Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုန်တိုင်းဘေးအန္တရာယ်ကြောင့် ကမ်းနီးငါးဖမ်းလှေများကို ပင်လယ်ပြင်ထွက်ခွင့် ပိတ်ထားဟုဆို
👍5🔥1👏1
မုန်တိုင်းဘေးအန္တရာယ်ကြောင့် ကမ်းနီးငါးဖမ်းလှေများကို ပင်လယ်ပြင်ထွက်ခွင့် ပိတ်ထားဟုဆို
===================

ကိုရွှေမြိတ် 

မဲဆောက်(မဇ္ဈိမ )။ ။ မိုချာမုန်တိုင်းအန္တရာယ်ကြောင့် တနင်္သာရီကမ်းရိုးတန်းဒေသ မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် ကမ်းနီး ငါးဖမ်း လှေငယ်များကို ပင်လယ်ပြင်ထွက်ခွင့် ပိတ်ထားကြောင်း သိရသည်။

ယနေ့ မေလ ၁၀ ရက်မှ စတင်၍ ၁၄ ရက်နေ့ အထိ ငါးရက်တိုင်တိုင် ပင်လယ်ပြင်သို့ ထွက်ခွာသွားလာခြင်း မပြုလုပ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ဒေသအာဏာပိုင်များက သတိပေးထားခြင်းဟု ဒေသခံများကပြောသည်။

“ ရွာမှာကတော့ အုပ်ချုပ်ရေးမှူးက လိုက်လံသတိပေးနေတာတော့ တွေ့ရတယ်။ မုန်တိုင်း အန္တရာယ်ရှိတယ် ဆိုပြီး ပြောဆိုနေတာမျိုးပေါ့ ” ဟု ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မုန်တိုင်း အန္တရာယ်သတိပေးထားသည့် ကာလအတွင်း ကမ်းနီး ငါးဖမ်းလှေငယ်များအပြင် ကျွန်းစုမြို့နယ်ထဲရှိ ပင်လယ်ပိုင်းဒေသများသို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ် ရှပ်ပြေးများကိုပါ ရပ်နားခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ပင်လယ်ပြင်သို့ ထွက်ခွာခြင်း ပိတ်ပင်ထားသည့် ရေယာဉ်များထဲတွင် ငါးဖမ်းလှေများ၊ ခရီးသည်တင်ယာဉ်များနှင့် ငါးဖမ်းလှေများအတွက် အသုံးပြုသည့် ရေခဲလှေများအားလုံး ပါဝင်ကြောင်း ဆိုသည်။

မိုချာမုန်တိုင်းကြောင့် အသိပညာပေးခြင်းနှင့် ကယ်ဆယ်ရေးသရုပ်ပြခြင်း လုပ်ငန်းများကို စစ်ကောင်စီ လက်အောက်ခံ မီးသတ်ဦးစီးဌာနနှင့် သဘာ၀ဘေးအန္တရာယ် ကယ်ဆယ်ရေး အဖွဲ့တို့မှ ကျေးရွာ၊ ရပ်ကွက်များအတွင်း ပြုလုပ်နေကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#မုန်းတိုင်းအန္တရာယ်
#တနင်္သာရီ
#ငါးဖမ်းလှေ
#အုပ်ချုပ်ရေးမှူး
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ရွှေဘိုမြို့နယ်ရှိ ဇီးဖြူကုန်းပျူစောထီး စခန်းကို PDF ပူးပါင်းတပ်မှဝင်တိုက် 
================

လွှမ်းမိုး

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ဇီးဖြူကုန်း ပျူစောထီး တပ်စခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မေလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Spring Guerilla Platton တပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ ဇီးဖြူကုန်း ပျူစောထီး တပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း ခန့်မှန်းအင်အား ၄၀ ဝန်းကျင်ရှိပြီး တိုက်ခိုက်မှုကြောင့် ၁၂ ဦးသေဆုံးခဲ့သည်ဟု Spring Guerilla Platton တပ်ခွဲမှူး ဝေကြီးကပြောသည်။

