Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
KNUတပ်မဟာ(၃)နယ်မြေတွင် ဖမ်းဆီးမှုများပြုလုပ်နေပြီး စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံ ၅ ဦးဒဏ်ရာရ

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ​​၏ ဖမ်းဆီးခြင်းခံရသော ဒေသခံပြည်သူများရှိနေပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့က ထုတ်ပြန်သည်။
🤬5🔥2😢2👍1😁1
ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် တပ်မ(၇၇)မှ စစ်သားများသည် ကျောက်ကြီးမြို့နယ်၊ နရွဲပင်ကျေးရွာနှင့် ကြို့ကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူများအား " PDF အင်အား ဘယ်လောက်ရှိလဲ၊ PDF တွေက KNU၊ KNLA တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေသလား၊ ဗောဓိကုန်းရွာနှင့် စပ်လဲကျေးရွာတွင် PDF နှင့် KNLA တပ်ဖွဲ့များရှိသလား၊ ဘုရားလေးကုန်းတွင် တပ်များရှိသလား၊ ကျောက်ကြီးမြို့ အထက်တန်းကျောင်းက ဘယ်မှာရှိသလဲ" စသည့် မေးခွန်းများအား မေးမြန်းခဲ့ကြောင်း၊ ဒေသခံများ​၏ ပစ္စည်းဥစ္စာများအား ဖျက်ဆီးခဲ့ကာ ကြို့ကုန်းရွာမှ ဒေသခံ ၁၀ ဦးအား အကြောင်းမဲ့ဖမ်းဆီးသွားခဲ့ကြောင်း KNU မှ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးခံရသော ဒေသခံ ၁၀ ဦးအနက် ကိုးဦးအား ဧပြီလ ၃ ရက်နေ့ ညတွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်တစ်ဦးအား ညောင်တန်းကျေးရွာအထိ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်း၌ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထို့နောက် ညောင်တန်းရွာမှ ဒေသခံတစ်ဦးအား ခေါင်းအစွပ် စွပ်၍ ထပ်မံဖမ်းဆီးသွားကြောင်း KNUက ဖော်ပြထားသည်။
ထို့အပြင် ဧပြီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကျောက်ကြီးမြို့နယ်၊ ဆင်မတောင်၊ ခြေတော်ရံနှင့် ဆိပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်​၏ တပ်မ(၇၇)အထိုင်ချနေသော စစ်စခန်းများမှ ပစ်ခတ်သော လက်နက်ကြီးကျည် ၁၀ လုံးကျော်သည် ကျောက်ကြီးမြို့နယ်၊ ပေတူးကျေးရွာနှင့် စပ်လဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စပ်လဲကျေးရွာမှ ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦးအပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရသူများမှာ အသက်၄၀ အရွယ်ရှိ ညားခင်ခင်​​၊ ညားခင်ခင်​၏ သားနှစ်ဦးဖြစ်သူ အသက် ၁၆ နှစ်အရွယ်ရှိ စောအယ်ကညောနှင့် အသက် ၁၃ နှစ်အရွယ်ရှိ စောဟဲနေစေး၊ အသက် ၄၅ နှစ်အရွယ်ရှိ ညားနော်ကေမူး​နှင့် သူမ​၏ သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ်ရှိ စောထီးရှီး​တို့ ကျည်စထိမှန် ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။
" လက်နက်ကြီးထိတဲ့သူတွေက ဒဏ်ရာအရမ်းအပြင်းအထန်ကြီးတော့ မဟုတ်ပါဘူး။ အစတွေ ထိတာမျိုးပါ။ လက်နက်ကြီးကတော့ သူတို့က နေ့တိုင်းလိိုလို ပစ်နေတာပါပဲ" ဟု ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ထိုသို့ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ပေတူးကျေးရွာ၊ စပ်လဲကျေးရွာနှင့် လော်မူသောကျေးရွာမှ ဒေသခံပြည်သူများ နေအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်တွင် စစ်ရှောင်ဦးရေ ၁,၀၅၆ ဦးရှိကြောင်း သိရသည်။
စစ်ကောင်စီလော်ဘီချန်နယ်များတွင်မူ ယခုကဲ့သို့ ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခြင်းသည် KNU၊ PDF များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့်သာဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
KNU နယ်မြေများတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်စခန်းများမှ ပြည်သူနေထိုင်သည့် ကျေးရွာများအတွင်းလက်နက်ကြီးများဖြင့် အကြိမ်ရေ ၉၂၆ ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုလက်နက်ကြီးများကြောင့် ဒေသခံ ၁၂၈ ဦး သေဆုံးခဲ့ရကာ ၃၉၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU မှထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောက်ကြီးမြို့နယ်
#စစ်ကောင်စီတပ်သား
#ဖမ်းဆီး
#ဒေသခံပြည်သူ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4🔥2😁1
​​စစ်ကောင်စီ ကျူးလွန်သော ပြစ်မှုများက ‘ဂျပန်ခေတ်က ရက်စက်ယုတ်မာမှုတို့ထက် ပို၍ ဆိုးသည်’ ဟု NUG ဝန်ကြီးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ပြော

