Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင် ၃ ဦးကို မော်လမြိုင်အကျဉ်းထောင်သို့ ပို့ဆောင်

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ ဘက်သို့ပြန်ပို့ခံရသည့် Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင်သုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့က မော်လမြိုင်အကျဉ်းထောင်သို့ ဧပြီလ ၉ ရက်နေ့က ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီထောက်ခံ သူများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါဓာတ်ပုံတွင် Lion Battalion ဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူး ကိုသီဟ(ငှက်မဲ)နှင့် ပြန်ကြား ရေးတာဝန်ခံ ကိုထက်နေဝန်းတို့နှစ်ဦးကို မျက်လုံးအားအဝတ်ဖြင့်စည်းကာ ကားတစ်စီးပေါ်တွင် ဖမ်းဆီး ထားကြောင်း တွေ့ရသည်။
😢20👍4🤬3🔥2😁2
ဖမ်းဆီးခံရသူ သုံးဦးတွင် စောဖြိုးလေးကို ဓာတ်ပုံထဲတွင် မတွေ့ရှိရပေ။ စောဖြိုးလေးသည် BGF တပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ရင်ဘက်ကျည်ထိမှန်ကာသေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
“ပုံထဲမှာက နှစ်ယောက်ပဲတွေ့တယ် ကျန်တယောက်အခြေနေကိုတော့ မသိသေးဘူး သင်္ဃန်းညီနောင် ဗျူဟာကုန်းကနေ မော်လမြိုင်အကျဉ်းထောင်ကို ပို့လိုက်တယ်၊ လောလောဆယ် သူတို့ကျန်းမာရေး အခြေနေကိုမသိရသေးဘူး”ဟု နီးစပ်သူများထံမှ သိရသည်။
၎င်းတို့သုံးဦးသည် ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ဆေးခန်းပြပြီးအပြန် ထိုင်းလဝက၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသည့်သူများကို ဥပဒေရ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဧပြီလ ၅ ရက်နေ့တွင် ထိုင်းလဝကမှ အင်ကြင်းမြိုင် BGF ဂိတ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
BGF တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပို့ဆောင်ခံရသူ သုံးဦးထဲမှ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ထိုင်းလဝကအနေဖြင့် BGF တပ်ဖွဲ့ထံ လွှဲပြောင်းပေးမှုကို နိုင်ငံရေးအသိုင်းအဝိုင်းများနှင့် ထိုင်းအတိုက်အခံပါတီများက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိနေသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်းနိုင်ငံ
#LionBattalionဗျူဟာစစ်ကြောင်း
#စစ်ကောင်စီ
#ဖမ်းဆီးမှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢12👍3🔥3😁2🤬1
​​မီဇိုရမ်ပြည်နယ်သား ၃ ဦးသတ်ခံရမှု ကျူးလွန်သူများ ဖမ်းဆီးရမိထားကြောင်း CDF – Mindat ထုတ်ပြန်

ပါခွီး
(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားမြို့တွင်နေထိုင်သည့် ဒေသခံသုံးဦးကို မြန်မာနိုင်ငံ၊ ချင်း ပြည်နယ်အတွင်း သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ် ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) CDF–Mindat က ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
မီဇိုရမ်ပြည်နယ်သားသုံးဦး သတ်ဖြတ်ခံရမှုဖြစ်ရပ်တွင် အဖြစ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးနှင့် တရားမျှတမှုရရှိရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။
ယခုအချိန်တွင် ပြစ်မှုကျူးလွန်သူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်း ဆီးရမိပြီဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးလိုသည်ဟု CDF – Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တရားခံတွေကိုပါ ထိန်းသိမ်းထားနိုင်ပါပြီ။ အမှုမှန်ပေါ် ပေါက်ရေးဆောင်ရွက်ဖို့ရှိပါတယ်။ အကောင်းဆုံးဖြေရှင်းဖို့အတွက် လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှုကို အားလုံးနဲ့ပြုလုပ်သွားမှာပါ” ဟု CDF – Mindat မှ ပြောရေးဆိုခွင့်ရှိသူ Salai Ha Om က မဇ္စျိမသို့ ပြော သည်။
ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ တရားစီရင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သားသုံးဦး အသတ်ခံရမှုကြောင့် လက်ရှိတော်လှန်ရေးကာလတွင် မြန်မာ နိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများကို အားတက်သရော အကူအညီပေးနေသည့် မီဇိုရမ်အစိုးရ၊ ပြည်သူနှင့် စစ်ဘေးရှောင်များအကြား ဆက်ဆံရေးဆိုးရွားပြီး ခိုလှုံနေရသူများ ပိုမိုကျပ်တည်းသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရသောကြောင့် ကြီးစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်အတွင်း၌ မီဇိုရမ်ပြည် နယ်သားသုံးဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြင်းထန်စွာရှုံ့ချပါကြောင်း၊ သတ်ဖြတ်ခံရသူများ၏မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း CDF – Mindat မှ မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်ရပ်တွင် ၎င်းတို့တပ်ဖွဲ့အနေဖြင့် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီပံ့ပိုးရန်အသင့်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
မတ်လ ၂၂ ရက်နေ့က မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့တွင်နေထိုင်သူ BiakSuii ၊ Bablu နှင့် B.Lalthafamkima တို့သုံးဦးသည် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ်တွင် အမည်မသိလူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်နှင့်ပါတ်သက်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများက အိန္ဒိယ-မြန်မာနယ်စပ် အဝင်အထွက်လမ်း ကြောင်းအချို့ကို အကန့်အသတ်မရှိပိတ်ပင်လိုက်ပြီး၊ နယ်စပ်ဖြတ်ကျော်သွားလာခွင့်နှင့် ပစ္စည်းများလွှဲ ပြောင်းမယူရန်ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#အိန္ဒိယနိုင်ငံ
#မီဇိုရမ်ပြည်နယ်
#CDF–Mindat
#လူသတ်မှု
--------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1😁1🤣1
"တမာမိုး" သံချပ်

