Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဧပြီလ (၆) ရက် ၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...မြန်မာပြည်အနှံ့တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူအရေအတွက် ၁ ဒသမ ၈သန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂကထုတ်ပြန်လိုက်တဲ့ သတင်းနဲ့အတူ မြန်မာ့အရေးဆွေးနွေးမှု အခြေအနေတွေ တိုးတက်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/cT8CHlJC5Rc

#Mizzimaradio
#Eveningradio

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
MiG-29 တိုက်လေယာဉ်အားလုံးကို ယူကရိန်းကိုပေးအပ်ဖို့အသင့်ရှိကြောင်း ပိုလန်ပြော
#InternationalNews #VideoNews #shorts #reels
👏16❤2😁2
​​ဖလမ်း - ဟားခါးလမ်းတိုက်ပွဲ ဆက်ပြင်းထန်နေ၊ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးဟုဆို
===============

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဖလမ်းမြို့မှ ဟားခါးမြို့သို့ ရိက္ခာနှင့်စစ်အင်အား ဖြည့်တင်းနေသည့် စစ်ကောင်စီ စစ်ကြောင်းကို ချင်းကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ ဧပြီလ ၅ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ချင်းအမျိုးသား တပ်မတော် (CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက မဇ္စျိမကို ပြောသည်။

ယမန်နေ့က ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာအနီးတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အကျအဆုံးများခဲ့ပြီး ချင်းကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော့ တိုက်မိုင်း၊ ဒရုန်းနဲ့ ဗုံးချတာနဲ့ စနိုက်ပါနဲ့ပစ်တာ။ချောင်းမြောင်းပစ်ခတ်တာ ပုံစံမျိုးစုံနဲ့ တိုက်ခိုက်နေတာ” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းသည် အရှေ့နှင့်အနောက်လုံခြုံရေးယူထားပြီး လမ်းဘေး ဝဲ၊ယာတွင်လည်း တပ်ဖြန့်ထားသဖြင့် နေရာမျိုးစုံတွင် ပုံသဏ္ဍာန်မျိုးစုံဖြင့်တိုက်ခိုက်နေကြောင်း၊ယမန်နေ့က တိုက်ပွဲတွင် တိုက်မိုင်းထိ၍ စစ်ကောင်စီတပ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒရုန်းဖြင့် ဗုံးချခြင်းနှင့် စနိုက်ဘာဖြင့်ပစ်ခတ်မှုများတွင်လည်း အသေအပျောက်များခဲ့ကြောင်း ၎င်းက ပြောသည်။ထိခိုက်သေဆုံးမှုကို အတိအကျ မသိနိုင်သော်လည်း ယမန့်နေ့တိုက်ပွဲတွင် ၁၀ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ဆိုသည်။

ထို့အပြင် ဒရုန်းနှင့် အကြိမ် ၂၀ကျော် ဗုံးချတိုက်ခိုက်ရာ ကုန်တင်ကားခုနစ်စီး ပျက်စီးသွားကြောင်းသိရပြီး ၎င်းကားများကို ယနေ့ ဧပြီလ ၆ရက်တွင် ရမ်ထလိုကျေးရွာ၌ ပြုပြင်နေကြောင်း မြေပြင်အ‌ခြေအနေကို ဆလိုင်းထက်နီက ပြောသည်။

အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့သည့် ထရမ်လို ကျေးရွာအား မီးရှို့နေကြောင်း သိရှိရပြီး ပျက်စီးဆုံးရှုံးမှုကို မသိရသေးပေ။
ဖလမ်းမြို့နှင့် ဟားခါးမြို့ ချိတ်ဆက်ထားသော လမ်းသည် ၄၁မိုင်ကျော်သာ ရှည်လျားသော်လည်း ချင်းကာကွယ်ရေးတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခရီးမတွင်ဘဲရှိနေသည်။ မတ်လ ၂၁ရက်နေ့က ဖလမ်းမြို့မှ စတင်ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းသည် ယနေ့ ဧပြီလ ၆ရက်အထိ ဟားခါးမြို့သို့ မရောက်ရှိသေးပေ ။

