Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ခရစ်ယာန်ဘုရားကျောင်း ပျက်စီး

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုရှိ သဲဖြူကျေး ရွာတွင် ဧပြီလ ၉ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းအပါဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် နှစ်ဖက်တိုက်ခိုက်မှုများကြောင့် စစ်ရေးတင်မားနေချိန်တွင် ဧပြီလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် သိန်ခွန်းကျေးရွာအုပ်စုရှိ သိန်ခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာနှင့် သဲဖြူရွာတို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
🤬6🔥2😁2👍1
မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံက“တိုက်ပွဲက မနေ့ကဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တဲ့ အချိန်မှာ နှစ်ဖက်အကျအဆုံးမရှိဘူး။ ဒါပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်း အပါ ဝင် နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ထိခိုက်ပျက်စီးသွားတာမျိုးတော့ ရှိတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာချိန်အတွင်း လမ်းတစ်လျှောက်ရှိ ချောင်းနှစ်ပေါက်၊ သိန်ခွန်းနှင့် သဲဖြူရွာတို့ရှိ နေအိမ်နှင့်ဈေးဆိုင်အချို့ကိုပါ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ပြီး နေအိမ်ရှိပစ္စည်းများကို လည်း ခိုးယူသွားခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတော့ မရှိဘူး။ ဒါပေမယ့် အဲ့ဒီနေ့မှာပဲ အခြားနေရာတွေမှာဖြစ်တဲ့ တိုက်ပွဲမှာ တော့ စစ်ကောင်စီတပ်သားတွေ သေတာရှိတယ်”ဟု မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောကြားသည်။
မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြားရေးအဖွဲ့၏ထုတ်ပြန်ချက်အရ ယင်းနေ့တွင်ဖြစ်ပွားခဲ့သော အခြားတိုက်ပွဲ များဖြစ်သော ဘန်းလမွတ်ကျေးရွာအုပ်စု ကမ်းတိုရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီဖက်က ခုနစ်ဦးထက် မနည်းသေဆုံးခဲ့သည့်အပြင် သိန်ခွန်းရွာအနီးတိုက်ပွဲတွင် ၁၀ ဦး စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ကြောင်း ယင်း အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတိုက်ပွဲဖြစ်နေသည့် တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့ဖြစ်ပြီး မကြာခဏတိုက်ပွဲ ဖြစ်ပွားနေသည့်ဒေသလည်း ဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီစစ်ကြောင်း
#လက်နက်ကြီး
#ခရစ်ယာန်ဘုရားကျောင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3🤬3👏2👍1
ဧပြီလ ( ၁၀ ) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:03 - မဲဆောက်မှာ ဖမ်းဆီးခံရတဲ့ Lion Battalionဗျူဟာစစ်ကြောင်း ဒုစစ်ကြောင်းမှူးအပါဝင်၃ဦးကို မော်လမြိုင်အကျဉ်းထောင်ကိုပို့ဆောင်လိုက်တဲ့ သတင်း

02:33 - တောင်သာ NLD ရုံးကို စစ်ကောင်စီ လက်အောက်ခံ လူစု ဝင်ရောက်ဖျက်ဆီးတဲ့ သတင်း

04:50 - တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင် တစ်သောင်းကျော် အထိ ရှိလာတဲ့ သတင်း

09:40 - ပေးထားတဲ့ကတိအတိုင်း ထိုင်ဝမ်ကို လက်နက်တွေပေးအပ်သွားမှာဖြစ်ကြောင်း အမေရိကန်ပြောလိုက်တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mwI1Y2B0FBw
👍10❤6😁2
​​ဖိလစ်ပိုင်မြို့တော်အနီး မီးလောင်မှုကြောင့် လူ ၇ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော် မနီလာအနီးတွင် ဧပြီ ၈ ရက် ညပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားမှုကြောင့် ကလေးနှစ်ဦး အပါအဝင် လူ ခုနစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4👏2😢1
ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် မည်သည့်ရခိုင်တော်လှန်ရေးအဖွဲ့နှင့်မဆို လက်တွဲသွားမည်ဟု ALP ဆို

https://youtu.be/s8DWtCt3Z9g
👍6😁2
​​ဖလမ်းမြို့နယ် ဝေဘူလကျေးရွာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရ၍ ပြည်သူ ၆ ဦး သေဆုံး

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာကို ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းအုပ်ဆရာဇနီးမောင်နှံအပါအဝင် ပြည်သူခြောက်ဦး သေဆုံးသွားကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံမှ သိရသည်။
“ဖိုက်တာနဲ့ သုံးကြိမ်လာပြီး ဗုံးခြောက်လုံးချသွားတာ။ ဝေဘူလရွာကို နှစ်လုံးကျတယ်” ဟု CNDF ပြော ရေးဆိုခွင့်ရှိသူ Salai Cung Ngai က မဇ္စျိမကိုပြောသည်။
ယခုသေဆုံးမှုများမှာ ကနဦး သိရခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများလည်းရှိသဖြင့် ထိခိုက်သေဆုံးမှုများ ထပ် တိုးလာဖွယ်ရှိကြောင်း ဆိုသည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့် ဗားရ်စခန်းကို CNDF က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ကာ လက်နက်အချို့ သိမ်းဆည်းရမိထားကြောင်း သိရသည်။
ယင်းသို့အထိနာသဖြင့် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဂျက်ဖိုက်တာ ဖြင့် သုံးကြိမ်လာရောက်၍ ဗုံးခြောက်လုံးချခဲ့ရာ ဗာရ်းတွင် လေးလုံးနှင့် ဝေဘူလရွာတွင် နှစ်လုံးကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။
ဗားရ်စခန်းသည် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈) လက်အောက်ခံတပ်စခန်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် တွင် အကျအဆုံးများရှိကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့လည်း ရဲဘော်တစ်ဦးကျဆုံးကြောင်းသိရပြီး အသေးစိတ်အချက်အလက်များကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်း‌နေဆဲ ဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#ဖလမ်းမြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3🤬3👏1
သတင်းထဲက အင်္ဂလိပ်စာ| VOA on Mizzima

