မတ်လအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် အမျိုးသမီးစုစုပေါင်း ၂၉ ဦးရှိလာ၊ စစ်ကိုင်းတိုင်းမှ အများဆုံး ပါဝင်
======================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။ယခုနှစ်မတ်လအတွင်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသတ်ဖြတ်သည့် အမျိုးသမီးစုစုပေါင်း ၂၉ ဦးရှိပြီး စစ်ကိုင်းတိုင်းမှ သေဆုံးသူ ၁၉ ဦးဖြင့် အများဆုံးဖြစ်ကြောင်း Burmese Women's Union အဖွဲ့က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အသက်ဆုံးရှုံးခဲ့သူများတွင် အများစုမှာ ပြည်သူများဖြစ်ပြီး သီးသန့်ခွဲထုတ်ထားခြင်းမရှိသည့် အတွက် တော်လှန်ရေးရဲဘော် အမျိုးသမီး အနည်းငယ်လည်းပါဝင်ကြောင်း Burmese Women's Union အဖွဲ့၏ မှတ်တမ်းဌာနတာဝန်ခံ မသွယ်ဇင်တိုးကပြောသည်။
"အများစုကတော့ စစ်ပွဲပဋိပက္ခကြောင့်ဖြစ်ပြီး စစ်ပွဲတွေရဲ့မြေဇာပင်ဖြစ်ပြီးတော့ အသတ်ခံရလို့ သေဆုံးရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကရွာတွေထဲဝင်ရင် ဖမ်းမိလို့အသတ်ခံရတာက စစ်ပွဲတွေမှာ အပြန် အလှန်ပစ်ခတ်လို့ လက်နက်ထိမှန်ပြီးသေဆုံးတာတွေထက် ပိုများပါတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရသူ အမျိုးသမီးစုစုပေါင်း ၅၈ ဦးရှိပြီး စစ်ကိုင်းတိုင်းအတွင်း အဖမ်းခံရသူ ၁၉ ဦးဖြင့် အများဆုံး ဖြစ်နေကြောင်းလည်း သိရသည်။
Burmese Women's Union အဖွဲ့၏ထုတ်ပြန်ချက်အရ လက်ရှိတွင် ဖမ်းဆီးခံရသူနှင့် သေဆုံးသူ အမျိုး သမီးများတွင် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။
“တစ်နိုင်ငံလုံးရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းက လက်ရှိမှာ စစ်မီးအတောက်ဆုံးနေရာ တွေထဲက တစ်ခုဖြစ်တယ်ပေါ့နော်။ စစ်တပ်က စစ်ကြောင်းထိုးတာတွေမှာ အထိနာတာများတယ်။ အဲဒါ ကြောင့် စစ်တပ်က အရက်စက်ဆုံးကိုင်တွယ်ဖြေရှင်းတာဖြစ်တယ်။
ဒါ့ကြောင့် အဲဒီမှာနေတဲ့ ပြည်သူတွေ သူတို့ကိုမဆန့်ကျင်နိုင်အောင် အကြောက်တရားတွေထည့်ဖို့အတွက် ဝင်သမျှရွာတွေကို သူတို့ မီးရှို့တယ်။ ပြီးရင် ဖမ်းမိတဲ့ သူတွေကို အကုန် သတ်ပစ်တယ်။ အဲဒါကြောင့် စစ်ကိုင်းတိုင်းက အမျိုးသမီးသေဆုံးမှု အမြင့်ဆုံးဖြစ်နေတယ်”ဟု မသွယ်ဇင်တိုးက ရှင်းပြသည်။
ကျေးရွာများကို စစ်ကြောင်းထိုးပြီး ဖမ်းဆီးသွားသည့် အမျိုးသမီး အများစုမှာ အသက်ရှင်လျက် ပြန်လွတ် လာခြင်း မရှိသလောက်ရှားကြောင်း ဆိုသည်။
လက်ရှိစာရင်းများသည် သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များအပေါ် အခြေခံထားသည့်စာရင်းများဖြစ်ပြီး မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖမ်းဆီးခံရသူ ၂၁,၂၂၂ ဦးရှိပြီး ထိန်းသိမ်းခံရသူ ၁၇,၃၅၅ ဦးရှိရာ သတ်ဖြတ်ခံရသည့် လူဦးရေပေါင်း ၃,၂၁၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အမျိုးသမီး
#ဖမ်းဆီးသတ်ဖြတ်ခံရ
#စစ်ကောင်စီတပ်
#အာဏာသိမ်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬8😁2🔥1
နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုပဲ ကြည့်နေရလို့ စိတ်တွေဖိစီးနေပြီလား?
