Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖားကန့်တွင် တော်လှန်သင်္ကြန် သံချပ်ထိုးပွဲ KPDF ကျင်းပ
=================

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ဧပြီ ၁၂ ရက်၌ KPDF တပ်ဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ၊ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် သင်္ကြန် သံချပ် နှင့် KIA ၊ PDF ၊ NUG ထောက်ခံပွဲ ပြုလုပ်ခဲ့ကြသည်။

KPDF တပ်ဖွဲ့ဝင်များက စစ်အာဏာရှင် လက်အောက်တွင် ကျင်းပသော သွေးစွန်း သင်္ကြန် တွင် ပြည်သူများ မပါဝင်ဘဲ သပိတ်မှောက်ကြရန် နှိုးဆော်ခဲ့ကြပြီး တော်လှန် သင်္ကြန် သံချပ် ထိုးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြသည်။

KPDF တပ်ဖွဲ့ဝင်များက ပြည်သူများ သွေးစွန်းသင်္ကြန် တွင် မပါဝင်ကြရန်၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် သွေးမအေးသွားကြဘဲ တော်လှန်ရေး အောင်မြင်သည့် အထိ ပြည်သူတစ်ရပ်လုံးအင်တိုက်အားတိုက်ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ခဲ့ကြပြီး စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ တွင် စစ်ကောင်စီ တပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသည့် ပြည်သူ များ အတွက် ဝမ်းနည်းခြင်း အခမ်းအနားလည်းပြုလုပ်ခဲ့ကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#တော်လှန်သင်္ကြန် သံချပ်ထိုးပွဲ
#KPDF
👍15❤3🔥1
This media is not supported in your browser
VIEW IN TELEGRAM
April - 12 [12 Pm] Mizzima News Hour

Mizzima Headline News
#12pmnews
#mizzimanewshour
#reels
#shorts
👍6❤1🤮1
စစ်ကောင်စီ၏လူမဆန်မှု့အားပြတ်သားစွာအရေးယူမှုအမြန်လုပ်ဆောင်ရန်ကမ္ဘာ့နိုင်ငံအသီးသီးအားထပ်မံတိုက်တွန်း
=====================

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လူမဆန်တဲ့ လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်NUCCက ထပ်မံတိုက်တွန်းလိုက်ပါတယ်။
ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထားကာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်ပြီး အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် NUCCက သဘောထား ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

https://youtu.be/NAH2699KUTY

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍18🤮1
အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ထပ်မံဖြစ်ပွား
အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ထပ်မံဖြစ်ပွား
==================

ရွှေနွယ်
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် ရန်ကုန်−မန္တလေးအမြန်လမ်း၊ မန္တလေးဘက်ခြမ်းတွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါလာသူ သုံဦးအနက် တစ်ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ(အသက်အန္တရာယ်စိုးရိမ်ရ) သွားသည်ဟု သွားရောက်ကူညီကယ်ဆယ်ပေးခဲ့သော မိတ္ထီလာမြို့နယ်ရှိ ပြည်သာယာလူမှုကူညီရေးအသင်းမှ ပြောသည်။

"ရန်ကုန်ဘက်ကနေလာတဲ့ ကားပါ၊ ကားပေါ်မှာ သုံးဦးပါတယ်၊ ယာဉ်မောင်းလာသူက နေရာမှာတင်ဆုံးသွားပါတယ်၊ အမျိုးသမီးတစ်ဦးက အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရတယ်၊ ပြင်းထန်တယ်၊ ဆေးရုံပို့ထားပါတယ်၊ အခြေအနေကတော့မကောင်းပါဘူး၊ ကျန်သက်ကြီးပိုင်းအမျိုးသမီးကတော့ ဒဏ်ရာမပြင်းထန်ပါဘူး" ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှ ပြောသည်။

ရန်ကုန်−မန္တလေးအမြန်လမ်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသော Honda Airwave အိမ်စီးယာဉ်သည် မိုင်တိုင်အမှတ် ၃၀၅/၁ အနီးအရောက်တွင် လမ်းလယ်ကျွန်းကို ဝင်တိုက်မိကာ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းနှင့်အတူ ဒဏ်ရာရသူနှစ်ဦးအား မိတ္ထီလာဆေးရုံသို့ပို့ဆောင်ထားသည်ဟု ဆိုသည်။

ယခုယာဉ်မတော်တဆမှုနှင့်ဆိုလျှင် ယခုဧပြီလအတွင်း ရန်ကုန်−မန္တလေးအမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုပေါင်း ရှစ်ကြိမ်ဖြစ်ပွားထားပြီး၊ အမျိုးသမီး လေးဦး၊ အမျိုးသား ငါးဦး သေဆုံးကာ၊ စုစုပေါင်း ကိုးဦးသေဆုံးထားကာ ရှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိတ္ထီလာမြို့နယ်
#ရန်ကုန်မန္တလေး
#အမြန်လမ်း
#ယာဉ်မတော်တဆမှု
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😢2
ဧပြီလ (၁၂) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:05 -အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ ကလေးတွေနဲ့ အမျိုးသမီးတွေအများဆုံးပါဝင်တဲ့သတင်း