https://youtu.be/s7wNLAtF-MI

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ မအိသန့်စင်က စီစဉ် တင်ဆက်ပေးထားပါတယ်။
#voa
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮1🌭1
Media is too big
VIEW IN TELEGRAM
ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် မည်သည့်ရခိုင်တော်လှန်ရေးအဖွဲ့နှင့်မဆို လက်တွဲသွားမည်ဟု ALP ဆို

Watch more detail -
https://youtu.be/s8DWtCt3Z9g

#PoliticalNews #NLD #VideoNews #shorts #reels
👍4😁2
​​ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာရဲစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရောင်နီ
(မဇ္စျိမ)။ ။ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၀င်များတပ်စွဲထာားသည့် အဆိုပါရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက် နံနက် ၉ နာရီ ၂၀ မိနစ်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပိန်းကန်ရဲစခန်းတည့်တည့်ကို ကျပါတယ်။ ၈၁ မမ လက်နက်ကြီးနဲ့ တိုက်ခိုက်တာပါ။ အထိအခိုက်တော့ မသိရသေးဘူး။ ရဲတပ်သားတွေနေတဲ့ လိုင်းခန်းထဲ တည့်တည့်ကျသွားတာဖြစ်တဲ့အတွက် အထိအခိုက် တော့ရှိနိုင်ပါတယ်” ဟု PDF Khayan တာ၀န်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“လက်နက်ကြီးသံတွေ အကျယ်ကြီးကြားလိုက်ရတယ်။ ကျန်တာတော့ မသိရသေးဘူး။ ပိန်းကန်ရွာက ခရမ်းမြို့နယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ ရွာကြီးပါ။ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ကလည်း ပိန်းကန်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ကြားလိုက်သေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပိန်းကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ခရမ်းမြို့အ၀င်အထွက်နှင့် မြို့တွင်းနေရာ များတွင် လုံခြုံရေးတိုးမြှင့်ချထားကာ လက်ရှိအချိန်အထိ စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဧပြီလ ၉ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ကလည်း ခရမ်းမြို့မရဲစခန်းကို PDF Khayan က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲငါးဦးထိခိုက်ဒဏ်ရာရရှိကာ နှစ်ဦးမှာ သေဆုံးနိုင်ခြေရှိကြောင်း ကာကွယ်ရေးတပ်တာ၀န်ရှိသူက ဆိုထားသည်။
“ကျွန်တော်တို့ ခရမ်းပြည်သူတွေအနေနဲ့ ခရမ်း(PDF)အဖွဲ့ကို ကူညီပေးကြပါ။ အသွားအလာတွေ အထူး သတိထားကြပါ။ လိုအပ်မှ အပြင်ထွက်ကြပါ။ အကြမ်းဖက်စစ်ကောင်စီနဲ့ အဝေးဆုံးမှာ နေပေးကြပါ” ဟု ၎င်းက ပြည်သူများကို တိုက်တွန်းထားသည်။
PDF Khayan သည် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို မြို့ပြပြောက်ကျား စစ်ဆင်ရေးနည်း လမ်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။
ထို့သို့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် လိုအပ်သည့်လက်နက်ခဲယမ်းများ ၀ယ်ယူဖြည့်တင်းနိုင် ရန်အတွက်လည်း "အကြွေးပြန်ယူမယ်" သိန်း ၅၀၀ အမည်ဖြင့် ကမ်ပိန်းပြုလုပ်လျက်ရှိကြောင်း သိရ သည်။
“လိုအပ်ချက်တွေများတယ်ဗျ။ ဒါပေမယ့် ရှိမှ ရမှ လုပ်ရမှာ မဟုတ်ဘူးလေ။ ရှိတာနဲ့ ရတာနဲ့ လုပ်နိုင်ရ မယ်။ ပြည်သူက ပံ့ပိုးကူညီပေးကြရင် ဒီထက်ပိုအားကောင်းစေပါတယ်” ဟု PDF Khayan တာ၀န်ရှိသူက ပြောသည်။
“အကြွေးပြန်ယူမယ်" သိန်း ၅၀၀ ကမ်ပိန်း၏ ကာလကို ဧပြီလ ၁၀ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ ရက် ပေါင်း ၃၀ သတ်မှတ်ထားကာ ရရှိလာသည့် တော်လှန်ရေးရန်ပုံငွေများကို သေနတ်နှစ်လက်နှင့် ခဲယမ်း များ ဝယ်ယူဖြည့်တင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့နင့် ပတ်သက်ဆက်နွယ်သူများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းမှ စတင်ကာ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်ကောင်စီတပ်ဖွဲ့ကလည်း မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဒေသခံများအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်တိုင်း
#ခရမ်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥2👏1😁1🥱1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီက ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲရန်လျာထား

Watch more detail -
https://youtu.be/vLkXrtvsX6Q

#Mizzima #PoliticalNews #NLD #VideoNews #shorts #reels
🤬10👍4👎2👏1🤮1