====================
စိတ်အမောတွေ ခဏတာပြေပျောက်စေဖို့အတွက် Mizzima Media ကနေပီးတော့ Mizzima + ဆိုတဲ့ ဖျော်ဖြေရေးချန်နယ်သစ်ကိုလည်း ထုတ်လွှင့်ပေးလျက်ရှိပါတယ်။
Mizzima + channel ကနေပြီးတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ နိုင်ငံတကာ စီးရီးတွဲများ၊ အိန္ဒိယရုပ်ရှင်ကားများ၊ ကာတွန်းစီးရီးများ၊ variety show များ၊ documentary အစီအစဉ်များနှင့် အစီအစဉ်ပေါင်းများစွာကို ထုတ်လွှင့်ပေးလျက်ရှိပါတယ်။
Mizzima + channel ကိုတော့ မနက် ၆ နာရီကနေစပီး ည ၁၂ နာရီအထိ မြန်မာနိုင်ငံနှင့် အာရှနိုင်ငံများသို့ မြန်မာဘာသာဖြင့် Free To Air ထုတ်လွှင့်ပြသလျက်ရှိပါတယ်
* Mizzima + Channel ကို ဖမ်းယူကြည့်ရှုဖို့ဆိုရင်တော့ Thaicom-6 ဂြိုလ်တုနှင့် AsiaSat 7 ဂြိုလ်တု တို့ကနေ ၂ ပေစလောင်း၊ ၈ ပေစလောင်းတို့ဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါတယ်။
ThaiCom6 ဂြိုလ်တုဖြင့် Mizzima + ကိုဖမ်းယူကြည့်ရှုမယ်ဆိုရင်တော့ Thaicom -6 78.5 degE Ku Band ကို ချိန်ပြီးတော့
Downlink Frequency 12729 MHz
Symbol Rate 30000 နဲ့
polarization ကိုတော့ vertical မှာထားပီး ဖမ်းယူနိုင်ပါတယ်
* AsiaSat 7 ဂြိုလ်တုဖြင့် Mizzima + ကိုဖမ်းယူကြည့်ရှုမယ်ဆိုရင်တော့ AsiaSat 7 105.5 degE C band ကို ချိန်ပီးတော့
Downlink Frequency : 3760 MHz,
Symbol Rate : 26000 ဖြင့်
Polarization : ကို Horizontal မှာထားပြီး ဖမ်းယူနိုင်ပါတယ်
https://youtu.be/8TbLTPF-ATY
#MizzimaTV
#MizzimaPlus
#Promo
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုပဲ ကြည့်နေရလို့ စိတ်တွေဖိစီးနေပြီလား?
စိတ်အမောတွေ ခဏတာပြေပျောက်စေဖို့အတွက် Mizzima Media ကနေပီးတော့ Mizzima + ဆိုတဲ့ ဖျော်ဖြေရေးချန်နယ်သစ်ကိုလည်း ထုတ်လွှင့်ပေးလျက်ရှိပါတယ်။
Mizzima + channel ကနေပြီးတော့ ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ နိုင်ငံတကာ စီးရီးတွဲများ၊
အိန္ဒိယရုပ်ရှင်ကားများ၊ ကာတွန်းစီးရီးများ၊…

👍2😁2
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နိုင်ငံကိုရောက်ရှိလာတဲ့ပြင်သစ်သမ္မတ ယူကရိန်းအရေးနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးကိစ္စရပ်တွေ ဆွေးနွေးဖွယ်ရှိ
#InternationalNews #VideoNews #shorts #reels

👍2😁2👏1
တရုတ်၏ ကြီးထွားလာသော အရှိန်အဝါက ကမ္ဘာ့လူ့အခွင့်အရေးများ ဆုတ်ယုတ်ကျဆင်းစေရန် ခြိမ်းခြောက်နေကြောင်း အစီရင်ခံစာသစ်တစ်ရပ်၌ ဖော်ပြ
===========================
တရုတ်၏ ကြီးထွားလာသော ဩဇာလွှမ်းမိုးမှုသည် နိုင်ငံတကာလူ့အခွင့်အရေးများအတွက် စိုးရိမ်ရသည့် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံများအား ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) မှာလည်း အန္တရာယ်များကို တုံ့ပြန်ရန် ပျက်ကွက်နေကြောင်း အစီရင်ခံစာအသစ်တစ်ရပ်၌ ဖော်ပြထားသည်။

👍5👏2😁2
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
👍9🔥1
စစ်ကောင်စီက ကာကွယ်ရေးအတွက် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဖြင့် ဘတ်ဂျက်အများဆုံးသုံးမည်၊ လျှပ်စစ်က ကျပ်ဘီလီယံ ၆၈၀ ကျော်သာရ
=======================
001
