ဖလမ်းမြို့နယ် ဝေဘူလမြို့တွင် နွေရာသီကျမ်းစာသင်တန်း (Summer Camp ) ပြုလုပ်ရန် တဲထိုးနေသည့်နေရာ ဗုံးကြဲခံရ
=================
(မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလမြို့၌ ယမန်နေ့ ဧပြီလ ၁၀ရက်နေ့တွင် နွေရာသီကျမ်းစာသင်တန်း(Summer Camp)ပြုလုပ်ရန်တဲထိုးနေသည့်နေရာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပြည်သူ ကိုးဦး သေဆုံး ပြီး ဒဏ်ရာရရှိသူ လေးဦးထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူ နှစ်ဦး ရှိကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာ နှစ်လုံးနှင့် လူနေအိမ် သုံးလုံး ပျက်စီးကြောင်းသိရသည်။
‘’ဝေဘူလမြို့မှာက တိုက်ပွဲလည်းမရှိဘူး၊ အေးအေးဆေးဆေးပဲ၊ ဒါကြောင့်လည်း အသင်းတော်တွေကနေ နွေရာသီဓမ္မကျမ်းစာသင်တန်းတွေလုပ်ဖို့အတွက် တဲတွေထိုးနေကြတဲ့နေရာကို လေယာဉ်နဲ့ဗုံးကြဲချသွားတာ။သိက္ခာတော်ရဆရာတော် တစ်ဦးလည်း သေတယ်။ ကျောင်းအုပ်ဆရာကြီးလင်မယားနှစ်ဦးသေဆုံးသွားတယ်။ လေယာဉ်နဲ့က အသွားနှစ်လုံး၊ အပြန်နှစ်လုံးကြဲချသွားတာ’’ဟု ဝေဘူလမြို့သူတစ်ဦးက ဆိုသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလေတပ်မှ ချင်းပြည်နယ်အတွင်းမြို့နယ်တော်တော်များရှိ ကျေးရွာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာခဲ့ကြောင်း သိရပြီး ယမန်နေ့ တစ်ရက်ထဲ၌ ဖလမ်းမြို့နယ်အတွင်း ဗားရ်ကျေးရွာတစ်ဝိုက် ၊ဝေဘူလမြို့နှင့်ဖလမ်း-ဟားခါးကားလမ်းပေါ်ရှိ ရမ်ထလိုကျေးရွာနဲ့ အနီးဝန်းကျင်များကို ဗုံး ၁၄ လုံး ကြဲချသွားခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဝေဘူလမြို့
#နွေရာသီ
#ကျမ်းစာသင်တန်း
#ဗုံးကြဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬10👍3🔥3😢3
CDF – Matupi ဖွဲ့စည်းတည်ထောင်သည့် ၂ နှစ်ပြည့်ချိန်တွင် ရဲဘော် ၂၄ ဦး ကျဆုံးခဲ့ပြီးဟုဆို
========================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) စတင်ဖွဲ့စည်းတည်ထောင်သည့် နှစ်နှစ်ပြည့်ချိန်တွင် ၎င်းတို့၏ ရဲဘော် ၂၄ ဦးအထိ ကျဆုံးခဲ့ပြီးဖြစ်ကြောင်း ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။
စတင်ဖွဲ့စည်းခဲ့သည့် ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ် တွင် နှစ်နှစ်ပြည်ပြီဖြစ်ပြီး ထိုကာလအတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ကြသည့် အာဇာနည်ကျဆုံးရဲဘော် ၂၄ ဦး အထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မိမိအသက်ကို ပဓာနမထားဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်လွှတ်ခဲ့ကြသော အာဇာနည်ကျဆုံး ရဲဘော်များ၊ ဒဏ်ရာရရဲဘော်များနှင့် ယနေ့အထိတိုင် တော်လှန်တိုက်ပွဲဝင်နေကြသော ရဲဘော်များအားလုံးကို လေးစားဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ဆိုသည်။
“ နှစ်နှစ်အတွင်းမှာ တိုက်ပွဲပေါင်း ၁၅၀ ကြိမ်ကျော်ရှိပြီး စစ်ကောင်စီတပ်သားအများအပြားကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ် ” ဟု CDF – Matupi ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
၎င်းတို့တပ်ဖွဲ့တွင် ကျဆုံးရဲဘော်များသာမက ဒဏ်ရာရရှိသူအများအပြားရှိနေပြီး လက်ရှိတွင် ရဲဘော် ၁၅ ဦး ဆေးကုသခံယူနေရလျက်ရှိကြောင်း ဆိုသည်။
ယနေ့ထိတိုင် တပ်ဖွဲ့ရပ်တည်နိုင်ရေးအတွက် အဖက်ဖက်မှ ကူညီထောက်ပံ့လျက်ရှိသော ပြည်တွင်းပြည်ပမှ မိဘပြည်သူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
