပြမယ်
#မွန်
#ပုံပြင်
#ပတ္တမြားမင်းသားလေးရဲ့စွန့်စားခန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
April - 6 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews
#mizzimanewshour
#reels
#shorts
🔥1😁1🤮1
အစ္စတန်ဘူမြို့ခံ လမ်းဘေးခွေးတွေကြောင်တွေရဲ့ဘ၀ | VOA On Mizzima
============================

တူရကီနိုင်ငံ အစ္စတန်ဘူမြို့တော်မှာ လမ်းဘေးခွေးတွေကြောင်တွေ အများကြီးနေထိုင်ကြတဲ့အကြောင်းနဲ့ နာမည်ကြီးနေတာပါ။ မြို့နေလူဦးရေ ၁၅ သန်းရှိပြီး လမ်းဘေးခွေးနဲ့ကြောင်အကောင်ရေ ၄ သိန်းကနေ ၆ သိန်းကြားမှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မြို့ခံတွေနဲ့တသားတည်း စောင့်ရှောက်ပေးထားတဲ့ လမ်းဘေးခွေးတွေကြောင်တွေအကြောင်း အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/ISezBKrUe5M

#VOA
#MizzimaTV
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1
မြန်မာ့အရေးဆွေးနွေးမှုအခြေအနေများတိုးတက်နေကြောင်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီ ပြော
=================

မြန်မာ့အရေးဖြေရှင်းဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေရာ မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းနိုင်ဖို့ တိုးတတ်မှုများလည်းရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် သုံးလအတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မနေ့က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးမှုများကို အာဆီယံကကိုင်စွဲထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီမှုမှာပါတဲ့ အချက်တွေအတိုင်း လုပ်ဆောင်လျက်ရှိနေပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်း များထဲမှာ ယခင်က တွေ့ဆုံခဲ့ခြင်းမရှိတဲ့ အဖွဲ့အစည်းများ ပါဝင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံရေး အခက်အခဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် တွေ့ဆုံခဲ့တဲ့အဖွဲ့အစည်းများ အမည်ကို အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တရားဝင်တွေ့ဆုံဆွေးနွေးတာတွေလုပ်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက တောင်းဆိုနေတာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာ စစ်ကောင်စီဘက်နဲ့ပဲ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ မတ်လ ၁၃ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးခဲ့ပြီး အဲဒီအစည်းအဝေးမှာ အာဆီယံဘုံသဘောတူညီချက်ငါးချက်အတိုင်း အင်ဒိုနီးရှားရဲ့ ဦးဆောင်မှုကို ထောက်ခံခဲ့ကြတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောပါတယ်။

အာဆီယံသဘောတူညီချက်ငါးချက်ထဲမှာ အကြမ်းဖက်မှုများရပ်တန့်ဖို့၊ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး စတဲ့အချက်များ ပါဝင် နေပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ လိုအပ်နေသူများကို ကူညီထောက်ပံ့ပေးနိုင်ဖို့ အာဆီယံရဲ့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ လူသားချင်း ဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ (AHA Centre) နှင့်လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဝန်ကြီးရက်နိုမာဆူဒီ က ပြောခဲ့ပါတယ်။

အာဆီယံသဘောတူညီချက်များ အကောင်အထည်ဖော်ရေးဟာ အင်ဒိုနီးရှားနဲ့ အာဆီယံအဖွဲ့ရဲ့ ဦးစား ပေးလုပ်ငန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးအခက်အခဲများ အဆုံးသတ်နိုင်ဖို့ စေ့စပ်ဆွေးနွေးမှုများ က အဓိက အရေးပါနေကြောင်း ပြောပါတယ်။

https://youtu.be/y4MFsLpucSY


#PolitiecalNews
#VideoNews

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🥴3🤣3💩2😁1