“ ကျွန်တော်တို့ ဝင်တိုက်တဲ့ အချိန်မှာ မျဉ်းခံစစ် ပုံစံဖြင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က ပြန်လည်ခုခံခဲ့ကြပါတယ်။ နှစ်ဖက်ပြန်လည် ပစ်ခတ်မှူ တစ်နာရီခန့် ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ပါတယ်။ စခန်းကို လုံးဝ အပြီးသိမ်းနိုင်လုလုဆဲ အချိန်မှာ တပ်ကူရောက်လာတဲ့အတွက် ပြန်ဆုတ်ခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ ကျည်ကာ၊ လက်ပစ်ဗုံး၊ ၉မမ ကျည်နှင့် အခြားစစ်သုံးပစ္စည်းများ ရရှိခဲ့သည်ဟု တပ်ခွဲမှူးကပြောသည်။ 

တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်အမှတ်(၂၁) တပ်ရင်း မှ တပ်ခွဲ(၁) ၊ တပ်ခွဲ(၂) (Spring Guerilla Platton) ၊ နယ်စည်းမခြား မိုးကြိုးမုန်တိုင်း တပ်ဖွဲ့ ၊ ဒေါင်းလုလင်တပ်ဖွဲ့ ၊ ဂဠုန်တပ်ဖွဲ့ နှင့် ဒေသခံမဟာမိတ် တပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် ဇီးဖြူကုန်းပျူစခန်းကို အင်အားအဆမတန် တိုးချဲ့ကာ ခံစစ် အခိုင်အမာ ပြင်ဆင်နေကြောင်းလည်းသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

https://youtu.be/vagouM6TQ_4

#ရွှေဘိုမြို့နယ်
#ပျူစောထီး
#PDF
#ဇီးဖြူကုန်း
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1😁1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့အတွက် အချိန်မဆွဲဖို့ အနောက်နိုင်ငံတွေကို အီရန်တိုက်တွန်း

#internationalnews #reels #shorts
👍3🔥1
"Iron Mommy"
========

"တော်လှန်ရေးရဲ့ ကဏ္ဌပေါင်းစုံမှာ ရဲဝင့်တက်ကြွစွာ ပါဝင်နေသော အမျိုးသမီးတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အလေးအမြတ်ပြု မှတ်တမ်းတင်လိုက်ပါတယ်"

ယခု ထုတ်လွှင့်ပြသပေးသည့် "Iron Mommy" ဇာတ်လမ်းတိုသည် တော်လှန်ရေးခရီးသို့ ရဲ့ဝင့်စွာလျှောက်လှမ်းနေသည့် သူရဲကောင်းမိခင်တစ်ဥ◌ီး၏ အကြောင်းကိုရိုက်ကူးထားခြင်းဖြစ်ပါသည်။ သူမသည် စစ်စခန်းသို့ မိမိ၏ ၃ နှစ်အရွယ်ရင်သွေးနှင့်အတူ ရောက်ရှိခဲ့ပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်ထမ်းရွက်ကာ မတရားမှုကို ဆန့်ကျန်ခဲ့သူဖြစ်သည်။ အနေဆင်းရဲ အစားဆင်းရဲဖြင့် မိမိ၏ ကျန်းမာရေးအပြင် ရင်သွေးငယ်၏ ကျန်မာရေးပါ ထိခိုက်သည်အထိ အမှန်တရားကို မြတ်နိုးခဲ့သူဖြစ်သည်။ သူမပြောပြသည့် တော်လှန်ရေးအပေါ် ခံယူချက်နှင့် ဆုံးဖြတ်ချက်များကို တင်ပြပေးထားခြင်းဖြစ်ပါသည်။

နွေဦးတော်လှန်ရေးတွင် ပါဝင်‌နေသော အမျိုးသမီးတို၏ အသံများကို ထုတ်ဖော်ပြောကြားနိုင်ရန်အတွက် "Women in Myanmar Spring Revolution" အစီအစဥ◌်မှ ရိုက်ကူးတင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ စဉ်ဆက်မပြတ်လည်း တော်လှန်ရေးတွင် ကဏ္ဍအသီးသီးမှ ပါဝင်ကြသည့် အမျိုးသမီးများအကြောင်းကို ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ပါသည်။

https://youtu.be/RkrXjyLq3jk

Directed by H

Produced by "Women in Myanmar Spring Revolution"