CDF – Matupi သည် စစ်ကောင်စီတပ်နှင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် လက်နက်ခဲယမ်းနှင့်ရန်ပုံငွေများစွာ အခက်အခဲရှိနေပြီး မိုးတွင်းသို့ရောက်ရှိလာပါက ပိုမိုကျပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။
၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်ပျက်သုဥ်းပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရန် ဆက်လက်တိုက်ပွဲဝင် တော်လှန်သွားမည်ဖြစ်ကြောင်း တည်ထောင်ခြင်း နှစ်နှစ်ပြည့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မတူပီ
#CDF
#၂နှစ်ပြည့်
#ကျဆုံးရဲဘော်
#တိုက်ပွဲဝင်

👍11😢6🔥2
ထိုင်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လျော်ကြေးရရှိမည်
========================
ထိုင်းနိုင်ငံက အီလက်ထရောနစ်စက်ရုံတစ်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁,၀၀၀ ကျော်ကို လျော်ကြေးပေးရန် ဆောင်ရွက်လျက် ရှိပြီး ၎င်းတို့အား မြဝတီနယ်စပ်မြို့မှတစ်ဆင့် မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
ထိုင်းနိုင်ငံက အီလက်ထရောနစ်စက်ရုံတစ်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁,၀၀၀ ကျော်ကို လျော်ကြေးပေးရန် ဆောင်ရွက်လျက် ရှိပြီး ၎င်းတို့အား မြဝတီနယ်စပ်မြို့မှတစ်ဆင့် မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
မီးခိုးမြူပြဿနာ ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုအတွက် ထိုင်းဝန်ကြီးချုပ်ကို ချင်းမိုင်ဒေသခံများ တရားစွဲ
=====================
ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် နှစ်စဉ် မီးခိုးမြူ ထူထပ်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းအတွက် ဝန်ကြီးချုပ်နှင့် အစိုးရအေဂျင်စီ နှစ်ခုတို့ကို ချင်းမိုင်ဒေသခံပြည်သူ ၁,၇၀၀ ခန့်က ဧပြီ ၁၀ ရက်တွင် တရားစွဲဆိုလိုက်သည်။ အဆိုပါ မီးခိုးမြူများက ၎င်းတို့၏ အသက်ကို ငါးနှစ်ခန့် တိုတောင်းစေသည်ဟု ချင်းမိုင်ဒေသခံများက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် နှစ်စဉ် မီးခိုးမြူ ထူထပ်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်ခြင်းအတွက် ဝန်ကြီးချုပ်နှင့် အစိုးရအေဂျင်စီ နှစ်ခုတို့ကို ချင်းမိုင်ဒေသခံပြည်သူ ၁,၇၀၀ ခန့်က ဧပြီ ၁၀ ရက်တွင် တရားစွဲဆိုလိုက်သည်။ အဆိုပါ မီးခိုးမြူများက ၎င်းတို့၏ အသက်ကို ငါးနှစ်ခန့် တိုတောင်းစေသည်ဟု ချင်းမိုင်ဒေသခံများက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏6🔥2👍1
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်နှင့်ရိက္ခာခြောက် ပြတ်လပ်နေ
========================
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတချို့မှာ နှစ်လနီးပါး ဆန်နဲ့ ရိက္ခာခြောက်တွေ ပြတ်လပ်နေပြီး တချို့မှာတော့ ချေးငှားစားသောက်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။
တစ်ရက်တာ ကွင်းဆင်းစစ်ဆေးမှုတွေအရ စစ်ဘေးရှောင်စခန်း ခုနစ်ခုက လူဦးရေ ၂,၂၀၀ ကျော်အတွက် ဆန်နဲ့ ရိက္ခာခြောက်တွေ အရေးပေါ်လိုအပ်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ကရင်နီပြည်နယ်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ သယ်ယူတာကို ပိတ်ပင်ဖမ်းဆီးတာတွေ စစ်ဆေးတာတွေ လုပ်နေတဲ့အတွက် ပိုက်ဆံရှိလည်း အလုံအလောက်ဝယ်ယူဖို့အတွက် အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်ကို အကူအညီပေးနေသူတစ်ဦးက ဆိုပါတယ်။
ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင် ၂၁,၀၀၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင် ၂၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ ကရင်နီပြည်နယ်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
https://youtu.be/40VZ_G8dTlw
သတင်း-001
တင်ဆက်/တည်းဖြတ်-ဂျူချန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်နှင့်ရိက္ခာခြောက် ပြတ်လပ်နေ
(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတချို့မှာ နှစ်လနီးပါး ဆန်နဲ့ ရိက္ခာခြောက်တွေ ပြတ်လပ်နေပြီး တချို့မှာတော့ ချေးငှားစားသောက်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေဆီက သိရပါတယ်။
တစ်ရက်တာ ကွင်းဆင်းစစ်ဆေးမှုတွေအရ…
တစ်ရက်တာ ကွင်းဆင်းစစ်ဆေးမှုတွေအရ…
👍7🔥2
ဧပြီလ (၁၁) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================
- ကန့်ဘလူမြို့နယ်မှာ အခမ်းအနားပြုလုပ်နေတုန်း လေကြောင်းတိုက်ခိုက်ခံရ အမြောက်အမြားသေဆုံးတဲ့ သတင်း
- မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြောတဲ့သတင်း
- ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၉ ဦးသေဆုံးတဲ့သတင်းနဲ့
- ထိုင်ဝမ်ကိုပိတ်ဆို့တိုက်ခိုက်ဖို့ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်အဆုံးသတ်လိုက်တဲ့ သတင်း
အပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေနဲ့ အရေးကြီးတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/4S8xzor3qYQ
#4pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
- ကန့်ဘလူမြို့နယ်မှာ အခမ်းအနားပြုလုပ်နေတုန်း လေကြောင်းတိုက်ခိုက်ခံရ အမြောက်အမြားသေဆုံးတဲ့ သတင်း
- မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြောတဲ့သတင်း
- ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၉ ဦးသေဆုံးတဲ့သတင်းနဲ့
- ထိုင်ဝမ်ကိုပိတ်ဆို့တိုက်ခိုက်ဖို့ရည်ရွယ်တဲ့ စစ်ရေးလေ့ကျင့်မှုကို တရုတ်အဆုံးသတ်လိုက်တဲ့ သတင်း
အပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေနဲ့ အရေးကြီးတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/4S8xzor3qYQ
#4pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဧပြီလ (၁၁) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:57 - ကန့်ဘလူမြို့နယ်မှာ အခမ်းအနားပြုလုပ်နေတုန်း လေကြောင်းတိုက်ခိုက်ခံရ အမြောက်အမြားသေဆုံးတဲ့ သတင်း
02:05 - မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြောတဲ့သတင်း
04:22 - ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီတပ် လေကြောင်းမှ…

👍10🤮2😢1
Philippines, US kick off largest-ever joint military drills
=====================
https://youtu.be/aR_SxC5EWDM

The Philippines and the United States launch their largest-ever joint military exercises, as the allies seek to counter growing Chinese assertiveness in the region. Nearly 18,000 troops are taking part in the annual exercises which for the first time will…
