ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)
======================
မဇ္ဈိမ။ ။ ဖယ်ခုံမြို့အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကစပြီး ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ စစ်ရှောင် ဦးရေ ထောင်ချီတိုးလာပါတယ်။ ယခင်ရှိပြီးသား စစ်ဘေးရှောင်တွေဟာလည်း အချိန်ကြာလာတဲ့အမျှ စိတ်ကျန်းမာရေးချို့တဲ့ကာ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ကွန်ရက်ကပြောပါတယ်။
စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကြာလာတဲ့အချိန် ကယားပြည်နယ်မှာ စစ်ဘေးရှောင်ဦးေရ ၂၀၀,၀၀၀ နီးပါးထိ တိုးလာနေပါတယ်။ ပြန်စရာအိမ်မရှိတော့တာနဲ့ စစ်ကောင်စီတပ်ရဲ့လေယာဉ်နဲ့ဗုံးကြဲသံတွေဟာ စစ်ရှောင်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်တာဝန်ခံကဆိုပါတယ်။
https://youtu.be/sj5oYZQj48Y
- ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
-စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#mizzima
#ကယားပြည်နယ်
#စစ်ဘေးရှောင်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေ (ရုပ်/သံ)
မဇ္ဈိမ။ ။ ဖယ်ခုံမြို့အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကစပြီး ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်မှာ စစ်ရှောင် ဦးရေ ထောင်ချီတိုးလာပါတယ်။ ယခင်ရှိပြီးသား စစ်ဘေးရှောင်တွေဟာလည်း အချိန်ကြာလာတဲ့အမျှ စိတ်ကျန်းမာရေးချို့တဲ့ကာ အကူအညီလိုအပ်နေတယ်လို့…
👍6😢6🔥1😁1
မင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
==================
MTO(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားကြောင်း Natogyi People Defense Force က သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မင်းရွာ စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒရုန်းများနှင့်ပါ ဗုံးသီးချတိုက်ခိုက် ခဲ့ကြောင်း Natogyi People Defense Force အဖွဲ့ မှ သိရသည်။
“ အဲ့မှာက အင်အား ၃၀ လောက်ရှိတာ သူတို့ တောနင်းထွက်တဲ့အချိန် စခန်းမှာ ၁၀ ယောက်လောက်ပဲ ရှိတဲ့အချိန်မှာဝင်တိုက်တာ ကျနော်တို့ စခန်းအခြေကို ကပ်တဲ့အချိန် စစ်ကူတွေပြန်ရောက်လာလို့ ချက်ခြင်းပြန်ဆုတ်ခဲ့ရတာ” ဟု Natogyi People Defense Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ များဘက်တွင် အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Natogyi People Defense Force အဖွဲ့ ဆိုပါတယ်။
၎င်းက “စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးမှုကိုတော့ အတွင်းလူကနေတစ်ဆင့် အတည်ပြုတာပါ။ ကျနော်တို့ဘက် လုံး၀ အထိအခိုက်မရှိပါဘူး “ ဟုပြောသည်။
မင်းရွာ ရှိစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် မင်းရွာအတွင်းရှိ NLD အဖွဲ့ဝင်များကို ဖမ်းဆီးခြင်း ပြည်သူများကို သတ်ဖြတ်ခြင်းနှင့်လမ်းသွားလမ်းလာ မော်တော်ယာဉ်များကို ငွေတောင်းခံခြင်းများပြုလုပ်လေ့ရှိကြောင်း Natogyi People Defense Force က တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ ဟိုတစ်လောက မင်းရွာမှာပြည်သူ ခြောက်ဦးသတ်ခံရတာတွေရှိတယ်၊ လမ်းသွားလမ်းလာ ကုန်ကား စျေးကားတွေကို ငွေကြေးကောက်ခံတာတွေရှိတယ်၊ ရွာထဲက NLD ဆိုသူတွေကို ဖမ်းပြီးတော့ မြင်းခြံ မြို့နယ် ပျူစောထီးလက်ထဲ အပ်ပေးတာတွေရှိတယ်” ဟုပြောသည်။
ယခုတိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင်အမှတ်( ၄ )တပ်ရင်း ၊ People Defense Force MDY ၊ 27 Revolution Forces နှင့် ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ တို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
https://youtu.be/0qKLS88ONhU
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နွားထိုးကြီးမြို့နယ်
#မင်းရွာ
#ပြောက်ကျားတပ်
#ပျူစောထီး

ဧပြီလ…
ဧပြီလ…
👍11🔥4🥱1
Media is too big
VIEW IN TELEGRAM
ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ကျော်ဖြစ်ပွားခဲ့ပြီး
ဒေသခံ ၃ သိန်းကျော် ထွက်ပြေးနေရကြောင်း KNU ထုတ်ပြန်
Watch more detail -
https://youtu.be/c1iNRSas6oE
#PoliticalNews #VideoNews #shorts #reels

👍7😱3🔥1😁1
စစ်ကိုင်းမှ ဈေးဝယ်ပြန်လာသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား ဒရုန်းဖြင့်တိုက်ခိုက်
==========================
007(မဇ္ဈိမ)။ ။စစ်ကိုင်းမြို့မှဈေးဝယ်ပြန်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများကို ဒေသကာကွယ် ရေးပြောက်ကျားများက ဒရုန်းဖြင့်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံးကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့ သည့်တပ်ဖွဲ့များထံမှ သတင်းရရှိသည်။
စစ်ကိုင်းမြို့ပေါ်တွင်ဈေးဝယ်ပြီး ကြွယ်ပုံကျေးရွာတပ်စခန်းသို့ပြန်လာသည့် အင်အား ၅၀ ခန့်ရှိ အဆိုပါ စစ်အုပ်စုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဒရုန်းဖြင့်ဗုံးသီး ၁၀ လုံးချပြီး၊ ၄၀ မမဖြင့် တစ်ချက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုဘက်က လက်နက်ငယ်များဖြင့်ပြန် ပစ်သလို ကြွယ်ပုံကျေးရွာတပ်စခန်းမှလည်း လက်နက်ကြီးပစ်ကူများပြုလုပ်ခဲ့ ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပြောက်ကျားများအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး၊ စစ်အုပ်စုဘက်က ဆိုင် ကယ်များထားခဲ့ကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့များက ဆိုသည်။
တခြားအဖွဲ့တွေက မိုင်းဆွဲတာတွေလည်းရှိတယ်၊ တချို့တစ်ဝက်က မိုင်းဆွဲခံရပြီး လမ်းမှာကျန်ခဲ့တာ။ ဒရုန်းနဲ့ဗုံးကြဲတော့ ဆိုင်ကယ်လေးစီးကိုပစ်ထားခဲ့ပြီး ထွက်ပြေးသွားတယ်၊ နောက်တစ်နေ့ကျမှလာယူ တာ။ ဒရုန်းနဲ့ ၁၀ လုံးချတယ်၊ နှစ်လုံးကမကွဲဘူး၊ စစ်သားတွေကကြောက်တော့ အသွားတုန်းက မနက် အစောကြီးခိုးသွားတာ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်တာနက်လိုင်း မကောင်းသဖြင့် ယခုမှသတင်းထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အဆိုပါစစ်ဆင်ရေးကို Thunder Bird LDF ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SSG ၊ Fight For Federal ၊ စစ်ကိုင်းမြို့နယ်ပကဖ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၇)တပ်ရင်း(၄)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်းလည်းသိရသည်။
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ကြွယ်ပုံကျေးရွာသည်၊ စစ်ကောင်စီကလက်နက်တပ်ဆင်ပေး ထားသည့် ပျူစောထီးကြီးစိုးရာ ကျေးရွာတစ်ခုဖြစ်သည်။
စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ၎င်းကျေးရွာတွင်အထိုင်ချပြီး စစ်ကိုင်းနှင့်မြင်းမူမြို့နယ်အတွင်း မှကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်သောင်းကျန်းခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရ သည်။
https://youtu.be/bEtqkr3g4gc
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်း