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤3🔥2😁1
မရွှေမိုး (ကိုရီယား)ရဲ့ လေးညို့သံ − အပိုင်း (၅၂)

ခင်များတို့ လာဘ်ထိုးခဲ့ရတယ် ဆင်ဆာအဖြတ်ခံခဲ့ရတယ် စစ်ကားတွေ အလကားရိုက်ပေးရတယ် အဲဒါကို ခင်များတို့ပျော်နေလား
……………………………………………………………………

ပြည်သူအများစုအခုလို ဒုက္ခပင်လယ်ဝေနေတဲ့ အချိန်မှာ ပြည်သူ့ဘက်က မရပ်တည်ဘဲ အနုပညာနဲ့ ဘောမစရာလား....ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/nuilhNerLo0


------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8😁1🤮1
ကနီမြို့နယ် စစ်ဘေးရှောင်များ ရေအခက်အခဲဖြစ်နေပြီး လေဒဏ် မိုးဒဏ်ခံ တဲများ လိုအပ်နေ
😢5🔥1😁1
ကနီမြို့နယ် စစ်ဘေးရှောင်များ ရေအခက်အခဲဖြစ်နေပြီး လေဒဏ် မိုးဒဏ်ခံ တဲများ လိုအပ်နေ 
=================

KMN

(မဇ္ဈိမ)။  ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်နေသူများ ရေအခက်အခဲဖြစ်ပေါ်နေပြီး လေဒဏ် မိုးဒဏ်ခံတဲများလိုအပ်နေ ကြောင်း ကနီမြို့ခံများကပြောသည်။

ကနီမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် သန့်ရှင်းသော ရေလိုအပ်နေသလို တောတွင်းစစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းနှင့် ပြောင်းရွှေ့ဖွင့်မည့် စာသင်ကျောင်းတစ်ကျောင်းအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင် စာသင်ကျောင်းအတွက် လေဒဏ် မိုးဒဏ်ခံတဲများ၊ သန့်ရှင်းသည့်အိမ်သာများ ပြန်တည်ဆောက်ဖို့လိုအပ်နေကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဝင်များက ပြောကြားသည်။

"အဓိကတော့ လေဒဏ် မိုးဒဏ်ခံတဲ့ တဲတွေ ၊ သန့်ရှင်းတဲ့အိမ်သာတွေ ပြန်တည်ဆောက်ဖို့နဲ့ ကလေးတွေအတွက် နောက်ပညာသင်နှစ်မှာ အသုံးပြုမယ့် သင်ရိုးဖတ်စာအုပ်တွေ စာရေးကိရိယာတွေ လိုအပ်ပါတယ်" ကနီမြို့ခံတစ်ဦးဖြစ်သူ ဦးပြည့်အောင်နိုင်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့်နည်းတူ မိုးဦးကာလ မိုးသက်လေပြင်းကျ‌ရောက်မှုများပါ ကြုံတွေ့နေရပြီး ပြီးခဲ့သည့် ဧပြီ ၂၁ ရက်နေ့ညနေ ၅ နာရီဝန်းကျင်ခန့်က မိုးသက်လေပြင်းကျ‌ရောက်ခဲ့မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေးရွာ ရှစ်ရွာမှ နေအိမ် ၂ဝဝ ခန့် အမိုးအကာများပျက်စီးခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ၏ မေလ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၇၅၀,၀၀၀ နီးပါးရှိနေသည်။ 

ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကုလသမဂ္ဂ 
#လူသားချင်းစာနာမှု
#ကနီမြို့နယ်
#စစ်ဘေးရှောင်

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1😁1
​​တရားမဝင် လုပ်ငန်းများနှင့် ပတ်သက်နေသည့် KNU ခေါင်းဆောင်အချို့ကို အရေးယူပေးရန် KNU တပ်မဟာ (၅) တောင်းဆို 
===============