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလတွင် ကြောက်မက်ဖွယ်တမျှ ဖြစ်နေပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ ကျူးလွန်သည့် ရက်စက်ယုတ်မာမှုထက် ပို၍ ဆိုးသည့် လယ်ဗယ်တစ်ခု ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥2❤1😁1
Mizzima Weekly Sports အစီအစဉ်

-ယခုနွေရာသီစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ မက်ဆီဟာ ပီအက်ဂျီအသင်းကနေ ထွက်ခွာဖို့ အလားအလာပိုများနေ

-အာဆင်နယ်ရဲ့ရာသီအပိတ်ပွဲစဉ်အတွက် လက်မှတ်တစ်စောင် ပေါင် ၅၃၀၀၀ အထိစျေးမြင့်တက်နေခဲ့တဲ့အကြောင်း

-ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ဆုကြေးညီတူညီမျှ ရရှိဖို့ အမျိုးသမီးအသင်းကစားသမားများ ဖီဖာထံတောင်းခံခဲ့တဲ့ သတင်းတွေ အပါအဝင် စိတ်၀င်စားဖွယ်အားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

https://youtu.be/PbP9syyQw_U
👍10🔥3
​​ရန်ကုန်-မြဝတီ ခရီးသည်တင် ယာဉ်လိုင်းတချို့ ရပ်နား

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတ‌လျှောက် ဧပြီလ ၇ရက်မှ ဧပြီလ ၂၁ ရက်အထိ သွားလာခြင်း မပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက သတိပေးပြီးနောက် အဆိုပါလမ်းပိုင်းကို ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းအချို့ ရပ်နားထားကြောင်း သတင်းရရှိသည်။
“ကျွန်မတို့က မနေ့ကစပြီး မထွက်တော့ဘူး။ ကားလေးနဲ့ရော ကားကြီးနဲ့ပါ မထွက်တော့ဘူး” ဟု
ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအသုံးပြုပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ စာရေးမတစ်ဦးက ပြောသည်။
ထို့အပြင် အချို့ကားဂိတ်များက လက်မှတ်ဝယ်ပြီးသား ခရီးသည်များကို ကားထွက်၊မထွက် တစ်ရက်အလိုမှ အကြောင်းပြန်မည်ဟု သိရသည်။
“ ကျမက ၁၁ ရက်နေ့ မြဝတီ ပြန်မှာ။ အိမ်ပြန်မှာပေါ့နော်။ အဲ့တာ ကားဂိတ်ကို ဒီနေ့ ဖုန်းဆက်လိုက်တော့ ၁၀ ရက်နေ့ အကြောင်းပြန်ပါမယ်ဆိုပြီး ပြောတယ်” ဟု ကားလက်မှတ်ဝယ်ထားသူတစ်ဦးက ဆိုသည်။
မထွက်ဖြစ်သည့် ခရီးသည်တင်ယာဉ်များသည် ၎င်းတို့ထံ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား ငွေပြန်အမ်းမည်ဟုလည်း သိရသည်။
ထို့အတူ ရန်ကုန်-မြဝတီ ပြေးဆွဲနေသည့် ယာဉ်လိုင်းတချို့ကလည်း ပြေးဆွဲမှုများကို ဧပြီလ ၇ရက်နေ့မှ ဧပြီလ ၂၁ရက်နေ့အထိ ရပ်နားထားမည်ဖြစ်သည်ဟုခရီးသည်ယာဉ်လိုင်း အသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိအချိန်တွင် ခရီးသည်တင် Express ယာဉ်များ ပြေးဆွဲခြင်းမရှိဘဲ ကိုယ်ပိုင်ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်အချို့သာ လမ်းဟောင်း(တောလမ်း) ကို အသုံးပြု သွားလာလျက်ရှိသည်ဟု သိရသည်။
ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင် မတ်လ ၂၅ရက် မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေသည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ အထိနာသည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှတဆင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုကာ လူအင်အား၊ လက်နက်အင်အားနှင့် စားနပ်ရိက္ခာများ ပို့ဆောင်လျှက် ရှိသောကြောင့် ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ထားရခြင်းဖြစ်သည်ဟု မြေပြင်ပူးပေါင်းစစ်ကြောင်းများက ထုတ်ပြန်ထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး
#ကရင်ပြည်နယ်
#မြဝတီမြို့
#ကော့ကရိတ်-မြဝတီအာရှလမ်းမ
#ခရီးသည်တင်ယာဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18🔥3❤1
​​မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်တာနက် Crypto နဲ့ Web 3.0နည်းပညာ အပြောင်းအလဲခေတ် တစ်ခုမှာ ထပ်ပြီး နောက်ကျနေခဲ့ပြီလား?
===================