02:33 - ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီတည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေကို တရုတ် ငင်းဆိုတဲ့သတင်း

06:07 - မန္တလေးမှာ သင်္ကြန်မဏ္ဍပ်တွေကို လုံခြုံရေးများစွာချပြီး ဆောက်လုပ်နေတဲ့သတင်း

07:01 - အကြမ်းဖက် စစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်အုပ်စုကို ပြတ်သားစွာ အရေးယူမှု အမြန်လုပ်ဆောင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကို ထပ်မံတိုက်တွန်းတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/7BpieWj5_4Y

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3👍3
​​ကျောက်ပန်းတောင်း မြို့အဝင်တိုးဂိတ်တွင် စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် စစ်ဆေးရေး တင်းကြပ်
=====================

ကီရာ
(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြို့အဝင်တိုးဂိတ်တွင် ယနေ့ ဧပြီလ ၁၂ ရက် နံနက် ပိုင်းမှစတင်၍ စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် စစ်ဆေးရေးများ တင်းကြပ်နေသည်ဟု သိရ သည်။

ပြီးခဲ့သည့်ရက်များက ယခုကဲ့သို့ စစ်ဆေးမှုများမရှိခဲ့ဘဲ ယနေ့တွင် လက်နက်အပြည့်အစုံတပ်ဆင်ထား သည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်မှ တိုးဂိတ်အဝင်တွင် စစ်ဆေးမေးမြန်းမှုများအပြင် သယ်ဆောင် လာသည့်အထုတ်အပိုးများကို ထုရိုက်စစ်ဆေးမှုများပါ ပြုလုပ်နေကြောင်း သိရသည်။

“ရှေ့ရက်တွေတုန်းက ဘယ်သွားမလဲဘာလဲဆိုတာလောက်ပဲ မေးတာမြန်းတာ။ ဒီနေ့တော့ မှတ်ပုံတင် တွေလည်းစစ်တယ်၊ အိတ်တွေကိုလဲ ထုရိုက်တယ်” ဟု စစ်ဆေးမှုကို ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
ခရီးသည်တင်ယာဉ်များကို ပိုမိုစစ်ဆေးပြီး မိတ္ထီလာအထွက် ၂၈၅ မိုင်ဂိတ်တွင် လူငယ်များကို တစ်ဦးချင်း ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟုလည်း သိရသည်။

“Express ကားတွေဆိုရင် ခရီးသည်တွေကို အကုန်ကားပေါ်ကဆင်းခိုင်းပြီး စစ်တယ်။ လူငယ်တွေဆိုရင် တစ်ယောက်ချင်းခေါ်ပြီး သေချာစစ်တယ်၊ လူငယ်တွေဆိုရင် တခြားလူတွေထက် ပိုစစ်ဆေးကြတယ်။ အိမ်စီးကားတွေဆိုရင်တော့ သိပ်စစ်တာ မတွေ့ရဘူး” ဟု စစ်ဆေးမှုကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တန့်‌ကြည်တောင်ဘက်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အဆိုပါဒေသအတွင်းနေထိုင်သူများမှာ နီးစပ်ရာမြို့နယ်များတွင် ခိုးဝှက်ရှောင်တိမ်း နေထိုင်နေရပြီး ဒုက္ခသည်စခန်းပင် ဖွင့်ခွင့်မရှိကြောင်း သိရသည်။

“ညဘက် လှေနဲ့ထွက်ပြေးလာကြတဲ့သူတွေက နီးစပ်ရာဘက်တွေမှာ ခိုးဝှက်နေ နေရတယ်ဗျာ။ ဒုက္ခသည် စခန်းတောင်ဖွင့်မရဘူး။ စစ်တပ်က သိတာနဲ့ ပြန်ခိုင်းတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြော သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ကျောက်ပန်းတောင်းမြို့
#စစ်ဆေးရေးတင်းကြပ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤3
This media is not supported in your browser
VIEW IN TELEGRAM
စစ်ကောင်စီ၏လူမဆန်မှု့အားပြတ်သားစွာအရေးယူမှုအမြန်လုပ်ဆောင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးအား ထပ်မံတိုက်တွန်း

Watch more detail -
https://youtu.be/NAH2699KUTY

#PoliticalNews #NLD #VideoNews #shorts #Reels
👍8😁2
NUG ရဲ့ လူ့အခွင့်အရေးနယ်ပယ်စွမ်းဆောင်ရည်ဆိုင်ရာ အကဲဖြတ်ချက် | Human Rights Barometer - Episode 11
===================

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တည်ထောင်တာ နှစ်နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ဘယ်လိုလည်ပတ်ခဲ့လဲ၊ ဘယ်ကိစ္စတွေကို စွမ်းဆောင်နိုင်ခဲ့ပါလဲ၊ ဘယ်အကြောင်းအရာတွေက စိန်ခေါ်မှုတွေရှိပါသလဲဆိုတာကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက မေးမြန်းထားပါတယ်။

https://youtu.be/5XIWAorO8jU

# ​NUG
#လူ့အခွင့်အရေး
# ဦးအောင်မျိုးမင်း
# Human Rights Barometer
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮1