ယင်းမာပင်တွင် ဗ.က.သ ဖွဲ့စည်းခြင်း ၁ နှစ်ပြည့်အဖြစ် စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒထုတ်ဖော်
====================
မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အဖြစ် ဧပြီလ ၅ ရက်နေ့တွင် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
“ ဖက်ဆစ်ရွေးကောက်ပွဲကိုဆန့်ကျင်ကြ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ထုတ်ကြ” ဆိုသည့် ခေါင်းစဉ်ဖြင့် ယင်းမာပင်မြို့တစ်နေရာ၌ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စစ်ကိုင်းတိုင်းရှိ ယင်းမာပင်မြို့နယ်အပါအဝင် ၁၄ မြို့နယ်ကို စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
ဓာတ်ပုံ - ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ယင်းမာပင်
#ဗကသ
#ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8🔥4😁1
ရှေ့တန်းသို့ ထမင်းသွားပို့သည့် ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင် အပါအဝင်၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
😢10🔥3👍1👏1
ရှေ့တန်းသို့ ထမင်းသွားပို့သည့် ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင် အပါအဝင်၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
====================
သွင်ထူးဈာန် (ကော်သူးလေ)
(မဇ္စျိမ) ။ ။ ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မဲကနယ်ကျေးရွာတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်သို့ ထမင်းသွားပို့သည့် ကျားသစ်နက်စစ်ကြောင်းတပ်ဖွဲ့ဝင် အပါအဝင် နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ကာ ပစ်သတ်ခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ထမင်းပို့သွားသူ ဦးမျိုးနှင့် ရဲဘော်ဟင်္သာတို့နှစ်ဦးသည် ဧပြီလ၄ရက်နေ့ ညနေ ၆နာရီတွင် မဲကနယ်(အတွင်း)ကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံကာ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
“စစ်ကောင်စီတပ်တွေက ရွာထဲကို ကြားပေါက်ဝင်ရောက်လာတာ၊ ထမင်းသွားပို့တာက ရဲဘော်တစ်ယောက်ရဲ့ ဦးလေး မိသားစုဝင်ပေါ့လေ။ သူနဲ့ နောက်ထပ်ရဲဘော်တစ်ယောက်တို့ အတူ ရှေ့တန်းကို ထမင်းသွားပို့တာ သွားပို့ရင်း သူတို့နဲ့တွေ့ပြီး အသတ်ခံခဲ့ရတာ” ဟု ကျားသစ်နက်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီလ၅ရက်နေ့တွင် ကျားသစ်နက်စစ်ကြောင်းက သတ်ဖြတ်ခံရသူ နှစ်ဦး၏ ရုပ်အလောင်းကို သယ်ယူလာကာ သင်္ဂြိုဟ်ပေးခဲ့ကြောင်းသိရသည်။
“ဦးမျိုးက ဆိုင်ကယ်မောင်းတာ၊ ရဲဘော်က နောက်ကနေ လိုက်တာပေါ့။ ရွာထဲမှာ စစ်ကောင်စီတွေ ရောက်ပြီး ကင်းပုန်းဝတ်နေတာကို မသိလိုက်ဘူး ။ အဲ့မှာ အပစ်ခံလိုက်ရတာ၊ ဦးမျိုးကတော့ နေရာမှာပဲ ကျသွားတယ်။ ရဲဘော်ဟင်္သာကတော့ မသေခင် နှိပ်စက်ခံလိုက်ရတယ်။ လက်နှစ်ဖက်ဖြတ်ခံရတယ်။ ဗိုက်မှာ ထိုးသွင်းဒဏ်ရာတွေ့တယ်။ အူတွေပါထွက်တယ်။ သူ့ကို မသတ်ခင် အတော်ညှဥ်းပန်း နှိပ်စက်ခဲ့တာ”ဟု ကျားသစ်နက်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မဲကနယ် ကျေးရွာတွင် စစ်ကောင်စီတပ်၊ BGF တပ်နှင့် KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းတို့ မတ်လ၂၅ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ လူမဆန်စွာ နှိပ်စက်သတ်ဖြတ်မှုများကို နေရာအနှံ့တွင် ပြုလုပ်လျက်ရှိသည်။