(မဇ္စျိမ)။ ။ လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အာဏာသိမ်းစစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာန အတွက် ဘတ်ဂျက်ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော်ဖြင့် ဝန်ကြီးဌာနအားလုံးထဲတွင် အများဆုံး သုံးစွဲ သွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီလ ၅ ရက် နေ့တွင် ထုတ်ပြန်သည့် လက်ရှိဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဉပဒေအရ သိရသည်။
စစ်ကောင်စီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ယခု ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အတွက်သုံးစွဲမည့် ဘတ်ဂျက် ပမာဏသည် ယခင်နှစ်(၂၀၂၂-၂၀၂၃) ကာလတူ ဘတ်ဂျက်စာရင်းထက် ကျပ်ဘီလီယံ ၁၉၀၀ ကျော် (ထပ်တိုးဘတ်ဂျက်မပါ) ပိုမိုများပြားသည်။
“ပြည်သူ့ဘတ်ဂျက်နဲ့ ပြည်သူ့ကို ပြန်သတ်နေတဲ့ သဘောပါပဲ။ အကြမ်းဖက်စစ်အုပ်က သူတို့မှာ အားသာ တာက ပြည်သူ့ဘဏ္ဍာတွေကို ထင်တိုင်းသုံးစွဲခွင့်ရနေတဲ့ကိစ္စပေါ့နော်။ အဲ့ဒီတော့ သူအားသာတဲ့ ဘဏ္ဍာ ငွေသုံးစွဲမှုကိုပဲ ဒီလိုမျိုးထပ်တိုးပြီးတော့ ပြည်သူလူထုအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစု တွေ ဒါတွေအကုန်လုံးကို ထိုးစစ်တွေဆင်လာမယ့်အနေအထားလို့ သုံးသပ်ပါတယ်။ ဒီနေရာမှာ တိုင်းရင်း သားတော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ ဒီကိစ္စတွေကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်ပေါ့။
အဲ့ဒီအတွက် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးကိစ္စတွေမှာဆိုရင်လည်း စစ်ကောင်စီကတော်တော်လေးကို အထိနာနေတဲ့ သဘောတွေရှိပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။
ယခင် ဘဏ္ဍာနှစ်တွင် စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၃၇၀၀ ကျော် ရေး ဆွဲခဲ့ခြင်းဖြစ်သည်။ အာဏာမသိမ်းခင် NLD အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကာကွယ် ရေးဝန်ကြီးဌာနအနေဖြင့် ကျပ်ဘီလီယံ ၃၄၀၀ ကျော်သာ ရရှိခဲ့သည်။
ယခုဘဏ္ဍာနှစ်အတွက် စစ်ကောင်စီဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ သုံးငွေစုစုပေါင်းမှာ ကျပ်ဘီလီယံ ၁၉,၉၀၀ ကျော်ရှိမည်ဖြစ်ပြီး ထိုအထဲတွင် ကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက် အများဆုံးရယူထားပြီး နှစ်စဉ်ဘတ်ဂျက်အများဆုံးရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၄,၃၀၀ ကျော် ဖြင့် ဒုတိယအများဆုံးသာရရှိတော့မည်ဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ အခမ်းအနား တွင် NUG ၊ PDF များကို အကူအညီပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အပြတ်တိုက် ခိုက်မည်ဟုကြွေးကြော်ထားသည့်အတွက် ယခုနှစ်တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“အဲဒီလိုအခြေအနေရှိတဲ့အောက်မှာ သူ့အနေနဲ့ကတော့ သဘာဝကျစွာပဲ စစ်အသုံးစရိတ်တွေကို မြှင့်တင် သုံးစွဲဖို့ ဒီလိုဆုံးဖြတ်တာဟာ သိပ်ပြီးတော့မထူးဆန်းပါဘူး။ ဒီလိုဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ပြီးသားဖြစ်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
စစ်ကောင်စီက နိုင်ငံ့ဘဏ္ဍာအရင်းအမြစ်များကို မတရားရယူပြီး တော်လှန်ရေးကို အရှိန်အဟုန်သတ်နိုင် အောင် အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ခန့်မှန်းပြီးသားဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။