#ကြွယ်ပုံကျေးရွာ

စစ်ကိုင်းမြို့ပေါ်တွင်ဈေးဝယ်ပြီး ကြ…
စစ်ကိုင်းမြို့ပေါ်တွင်ဈေးဝယ်ပြီး ကြ…
👍17😁2🥱1
သပိတ်ကျင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦးသေဆုံးဟုဆို
======================
ပါခွီး
(မဇ္စျိမ) ။ ။ မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံးများပြီး ၎င်းယာဉ်တန်းကို လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်မှပစ်ခတ်သဖြင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)ကဧပြီလ ၆ ရက်တွင်ထုတ်ပြန်သည်။
ထီးချိုင့်မြို့မှ မန္တလေးဘက်သို့ တွဲကားသုံးစီးဖြင့် မောင်းနှင့်လာပြီး အင်အား ၈၅ ဦးပါသော စစ်ကောင်စီယာဉ်တန်းကို ဧပြီလ ၅ ရက် မွန်းလွဲ ၂နာရီ ၂၅မိနစ်ခန့်တွင် အာရုဏ်ဦးကျေးရွာအနီး၌ လက်နက်ကြီး၊လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
“သတင်းကြိုရထားတဲ့အတွက်စောင့်ကြိုတိုက်ခိုက်ခဲ့ကြာတာပါ။ မိနစ် ၂၀ လောက် ပစ်ခတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပါတယ် ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ပြောသည်။
ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်စာရင်းကို အတည်ပြုနိုင်ခြင်းမရှိကြောင်းဆိုသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အာရုဏ်ဦးနှင့်ကွမ်းတောလမ်းကြားတွင် အဆိုပါစစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူကင်းပုန်းဝပ်စောင့်ပေးနေသော စစ်ကောင်စီတပ်သားများမှ လမ်းဘေးဝဲယာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထိုသို့ပစ်ခတ်မှုကြောင့် အာရုဏ်ဦးနှင့် ကွမ်းတောလမ်းကြားအနီးဝန်းကျင်ရှိနေအိမ်တစ်အိမ်တွင်ထမင်းချက်နေသော အသက် (၆၀)နှစ်ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးကို သေနတ်ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အသက်ဆုံးရှုံးခဲ့ရသော အမျိုးသမီးကြီးအတွက် ဝမ်းနည်းကြေကွဲရပြီး အနူးအညွှတ်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပါက ဘေးလွတ်ရာအမြန်တိမ်းရှောင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- တကောင်းက ထုတ်ပြန်ထားသည်။
တိုက်ပွဲများဖြစ်ပွားလျက်ရှိသော သပိတ်ကျင်းမြို့နယ်အတွင်း ခရီးသည်ပို့ဆောင်ရေးယာဉ်များ၊ ကုန်တင်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအနေဖြင့် မနက် ၄ နာရီမှ ည ၈ နာရီအတွင်းသာ မောင်းနှင်အသုံးပြုကြရန်လည်း ဧပြီလ ၅ ရက်နေ့တွင် သတိပေးထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ မောင်ကြီး
#သပိတ်ကျင်း
#စစ်ယာဉ်တန်း
#တကောင်း
#တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍14🔥2🥰1😁1
ထိုင်းဝန်ကြီးချုပ်နေရာအတွက် အတိုက်အခံပါတီ အဆိုပြုသည့် ကိုယ်စားလှယ်လောင်းများထဲတွင် သက်ဆင်၏ သမီး ပါဝင်
======================
ထိုင်းနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လူထုသဘောထားစစ်တမ်းများတွင် ရေပန်းစားနေသော အဓိကအတိုက်အခံပါတီက နိုင်ငံတွင် ထင်ရှားသည့် ရှင်နာဝါထရာ မိသားစုမှ မျိုးဆက်တစ်ဦး ဖြစ်သော မစ္စ ပေတုန်တန် ရှင်နာဝါထရာကို ဝန်ကြီးချုပ်နေရာအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းသုံးဦးအနက် တစ်ဦးအဖြစ် တရားဝင် အဆိုပြုခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ထိုင်းနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် လူထုသဘောထားစစ်တမ်းများတွင် ရေပန်းစားနေသော အဓိကအတိုက်အခံပါတီက နိုင်ငံတွင် ထင်ရှားသည့် ရှင်နာဝါထရာ မိသားစုမှ မျိုးဆက်တစ်ဦး ဖြစ်သော မစ္စ ပေတုန်တန် ရှင်နာဝါထရာကို ဝန်ကြီးချုပ်နေရာအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းသုံးဦးအနက် တစ်ဦးအဖြစ် တရားဝင် အဆိုပြုခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2❤1