YT 

(မဇ္ဈိမ) ။       ။ တရားမဝင် ဒုစရိုက် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိပ်ပိုင်းခေါင်းဆောင် အချို့ကို အရေးယူပေးရန် KNU တပ်မဟာ (၅) က မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားသည်။

ကရင်ဘာသာဖြင့် ရေးသားထုတ်ပြန်ခဲ့သော ထိုထုတ်ပြန်ချက်တွင် အချက်ကိုးချက် ပါဝင်ပြီး အဓိကအားဖြင့် KNU (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ခေါင်းဆောင်အသစ်များအနေဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် KNU ခေါင်းဆောင်အချို့အား အရေးယူပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ 

"လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာခဲ့သော တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် KNU ၏ ခေါင်းဆောင်အချို့ ပါဝင်ခြင်းနှင့် ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဘွဲ့လက်မှတ်လက်ခံခြင်းသည် KNU ၏ မူဝါဒ၊ စည်းမျဉ်းဥပဒေများနှင့် ဆန့်ကျင်နေကြောင်း" KNU တပ်မဟာ (၅) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် KNU ပါဝင်လာစေရန် ရန်သူဘက်က နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိနေပြီး ထိုနည်းလမ်းဖြင့် KNU ကို ပြည်သူနှင့် ထိပ်တိုက်ရန်တိုက်ပေးနေကြောင်း၊ KNU ၏ နိုင်ငံရေးလမ်းစဉ်အား အပြတ်ဖြတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သဖြင့် ကော်သူးလေနယ်မြေရှိ ထိုတရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော ခေါင်းဆောင်အချို့အား ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဆိုသည်။

KNU တပ်မဟာ (၅)၊ မူတြော်ခရိုင်အနေဖြင့် ထိုတရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် အပြီးသတ်ဖြေရှင်းပြီးမှသာ (၁၇) ကြိမ်မြောက် ကွန်ဂရက်အား ကျင်းပရန် တောင်းဆိုခဲ့သော်လည်း KNU ဗဟိုခေါင်းဆောင်များမှ ကွန်ဂရက်သည်သာ အာဏာအရှိဆုံးဖြစ်၍ ကွန်ဂရက်တွင် ဖြေရှင်းမည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဖော်ပြထားသည်။ 

"(၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် ပါဝင်သော ကိုယ်စားလှယ်များက တရားမဝင် စီးပွားရေးလုပ်ငန်း များတွင် ပါဝင်ပတ်သက်နေသော ကိုယ်စားလှယ်များအား အချိန်တိုအတွင်းဖြစ်စေ၊ ကာလရှည်ဖြစ်စေ အရေးယူဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့သော်လည်း ယခုအချိန်ထိ လက်တွေ့ အကောင်အထည် ဖော်မှု တစ်စုံတစ်ရာမတွေ့ရသေးကြောင်း၊ အမည်ထွက်နေသော ခေါင်းဆောင်အချို့အား (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် အရွေးခံရန် ခွင့်ပြုထားသည်ကို တွေ့ရကြောင်း" ဖော်ပြထားသည်။

KNU တပ်မဟာ (၅) ကိုယ်စားလှယ်များအနေဖြင့် (၁၇) ကြိမ်မြောက် ကွန်ဂရက်ကို မတက်ရောက်ခြင်းသည် KNU အဖွဲ့အစည်းအား ပြိုကွဲစေရန် မဟုတ်သကဲ့သို့ KNU အဖွဲ့အစည်း၏ စည်းမျဉ်းဥပဒေများအား ဆန့်ကျင်ခြင်းလည်း မဟုတ်ကြောင်း ဆိုထားသည်။ 

ထို့ပြင် KNU အဖွဲ့အစည်း၏ ခေါင်းဆောင်မှုများ ကျစ်ကျစ်လစ်လစ်ဖြစ်စေရန်၊ ကရင်တစ်မျိုးသားလုံးအနေဖြင့် KNU ကို ယုံကြည်ပြီး အထောက်အပံ့အင်အား ပိုမိုကောင်းမွန်လာစေရန်နှင့် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှု အားကောင်းစေရန်သာ ရှေးရှုကြောင်း ရေးသားထားသည်။