“သူတို့ ဘယ်လိုပဲ တိုင်းပြည်ဘဏ္ဍာတွေကို မတရားတဲ့နည်းနဲ့ရယူပြီး အရှိန်အဟုန်မြှင့်မြှင့် ကျွန်တော်တို့ တော်လှန်ရေးကပဲ အနိုင်ရရှိအောင် ကြိုးစားပြီးပြင်ဆင်ထားပြီးဖြစ်လို့ ယုံကြည်မှုလည်း အပြည့်ရှိပါတယ် ခင်ဗျ”ဟု ဦးနိုင်ထူးအောင်က ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ကြား ကာလခြောက်လတွင် ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၁,၇၀၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျပ်ဘီလီယံ ၃,၇၀၀ ကျော်၊ ၂၀၂၂-၂၀၂၃ ထပ်တိုးဘတ်ဂျတ်အတွက် ကျပ်ဘီလီယံ ၄၄၀ ကျော်နှင့် ယခုနှစ်တွင် ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲမည်ဖြစ်သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပညာရေး၊ ကျန်းမာရေးဘတ်ဂျက်များကို NLD အစိုးရလက်ထက် ကထက်ပိုမိုလျှော့ချသုံးစွဲခဲ့ပြီး ယခုနှစ်တွင် ပညာရေးအတွက် ကျပ်ဘီလီယံ ၂,၁၀၀ ကျော်နှင့် ကျန်းမာရေး အတွက် ကျပ်ဘီလီယံ ၈၀၀ ကျော်ကိုသာ သုံးစွဲတော့မည်ဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အာဏာသိမ်းစစ်ကောင်စီ
#ကာကွယ်ရေးဝန်ကြီးဌာန
#ဘတ်ဂျက်

👍6🤣6🤮2🔥1👏1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အနောက်နိုင်ငံသူလျှိုတွေပါဝင်နေကြောင်း ပူတင်စွပ်စွဲ
#InternationalNews #VideoNews #shorts #reels
#InternationalNews #VideoNews #shorts #reels
😁7👍6🔥1
Business Round Up (6 April 2023)
==============
- ရင်းနှီးမြှပ်နှံမှုစီမံကိန်းကြီးများအကောင်အထည်ဖော်ရန်အတွက် ယူနန်အစိုးရကို ကြားခံကာ တရုတ်နှင့် စစ်ကောင်စီ ထိတွေ့ဆက်ဆံနေ
- ကမ္ဘာ့ရွှေဈေး ၂၀၀၀ ကျော်အထိမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးလည်းမြင့်တတ်နေ
- ယခုဘဏ္ဍာနှစ်အတွင်း ငွေကျပ်ဘီလျံ (၈ဝဝဝ)ကျော် အခွန် ကောက်ခံသွားဖို့ စစ်ကောင်စီလျာထား
- ATM စက်အချို့ကို (၅)ရက်ခန့် အသုံးပြုနိုင်မည်မဟုတ်ကြောင်း KBZ ဘဏ်အသိပေး
- အီလွန်မတ်စ်ရဲ့ တက်စ်လာဘီယာ တစ်ဘူးကို ဒေါ်လာ ၃၀ ကျော်ဖြင့်စတင်ရောင်းချ
- နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တရုတ်နှင့်အင်ဒိုနီးရှားတို့ ဆွေးနွေး
https://youtu.be/9MbMygomn3I
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==============
- ရင်းနှီးမြှပ်နှံမှုစီမံကိန်းကြီးများအကောင်အထည်ဖော်ရန်အတွက် ယူနန်အစိုးရကို ကြားခံကာ တရုတ်နှင့် စစ်ကောင်စီ ထိတွေ့ဆက်ဆံနေ
- ကမ္ဘာ့ရွှေဈေး ၂၀၀၀ ကျော်အထိမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးလည်းမြင့်တတ်နေ
- ယခုဘဏ္ဍာနှစ်အတွင်း ငွေကျပ်ဘီလျံ (၈ဝဝဝ)ကျော် အခွန် ကောက်ခံသွားဖို့ စစ်ကောင်စီလျာထား
- ATM စက်အချို့ကို (၅)ရက်ခန့် အသုံးပြုနိုင်မည်မဟုတ်ကြောင်း KBZ ဘဏ်အသိပေး
- အီလွန်မတ်စ်ရဲ့ တက်စ်လာဘီယာ တစ်ဘူးကို ဒေါ်လာ ၃၀ ကျော်ဖြင့်စတင်ရောင်းချ
- နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တရုတ်နှင့်အင်ဒိုနီးရှားတို့ ဆွေးနွေး
https://youtu.be/9MbMygomn3I
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
Business Round Up (6 April 2023)
- ရင်းနှီးမြှပ်နှံမှုစီမံကိန်းကြီးများအကောင်အထည်ဖော်ရန်အတွက် ယူနန်အစိုးရကို ကြားခံကာ တရုတ်နှင့် စစ်ကောင်စီ ထိတွေ့ဆက်ဆံနေ
- ကမ္ဘာ့ရွှေဈေး ၂၀၀၀ ကျော်အထိမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးလည်းမြင့်တတ်နေ
- ယခုဘဏ္ဍာနှစ်အတွင်း ငွေကျပ်ဘီလျံ (၈ဝဝဝ)ကျော် အခွန် ကောက်ခံသွားဖို့…

👍4😁2
ထွန်းသစ်စ အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယတို့နှင့် ဆက်ဆံရေး တိုးမြှင့်မည်ဟု တရုတ်ပြောကြား
====================
