Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မန္တလေးတွင် သမဝါယမဦးစီးမှူးကား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
👍7🔥1🥴1
မန္တလေးတွင် သမဝါယမဦးစီးမှူးကား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ
================
007

(မဇ္စျိမ)။ ။ မန္တလေးမြို့တွင် ယနေ့ မေလ ၁၀ရက်နေ့လယ်က စစ်ကောင်စီလက်အောက်ခံသမဝါယမဦးစီးဌာန၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူး၏ကား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။ 

"အောင်မြေသာစံသမဦးစီးမှူးရဲ့ကား ဗုံးပစ်ခံရတယ်။ ဗုံးကကားဘေးပေါက်ကွဲတယ်။ လူအထိအခိုက်မရှိဘူး" ဟု မျက်မြင်ဒေသခံတစ်ဦးကပြောသည်။

အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ မြို့နယ်သမဝါယမဦးစီးဌာနရုံးရှေ့၌ ရပ်ထားသော မြို့နယ်သမဝါယမဦးစီးမှူး၏ကားကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက တရုတ်လုပ်ကြိုးဆွဲလက်ပစ်ဗုံးဖြင့်ပစ်ပေါက်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှသိရသည်။ 

ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် မြို့နယ်ဦးစီးမှူး၏ ခွေးဘီလူးကား အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိရသေးပေ။ 

မန္တလေးမြို့တွင် မေလဆန်းမှစ၍ စစ်ကောင်စီလက်အောက်ခံများအား မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်မှု ခပ်စိပ်စိပ်ပြန်ဖြစ်လာသည်။ မေလအတွင်း လက်ရှိအချိန်အထိ ရဲစခန်းတိုက်ခိုက်ခံရမှုနှစ်ကြိမ်အပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်နေရာတိုက်ခိုက်ခံရမှု လေးကြိမ်ဖြစ်ပွားခဲ့သည်။

စာတည်း - မောင်ကြီး
#မန္တလေး
#အောင်မြေသာစံမြို့နယ်
#သမဝါယမဦးစီးမှူး
#ဖောက်ခွဲတိုက်ခိုက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1😁1
​​လူကုန်ကူးသူများ၏ အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းမည်ဟု အရှေ့တောင်အာရှ ခေါင်းဆောင်များ ကတိပြု
======================

အရှေ့တောင်အာရှဒေသတွင်၊ အထူးသဖြင့် ဒေသ၏ အဆင်းရဲဆုံးနိုင်ငံများတွင် ပျော့ကွက်အားနည်းချက်ရှိသော အလုပ်အကိုင်ရှာဖွေသူများအပေါ် လူကုန်ကူးသူများက ပစ်မှတ်ထား အနိုင်ကျင့်အမြတ်ထုတ်သည့် အွန်လိုင်း လိမ်လည်မှုများကို ဖြိုခွင်းနှိမ်နင်းသွားမည်ဟု အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များက မေလ ၁၀ ရက်တွင် ကတိပြုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
မေလ (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
========================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့....

ပဇီကြီးလေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်က အင်အားပြင်း ဗုံးတွေသုံးခဲ့တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က ထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ရေဦးမြို့နယ်က လူထုအခြေပြုစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/TgbrS4PGiSI

#Mizzimaradio 
#EveningRadio 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤1🔥1😁1
မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေးအသင့်ပြင်ဆင်ထားပြီးဖြစ်ဟုဆို
👍4🤣3🔥2👏1
မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်မှုအတွက် ရှာဖွေကယ်ဆယ်ရေးအသင့်ပြင်ဆင်ထားပြီးဖြစ်ဟုဆို
====================

007

(မဇ္စျိမ)။   ။မုန်တိုင်းကြောင့် သဘာဝဘေးကျရောက်လာပါက၊ ကူညီဆောင်ရွက်ပေးနိုင်ရန်၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် လုပ်ငန်းသုံးပစ္စည်းများ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် ပရဟိတကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များထံက သိရသည်။ 

"မီးသတ်ဦးစီးကလည်း သူတို့ဌာနဆိုင်ရာနယ်မြေတွေအလိုက် အသင့်လုပ်ထားကြသလို၊ ကျွန်တော်တို့အသင်းအဖွဲ့တွေလည်း ပြင်ဆင်ထားရှိမှုအသင့်ပါပဲ၊ တတ်နိုင်သလောက်ပေါ့ဗျာ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းတွေလည်း စုဆောင်းပြင်ဆင်ထားတယ်" ဟု ပရဟိတကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူကပြောသည်။ 