ဧပြီလ ၆ ရက်၊ ညနေ ၄ နာရီ ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================
01:00-ကစထမှူးတွေကို အပြောင်းအလဲပြုလုပ်ခြင်းအပေါ် တုန်လှုပ်စရာမရှိကြောင်း ပဒိုစောတောနီးပြောတဲ့သတင်း
02:39-ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီဖမ်းဆီးတဲ့သတင်း
03:49-တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရတဲ့သတင်း
04:52-ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေတဲ့သတင်း အပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/f8nUv7XqWNE
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
01:00-ကစထမှူးတွေကို အပြောင်းအလဲပြုလုပ်ခြင်းအပေါ် တုန်လှုပ်စရာမရှိကြောင်း ပဒိုစောတောနီးပြောတဲ့သတင်း
02:39-ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီဖမ်းဆီးတဲ့သတင်း
03:49-တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရတဲ့သတင်း
04:52-ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေတဲ့သတင်း အပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာပါ။
https://youtu.be/f8nUv7XqWNE
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ ၆ ရက်၊ ညနေ ၄ နာရီ ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00-ကစထမှူးတွေကို အပြောင်းအလဲပြုလုပ်ခြင်းအပေါ် တုန်လှုပ်စရာမရှိကြောင်း ပဒိုစောတောနီးပြောတဲ့သတင်း
02:39-ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီဖမ်းဆီးတဲ့သတင်း
03:49-တပ်မ(၄၄)လက်အောက်ခံ ခမရ(၂)မှ တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရတဲ့သတင်း…

👍11🤮4😁1
မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖီဂျီနိုင်ငံတို့အား စစ်ပစ္စည်းကိရိယာများ ဂျပန် ထောက်ပံ့မည်
=========================
ဂျပန်နိုင်ငံသည် ဥပဒေစိုးမိုးရေးကဲ့သို့သော စံတန်ဖိုးများ မျှဝေပြီး အင်ဒို-ပစိဖိတ်တွင် တရုတ်၏ စစ်ရေးတည်ဆောက်မှုအပါအဝင် ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှုများအား ကိုင်တွယ်ဖြေရှင်းရေး ကာကွယ်ရေးစွမ်းအင် မြှင့်တင်ရန်တို့အတွက် “စိတ်တူကိုယ်တူ” နိုင်ငံများက လက်နက်ကိုင်တပ်များသို့ စစ်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသွားရန် ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်သည်။
-------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
ဂျပန်နိုင်ငံသည် ဥပဒေစိုးမိုးရေးကဲ့သို့သော စံတန်ဖိုးများ မျှဝေပြီး အင်ဒို-ပစိဖိတ်တွင် တရုတ်၏ စစ်ရေးတည်ဆောက်မှုအပါအဝင် ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှုများအား ကိုင်တွယ်ဖြေရှင်းရေး ကာကွယ်ရေးစွမ်းအင် မြှင့်တင်ရန်တို့အတွက် “စိတ်တူကိုယ်တူ” နိုင်ငံများက လက်နက်ကိုင်တပ်များသို့ စစ်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသွားရန် ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်လိုက်သည်။
-------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🥴2