အိန္ဒိယ၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် သိသာထင်ရှားသော သြဇာလွှမ်းမိုးမှုရှိသည့် ထွန်းသစ်စ အင်အားကြီးနိုင်ငံများဖြစ်ပြီး တရုတ်က အဆိုပါ ၂ နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အဆင်သင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ဧပြီ ၄ ရက်တွင် ပြောကြားသည်။
ရုရှား၏ နိုင်ငံခြားရေးမူဝါဒ အယူအဆသစ်နှင့်ပတ်သက်၍ TASS သတင်းအေဂျင်စီ၏ မေးမြန်းချက်အပေါ် မောင်နင်းက “တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ ထင်ရှားတဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ အဓိက ထွန်းသစ်စနိုင်ငံကြီးတွေ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း အခင်းအကျင်းတွေမှာ လေးနက် ရှုပ်ထွေးတဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်နေရတာကြောင့် ရုရှားနဲ့ အိန္ဒိယအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေး ခိုင်မာစေဖို့နဲ့ စစ်မှန်တဲ့ ဘုံရည်မှန်းချက်ကို ကာကွယ်ပြီး ကမ္ဘာ့စိန်ခေါ်မှုတွေကို အတူတကွ တုံ့ပြန်နေတယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာကို ကမ္ဘာ့နိုင်ငံတွေကို အသိပေးဖို့ အသင့်ပါပဲ” ဟု ပြောကြားခဲ့ကြောင်း အိန္ဒိယရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ရှောင်ကျန်းက တွစ်တာတွင် ရေးသားထားသည်။

👍3❤1🤮1
DONATE TO HELP
FM Radio Stations in Myanmar's rural communities
Donate here - https://bit.ly/2VhJ12U
Mizzima FM radio delivers essential information to at risk Myanmar communities. This includes Myanmar’s ethnic communities as well as regions of the country experiencing the heaviest fighting.
Without Mizzima FM radio, populations in these regions may otherwise lack a reliable and secure means to access information – thereby jeopardizing their safety and livelihood.
#supportfmradio
#mizzimaradio
#donationsneeded
#donate

🥴2👍1
စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ လူ ၅,၀၀၀ ခန့် ထွက်ပြေး
===================
မြန်မာစစ်တပ်နှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ယခုသီတင်းပတ်အတွင်း နယ်စပ်ဖြတ်ကျော်ကာ ထိုင်းဘက်သို့ လူ ၅,၀၀၀ ခန့် ထွက်ပြေးခိုလှုံကြကြောင်း တာဝန်ရှိသူများနှင့် မီဒီယာများက ကြာသပတေးနေ့တွင် ပြောသည်။
တောင်ပိုင်း ကရင်ပြည်နယ်၌ စစ်တပ်၏ နယ်ခြားစောင့်စခန်းကို လက်နက်ကိုင်များက တိုက်ခိုက်လာသည့်နောက် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ထိုင်း Khaosod အင်္ဂလိပ်သတင်းစာနှင့် BBC Burmese တို့အရ သိရသည်။
၂၀၂၁ ခုနှစ်အတွင်းက ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် နိုင်ငံအနှံ့အပြားတွင် လက်နက်ကိုင်ခုခံမှုများနှင့် ရင်ဆိုင်နေရပြီး သဘောထားကွဲလွဲသူများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများကို သေလောက်အောင် ဖြိုခွင်းခြင်းများကြောင့် ကမ္ဘာ၏ ရှုတ်ချမှုကိုလည်း ခံနေရသည်။

😁2🤬2
ပုလောမြို့ရဲ့ ဓလေ့ဖြစ်တဲ့ "ကုလားကျား" အကကို ယခုနှစ်လည်း မကျင်းပဖြစ်
==================
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက ပုလောမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်း ဧပြီလအတွင်း သင်္ကြန်ရက် မတိုင်ခင် ကျင်းပလေ့ရှိတဲ့ "ကုလားကျား" အက ဓလေ့ပွဲတော်ကို ယခုနှစ်မှာလည်း ကျင်းပမှာ မဟုတ်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ အဲဒီ ကုလားကျား အကကို Covid -19 နဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ တွေကြောင့် မကျင်းပဖြစ်တာ လေးနှစ်နီးပါး ရှိနေပြီ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။