၁၃ရက်ကြာ ဖြစ်ပွားနေသည့် မဲကနယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် BGFတပ်ဖွဲ့ဝင် အများအပြား သေဆုံးလျက်ရှိကာ မြေပြင်အရေးနိမ့်နေသည့်အတွက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပါ အသုံးပြုလျက်ရှိကြောင်းသိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#မဲကနယ်
#ကျားသစ်နက်စစ်ကြောင်း
#ရဲဘော်နှစ်ဦးသတ်ဖြတ်ခံရ
#mizzimatv

😢10👍7🤬4❤2👏1
ဧပြီလ ၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
01:01-မြန်မာ့အရေးဆွေးနွေးမှု အခြေအနေများတိုးတက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်း
03:28-ရွှေကူမြို့ စီသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး တိုက်လေယာဉ်နဲ့ သုံးကြိမ်ဗုံးကြဲတဲ့သတင်း
04:31-သာယာဝတီထောင်မှ နိုင်ကျဉ်း ၁၅ ဦးကို ရိုက်နှက်ပြီး ၁၀ ရက်ကြာ တိုက်ပိတ်တဲ့သတင်း
06:07-မြန်မာပြည်အနှံ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၈သန်းခန့်ရှိလာတယ်လို့ ကုလထုတ်ပြန်ပါတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/itHY6M0QWB0
#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဧပြီလ ၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01-မြန်မာ့အရေးဆွေးနွေးမှု အခြေအနေများတိုးတက်နေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်း
03:28-ရွှေကူမြို့ စီသာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး တိုက်လေယာဉ်နဲ့ သုံးကြိမ်ဗုံးကြဲတဲ့သတင်း
04:31-သာယာဝတီထောင်မှ နိုင်ကျဉ်း ၁၅ ဦးကို ရိုက်နှက်ပြီး…

👍7😁1🤮1
စစ်ကောင်စီတပ်က ရွှေကူမှာ ၁ ရက်အတွင်း သုံးကြိမ်ထက်မနည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
🤬9👍1🔥1👏1

===================
အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ၊ ရွှေကူမြို့ (ဆယ်မိုင်ကျော်အကွာ)ရဲ့ အရှေ့ခြမ်းမှာရှိသည့် ကျေးရွာများတစ်လျှောက်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် တစ်ရက်အတွင်း သုံးကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျေးရွာ သုံးရွာ မီးလောင်ပြာကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့သဖြင့် ကျေးရွာ သုံးရွာ မီးလောင်ပြာကျသွားခြင်းဖြစ်ဟု ဆိုသည်။
“ တစ်မနက်လုံး ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့တာ။ မနက်ပိုင်း ၉ နာရီကျော်လောက်တော့ စီမူလေးရွာနဲ့ စီမူကြီးရွာကနေ မီးခိုးတန်းတွေကို တွေ့ရတော့ နေအိမ်တွေမီးရှို့နေပြီပဲဆိုပြီး ဒီအတိုင်းကျနော်တို့ ကြည့်နေရတယ်။ ညနေ ၄ နာရီကျော်လောက်တော့ အဲ့ဘက်ကို လေယာဥ်တွေသွားလိုက်တာ တွေ့လိုက်ရတယ်၊ သိပ်မကြာဘူး၊ အသံတွေကြားရတော့တာပဲ။ စီသာရွာကိုပဲ သုံးကြိမ်ကြဲတာ။ စီတာရွာကတော့ အကုန်လုံးပါသွားပြီ။ ကျန်တဲ့ရွာတွေလည်း မီးလောင်နေပြီ ရွာလုံးကျွတ်နီးပါးပဲ” ဟု ပြောင်းရွေ့ခဲ့ရတဲ့ ဒေသခံသတင်းရင်းမြစ်က အခုလိုဆိုသည်။