🔥1
“စည်းရိုး - The Fence” ပရောဂျက် သတ်မှတ်ပမာဏမပြည့်သဖြင့် ၇ ရက်တိုး သတ်မှတ်
=======================
ဂျူချန်း(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာ(၄)အတွက် လက်နက်ခဲယမ်းများဖြည့်တင်းနိုင်ရန် “စည်းရိုး-The Fence” ရန်ပုံငွေရှာဖွေရေး အစီအစဉ်အား ဧပြီလ ၁၆ ရက်နေ့အထိ ခုနစ်ရက်သက်တမ်းတိုးလိုက်ကြောင်း သိရသည်။
“စည်းရိုး-The Fence” ပရောဂျက်ကို မတ်လ ၂၀ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ရက်ပေါင်း ၂၁ ရက် အတွင်း ကျပ်သိန်း ၁၀,၀၀၀ ရရှိရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် သတ်မှတ်ပမာဏမပြည့်သေးသဖြင့် ခုနစ်ရက်ထပ်တိုးကာ ဧပြီလ ၁၆ ရက်နေ့အထိ ရက်တိုးသတ်မှတ်လိုက်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“နောက်တစ်ပတ်အထိတိုးထားတယ်ဆိုတော့ ဧပြီလ ၁၆ ရက်နေ့အထိပါဗျ။ ဒီနေ့ထိတော့ ၇၉ ရာခိုင်နှုန်း အထိရထားပါပြီ။ လူဝင်တာကတော့ တော်တော်နည်းသွားတယ်ဗျ။ တခြားပရောဂျက်တွေလည်းဝင်လာ လို့ တူပါတယ်” ဟု စည်းရိုးပရောဂျက်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။
“စည်းရိုး” မှ ရရှိလာသည့်အလှူငွေများအား KNDF ဗျူဟာအမှတ်(၄)မှ တပ်ရင်းများအား မောင်းပြန် သေနတ် အလက် ၁၀၀ ခန့် ဖြည့်တင်းပေးနိုင်ရန်ရည်ရွယ်ကြောင်း ဒုစစ်ဦးစီးချုပ်မာဝီကပြောသည်။ အဆိုပါ KNDF ဗျူဟာ အမှတ်(၄)တွင် KNDF တပ်ရင်း(၁)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆) နှင့် တပ်ရင်း(၇) တို့ ပါဝင်ကြောင်း သိရသည်။
မြန်မာ၊ ထိုင်း၊ မလေး ရှား၊ စင်္ကာပူ။ ကိုးရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ UK၊ ဥရောပ နိုင်ငံများနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့်နိုင်ငံအသီးသီးမှ အလှူ ငွေများထည့်ဝင်နိုင်ရန် Fundraiser များ ထားရှိထားသည့်အပြင် Paypal ၊ Cryptocurrency များဖြင့် လည်း “စည်းရိုး” ပရောဂျက် တွင် ပါဝင်နိုင်ကြောင်း ဖော်ပြထားသည်။
လတ်တလောတွင် အဆိုပါနိုင်ငံများအနက် မြန်မာ၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့မှ အလှူငွေအများဆုံး ရရှိ ထားကြောင်း သိရသည်။
ရရှိထားသည့်အလှူငွေများအား တစ်ပြားတစ်ချပ်မျှ အလဟဿမဖြစ်စေရန် KNDF ဗျူဟာ(၄)မှ တာဝန် ယူကြောင်း စည်းရိုး-The Fence မှ ဖော်ပြထားသည်။
လက်ရှိတွင် စစ်ကောင်စီမှ ကရင်နီနှင့်ရှမ်းနယ်စပ်များသို့ အင်အားသုံးစစ်ကြောင်းထိုးနေပြီး စစ်အုပ်ချုပ် ရေးကြေညာခဲ့သည့် နှစ်လအတွင်း ရှမ်းကယားနယ်စပ်တွင် တိုက်ပွဲပေါင်း ၈၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ သည်။
အဆိုပါဒေသများတွင် တိုက်ပွဲပွားဖြစ်မှု သုံးဆကျော်တိုးလာခဲ့ကြောင်း ISP Myanmar မှလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။
https://youtu.be/DTa0cErqMEs
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#စည်းရိုး
#ပရောဂျက်
#ရံပုံငွေ
#ရက်တိုးသတ်မှတ်
#KNDF

ဂျူချန်း(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာ(၄)အတွက် လက်နက်ခဲယမ်းများဖြည့်တင်းနိုင်ရန် “စည်းရိုး-The Fence” ရန်ပုံငွေရှာဖွေရေး အစီအစဉ်အား ဧပြီလ ၁၆ ရက်နေ့အထိ ခုနစ်ရက်သက်တမ်းတိုးလိုက်ကြောင်း သိရသည်။…
👍9🔥2
ကြည့်မြင်တိုင်မြို့နယ်တွင် ရေကစားမဏ္ဍပ်အနီးရှိ ဈေးဆိုင်များကို ပိတ်ခိုင်း