https://youtu.be/r3C9ATs0UEc
ရုပ်သံ/တည်းဖြတ်/တင်ဆက် ကိုရွှေမြိတ်
#ကုလားကျားအက
#ပုလောဓလေ့
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==================
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက ပုလောမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်း ဧပြီလအတွင်း သင်္ကြန်ရက် မတိုင်ခင် ကျင်းပလေ့ရှိတဲ့ "ကုလားကျား" အက ဓလေ့ပွဲတော်ကို ယခုနှစ်မှာလည်း ကျင်းပမှာ မဟုတ်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိတဲ့ အဲဒီ ကုလားကျား အကကို Covid -19 နဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ တွေကြောင့် မကျင်းပဖြစ်တာ လေးနှစ်နီးပါး ရှိနေပြီ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။
https://youtu.be/r3C9ATs0UEc
ရုပ်သံ/တည်းဖြတ်/တင်ဆက် ကိုရွှေမြိတ်
#ကုလားကျားအက
#ပုလောဓလေ့
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ပုလောမြို့ရဲ့ ဓလေ့ဖြစ်တဲ့ "ကုလားကျား" အကကို ယခုနှစ်လည်း မကျင်းပဖြစ်
ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက ပုလောမြို့နယ်မှာ နှစ်စဉ်နှစ်တိုင်း ဧပြီလအတွင်း သင်္ကြန်ရက် မတိုင်ခင် ကျင်းပလေ့ရှိတဲ့ "ကုလားကျား" အက ဓလေ့ပွဲတော်ကို ယခုနှစ်မှာလည်း ကျင်းပမှာ မဟုတ်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား…
နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား…
👍5🔥2❤1
Media is too big
VIEW IN TELEGRAM
April - 6 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
🍌4👍2❤1
ဧပြီလ ၆ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================
- မြန်မာ့အရေးဆွေးနွေးမှု အခြေအနေ တိုးတက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ ပြောလိုက်တဲ့သတင်း
- ကစထမှူးတွေ အပြောင်းအလဲပြုလုပ်တဲ့အပေါ် တုန်လှုပ်စရာမရှိဘူးလို့ ပဒိုစောတောနီးပြောလိုက်တဲ့သတင်း
- မဲဆောက်မှာ အဖမ်းခံရလိုက်ရတဲ့ PDF ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာမှာ စစ်ဆေးနေတဲ့သတင်း
- ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေတဲ့သတင်း
- ယခုဘဏ္ဍာနှစ်အတွင်း ငွေကျပ်ဘီလျံ (၈ဝဝဝ)ကျော် အခွန် ကောက်ခံသွားဖို့ စစ်ကောင်စီလျာထားတဲ့သတင်း
- ယူကရိန်းအကျပ်အတည်းအတွက် အမေရိကန်မှာတာဝန်ရှိတယ်လို့ ပူတင်ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/live/HGk1jMbR2Mg?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=====================
- မြန်မာ့အရေးဆွေးနွေးမှု အခြေအနေ တိုးတက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ ပြောလိုက်တဲ့သတင်း
- ကစထမှူးတွေ အပြောင်းအလဲပြုလုပ်တဲ့အပေါ် တုန်လှုပ်စရာမရှိဘူးလို့ ပဒိုစောတောနီးပြောလိုက်တဲ့သတင်း
- မဲဆောက်မှာ အဖမ်းခံရလိုက်ရတဲ့ PDF ၃ ဦးကို သင်္ယန်းညီနောင်ဗျူဟာမှာ စစ်ဆေးနေတဲ့သတင်း
- ကရင်နီ စစ်ဘေးရှောင်တွေ စိတ်ကျန်းမာရေးချို့တဲ့ပြီး အကူအညီလိုအပ်နေတဲ့သတင်း
- ယခုဘဏ္ဍာနှစ်အတွင်း ငွေကျပ်ဘီလျံ (၈ဝဝဝ)ကျော် အခွန် ကောက်ခံသွားဖို့ စစ်ကောင်စီလျာထားတဲ့သတင်း
- ယူကရိန်းအကျပ်အတည်းအတွက် အမေရိကန်မှာတာဝန်ရှိတယ်လို့ ပူတင်ပြောတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://www.youtube.com/live/HGk1jMbR2Mg?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဧပြီလ ၆ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