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

စစ်အာဏာရှင် သန်းရွှေခေတ်တုန်းက ယနေ့ခေတ်ကာလမှာ အလကားနီးပါးရနေတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို သိန်း ၃၀ ဝန်းကျင် အထိပေးပြီးမှသာလျှင် ဝယ်ယူရရှိနိုင်ပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်တောက်ဖို့ အတွက် တခြား နိုင်ငံတကာမှာ အင်တာနက်တွေ အလွယ်တကူ အသုံးပြုလို့ရနေချိန်မှာ မြန်မာနိုင်ငံမှာ အင်တာနက်ကို အလွယ်တကူ သုံးစွဲမရအောင် ကန့်သက်ထားပါတယ်။ စစ်တမ်းတချို့ရဲ့ ဖော်ပြချက်အရ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်းဟာ မြောက်ကိုရီးယားနိုင်ငံထက်တောင် နည်းတယ်လို့ ဆိုထားပါတယ်။ ဒီလို နည်းပညာတွေကို ပိတ်ဆို့မှုကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ဝန်းကျင် မြန်မာနိုင်ငံ အင်တာနက်ခေတ်ဦး ကာလမှာ အင်တာနက် အသုံးပြုခြင်းကို ညစ်ညမ်းရုပ်ရှင်ကြည့်တဲ့နေရာ၊ ချစ်သူရည်းစားရှာတဲ့နေရာလို့ လူအများစုက ထင်မှတ်မှားကြပါတယ်။ နောက်ပိုင်း နိုင်ငံတကာ ဆက်သွယ်ရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ Telenor နဲ့ Ooredoo လုပ်ငန်းကြီးတွေ ဝင်ရောက်လာတဲ့ အချိန်မှာတော့ ကျေးလက်၊ မြို့ပြ အလျှင်အမြန် ဆက်သွယ်လာနိုင်ခဲ့ပြီး ပညာရေး၊ ဗဟုသုတ နဲ့ အသိအမြင်တွေကို ဖုန်းပေါ်ကနေ အလွယ်တကူ ဖလှယ်လာနိုင်ခဲ့ပြီး ကမ္ဘာ့ အင်တာနက် အသုံးပြုသူ တိုးတက်မှု အမြန်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။

အင်တာနက်ဟာ ၂၀၂၁ မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ အဓိကကျတဲ့ အခြေခံ အဆောက်အဦးထဲက တစ်ခုဖြစ်ပါတယ်။ အင်တာနက်နည်းပညာကြောင့် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ဟာ ရပ်တန့်မသွားဘဲ ဆက်ပြီး အားကောင်းနေခဲ့တာပါ။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းမှုရဲ့ သက်ရောက်မှုကြောင့် အခုချိန်မှာ မြန်မာနိုင်ငံရဲ့လူမှုအကျိုးစီးပွား အဖက်ဖက်မှာ ဆိုးယုတ်လာခဲ့ပါတယ်။