=================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးရပ်ကွက် ကျောင်းကြီးလမ်းပေါ်တွင်ရှိသော မြို့နယ်ရေကစားမဏ္ဠပ်ကြောင့် ထိုလမ်းပေါ်တွင်ရှိသည့်ဈေးဆိုင်များကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ကစပြီး ဆိုင်မထွက်ရဘဲ ပိတ်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရသည်။
ကြည့်မြင်တိုင်မြို့နယ် စည်ပင်ဝန်ထမ်းတွေက ဈေးဆိုင်တွေ ပိတ်ရုံမကဘဲ ပစ္စည်းများပါ ရှင်းထားဖို့ကိုပါ ပြောခဲ့တာဖြစ်တယ်ဟု ဆိုသည်။
"ကြည့်မြင်တိုင်မြို့နယ်ထဲက အုပ်ချုပ်ရေးမှုးအကုန်နီးပါး အဲ့မှာ စုနေတယ်”လို့ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက ဆိုသည်။
ထိုနေရာသည် လူသွားလူလာများသည့်နေရာဖြစ်တာကြောင့် ပြည်သူလူထုကို အကာအကွယ်ယူကာ မဏ္ဍပ်ဆောက်ထားတာဖြစ်တယ်လို့ ဒေသခံ အများစုကလည်း သုံးသပ်ကြသည်။
"အဓိက မဏ္ဍပ်ကို အဲ့နေရာဆောက်ထားတာ အပေါ်မှာ ကျွန်တော်ပြောသလို သူတို့အတွက် အကာအကွယ် ဗျူဟာကြလို့ပဲ။ တစ်ခြားလွတ်လွတ်ကင်းကင်း လမ်းမတန်းနေရာတွေ အများကြီးဗျာ။ ဒီနေရာသေးသေးလေးမှာပဲလုပ်တာ အဖြေက ရှင်းပါတယ်" လို့ Kyimyindaing Scout ရဲ့ Admin တစ်ဦးကပြောသည်။
ယခင်က ကြည့်မြင်တိုင်မြို့နယ်ရေကစားမဏ္ဍပ်ကို သီရိမင်္ဂလာဈေးဟောင်းရှေ့ ကမ်းနားလမ်းမပေါ်မှာ တည်ဆောက်တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်ကွက်ထဲသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။
ထိုမဏ္ဍပ်တွင် လူမိုက်များကို ညအိပ်ညနေထားပြီး တာဝန်ယူခိုင်းထားသည့်အပြင် ထိုလူမိုက်များ၏ မိသားစုဝင်တွေပါ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ရှင်းပြသည်။
ကြည့်မြင်တိုင်မြို့နယ်က ထွေအုပ်ရုံး၊ ရပ်ကျေးရုံး ၊ လဝကရုံးနဲ့ စည်ပင်ရုံးတို့က ဝန်ထမ်းတွေကို မလာမနေရ သတ်မှတ်ထားပြီး လူမိုက်တွေရဲ့ မိသားစု ဆွေမျိုးနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေပါ မလာမနေရ သတ်မှတ်ထားတယ်လို့ ဆက်လက်ရှင်းပြသည်။
ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ရှေ့ ပြည်လမ်းပေါ်မှာ စစ်ကောင်စီက ဆောက်လုပ်ထားသည့် တိုင်းဗဟိုမဏ္ဍပ်ကို စစ်အာဏာဆန့်ကျင်ရေး လှုပ်ရှားနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dark Shadow အဖွဲ့၏ အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
စစ်ကောင်စီ၏ မဏ္ဍပ်များကို အဓိကထားတိုက်ခိုက်နေသည့် Dark Shadow အဖွဲ့ကတော့ နောက်ထပ်တိုက်ခိုက်မှုတွေ ရှိဦးမှာဖြစ်ပြီး စစ်ကောင်စီရဲ့ မဏ္ဍပ်တွေနားမသွားဖို့ကိုလည်း သတိပေးထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကြည့်မြင်တိုင်မြို့နယ်
#ရေကစားမဏ္ဍပ်
#ဈေးဆိုင်များ
#DarkShadow
ပုံ - ကြည့်မြင်တိုင်မြို့နယ် ရေကစားမဏ္ဠပ် တည်ဆောက်နေမှု မြင်ကွင်း

🤮4👍1🔥1
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်
🤣3❤1
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်
=====================
001
(မဇ္စျိမ) ။ ။ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများနှင့် Brilliant Aura ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသည့် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်မြို့တော်ခန်းမရှေ့ ပျဉ်းမနား- တောင်ညိုလမ်းမတွင် ပြုလုပ်ရန် စစ်ကောင်စီက စီစဉ်ထားသည်။