အဆိုပါစစ်ကောင်စီယာဉ်တန်းတွင် တင့်ကားနှစ်စီး ၊ ကုန်တင်ယာဉ် ၃၀စီး ၊ မြေကော်စက် တစ်စီး၊ စစ်သား အင်အား ၂၀၀ခန့်ပါဝင်ပြီး ထိခိုက်အကျအဆုံးများလျက်ရှိသော်လည်း ရှေ့သို့ တဖြည်းဖြည်းတိုးလာနေကြောင်း သိရသည်။

ယင်းတိုက်ပွဲများကို CNA နှင့်အတူ ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNDF ၊ CDF – Hakha ၊ CDF – Thantlang တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း ။ ။ မောင်ကြီး
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#Mizzima
#ချင်းပြည်နယ်
#ရိက္ခာနှင့်စစ်အင်အား ဖြည့်တင်းနေ
#ချင်းကာကွယ်‌ရေးပူးပေါင်းတပ်ဖွဲ့များ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🥴2👎1👏1
သွေးစွန်းငွေလာရာ MOGE ကို ပိတ်ဆို့အရေးယူပေးရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံ သပိတ်
==================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး သွေးစွန်းငွေလာရာ MOGE ကို ပိတ်ဆို့အရေးယူပေး ရန် တောင်းဆိုချီတက်ခဲ့ကြသည်။

လူထုသပိတ်သည် ဧပြီလ ၆ ရက်နေ့တွင် “ သွေးစွန်းငွေလာရာ MOGE ကို ချက်ချင်း ပိတ်ဆို့အရေးယူပေး” စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ယနေ့သည် ကျေးရွာပေါင်းစုံသပိတ်၏(၇၅၈)ရက်မြောက်ဆန္ဒပြပွဲဖြစ်ပြီး ချီတက်ရာတွင်ပါဝင်လာ သူများကို ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် လက်ကမ်း စာစောင်များလည်း ဝေငှခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ် ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

#သွေးစွန်းငွေ
#MOGE
#ဆန္ဒပြ
👍28😁2❤1🥰1
Media is too big
VIEW IN TELEGRAM
မင်းမော်ကွန်းကို NUG က ခွပ်ဒေါင်းသူရဗလဘွဲ့ချီးမြင့်တယ်ဆိုတဲ့
ထုတ်ပြန်ချက်အတုတစ်စောင် ပျံ့နှံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် >>
https://www.facebook.com/MizzimaDaily/posts/6572574992777350

#Misinformation_Buster #Shorts #Reels #Fake_News
#NUG #ထုတ်ပြန်ချက် #မင်းမော်ကွန်း
👍10😁6
ကြံခင်းမြို့နယ်တွင် “စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်” စာတန်းကိုင်စွဲ ဆန္ဒပြ
====================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်က "စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်"စာတန်းကို ကိုင်စွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည် ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၄၃)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

#ဆန္ဒပြ
#mizzima
❤16👍3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ဗိုလ်ဆင်ရိုင်းကို PDF အချင်းချင်းသတ်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် |
https://www.facebook.com/MizzimaDaily/posts/6569516093083240/

#Misinformation_Buster #Shorts #Reels #Fake_News
#စစ်ကောင်စီ #PDF #ဗိုလ်ဆင်ရိုင်း #CDSOM #စစ်ကိုင်း #ဘီလူးစစ်ကြောင်း
😁13👍2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်ထုတ်လွှင့်မှုများ
=================

https://youtu.be/kNFz5NfiNoY

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮4🍌1
This media is not supported in your browser
VIEW IN TELEGRAM
မဲမှောင်ပျောက်ကြားတပ်ဖွဲ့ အမည်နဲ့ ဖေ့ဘုတ်စာမျက်နှာအတု ထွက်ပေါ်နေပါတယ်။