ရွှေကူမြို့အရှေ့ခြမ်းရှိ ဝင်ဝ၊ နောင်လတ်ကြီး၊ ငှက်တံတား၊ စီသာ၊ စီမူလေး၊ စီမူကြီး၊ မံဝိန်း ကျေးရွာများဘက်တွင် ယမန်နေ့မနက်ပိုင်းကတည်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် သုံးကြိမ် ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စီမူလေး၊ စီမူကြီး၊ စီသာကျေးရွာ သုံးရွာစလုံး ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားပြီး၊ အဆိုပါ ကျေးရွာများနှင့် အနီးကပ်ရှိသည့် ကျေးရွာများလည်း မြေပြင်တွင် မီးရှို့ဖျက်ဆီးခံနေရကာ၊ ထို ထိခိုက်ပျက်စီးမှုကို ရွှေကူပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF နဲ့ ကေအိုင်အေတပ်ရင်းဘက်မှ အတည်ပြုနေဆဲ ဖြစ်သည်။
ကေအိုင်အေ တပ်ရင်း (၁၂) ထိန်းချုပ်နယ်မြေဖြစ်သည့် ရွှေကူမြို့နယ်နှင့် နယ်မြေဆက်စပ်မှုရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တို့မှာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်မှ ယမန်နေ့ညနေပိုင်း ၄ နာရီနှင့် ၅ နာရီကြားတွင် သုံးကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့ပြီး၊ ထိုဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားကတည်းက ထိုဒေသရှိကျေးရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေသည့်အတွက် ထိုသို့ ကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှု မရှိခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရှိရသည်။
ယမန်နေ့ စီသာကျေးရွာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်မှာ “တပ်မ (၈၈ )လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈ )နှင့် ထပ်မံဖြည့်တင်းထားသည့် စစ်ကြောင်းများ” ဖြစ်သည်ဟု ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ သတင်းထုတ်ပြန်ထားသည်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း ပြီးခဲ့သော မတ် လ ၂၃ ရက်နေ့မှစပြီး ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးလှုပ်ရှားလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို ကေအိုင်အေ ဦးဆောင်သည့် ရွှေကူမြို့နယ် PDF ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့မှ သွားရောက်ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့ကာ မတ်လ ၂၅ ရက်နေ့မှာ တစ်ကြိမ် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် စီသောင်၊ မံဝိန်းနှင့် စီမူလေးကျေးရွာများတွင် ဗုံးကြဲချခဲ့သဖြင့် လူနေအိမ်အချို့ပျက်စီးခဲ့ရသေးသည်။
ထိုတိုက်ခိုက်မှုမှာလည်း ကျေးရွာပြည်သူများ၏ နွားများသေဆုံးခဲ့သလို၊ မတ်လ ၃၀ ရက်နေ့မှာလည်း တစ်ကြိမ် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့၍ မံဝိန်းကျေးရွာအတွင်းမှ လူနေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့၍ မံဝိန်းနှင့် စီမူကြီးကျေးရွာရှိ လယ်တဲများလည်း မီးလောင်ပျက်စီးခဲ့ရသေးသည်။
မဇ္ဈိမအနေဖြင့်လည်း အဆိုပါဒေသရဲ့ တိုက်ပွဲအခြေ အနေများကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲ ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#ရွှေကူ
#လေကြောင်း
#ဗုံးကြဲတိုက်ခိုက်
Photo: ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

🤬7❤3👍3😢2👏1
မဲဆောက်တွင် အဖမ်းခံရသည့် PDF အဖွဲ့၀င် ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာတွင် စစ်ဆေးနေ