နည်းပညာ အသစ်ဖြစ်ပေါ်လာတိုင်း အကောင်းရှိသလို၊ အဆိုးတွေလည်း ရှိပါတယ်။ အမှောင်ခေတ်ကာလတုန်းက မြန်မာပြည်မှာ အင်တာနက်ကို ညစ်ညမ်းရုပ်ရှင်ကြည့်တဲ့နေရာ၊ ချစ်သူရည်းစားရှာတဲ့နေရာလို့ လူအများ အထင်မှတ်မှားခဲ့ခြင်းကနေ ယနေ့အချိန်မှာတော့ အင်တာနက်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘဝ ဖြစ်လာခဲ့ပါပြီ။ ကမ္ဘာပေါ်က နောက်ဆုံးပေါ် နည်းပညာလှိုင်းဖြစ်တဲ့ Crypto နဲ့ Web 3.0 မှာတော့ မြန်မာနိုင်ငံဟာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ နှိုင်းယှဉ်လျှင်တောင် နောက်ဆုံး အဆင့်မှာ ရှိနေပါတယ်။
👍22😁2❤1🥴1
ကလေးမြို့နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ဒေသခံများ အရေးပေါ်အကူအညီလိုအပ်နေ
========================

Kim Mung(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့မတ်လ ၃၀ရက်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့လို့ ကျေးရွာ ၁၅ ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ချင်းလူမျိုးအများစုနေထိုင်သော ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေက‌က‌ေန စစ်ဘေးရှောင်သူ ဒေသခံဦးရေ ၂၀,၀၀၀ကျော် ရှိကြောင်း ကလေးဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးနဲ့ ဆေးဝါးတွေကို ဝိုင်းဝန်းကူညီပေးဖို့ ကလေးဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူ ကိုဂျပန်ကြီးက မေတ္တာရပ်ခံထားပါတယ်။

https://youtu.be/mDNZJwgmHNU

တည်းဖြတ်-Thant Sin
တင်ဆက်- Kim Mung
စာတည်း-အောင်ကျော်ဖြိုး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥2
လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
👍3🔥3😁1🤬1😢1
လားရှိုးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နားမခေါ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ နေရာသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်သုံးစီးဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားရာ အရပ်သား မိန်းကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမှ သိရသည်။

“ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်၊ နောက် ကလေးမိန်းကလေးတစ်ယောက်ဒဏ်ရာ ရတယ်။ ဒဏ်ရာကတော့မစိုးရိမ်ရဘူး။ သုံးယောက် ဒဏ်ရာ ရတယ်။​ အိမ်တွေဘာတွေ နည်းနည်းထိခိုက်တယ်။ ဒီတလောမှာ (တိုက်ပွဲ)မဖြစ်ဘူး။ ဖြစ်တာကလည်း နောင်ချိုနားမှာ ဖြစ်တာ။ အဲ့ဒီနားက တကယ်တမ်းကျတော့ တိုက်ပွဲဧရိယာနဲ့ အဝေးကြီးပဲ” ဟု ဒေသခံတစ်ဦး ကမဇ္ဈိမ ကိုပြောသည်။

အဆိုပါ ဒေသသည် တအာင်းတပ်မတော် TNLA ၏ တပ်မဟာ( ၄ )စစ်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၇ ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်တွင် တိုက်လေယာဉ်သုံးစီးဖြင့် ၁၀မိနစ်ခန့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် နားမခေါ်ကျေးရွာနေ စိုင်းခမ်းမွန်းတွင် ဗိုက်နှင့် ပေါင်တွင်လည်းကောင်း၊ နန်းငင်းအောင်တွင် ဒူး၌လည်းကောင်း၊ သူတို့၏ သမီးဖြစ်သူ နန်းအေးကြင်တွင် မျက်ခုံး၌လည်းကောင်း အသီးသီး ထိမှန်ဒဏ်ရာရခဲ့သည့်အပြင် နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် အဆိုပါ ထိခိုက်ဒဏ်ရာရသူ သုံးဦးအား လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်ကြီးများနှင့် လေကြောင်းသုံး တိုက်ခိုက်ခဲ့သဖြင့် ပြန်းဝိုးကြီးကျေးရွာရှိ နေအိမ်နှစ်လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzimatv
#လားရှိုး
#လေကြောင်း
#တိုက်ခိုက်မှု
#ကလေးငယ်
#TNLA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥5🤬4❤1😁1
​​အိန္ဒိယနိုင်ငံသားများအသတ်ခံရမှုဖြစ်ပြီးနောက် နယ်စပ်လမ်းများကို မီဇိုရမ်ပြည်နယ်ဘက်မှ ခြံစည်းရိုးခတ်
================