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၁၂ ခုမှ ကျောင်းသူ၊ ကျောင်းသားများစုပေါင်း၍ ဖျော်ဖြေတင်ဆက်ထားသည့် "တမာမိုး" သံချပ် ဖြစ်သည်။

https://youtu.be/3Eia2TQ-lFI
#တမာမိုးသံချပ်
#၂၀၂၃
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤19👍6🤮2😁1
ထူးခြား လက်ရာမြောက်နာရီများပြပွဲ | VOA on Mizzima

https://youtu.be/Khof8YJRkus

Switzerland နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နာရီပြပွဲကြီးမှာ စွဲမက်လိုချင်စရာ နာရီတွေကနေ ရင်းနှီးမြှပ်နှံမှုပစ္စည်းလိုသတ်မှတ်နိုင်တဲ့ ဇိမ်ခံနာရီမျိုးစုံကို ပြသခဲ့ကြပါတယ်။ ဇိမ်ခံနာရီထုတ်လုပ်တဲ့လုပ်ငန်းကြီး ၄၈ ခုက အကောင်းတကာ့ အကောင်းဆုံးနာရီတွေ အပြိုင်ပြသခဲ့ကြတဲ့ပွဲကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7💩1
​​ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒပြုကြောင်း NUG ယာယီသမ္မတ AA စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့

ဖက်ဒရယ်ပြည်ထောင်စုအတွက် အတူလက်တွဲ ဆောင်ရွက်ရန် ဆန္ဒပြုကြောင်း NUG ယာယီသမ္မတ AA စစ်ဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့ ကြောင်း NUG အစိုးရအဖွဲ့က ဆိုသည်။
(၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့တွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက စာကိုယ်တိုင်ရေးသားကာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
၁၄ နှစ်တာကာလအတွင်း ပေးဆပ်မှုများဖြင့် ရခိုင်တမျိုးသားလုံးက အားကိုးယုံကြည်ရသည့် ရခိုင်တပ်တော်အဖြစ် ရပ်တည်နိုင်ခဲ့ သည်ကို ဂုဏ်ယူကြောင်း၊ ရခိုင်တပ်တော်နှစ်ပတ်လည်နေ့နှင့်အတူ ရခိုင်အမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကံ ဖန်တီးခွင့် အပြည့်အဝရရှိသည့် ဖယ်ဒရယ်ပြည် ထောင်စု ထူထောင်နိုင်ရန် အတူလက္တြဲ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆန္ဒပြုအပ်ကြောင်း ယာယီသမ္မတကြီးက ရေးသားထားသည်။
ထို့ပြင် ရက္ခိုင့်တပ်တော်(AA) က တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေးလျက်ရှိ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက (၁၄)နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။
ရခိုင်တပ်တော် AA ကို ကချင်ပြည်နယ်တွင် ၂၀၀၉ခုနှစ် ဧပြီ ၁၀ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
👍11❤3😁1🤮1
စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ခရစ်ယာန်ဘုရားကျောင်း ပျက်စီး

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုရှိ သဲဖြူကျေး ရွာတွင် ဧပြီလ ၉ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် နှစ်ဖက်တိုက်ခိုက်မှုများကြောင့် စစ်ရေးတင်မားနေချိန်တွင် ဧပြီလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် သိန်ခွန်းကျေးရွာအုပ်စုရှိ သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာနှင့် သဲဖြူရွာတို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
🤬6🔥2😁2👍1
မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံက“တိုက်ပွဲက မနေ့ကဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ နှစ်ဖက်အကျအဆုံးမရှိဘူး။ ဒါပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်း အပါ ဝင် နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ထိခိုက်ပျက်စီးသွားတာမျိုးတော့ ရှိတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာချိန်အတွင်း လမ်းတစ်လျှောက်ရှိ ချောင်းနှစ်ပေါက်၊ သိန်ခွန်းနှင့် သဲဖြူရွာတို့ရှိ နေအိမ်နှင့်ဈေးဆိုင်အချို့ကိုပါ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး နေအိမ်ရှိပစ္စည်းများကို လည်း ခိုးယူသွားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမယ့် အဲ့ဒီနေ့မှာပဲ အခြားနေရာတွေမှာဖြစ်တဲ့ တိုက်ပွဲမှာ တော့ စစ်ကောင်စီတပ်သားတွေ သေတာရှိတယ်”ဟု မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောကြားသည်။
မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးအဖွဲ့၏ထုတ်ပြန်ချက်အရ ယင်းနေ့တွင်ဖြစ်ပွားခဲ့သော အခြားတိုက်ပွဲ များဖြစ်သော ဘန်းလမွတ်ကျေးရွာအုပ်စု ကမ်းတိုရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဖက်က ခုနစ်ဦးထက် မနည်းသေဆုံးခဲ့သည့်အပြင် သိန်ခွန်းရွာအနီးတိုက်ပွဲတွင် ၁၀ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ကြောင်း ယင်း အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတိုက်ပွဲဖြစ်နေသည့် တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့ဖြစ်ပြီး မကြာခဏတိုက်ပွဲ ဖြစ်ပွားနေသည့်ဒေသလည်း ဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#လက်နက်ကြီး
#ခရစ်ယာန်ဘုရားကျောင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3🤬3👏2👍1