=======================
သွင်ထူးဈာန် (ကော်သူးလေ)
(မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အဖမ်းခံရသည့် PDF တပ်ဖွဲ့ဝင် သုံးဦးသည် စစ်ကောင်စီထံ လွှဲပြောင်းခံရပြီးနောက် လက်ရှိတွင် သင်္ဃန်းညီနောင်ဗျူဟာ၌ ချုပ်နှောင်စစ်ဆေးခံနေရကြောင်း ၎င်းတို့လွတ်မြောက်ရန် ကူညီဆောင်ရွက်ပေးနေသည့် ခိုင်မာသော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
“သူတို့က သင်္ယန်းညီနောင်ဗျူဟာမှာ အချုပ်ခံထားရတယ်။ ဒီသတင်းက လူမသိရင် စစ်ကောင်စီဘက်က လက်စဖျောက်သွားမှာကိုစိုးရိမ်တယ်။ ကျွန်တော်ပြောချင်တာက သူတို့လိုဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ထိုင်းဘက်ကို ဖိအားပေးဖို့လိုတယ်” ဟု အဖမ်းခံရသူများကို လိုက်ပါကူညီပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
မဲဆောက်တွင် ဆေးကုသမှု ခံယူရန်ရောက်ရှိနေသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် သုံးဦးကို ထိုင်းအာဏာပိုင်များက ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။၎င်းတို့သည် ဆေးခန်းပြပြီး အပြန်တွင် ဘန်ကောက်မြို့သို့သွားသည့် လမ်းမကြီးပေါ်သို့ လမ်းမှားရောက်သွားသဖြင့် ထိုင်း လ.ဝ.က ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံက သိရသည်။
“ထိုင်းလဝက ကဖမ်းတယ်။ အဲ့ဒီညနေမှာပဲ လဝကရုံးကို ပို့လိုက်တယ်။ ကျွန်တော်တောက်လျှောက်လိုက်ထုတ်တယ်။ ထိုင်းစစ်တပ်ဘက်က ကူညီပေးတယ်။ သူတို့လိုက်ထုတ်ပေးတယ်။ ၃ ရက်နေ့ ညနေလောက်မှာ ထိုင်းစစ်တပ်ဘက်က လိုက်ထုတ်ပေးတယ်ပေါ့နော်။
အဲ့မှာ ၄ ရက်နေ့မှာ လာထုတ်ပါလို့ ထိုင်းလဝက ကပြောလိုက်တယ်။ အဲ့တော့ နောက်နေ့ နံနက် ၁၁ နာရီမှာ သွားထုတ်တော့ သူတို့ကပြောလိုက်တယ်။ မနက် ၁၀ နာရီ ကတည်းက ဟိုဘက်ကမ်းကို သွန်( ပို့ ) လိုက်တယ်လို့ ပြောတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ဖမ်းဆီးခံရသူ သုံးဦးမှာ အသက် ၃၈ နှစ်အရွယ် ကိုသီဟ၊ အသက် ၃၁ နှစ်အရွယ် ထက်နေဝန်းနှင့် အသက် ၂၆ နှစ်အရွယ် စောဖြိုးလေးတို့ ဖြစ်သည်။ အဆိုပါ အဖမ်းခံရသူများကို ထိုင်းလူဝင်မှုကြီးကြပ်ရေး (လ.ဝ.က ) မှ အင်ကြင်းမြိုင် BGF ဂိတ်ကို ပို့ဆောင်ခဲ့ပြီးနောက် အဖမ်းခံရသူများမှာ ထွက်ပြေးသဖြင့် BGFအဖွဲ့၀င်များက ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦးမှာ ရင်ဘတ်ကျည်ထိမှန်ကာ တစ်ဦးမှာ ပေါင်ကိုထိမှန်ခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသူများကို BGF ဗိုလ်မှူးနိုင်မောင်ဇော်က ဦးခေါင်းတွင် အိတ်အမဲစွပ်ကာ စစ်ကောင်စီလက်ထဲသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့သုံးဦးနှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့်မတ်လက စတင်ကာ မြန်မာလူမျိုးများ နေထိုင်သည့် နေအိမ်၊ တန်းလျားများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဓာတ်ပုံအချို့ကို ပြကာ မေးမြန်းမှုများရှိကြောင်း သိရသည်။ပြီးခဲ့သည့် လပိုင်းကလည်း မဲဆောက်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် CDM အချို့ကို ဖမ်းဆီးပြီး ထိုင်းအစိုးရက မြန်မာစစ်တပ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#သင်္ဃန်းညီနောင်ဗျူဟာ
#မဲဆောက်PDFသုံးဦးအဖမ်းခံ
#ထိုင်း

🤬11🔥3👍2👏1