လက်ရှိတွင် စစ်ကောင်စီက ပျဉ်းမနား- တောင်ညိုလမ်းမ လမ်းလျှောက်သင်္ကြန်ကျင်းပမည့် နေရာရှိ လမ်းတစ်ခြမ်းကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားပြီး ယင်းနေရာ အနီးတစ်ဝိုက်တွင်လည်း လုံခြုံရေးကင်းတဲများချ၍ ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်လျက်ရှိသည့်အပြင် ပြင်ပယူနီဖောင်းများဖြင့် စောင့်ကြပ်နေသည့် လုံခြုံရေးဝန်ထမ်း အများအပြားလည်းရှိကြောင်း ဒေသခံများက ပြောသည်။
အဆိုပါလမ်းလျှောက်သင်္ကြန်ကို နေပြည်တော်မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။
“အာဏာမသိမ်းခင်ကတော့ ဆိုင်တွေမှာ သင်္ကြန်ဆို ပရိုမိုးရှင်းလုပ်ကြတာတွေ၊ သင်္ကြန်ပစ္စည်းတွေရောင်းတာတွေ၊ အလှဆင်တာတွေ လုပ်ကြတယ်။ အခုတော့ အဲ့ဒီလိုမျိုး သိပ်မတွေ့ရဘူး။ ကျွန်မတို့လည်း အရင်က အလှူအတန်းတွေ ဘာတွေလုပ်ဖြစ်တယ်။ ဒီနှစ်တော့ လုပ်ချင်စိတ်မရှိဘူး။ ကိုယ်ဟာကိုယ် အိမ်ထဲပဲနေမယ်”ဟု နေပြည်တော် ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် သင်္ကြန်ကာလ၌ နေပြည်တော် လမ်းမကြီးများပေါ်တွင် လည်ပတ်သူများ မရှိသလောက်နည်းခဲ့ပြီး စစ်ကောင်စီက ဦးဆောင်ပြုလုပ်သည့် နေပြည်တော်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်တွင်လည်း စည်ကားမှုမရှိခဲ့ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ် လမ်းလျှောက်သင်္ကြန်တွင် စစ်ကောင်စီက သနပ်ခါးသင်္ကြန်နှင့် လူငယ်ဇုန်၊ တိုင်းရင်းသားသင်္ကြန်ဇုန် စသည်ဖြင့် ပြုလုပ်ထားသည့်အပြင် ဝန်ကြီးဌာနအလိုက် အလှည့်ကျ ယိမ်းအဖွဲ့များလည်း ထည့်သွင်းထားကြောင်း သိရသည်။
စစ်ကောင်စီက နေပြည်တော် သင်္ကြန်စည်ကားစေရန်အတွက် ဝန်ထမ်းများကို နေရပ်မပြန်ခိုင်းမှုများလည်းရှိကြောင်း ဝန်ထမ်းမိသားစုဝင်အချို့ထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#နေပြည်တော်
#သင်္ကြန်
#စစ်ကောင်စီ

❤2👏1🤮1
KNU/KNLA- PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ မိမိကိုယ်ကိုအဆုံးစီရင်
=-====================
YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ်စောအယ်ခူသည် ယနေ့နံနက်အစောပိုင်းက မိမိကိုယ်ကိုအဆုံး စီရင်သွားကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံက သိရသည်။
ဗိုလ်ချုပ်စောအယ်ခူသည် ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၉ နာရီကျော်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထလော့စခန်းအတွင်းရှိ ၎င်း၏နေအိမ်၌ လက်ပစ်ဗုံးဖြင့်ဗုံးခွဲ၍ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း KNU/ KNLA- PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမကို အတည်ပြုပြောကြားသည်။
“အဲဒီမှာ ဗိုလ်ချုပ်စောအယ်ခူအပြင် ကျွန်တော်တို့ရဲ့တပ်ဗိုလ်၊ တပ်မှူးတွေလည်း အနီးအနားမှာရှိနေ တော့ သူတို့ဆီကနေ လှမ်းပေးပို့တဲ့သတင်းအရ သူ့ကိုယ်သူ လက်ပစ်ဗုံးဖောက်ခွဲပြီး အဆုံးစီရင်သွားတယ် လို့တော့ သိရပါတယ်" ဟု KNU/ KNLA- PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က မဇ္ဈိမကို ပြောသည်။
ဗိုလ်ချုပ်စောအယ်ခူအား ၎င်း၏ နေအိမ်ဘေးတွင် ခြေလက်ပြတ်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည် ကိုတွေ့ရကြောင်း KNU/ KNLA- PC နှင့် နီးစပ်သော သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
