Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စက်ရုပ်ဝန်ထမ်းတွေ စားပွဲထိုးတဲ့ စားသောက်ဆိုင် | VOA On Mizzima
====================

အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝန်ထမ်းအလုံအလောက်မရှိတဲ့ ပြဿနာနဲ့ ကြုံနေရပါတယ်။ Michigan ပြည်နယ်က ခေါက်ဆွဲဆိုင်မှာတော့ စက်ရုပ်ဝန်ထမ်းတွေက စားပွဲထိုးတွေအဖြစ် ဝန်ဆောင်မှုပေးနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/Q7WMzg4o3cQ

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းစစ်မြေပြင်က ဒရုန်းတပ်ဖွဲ့များ

#internationalnews #reels #shorts
👍11🔥2
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုတွင် မိသားစုဝင်အချို့ ဆုံးရှုံးခဲ့ရသူများ၏ ပြောကြားချက်
===========================

ဂျူချန်း(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ရက် နံနက်က ပြုလုပ်ခဲ့သည့် ရပ်ရွာအ‌ရေး‌ဆွေးနွေးပွဲနှင့် အလှူပွဲတစ်ခုကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျေးရွာ ခြောက်ရွာမှ လူ၂၀၀ ခန့် စုဝေးနေချိန် နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ရာ အသက် ၁၀နှစ်အောက် ကလေးငယ်အချို့အပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း မိသားစုများ ဆုံးရှုံးခဲ့ရသည့် ပဇီကြီးဒေသခံအချို့အား မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကို တွေ့ဆုံ မေးမြန်းထားသည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ရုပ်အလောင်း စုစုပေါင်း ၈၀ ကျော် သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သော်လည်း မြေပြင်တွင် ရုပ်အလောင်းများ ရှိနေသေးသည်ဟု သိရသည်။ မီးသင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်းများတွင် ၁၀နှစ်အောက်ကလေး ယောကျာ်းလေး ငါးဦးနှင့် မိန်းကလေး ခုနစ်ဦးပါဝင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထားသည်။

လူ၁၅၀ထက်မနည်း သေဆုံးနိုင်ပြီး သေဆုံးသူအရေအတွက်ကို အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

https://youtu.be/aQ4ZIZhNBdE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍16😢6😁1
​​ပဇီကြီးကျေးရွာ လေကြောင်းမှတိုက်ခိုက်ခံရမှုအပြီး ပျံ့နှံ့နေသော ပုံအမှားများ
=======================

NL
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမခံရမီ ထမင်းစားနေသည့်ကလေးငယ်ပုံများနှင့် သွေးစွန်းနေသည့်ပုံများ ပျံ့နှံ့နေသည်။ ထိုပုံများသည် ကရင်နီပြည်နယ် ဒီးမော့ဆို စစ်ရှောင်စခန်းမှပုံများ ဖြစ်သည်။

စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့က လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ကလေးငယ်များထမင်းစားနေသည့်ပုံများကို တိုက်ခိုက်မှုမခံရမီက ကလေးငယ် များဟုဆိုကာ ပုံလေးပုံ ဖေ့စ်ဘုတ်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ပုံအမှားကို မူလဖြန့်ဝေသည့် အကောင့်အား မတွေ့ရှိရသော်လည်း Credit ပေးကာ ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။

ထိုပုံများကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ ခေတ်သစ်မီဒီယာမှ ဧပြီလ ၁၁ ရက်နေ့က ဖော်ပြထားသည့် “ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အစားအသောက်များကျွေးမွေးလှူဒါန်း”ဟူသည့် သတင်းမှ သတင်းဓာတ်ပုံများဖြစ်ကြောင်း တွေ့ရသည်။

လင့် − t.ly/5cso
ထို့ပြင် “MG Aung Moe Oo” ဖေ့စ်ဘုတ်အကောင့်မှ “အဘယ်သို့သော နှလုံးသားနဲ့ခံစားရမှာလဲ” ဟု ဆို ကာသွေးကွက်များထဲမှ ဖိနှပ်နှင့် ထမင်းပန်ကန်ပါသည့် ပုံနှစ်ပုံကို ဖြန့်ဝေထားသည်။ မည်သည့်နေရာ မည်သည့်ကိစ္စဟု တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။ သို့သော် လောလောလတ်လတ် ဖြစ်ပွားခဲ့သည့် ကန့်ဘလူကိစ္စဟု ထင်မှတ်မှားစေကာ ပြန်လည်မျှဝေမှု 3,600 ကျော်ရှိနေပြီ ဖြစ်သည်။

အဆိုပါ ပုံမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒီးမော့ဆိုနှင့် ဖယ်ခုံတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်မှ ပုံဖြစ်သည်။