ဧပြီလ ၆ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
————————————————————————————————————
- မြန်မာ့အရေးဆွေးနွေးမှု အခြေအနေ တိုးတက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ ပြောလိုက်တဲ့သတင်း
- ကစထမှူးတွေ အပြောင်းအလဲပြုလုပ်တဲ့အပေါ်…

ဖျာပုံတွင် လူငယ် ၁ ဦးအား စစ်ကောင်စီတပ်ကဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်
========================
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဖျာပုံမြို့နေ ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီတပ်နှင့်ရဲများမှ မတ်လ ၂၈ ရက်နေ့တွင်ဖမ်းဆီးပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖျာပုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဒုတိယလမ်းတွင်နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် ကိုဟန်ထူးအောင် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့်အမှုဖွင့်ထားခြင်း ဖြစ်သည်။
“အဲ့ဒီကောင်လေးက ဖျာပုံမှာ တော်တော်လူချစ်လူခင်ပေါတဲ့ ကောင်လေးပါ။ အနေလည်းအေးတယ် အမြဲ တမ်းပြုံးပြုံးရွှင်ရွှင်နေတာပဲ တွေ့ရတယ်။ တော်လှန်ရေးနဲ့ ပတ်သတ်တယ်ဆိုပြီး ဖမ်းသွားတာလို့ သိရ တယ်”ဟုပြောသည်။
ကိုဟန်ထူးအောင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်စဥ်အချိန်ကသာ ဆန္ဒပြပွဲများ တွင်ပါဝင်ခဲ့သူဖြစ်ပြီး စစ်အုပ်စုနှင့်ရဲများက မတရားဖမ်းဆီးမှု၊ အကြမ်းဖက်ပစ်ခတ်မှုများပြုလုပ်လာချိန်၌ နိုင်ငံရေး၊ တော်လှန်ရေးနှင့်ပတ်သတ်မှုမရှိတော့ဘဲ ၎င်း၏အိမ်တွင်သာ နေထိုင်နေသူဖြစ်ကြောင်း ဒေသခံ ကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီခန့် အချိန်က ဖျာပုံ PDF များဦးဆောင်ကာ ဖျာပုံတံတား၌ စစ် အာဏာရှင်ဆန့်ကျင်ရေးစာတန်းတစ်ခု ချိတ်ဆွဲခဲ့သည်။ ထိုသို့ စာတန်းချိတ်ဆွဲ ဆန္ဒထုတ်ဖော်မှုနှင့် ပတ် သက်၍ ဖျာပုံမြို့နေ ကိုဟန်ထူးအောင်ကို စစ်ကောင်စီတပ်များနှင့် ရဲများက စွပ်စွဲဖမ်းဆီးထားခြင်းဖြစ် သည်ဟု ဒေသခံများက ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲခဲ့သည့် ဖျာပုံ PDF အဖွဲ့ဝင်များအား မဇ္စျိမက ဆက်သွယ်မေး မြန်းရာတွင် စာတန်းချိတ်ဆွဲခဲ့ခြင်းမှာ ၎င်းတို့၏လက်ချက်သာဖြစ်ကြောင်း ကိုဟန်ထူးအောင်နှင့် မသက် ဆိုင်ကြောင်းဆိုသည်။
ကိုဟန်ထူးအောင်ကိုဖမ်းဆီးပြီးနောက် မတ်လ ၂၉ ရက်နေ့၌ ကိုဟန်ထူးအောင်၏ မိခင်နှင့်အမဖြစ်သူတို့ အပြင် ဖျာပုံမြို့ပေါ်မှ လူငယ်ကိုးဦးခန့်ကို စစ်ကောင်စီတပ်များက ထပ်မံဖမ်းဆီးသွားသည်ဟု ဒေသခံများ ကပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့် လူငယ်များအနက် အသက်မပြည့်သည့် ၁၆ နှစ်အရွယ် လူငယ်နှစ်ဦးပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် ကိုဟန်ထူးအောင်အပါအဝင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် ဒေသခံများကို ဖျာပုံမြို့အခြေစိုက် ခလရ(၉၈)တပ်နှင့် ဖျာပုံရဲစခန်းတို့တွင် စစ်ဆေးနေသည်ဟုသိရပြီး မိသားစုများနှင့် အဆက်အ သွယ်မရသေးကြောင်း ဒေသခံများကပြောသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာဝတီတိုင်း
#ဖျာပုံမြို့
#စစ်ကောင်စီတပ်
#အကြမ်းဖက်ဥပဒေ
---------------------

🤬11👍4😁2😢1
ကလေးမြို့မြောက်ပိုင်းမှ စစ်ကောင်စီတပ် ပြန်ဆုတ် ၊ အလောင်း ၃ လောင်း တွေ့ရှိ
====================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲ ရက်ဆက်ဖြစ်ခဲ့သည့် စစ်ကောင်စီတပ်သည် ယနေ့ ဧပြီလ ၆ ရက် နံနက်တွင် ကလေးမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းမှုများ ပြုလုပ်ရာ ပြည်သူနှစ်ဦး နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဘာကြောင့် သူတို့တပ်ပြန်ဆုတ်တာလဲဆိုတာ ကျွန်ေတာ်တို့စဉ်းစားရခက်နေတယ်။ ပျဉ်းတောဦးရွာထဲမှာ ဘန်ကာဆောက်နေကြပြီလေ။ အဲဒီတော့ သူတို့ အကြံတစ်ခုခု တော့ ရှိမယ်လို့ယူဆတယ်” ဟု CNO/CNDF (Upper Chindwin Region) ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမ ကိုပြောသည်။
စစ်ကောင်စီတပ်သည် ရုတ်တရက် ဆုတ်ခွာသွားခဲ့သည့်အတွက် အခြေအနေများမှာ သေချာ ရေရာခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ပျဉ်းတောဦး ကျေးရွာတွင် အိမ် လေးလုံး နှင့် စပါးကျီတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနေအိမ်နှစ်လုံးနှင့် ဘုရားကျောင်းတစ်ဆောင် လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပျဉ်းတောဦးရွာနှင့် ချင်းစုရွာရှိ လူနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများခိုးယူကာ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း CNO/CNDF(UCR) တာဝန်ရှိသူက ဆက်ပြောသည်။
လက်ရှိတွင် ဒေသခံ ပြည်သူအချို့ နေရပ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေကြောင်း သိရသည်။
မတ်လ ၃၀ရက် နံနက်ပိုင်းက ချမ်းသာကြီးစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီအင်အား ၃၀ခန့်ကို CDF -KKG ၊ ချမ်းသာကြီး (ပကဖ) တို့က တိုက်ခိုက်ခဲ့သည်။ ထို့နောက် မတ်လ ၃၁ရက်နေ့တွင် နန်းစောင်းပုမှ ချီတက်လာသော ပျူစောထီး၊ စစ်ကောင်စီ ပူးပေါင်း တပ်ဖွဲ့နှင့် သုံးနာရီအကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF – KKG က ဧပြီလ ၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် TCDF , CNDF , PDF – Kalay , HNB, CR , PDA , ပကဖ , CDF- CDM Siyin တို့ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းအင်အားဖြည့်တင်းလာပြီး တိုက်ပွဲပြင်းထန် လာကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူ သာမက တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် ဝေဟင်မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနစ်ဦး၏ အလောင်းများကို မျက်မြင်တွေ့ ရှိခဲ့ရပြီး ခဲယမ်းအချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းပိုက်ရခဲ့ကာ CDF – KKG မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်းဆိုသည်။
ဧပြီလ၂ရက်နေ့ နံနက် ၈နာရီမှ စတင်ပြီး ညောင်ကုန်းသင်္ချိုင်းကုန်းအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ညနေ ၆နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး ဝေဟင်မှ ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ပြီး ၎င်းတို့သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိကြောင်းဖော်ပြထားသည်။
ဧပြီလ ၃ရက်နေ့တွင် ညောင်းကုန်း ၊ ပျဉ်းတောဦးနှင့် မြောက်ချောတောရွာတို့ အကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သည် ညနေ ၃နာရီမှ ည ၇နာရီ အထိ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ကလေးမြို့မြောက်ပိုင်းရှိ ပြည်သူ ဦးရေ ၃၀,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#စစ်ကောင်စီတပ် ပြန်ဆုတ်
#ကလေးမြို့မြောက်ပိုင်း

Facebook
#mizzima – Explore
explore #mizzima at Facebook
👍11😁2