“ခြေတွေလက်တွေ ပြတ်ထွက်နေတာ ကြည့်လို့တောင်မကောင်းဘူးဗျာ။ ၉ နာရီဝန်းကျင်လောက်မှာ ဖြစ် တာပါ” ဟု ဆိုသည်။
ယမန်နေ့ညက ဗိုလ်ချုပ်စောအယ်ခူ၏နေအိမ်အား BGF မှ ဝင်ရောက်မွှေနှောက်ပြီး နေအိမ်အတွင်းရှိ လက်နက်များအား ယူဆောင်သွားကြောင်း သတင်းများထွက်ပေါ်နေသည်။
“တိုက်ပွဲဖြစ်ပြီးတော့ တိုက်ခိုက်နေတဲ့ဘက်နှစ်ဘက်ကြားမှာ သူ့အနေနဲ့ ညှိနှိုင်းဖြန်ဖြေမှုတွေကတော့ နှစ် ဖက်စလုံးကို သူ့နည်းသူ့ဟန်နဲ့ လုပ်နိုင်စွမ်းရှိသလောက် အကောင်းဆုံးကြိုးပမ်းလုပ်ဆောင်ခဲ့တယ်ဆိုတာ တော့ သိရပါတယ်၊ သို့သော်လည်း အဲဒီလိုမျိုး အသေးစိတ်အချက်အလက်တွေ ရှိလား၊ မရှိလားဆိုတာ ကတော့ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသားပါပဲ၊ မသိရပါဘူး”ဟု အဆိုပါသတင်းများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောကျော်ညွန့်က မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့က KNU/ KNLA- PC ၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့အား စည်းမျဉ်းစည်းကမ်းများမလိုက်နာ၍ဟုဆို ကာ ဗိုလ်ချုပ်စောအယ်ခူ၏ လက်မှတ်ဖြင့် ထုတ်ပယ်ခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNU/KNLA-PC
#စစ်ရေးချုပ်
#ဗိုလ်ချုပ်စောအယ်ခူ
#မိမိကိုယ်ကိုအဆုံးစီရင်

👍8❤2😁2
ဒေါင်းတို့မျိုးဆက် သံချပ်အသင်း ၁၀ နှစ်ပြည့် အညာမြေတွင် သံချပ်ထိုး ဖျော်ဖြေသွားမည်
=====================
မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ဒေါင်းတို့မျိုးဆက်သံချပ်အသင်း၏ မဟာသင်္ကြန်ကာလဖျော်ဖြေမှု ၁၀နှစ်ပြည့်သည့် ယခုနှစ်သင်္ကြန်ကာလတွင် အညာဒေသရှိ မီးလောင်ပြင်များကြားတွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် သံချပ်တိုက်ခြင်းများပြုလုပ်နေပြီး သင်္ကြန်အကြိုနေ့မှစ၍ စတင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အသင်းမှတာဝန်ရှိသူ ကိုဇေယျာလွင်က မဇ္ဈိမသို့ပြောသည်။
ဒီနှစ်တော့ သံချပ်ထွက်ဖြစ်ပါတယ်။ အခုလည်းတိုက်နေပါတယ်။ ကျနော်တို့ ၁၂ရက်နေ့မှာ သံချပ်ထိုးမှုကို စတင်ပါမယ်” ဟု ၎င်းကပြောသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည့် ပြီးခဲ့သည့်နှစ်ကလည်း ကရင်ပြည်နယ်အတွင်းရှိ လွတ်မြောက်နယ်မြေတစ်နေရာမှ သံချပ်ထိုးပြီး လက်ရှိတော်လှန်ရေးကို ဝေဖန်ထောက်ပြခြင်းများအပါအဝင် ဖျော်ဖြေတင်ဆက်မှုများကိုပြုလုပ်ခဲ့သည်။
ယခုနှစ်တွင် အညာဒေသရှိ ပြည်သူများ၏မီးလောင်ခံထားရသည့်အခြေအနေများ၊ စစ်တပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားမှုများနှင့် တော်လှန်ဘက်ခြမ်းရှိ မြေပြင်အခြေအနေများကို သံချပ်ထိုးဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးကာလတွင် လူငယ်များကျောင်းသားသမဂ္ဂများနှင့်တော်လှန်ရေးအင်အားစုများအနေဖြင့် နေရာအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် သံချပ်ထိုးဖျော်ဖြေမှုများကို တင်ဆက်ရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်မှာ ကျရောက်မည့်သင်္ကြန်ပွဲမှာ သံချပ်ထိုးဖျော်ဖြေခြင်းများမပြုလုပ်ရန်အတွက် စစ်ကောင်စီဘက်က တရားဝင်တားမြစ်ထားသည်။