ထိုပုံကို The Irrawaddy အင်္ဂလိပ်ပိုင်းတွင် မတ်လ ၃ ရက်နေ့က ဖော်ပြထားသည်။

လင့် − t.ly/RLfyG
ထို့ကြောင့် ယခုပျံ့နှံ့နေသည့် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ ကလေးပုံများနှင့် သွေးစွန်းနေသည့်ပုံများသည် ဒီးမော့ဆိုစစ်ရှောင်စခန်းမှ ကျွေးမွေးလှူတန်းသည့်ပုံနှင့် ဖေဖော်ဝါရီလ အတွင်းက လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှ ပုံများသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#ပဇီကြီးရွာ
#ပုံအမှား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍24🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
စစ်ရေးလေ့ကျင့်မှုပြီးဆုံးတဲ့နောက်မှာတောင်
ကျွန်းအနီးတစ်ဝိုက်မှာ တရုတ်စစ်သင်္ဘောနဲ့
လေယာဉ်တွေရှိနေဆဲဖြစ်ကြောင်း ထိုင်ဝမ်ပြောကြား

#internationalnews #reels #shorts
👍16🔥3
ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
တပိုင်းလျှပ်ကူးပစ္စည်း တိုးထုတ်မယ့် အမေရိကန် | VOA On Mizzima
=======================

ကမ္ဘာတဝန်းမှာ ချစ်ပ်ပြား လိုအပ်မှုက လာမယ့် ဆယ်စုနှစ်အတွင်း နှစ်ဆတိုးလာမယ်လို့ မျှော်လင့်ရပြီး အမေရိကန်ဟာ ဆီမီးကွန်ဒတ်တာထုတ်လုပ်မှုနဲ့ သုတေသနလုပ်ငန်းတွေကို မြှင့်တင်ဖို့ အတွက် ဒေါ်လာ ဘီလီယံ ၅၀ ကျော် လျာထားသတ်မှတ်ထားပါတယ်။ ဗွီအိုအေ သတင်းထောက် Keith Kocinski New York ကနေ ပေးပို့တဲ့ သတင်းလွှာကို ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။

https://youtu.be/n-ri_cahebE

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🔥2
​​လူသိများသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူကို ဗီယက်နမ်တရားရုံးက ထောင် ၆ နှစ် ချ
==========================

ဗီယက်နမ်နိုင်ငံတွင် အစိုးရကို ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင်၍ဟုဆိုကာ လူသိများထင်ရှားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို ဟနွိုင်းမြို့ တရားရုံးတစ်ခုက ဧပြီ ၁၂ ရက်တွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ကြောင်း အဆိုပါတက်ကြွလှုပ်ရှားသူ၏ ရှေ့နေဖြစ်သူက ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👎4👏1
အညာဒေသတပ်ဖွဲ့များ၏ "စည်းလုံးခြင်းဖြင့်ရှေ့ဆက်မယ်" သင်္ကြန်သံချပ်
=====================

ရွှေနွယ်(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော National Revolutionary Guards (NRG/Salingyi)၊Chindwin Dynamite နှင့်Fighter 9 တို့မှ အဖွဲ့ဝင်များက ပြည်သူများ သိရှိ နားထောင်နိုင်စေရန် "စည်းလုံးခြင်းဖြင့်ရှေ့ဆက်မယ်" ဆိုသည့် သင်္ကြန်သံချပ်အားတင်ဆက်ထားသည်။

https://youtu.be/wcm6rm1yAus

စာတည်း ။ ။ အောင်ကျော်ဖြိုး

#Mizzima
#သင်္ကြန် သံချပ်
#National Revolutionary Guards
#Fighter 9
#Chindwin Dynamite
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏8🔥4👍2🥰1
This media is not supported in your browser
VIEW IN TELEGRAM
တရားမဝင်တရုတ်ငါးဖမ်းသင်္ဘောတွေကြောင့်
ထိုင်ဝမ်ရေလုပ်သားတွေစိတ်ပျက်နေရ

#internationalnews #reels #shorts #Mizzima
❤4🔥3🤬2
မွေးကင်းစ ကလေးနဲ့မိခင်စောင့်ရှောက်မှု ဈေးမြင့်တက် | VOA On Mizzima
====================

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းနေပေမဲ့လည်း မွေးကင်းစ ကလေးနဲ့ မီးတွင်းထွက်ခါစမိခင်တွေကို စောင့်ရှောက်တဲ့ ကလေးထိန်း သူနာပြုတွေ ငှားရမ်းခက မြင့်မားလို့နေပါတယ်။ တရုတ်နိုင်ငံတဝန်းက အမျိုးသမီးတွေဟာ ရှန်ဟိုင်းမြို့မှာ ရှိတဲ့ ကလေးထိန်းကျောင်းဆီကို ကလေးထိန်းပညာ သင်ကြားဖို့ တက်ရောက်နေကြပါတယ်။ Reuters သတင်းဆောင်းပါးကို အခြေခံပြီး အလိမ္မာက တင်ဆက်ထားပါတယ်။

https://youtu.be/OhZeA7xb40c

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤6👍2
ဆရာမ မမေဇင်မိုးရဲ့ အဖြစ် | မရွှေမိုး (ကိုရီယား)ရဲ့ လေးညို့သံ − အပိုင်း (၄၈)
====================

ဆရာမလေးကို မုဒိန်းကျင့်သတ်ဖြတ်တာ မျိုးဝင်းဆိုတဲ့ ထန်းပင်ကုန်းအုပ်စု၊ အရှေ့ကုန်းရွာက ပျူစောထီးလဲပါတယ်၊ စစ်ခွေးတွေလဲပါတယ်၊ ရဲတွေလဲပါတယ်... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/F2EZ6IvZqc8

#မရွှေမိုး
#ဆောင်းပါး
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10
သပိတ်ခေါင်းဆောင်အား ဖမ်းဆီးရန် ဝရမ်းထုတ်ထားသည့် လောင်းလုံးတွင် ဆက်လက် ဆန္ဒ ပြ
======================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ စစ်ကောင်စီ အာဏာသိမ်းမှုကို လက်မခံကြောင်း တက်ကြွစွာ ဆန္ဒပြမှုကြောင့် သပိတ်ခေါင်းဆောင်အား ဆုငွေဖြင့် ဖမ်း၀ရမ်းထုတ်ထားသည့် လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၁၂ ရက်နေ့၌ ဆက်လက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

သပိတ်ခေါင်းဆောင်ဖြစ်သူ ကိုမင်းလွင်ဦးအား ဖမ်းဆီးပေးနိုင်ပါက ကျပ်သိန်း ၃၀၀ ချီးမြင့်မည်ဟု စစ်ကောင်စီက ယနေ့ ကြေညာခဲ့ခြင်း
ဖြစ်သည်။

ဆန္ဒပြ လှုပ်ရှားမှုတွင် “တရားမျှတမှုအတွက် တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ” စာသားပါ ဘန်နာကိုင်ဆွဲ၍ ဒေသခံ လူငယ်များ
နှင့် အမျိုးသမီးများ ပူးပေါင်းပါ၀င်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ကိုမင်းလွင်ဦး
#DDMSC
#သပိတ်ခေါင်းဆောင်အား၀ရမ်းထုတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤15👍9
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီးနောက်
ပြင်းပြင်းထန်ထန်အရေးယူမယ့်အကြောင်း တရုတ်ပြောဆို

#internationalnews #reels #shorts #Mizzima
😁9👍3
ဧပြီလ (၁၂) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
==========================

- ပဇီကြီးရွာမှာ စစ်ကောင်စီက လေကြောင်းကင်းထောက်နေလို့ ရှာဖွေကယ်ဆယ်ရေးတွေ ရပ်နားထားရ

-ဟားခါးမြို့နယ်အတွင်းရှိကြံ့ခိုင်ရေးပါတီ ပိုင်ဆိုင်မှုအားလုံး ပြည်သူပိုင်အဖြစ်သိမ်းပိုက်ကြောင်း CDF-Hakha Council က ကြေညာ

-ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသား ၁ ဦးကို ထိုးသွင်းဒဏ်ရာများဖြင့် ယာဉ်ပေါ်တွင် သေဆုံးလျက်တွေ့

-ပဇီကြီးကျေးရွာ လေကြောင်းမှတိုက်ခိုက်ခံရမှုအပြီး ပုံအမှားတွေ ပျံ့နှံ့နေပါတယ်။

-ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုပြီးဆုံးပြီးနောက် ပြင်းပြင်းထန်ထန်အရေးယူမယ့်အကြောင်း တရုတ်ပြောဆိုပါတယ်။

-ရုရှားမှာမီးတောင်ပေါက်ကွဲပြီး ကမ်ချက်ကာကျွန်းဆွယ်တစ်လျှောက် မီးခိုးပြာတွေမှုတ်ထုတ်လိုက်တဲ့ သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။

https://www.youtube.com/live/b56JMn5JQac?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍15🥰1
ဧပြီလ (၁၂) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

သင်္ကြန်မှာ စစ်ကောင်စီက အကြမ်းဖက်မှု ကျူးလွန်ပြီး တော်လှန်ရေးအင်အားစုတွေအပေါ် အထင်လွဲအောင် လုပ်လာနိုင်တယ်လို့ NUG ခေါင်းဆောင်တွေက သတိပေးလိုက်တဲ့သတင်းနဲ့အတူ လူမဆန်တဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြတ်ပြတ်သားသား အရေးယူနိုင်ရေး အမြန်ဆုံးဆောင်ရွက်ကြဖို့ ကမ္ဘာ့နိုင်ငံအသီးသီးကို NUCC ကတိုက်တွန်းလိုက်တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရပါမယ်။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/nCJ3jse5BRM

#Mizzimaradio
#Eveningradio

👍9👏1