ယင်းသို့အရေးယူပေးရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီး KNU တပ်မဟာ (၅) တာဝန်ရှိသူများနှင့် KNU (ဗဟို)ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

KNU အဖွဲ့အစည်းသည် တရားမဝင် စီးပွားရေးလုပ်ငန်း စီမံကိန်းများနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း၊ KNU ခေါင်းဆောင်များအား ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရေးသားပြောဆိုမှုများအား ကန့်ကွက်ကြောင်း KNU ဗဟိုက မေလ ၅ ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

ထိုတရားမဝင် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ KNU အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုဟု သုံးနှုန်း၍ “လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့ကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးက မေလ ၇ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

ဝါရင့်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် KNU ကို တပ်မဟာ ခုနစ်ခုဖြင့် ဖွဲ့စည်းထားပြီး လက်ရှိမှာ အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

စာတည်း။ ။ နောင်နောင်

#တရားမဝင်လုပ်ငန်းများတ
#KNU‌ခေါင်းဆောင်အချို့ကိုအရေးယူပေးရန်တောင်းဆို
#KNUတပ်မဟာ(၅)
#Mizzima
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1🔥1👏1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၀ မေ ၂၀၂၃)
=================

အကြမ်းဖက်စစ်တပ်က စစ်သား ၄ ဦး ပြည်သူ့ဘက်ကူးပြောင်းကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့ပြီး ယင်းခိုလှုံ လာသူ ၄ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်၊ ပြည်သူ့ရင်ခွင် ကော်မတီတာဝန်ခံ ဦးမောင်မောင်ဆွေနှုတ်ဆက်စကားပြောဆိုခဲ့သည်။
• အလုပ်သဘောဖြင့် ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဩစတြေးလျအစိုးရအဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို တုံ့ပြန်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဗွီဒီယိုကွန်းဖရန့်ကနေတစ်ဆင့် ဆွေးနွေး ခဲ့ကြကြောင်းထုတ်ပြန်ထားသည်။
👍3🔥1😁1
မေလ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
======================

- အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို အကျဉ်းသား ၅၀၀ ကျော်ပြောင်းရွှေ့ခံရတဲ့သတင်း

- အိန္ဒိယအစိုးရကစစ်ကောင်စီနှင့်ပူးပေါင်းကာ စစ်တွေဆိပ်ကမ်းစီမံကိန်းကို ဖွင့်လှစ်လိုက်တဲ့အကြောင်း

- မေ ၁၀ရက်နေ့ နောက်ဆုံးရ ဆိုင်ကလုန်းမုန်တိုင်း သတင်းအခြေ‌အနေ

- တောင်စလုံးတိုက်ပွဲမှာ KNDF က အထူးကွန်မန်ဒိုတပ်စုမှူးနဲ့ တပ်သား ၂ ဦးကျဆုံးခဲ့တဲ့သတင်း

- ရေဦးမြို့နယ်က လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း

- ကနေဒါက တရုတ်သံတမန်ကိုနှင်ထုတ်လိုက်တဲ့အပေါ် ပြတ်ပြတ်သားသားတုံ့ပြန်သွားမယ်လို့ တရုတ်က ပြောလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်သွားမှာပါ။

https://www.youtube.com/live/HQYZZykJJaM?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
😁1🤬1🍌1
ပင်လောင်း-ဖယ်ခုံအစပ်တွင် စစ်ကောင်စီတပ်မှ ထပ်မံအင်အားဖြည့်ကာ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေ
============

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် နှင့် ကရင်နီပြည်နယ်အစပ်ရှိ ပင်လောင်း-ဖယ်ခုံ အစပ်တွင် ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ မေလအတွင်းတွင် ထပ်မံအင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် မြောက်စလုံးကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဧပြီလတွင်းတွင် ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ယခု မေလတွင် ထပ်မံအင်အားဖြည့်တင်းကာ တစ်ကျော့ပြန်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဆိုသည်။