မဇ္ဈိမ
အိန္ဒိယနိုင်ငံသားများအသတ်ခံရမှုဖြစ်ပြီးနောက် ဧပြီလ ၆ ရက်နေ့မှစတင်ပြီး ချင်းပြည်နယ် မတူပီမြို့နယ်နှင့်ထိစပ်လျက်ရှိသောနေရာများတွင် အိန္ဒိယဘက်ခြမ်းမှ ခြံစည်းရိုးကာပြီး သောခတ်ထားလိုက်ကြသည်။

ချင်းပြည်နယ်နှင့်မီဇိုရမ်နယ်စပ်မှာ အိန္ဒိယနိုင်ငံသား အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယ -မြန်မာ နယ်စပ်လမ်း ရောင်းလင်ကျေးရွာ(အိန္ဒိယ) နှင့် လှုံမာန်ကျေးရွာ( မြန်မာ )ကြားကို ခြံခတ်လိုက်ခြင်းဖြစ်သည်။

မတ်လ ၂၂ ရက်နေ့က မီဇိုးရမ်ပြည်နယ်၊ ဆိုင်းဟားမြို့နေထိုင်သူ သုံးဦးမှာ မြန်မာဘက်ခြမ်းတွင် သတ်ဖြတ်ခံရပြီးနောက်လေးရက်အကြာတွင် ရုပ်အလောင်းပြန်တွေ့ခဲ့ကြသည်။

မတ်လ ၂၉ရက်နေ့ကစတင်ပြီး မီဇိုရမ်တွင် အင်အားကြီးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Young Lai Association (Bualpi) က ချင်းပြည်နယ်၊ ထန်တလန်မြိုနယ်ဖက်ကနေ ၀င်ပေါက်များမှတဆင့် မြန်မာနိုင်ငံသားများ ၀င်ရောက်ခြင်းကို တားမြစ်လိုက်သည်။
‘’ ခြံစည်းရိုးတွေကို နယ်စပ်မှာအခိုင်အမာကာပြီးတော့ပိတ်လိုက်ကြတာ။ အခုဖြစ်ပွားခဲ့တဲ့ လူသတ်မူအမှုမှန်ဖော်ထုတ်ပြီးရင်တော့ပြန်ဖွင့်ပေးမယ်ဆိုပြီးပြောနေကြတယ်။မီဇိုရမ်ပြည်နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေလည်းအရင်ကလိုစခန်းအပြင်ကိုမထွက်ရဲကြတော့ဘူး။ ဒီရက်ထဲမှာလည်းနယ်စပ်မှာရွာတွေကို မီးရှို့ခံနေရတော့ စစ်ဘေးရှောင်တွေများလာတယ်။ ဒီဘက်ခြမ်းကိုလည်းလာလို့မရတော့ တောထဲမှာဖြစ်သလိုခိုနေကြရတာ တော်တ်ောလေးတော့ဒုက္ခရောက်နေကြရတယ်’’ဟုလည်းစစ်ဘေးရှောင်တစ်ဦးကပြောသည်။

လူသတ်မှုကျူးလွန်ရာတွင်ပါဝင်သည့်သူတစ်ဦးမှာ မင်းတပ်CDFနှင့်ဆက်စပ်မှုရှိနေသည်ဟု ကောလာဟလပေါ်ထါက်ခဲ့သော်လည်း ၎င်းတို့အဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်မှုမရှိသလို အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းများကို ကူညီပံ့ပိုးရန် အသင့်ရှိကြောင်း CDF မင်းတပ်ကသတင်းထုတ်ပြန်ခဲ့သည်။
👍8❤2👏1
မန္တလေးက အထည်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ဖမ်းဆီးခံရပြီးနောက် သတင်းမရရှိဘဲ ဖြစ်‌နေ
🤬7👍2👏2