မန္တလေးခရိုင်အတွင်း၊ မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့၀င်များနှင့်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အသင့်ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနကလည်း သတင်းထုတ်ပြန်ထားသည်။ 

မုန်တိုင်းနောက်ဆက်တွဲ၊ ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နိုင်ရန် အသင့်အနေအထားပြင်ဆင်ထားခြင်းကြောင့်၊ နယ်မြေအလိုက် မီးသတ်ဌာနများထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မီးသတ်ဦးစီးဌာန ခရိုင်အဆင့်တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော၊ အားကောင်းသည့်မုန်တိုင်းငယ်သည်၊ အားအလွန်ကောင်း​သော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ရောက်ရှိပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၅၃၀ ခန့်၊ စစ်တွေမြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၇၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း၏အနောက် အနောက်မြောက်ဘက် ရေမိုင် ၃၂၀ မိုင်ခန့်၊ ပို့ပလဲယား၏အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဘဇား မြို့၏တောင် အနောက်တောင်ဘက် ရေမိုင် ၇၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း၊ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၁၁ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ သိရသည်။ 

မုန်တိုင်း၏လက်ရှိအခြေအနေသည်၊ ဘင်္ဂလားဒေ့ရှ် မြန်မာကမ်းရိုးတန်းကိုဦးတည်ရွေ့လျားနိုင်သောအခြေအနေရှိနေခြင်းကြောင့်၊ လိမ္မော်ရောင်အဆင့်သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုန်တိုင်း၏အရှိန်ကြောင့်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များတွင်၊ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင်၊ ဒေသအလိုက်နှင့် နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။ 

မုန်တိုင်းအရှိန်ကြောင့်၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရတ်ရေကြီးခြင်းတို့နှင့်အတူ၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့်
ကုန်းမြင့်ဒေသအနီးနေထိုင်ကြသူများအနေနှင့်၊ မြေပြိုမှုအန္တရာယ်ရှိလာနိုင်ကြောင်း၊ အလားတူ ပင်လယ်ကမ်းရိုးတန်းနှင့် မြစ်များချောင်းများအနီးနေထိုင်ကြသူများအနေနှင့်လည်း ရေကြီးရေလျှံမှုအန္တရာယ် ကြုံတွေ့ နိုင်ကြောင်း၊ ထို့အတွက် ကြိုတင်သတိပြုနေထိုင်ကြရန် မိုး​​ဝေသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေကြီးရေလျှံမှု
#အန္တရာယ်
#မန္တလေးတိုင်း 
#မီးသတ်ဦးစီးဌာန
#ပရဟိတ

photo Mandalay Fire District

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥1👏1
Forwarded from Mizzima+ TV Channel
Media is too big
VIEW IN TELEGRAM
အီရတ်မှာ ဆိုးရွားတဲ့ရာသီဥတုဒဏ်ကြောင့် ခြောက်သွေ့တဲ့မြေယာတွေကိုစွန့်ပြီး
မြို့ပြတွေဆီရွှေ့ပြောင်းနေထိုင်လာကြ

#internationalnews #reels #shorts
🔥3👍2😁1
Forwarded from Mizzima+ TV Channel
Media is too big
VIEW IN TELEGRAM
အိန္ဒိယနိုင်ငံမှာ ဆစ်ခ်ဘုရားကျောင်းတစ်ခုအနီး ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွား

#internationalnews #reels #shorts
👍7🔥4❤1
ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတဲ့ အာဏာခွဲဝေရေး | Beyond Panglong Oath Ep-6
=====================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။ နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/kGHnTeCzsJY

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤2🔥2
Media is too big
VIEW IN TELEGRAM
May - 10 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews
#themizzimaprimetime
#reels
#shorts
❤3🤮1🍌1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
====================

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

"ကြောက်စေချင်လို့ဖိနှိပ်တာကို ညီညွတ်မှုနဲ့တွန်းလှန်ကြ၊ စည်းလုံးခြင်းသည်အင်အားပဲ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက ပြော သည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၇၇)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
👍11❤9👎2😁1