“လတ်တလောမှာတော့ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အစပ်ပေါ့နော်။ တောင်စလုံးတို့၊ မြောက်စလုံးတို့ မှာ စစ်ကောင်စီက စစ်ကြောင်းပြန််ထိုးလာတယ်။ အင်အားကတော့ သူတို့ ပြန်ဖြည့်ထားတယ်ဗျ။ ဧပြီလ နောက်ဆုံးအပတ်လောက်မှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပြီးတော့ စစ်ကောင်စီက အထိနာပြီး ဆုတ်ခွာရတယ်။ အစကတော့ သူတို့ မြောက်စလုံးမှာ တပ်စွဲထားတယ်။ အဲ့ဒီကနေ ဆုတ်ခွာပြီးတဲ့အခါမှာ မေလထဲမှာ သူတို့ ပြန်ထိုးလာတယ်။ တောင်မဲသင်းကနေ တောင်စလုံး၊ မြောက်စလုံးဘက်ကို၊ အင်အားတော့ ထပ်ဖြည့်ထားတယ်လို့သိရတယ်။ ဘယ်လောက်လဲဆိုတာကိုတော့ အတိအကျ အတည်ပြုလို့ မရသေးဘူးပေါ့” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီတပမှ ထိတွေ့တိုက်ပွဲတိုင်းတွင် လေကြောင်းသုံးလေ့ရှိပြီး နောက်ပိုင်းတွင် နေ့တိုင်းနီးပါး လေကြောင်းသုံး၍ တိုက်ခိုက်မှု လုပ်ဆောင်နေကာ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကိုပစ်မှတ်ထားကာ ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း နှင့် မေလအတွင်းတိုက်ပွဲများတွင် နှစ််ဖက်အကျအဆုံးရှိကြောင်း သူက ဆက်ပြောသည်။

“လေကြောင်းတော်တော်သုံးတယ်။ အဓိကက သူတို့ လေကြောင်းသုံးတာ သူတို့ ဘက်က အထိနာလို့ပေါ့နော့်။ ဒါပေမယ့် ဒီနောက်ပိုင်းကတော့ အထိနာသည်ဖြစ်စေ မနာသည်ဖြစ်စေ လေကြောင်းတိုက်ခိုက်မှုက အမြဲတမ်းသုံးတယ်။ ဒီမေလတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲထဲမှာလည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က မျက်မြင်ဘယ်နှစ်ယောက်ဆိုတာကိုတော့ အတည်ပြုလို့ မရဘူး။ ကျနော်တို့ ဘက်က အကျအဆုံးတွေလည်း ရှိပါတယ်၊ လေယာဉ်ကတော့ နေ့တိုင်းနီးပါးကိုပစ်တယ်။ သုံးတာကတော့ ပေါင် ၅၀၀ တို့ ပေါင် ၃၀၀ ဗုံးတွေသုံးတယ်။ ပြီးတော့ အတွဲလိုက်ပစ်ချတဲ့ Rocket တွေလည်း သူတို့သုံးတယ်။ အများစုကတော့ ရွာတွေထဲကို ပစ်ထည့်တာများတယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတာတွေ၊ အတွဲလိုက်ပစ်တာတွေ” ဟု KNDF ဗဟိုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ပြီးခဲ့သည့် မေလ ၅ ရက်နေ့နှင့် မေလ ၆ ရက်နေ့ နှစ်ရက်တာအတွင်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်တစ်လျှောက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ် ၃၀ ခန့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု Union Karenni State Youth_UKSY မှ တွဲဖက်အတွင်းရေး မှူး(၁) မှ ပြောသည်။

“တစ်နေကုန်ပတ်ကြဲတယ်ပေါ့လေ။ တစ်နေ့ကလည်း ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်တစ်ကြောမှာ လေယာဉ်နဲ့ လာကြဲတာရှိတယ်။ မြို့နယ်နှစ်ခုပေါင်းဆိုရင် ၃၀ မက အကြိမ် ၃၀ကျော်ရှိမယ်လို့ မြင်တယ်။ ဘယ်လောက် ထိခိုက်လဲ အသေးစိတ်ကိုတော့ ကျမတို့ မသိဘူးပေါ့” ဟု ၎င်းက ဆိုသည်။

https://youtu.be/RkOO2Z3Ygos
👍6🔥1👏1