ထိုသို့စစ်ကောင်စီဘက်က တားမြစ်မှုနှင့်ပတ်သက်ပြီး ကိုဇေယျာလွင်က “စစ်အာဏာရှင်ရယ်မှ မဟုတ်ပါဘူး။ ဘယ်အစိုးရတက်တက်ပါ အစိုးရကတော့ သူတို့ကိုဝေဖန်ပြောဆိုမယ့် ဘယ်စင်မြင့်ကိုမှ လွတ်လပ်စွာပြောခွင့်ပေးမှာမဟုတ်ဘူး။ ကျနော်ကအဲလိုပဲ နားလည်လိုက်တယ်။ NLDအစိုးရလက်ထက်တုန်းကလည်း သံချပ်တွေကိုဆင်ဆာလုပ်တာပဲ။ စစ်အာဏာရှင်တွေက ဒါတော့ပိတ်ပင်လိုက်တာပေါ့ ဆင်ဆာမဟုတ်တော့ဘဲ ပိတ်ပင်လိုက်တာပေါ့။ ဒါက စစ်အာဏာရှင်တွေရဲ့စရိုက်ကိုပြတာ” ဟုသူ့အမြင်ကိုပြောသည်။
စစ်ကောင်စီဘက်ကတားမြစ်မှုများကို ယခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း မဟာသင်္ကြန်ကာလတွင် သံချပ်ဖျော်ဖြေမှုများ မရှိတော့သည်မှာ စစ်အာဏာသိမ်းပြီးကတည်းကပင် ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဒေါင်းတို့မျိုးဆက်
#သံချပ်အသင်း
#အညာမြေ
#သံချပ်ထိုး

👍10😁1
ယုဇနဥယျာဥ်မြို့တော်တွင် တိုက်ခန်းအတွင်းမီးစက်နှိုး၍ လေအေးပေးစက်ဖွင့်အိပ်ရာမှ လူ ၃ ဦးသေဆုံး
==================
ဂန္ဓမာ
(မဇ္ဈိမ) ။ ။ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄)ရပ်ကွက်၊ ယုဇနဥယျာဥ်မြို့တော်တွင် မီးပျက်ချိန် တိုက် ခန်းအတွင်း မီးစက်နှိုး၍ လေအေးပေးစက် (Air Cooler) ဖွင့်အိပ်ရာမှ လူကြီးနှစ်ဦးနှင့် ကလေးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်အမြင်ကတော့လေ တိုက်ခန်းထဲမှာ အလုံပိတ်နေတဲ့အတွက် လှောင်ပြီးတော့ အောက်ဆီဂျင် ပြတ်တဲ့ပုံစံမျိုးဖြစ်တယ်။ သူတို့မှာ အရင်ရောဂါအခံလည်း ရှိချင်ရှိလိမ့်မယ်။ အမြင်အရတော့ လျှပ်စစ်မီး ကြောင့်တော့မဟုတ်ဘူး” ဟု ရွှေသန်လျင်နာရေးကူညီမှုအသင်း(ဒဂုံ)မှ တာဝန်ရှိသူက မဇ္ဈိမသို့ဖုန်းဖြင့် ဖြေကြားသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် ယုဇနဥယျာဥ်မြို့တော်နေ အသက်(၅၀) ကျော် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၃၀) ကျော်အရွယ် အမျိုးသားတစ်ဦး နေအိမ်တိုက်ခန်းအတွင်း အိပ် နေစဥ်သေဆုံးခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှင့်အတူ အသက်(၈)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ ကြောင်း ပရဟိတအဖွဲ့များက ပြောသည်။
“ကလေးကတော့ ဆေးရုံပို့ပေးလိုက်တာပဲ။ ဒါပေမယ့် ဒီနေ့မနက်မှာ ဆုံးသွားတယ်ပြောတယ်။ ဒီမနက်မှ ဟယ်လ်ပင်ဆေးရုံမှာဆုံးတဲ့ကလေးမလေးက မြေးထင်တယ်။ မနေ့ကသေတဲ့ နှစ်ယောက်ကတော့ သား အမိထင်တယ် ” ဟု လင်းပရဟိတအဖွဲ့က မဇ္ဈိမသို့ ဖုန်းဖြင့်ဖြေကြားသည်။
၎င်းတို့မှာ ပန်းထိမ်လုပ်ငန်းလုပ်သူများဖြစ်ကြပြီး သင်္ကြန်နားနီး၍နေရပ်သို့ အသီးသီးပြန်ကြချိန်တွင် ယခု ဖြစ်စဉ်ဖြစ်ပွားခြင်းဟု သိရသည်။
ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် လျှပ်စစ်မီးပြတ်တောက်ချိန်များ ပိုများလာကာ ပုံမှန်မီးရရှိခြင်းမရှိသလို ရာသီဥတုမှာလည်း ပိုမိုပူပြင်းလာသည့်အတွက် အရာရာကို သတိဝီရိယထားပြီး လေဝင်လေထွက်ကောင်းသည့်နေရာများတွင် နေထိုင်ရန်လိုအပ်ကြောင်း ပရဟိတအဖွဲ့တစ်ခုက အသိ ပေးမှတ်ချက်ပြုသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ယုဇနဥယျာဥ်မြို့တော်
#ရန်ကုန်
#ပန်းထိမ်
#မီးစက်
#လေအေးပေးစက်

👍9😁1
Taiwan President Tsai condemns Chinese military exercises
===================
https://youtu.be/zvwejL0VQyQ

#Taiwan President Tsai Ing-wen condemns China's military exercises in the Taiwan Strait after her meeting with US House Speaker Kevin McCarthy.
"#China uses this as an excuse to launch military exercises, causing instability in Taiwan and the region. This…

👍3🔥2