အပြည့်အစုံဖတ်ရန် https://web.facebook.com/MizzimaDaily/posts/6575239335844249/

#Misinformation_Buster #Shorts #Reels #Fake_News #PDF_Fake_Page #မဲမှောင်ပျောက်ကြားတပ်ဖွဲ့
👍12😁5
​​သမ္မတရှီကျင့်ဖျင်၏အမည် ချန်လှပ်ခဲ့သည့် People's Daily သတင်းစာစောင်ရေ သန်းပေါင်းများစွာ ပြန်သိမ်းဆည်းခံရ
======================

တရုတ်နိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးအကြောင်း ရေးသားထားသော သုံးသပ်ချက်ဆောင်းပါးတွင် သမ္မတ ရှီကျင့်ဖျင်၏ အမည်ကို ချန်လှပ်ထားမိသဖြင့် ဖြန့်ချိထားပြီးသား People’s Daily သတင်းစာစောင်ရေ သန်းပေါင်းများစွာကို အာဏာပိုင်များက ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သတင်းရင်းမြစ်များက RFA သို့ ပြောသည်။

‘စည်းလုံးညီညွတ်မှုနှင့် ရုန်းကန်မှုသည် တရုတ်လူမျိုးများအတွက် သမိုင်းဝင်ဆောင်ရွက်ချက်တစ်ခုကို ရှေ့ဆက်လှမ်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်’ ဟုခေါင်းစဉ်တပ်ထားသော စာမျက်နှာနံပါတ် ၅ ပါ ဆောင်းပါးတွင် ရှီကျင့်ဖျင်လက်ထက် တရုတ်၏အောင်မြင်မှုများကို ရေးသားထားသည်။

သို့သော် ဝါကျတစ်ကြောင်းတွင် ကွန်မြူနစ်နိုင်ငံများ၏ အသုံးအနှုန်းဖြစ်သည့် ရဲဘော် ဟူသော စကားလုံး၏ နောက်တွင် ရှီကျင့်ဖျင်အမည်ကို မရေးသားထားပေ။ ‘ရဲဘော်ဦးဆောင်သော ဗဟိုအစိုးရသည် အခြေအနေများကို ချင့်ချိန်အကဲဖြတ်သည်’ ဟု သတင်းစာတွင် ရေးသားချက်ကို ‘ရဲဘော်ရှီကျင့်ဖျင်ဦးဆောင်သော ဗဟိုအစိုးရသည် အခြေအနေများကို ချင့်ချိန်အကဲဖြတ်သည်’ ဟု အွန်လိုင်းတွင် ပြန်လည်တည်းဖြတ်ထားသည်။
😁20🥰4👍2❤1
Media is too big
VIEW IN TELEGRAM
ရွှေဖရုံရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/9FL-ztMZAh0

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍8🤮1🍌1
ဧပြီလ (၇) ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ …

ကော်သူလေးအုပ်ချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၇၅၀၀ကျော်ဖြစ်ခဲ့ပြီး ဒေသခံ ၃သိန်းကျော် ထွက်ပြေး နေရတယ်လို့ KNUကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ အာဏာသိမ်းပြီးနောက်ပိုင်း အာမခံနဲ့အိမ်မှာပြန်လာနေသူ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/LvAK7uxPtm4

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13😁1🤮1
ရွှေဖရုံရွက်ရဲ့အကျိုးကျေးဇူးများ
======================

-ရွှေဖရုံရွက်က သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ရွှေဖရုံရွက်မှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ရွှေဖရုံရွက်မှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/9FL-ztMZAh0

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🌭1🍌1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဧပြီလ ၇ ရက်၊ ၂၀၂၃ | VOA On Mizzima
====================

ရုရှား စစ်ရာဇဝတ်မှု ကျူးလွန်မှု အထောက်အထားတွေကို ပိုလန်နိုင်ငံမှာ စုဆောင်းထားပါတယ်။ အစ္စရေးဥပဒေပြောင်းလဲမှုနဲ့ ဆန္ဒပြပွဲများအကြောင်းအပါအဝင် ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/GnAqfmdG7C0

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🥴5😁1