ကော့မှူးတွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန် အလှူငွေကောက်ခံနေပြီး လုံခြုံရေးအတွက် တစ်ရွာလျှင် နှစ်ဦးတောင်း
==================
ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရန်အတွက် အလှူငွေ နှင့် လုံခြုံရေးယူပေးရန် တစ်ရွာလျှင် လူနှစ်ဦး စစ်ကောင်စီတပ်ကလိုက်လံတောင်းခံနေကြောင်း ဒေသခံ များထံမှ သိရသည်။
စစ်ကောင်စီတပ်ကခန့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေး ရွာများမှ ငါးကန်လုပ်ငန်းနှင့် ကွမ်းရွက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများထံမှ မြို့နယ်သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်အတွက် အလှူငွေများကို ဧပြီလ ၅ ရက်နေ့မှစတင်ကာ လိုက်လံတောင်းခံနေခြင်းဖြစ် ကြောင်း သိရသည်။
“အဓိက သူတို့တောင်းတဲ့ပုံက မြို့နယ်မဏ္ဍပ်ကို စည်ကားအောင်လုပ်ဖို့ဆိုပြီး ငါးကန်ပိုင်ရှင်တွေ၊ ကွမ်းခြံ ပိုင်ရှင်တွေကို တစ်ကန်ကို ၁၀,၀၀၀ တောင်းတယ်။ ကျွန်တော့် မိတ်ဆွေတစ်ယောက်ဆို ငါးကန်ရှစ်ကန် ရှိတာ ညှိနှိုင်းပြီး ၆၀,၀၀၀ ပေးလိုက်ရတယ်။ မဏ္ဍပ်စရိတ်လား သူတို့အိတ်ထဲလားတော့ မသိဘူး” ဟု ကော့မှူးဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။
ထို့ပြင် မဏ္ဍပ်လုံခြုံရေးတာ၀န်ယူရန်အတွက်လည်း မြို့နယ်အတွင်းရှိ ကျေးရွာများမှတစ်ရွာလျှင် လူနှစ် ဦးနှုန်း လိုက်လံတောင်းခံနေမှုများလည်းရှိနေကြောင်း ဒေသခံများကဆိုသည်။
“သူတို့ချည်းပဲ လုံခြုံရေးယူဖို့က ကြောက်တယ်နဲ့တူတယ်။ အဲဒီတော့ ရွာပိုင်းတွေကနေ တစ်ရွာကိုနှစ် ယောက် အစောင့်ပုံစံမျိုးတောင်းနေတာပါ။ တချို့ရွာတွေမှာတော့ အုပ်ကြီးတွေက ရွာကလူတွေကို မခေါ် တော့ဘဲ သူ့လူတွေနဲ့လွှတ်ပေးလိုက်ဖို့ လုပ်နေကြတယ်။ တချို့ရွာတွေကျတော့လည်း ရွာထဲကလူနှစ် ယောက် မဖြစ်မနေလိုက်ရမယ့် အခြေအနေတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင်လည်း သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွား ရန်အတွက် စစ်ကောင်စီတပ်က ဧပြီလ ၄ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ကာ မြို့နယ်အတွင်းရှိ အုပ် ချုပ်ရေးမှူးများနှင့် တာ၀န်ရှိသူများကိုမှာကြားသွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရ သည်။
မကြာခင် ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ရန်ကုန်၊ မန္တလေးအပါအ၀င် မြို့ကြီး များတွင် စည်ကားစွာကျင်းပနိုင်ရန်အတွက် အာဏာသိမ်းစစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးကာ ဖိအား ပေးလုပ်ဆောင်လျက်ရှိသည်။
သို့သော် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများ နေ့စဥ်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီကပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲများတွင်ပါ၀င်ဆင်နွဲခြင်းမပြုဘဲ “တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးကြရန်” တော်လှန်ရေးအင်အားစုများက ပြည်သူများကို အသိပေးတောင်းဆို ထားသည်။
ပုံစာ - ကော့မှုးမြို့နယ်တွင်းတစ်နေရာ။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တောင်ပိုင်းခရိုင်
#ကော့မှူးမြို့နယ်
#သင်္ကြန်မဏ္ဍပ်
#အလှူငွေကောက်ခံ

😁4🤬4👍2👏1🤮1
Nature Article | သဘာဝရဲ့ လက်ဆောင် ( Promo )
================
အမြဲတမ်း ကျန်းမာနေဖို့ကို မိမိရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်က နေ လွယ်လင့်တကူရနိုင်တဲ့ သဘာဝ အသီအနှံတွေက တာဝန်အပြည့်အဝ ယူပေးနိုင်တယ်ဆိုတာကို သင်သိပါသလား?
သဘာဝ အသီးအနှံတွေကို အသုံးပြုပြီး ကျန်းမာရေးအတွက် ဘယ်လိုအကျိူးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတဲ့ အကြောင်းကို “သဘာဝရဲ့ လက်ဆောင်“
အစီအစဉ်ကနေ တင်ဆက်ပေးသွားဖို့ရှိပါတယ်။
ဒီအစီအစဥ်ကိုတော့ အပတ်စဥ် အင်္ဂါနေ့နဲ့ သောကြောနေ့တွေမှာ တင်ဆက်ပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရူဖို့ အတွက် ဖိတ်ခေါ်လိုပါတယ်ရှင်။
https://youtu.be/mzH_R-AKhSA
#Nature
#NatureArticle
#Promo
#MizzmaTV
---------------------

သဘာဝ အသီးအနှံတွေကို အသုံးပြုပြီး ကျန်းမာရေးအတွက် ဘယ်လိုအကျိူးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတဲ့ အကြောင်းကို “သဘာဝရဲ့…

👍5🍌3
မဲခေါင်မြစ် ကယ်တင်ရေး ဒေသတွင်းကြိုးပမ်းမှုများအတွက် မြန်မာအကျပ်အတည်းက စိန်ခေါ်မှု ဖြစ်နေ
===========================
မဲခေါင်မြစ်ကို ကယ်တင်ရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာ၏ လက်ရှိအကျပ်အတည်းက ဖြစ်နိုင်ခြေရှိ အနှောင့်အယှက် အဟန့်အတားတစ်ခုဖြစ်သည်ဟု ဒေသဆိုင်ရာ အစည်းအဝေးတစ်ခု၌ ထုတ်ဖော်တင်ပြသည်။ အရေးပါသော မြစ်ကြောင်းတစ်လျှောက်ရှိ အခြားသော နိုင်ငံများက အဆိုပါ မဲခေါင်မြစ်၏ ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး အားထုတ်မှုများတွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု ဧပြီ ၅ ရက်တွင် ကတိပြုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===========================
မဲခေါင်မြစ်ကို ကယ်တင်ရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် မြန်မာ၏ လက်ရှိအကျပ်အတည်းက ဖြစ်နိုင်ခြေရှိ အနှောင့်အယှက် အဟန့်အတားတစ်ခုဖြစ်သည်ဟု ဒေသဆိုင်ရာ အစည်းအဝေးတစ်ခု၌ ထုတ်ဖော်တင်ပြသည်။ အရေးပါသော မြစ်ကြောင်းတစ်လျှောက်ရှိ အခြားသော နိုင်ငံများက အဆိုပါ မဲခေါင်မြစ်၏ ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး အားထုတ်မှုများတွင် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားကြမည်ဟု ဧပြီ ၅ ရက်တွင် ကတိပြုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3
အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ကုလအထူးသံတမန် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး
======================
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ နိုလင်း ဟေဇာနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ခေါင်ကင်မ်ဟောင်းန်တို့သည် ဧပြီ ၆ ရက်က အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ နိုလင်း ဟေဇာနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ခေါင်ကင်မ်ဟောင်းန်တို့သည် ဧပြီ ၆ ရက်က အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1
မတ်လအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီးစုစုပေါင်း ၂၉ ဦးရှိလာ၊ စစ်ကိုင်းတိုင်းမှ အများဆုံး ပါဝင်
😁3👍1😢1