Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြိုင်မှာ သရက်ကန်ပျူရွာကို ရိက္ခာလာပို့သည့်ကား မိုင်းဆွဲတိုက်ခိုက်ပြီး ရိက္ခာများကို သိမ်းယူ
👍12😁6❤4👏1🥴1
မြိုင်မှာ သရက်ကန်ပျူရွာကို ရိက္ခာလာပို့သည့်ကား မိုင်းဆွဲတိုက်ခိုက်ပြီး ရိက္ခာများကို သိမ်းယူ
====================

MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းသို့ ပခုက္ကူမှ ရိက္ခာလာပို့သည့် ကားကို မေလ ၁၁ ရက်နေ့၌ သရက်ကန်နှင့် တွင်းမ အကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ ပျူ နှင့် စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီးနောက် ရိက္ခာများကို သိမ်းယူနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မှ ခေါင်းဆောင်ဗိုလ်လက်ယာက ပြောသည်။

၎င်းက “ ကားပေါ် ပါလာတဲ့သူ အားလုံးထိသွားတော့ ဒီကောင်တွေ ကားတွေနဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကားတွေနဲ့အမြန် လာသယ်ပြီးတော့မှ ရိက္ခာကားကို ထားခဲ့တာ အဲ့ဒါနဲ့ ကျတော်တို့ ရိက္ခာတွေကို သိမ်းယူလိုက်ပြီး ကားတော့ မီးရှို့ လိုက်တယ်” ဟု ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ ပျူစောထီးအဖွဲ့ ဝင် ခြောက်ယောက် မိုင်းထိမှန် ဒဏ်ရာများ ရရှိသွားပြီး သေဆုံးမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးကြောင်း ဗိုလ်လက်ယာ က ဆိုသည်။

မေလ ၁၁ ရက်နေ့ မနက်ပိုင်းတွင်လည်း သရက်ကန်ပျူစခန်းမှ ကင်းပုန်းဝပ်ရန်ထွက်လာသည့် ပျူစောထီးများကို သရက်ကန်ပျူစခန်း၏တောင်ဖက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး တစ်ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်လက်ယာ က ပြောသည်။

၎င်းက “မနက် ၇နာရီခွဲ မှာ ကင်းပုန်းလာဝပ်တဲ့ ပျူတွေကို မိုင်းဆွဲလိုက်တာ တစ်ဦး သေပြီး အများအပြားဒဏ်ရာရသွားတယ်၊ ဒဏ်ရာရသွားတဲ့သူတွေကို ကားတွေနဲ့ လာသယ်သွားတယ်” ဟုပြောသည်.။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း အိုရင်းရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုပစ်ခတ်ခဲ့သည့်အတွက် စစ်သား နှင့် ပျူ လေးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကောင်စီတပ်
#စစ်ကြောင်း
#ဒေသကာကွယ်ရေးတပ်ဖွဲ့
#မြိုင်မြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1🥴1
“ကြောက်ခေတ်ကို မှောက်ပစ်” ဆိုသည့် ရွာပေါင်းစုံသပိတ်စစ်ကြောင်း 
=====================

ပါခွီး 

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ယနေ့ မေလ ၁၂ရက် ယနေ့တွင်ပြုလုပ်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်” စာတန်းကို ကိုင်စွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။ 

ဆက်လက်ပြီး ကျဆုံးအာဇာနည်များကို အလေးပြုခြင်း ၊ သွေးမော်ကွန်းသီချင်း သံပြိုင်သီဆိုခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးတရားများ ကို ဦးဆောင်သူများက ဟောပြောခဲ့ကြသည်။ 

ထိုချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မ၏ ၇၉၀ ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်သည်။ 

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့
#ကျေးရွာပေါင်းစုံ 
#သပိတ်စစ်ကြောင်း
👍12🔥2😁1
မြန်မာအကျပ်အတည်းဖြေရှင်းရာမှာ ဒေသတွင်းနိုင်ငံတွေ စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း
===================

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုလျော့ပါးဖို့၊ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီအုပ်ချုပ်တဲ့ အရပ်သားအစိုးရ ပြန်ဖြစ်လာဖို့အတွက် ဒေသတွင်းနိုင်ငံတွေက ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ Noeleen Heyzer က ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankarနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာတို့ မေလ ၉ ရက်နဲ့ ၁၀ရက်နေ့တွေက နယူးဒေလီမှာ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်း ဖြစ်ပွါးနေမှုတွေဟာ အိန္ဒိယနိုင်ငံကိုပါ ရိုက်ခတ်မှုရှိနေကြောင်း ပြောကြားခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

https://youtu.be/9vPIgMHMqls

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁4🔥1
This media is not supported in your browser
VIEW IN TELEGRAM
အာကာသဒုံးပျံတစ်ခုရဲ့အပျက်အစီးတွေ ဂျပန်လေပိုင်နက်ထဲကို ကျရောက်

#internationalnews #reels #shorts
👍3👎2🔥2😢1
​​'မမေ့နိုင်တဲ့ ခရီး' - ၁၈ နှစ်အကြာမှာ ဘာကာကနေ ထွက်ခွာတော့မယ့် ဘူးစကွက်စ်
======================

ဆာဂျီယို ဘူးစကွက်စ်က ဘာစီလိုနာမှာ အထင်ကရခေတ်ကို အဆုံးတိုင် သယ်ဆောင်ရင်း သူဟာ ရာသီကုန်မှာ ကလပ်အသင်းနဲ့အတူ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ သူရဲ့ “မမေ့နိုင်တဲ့ ခရီး”ကို အဆုံးသတ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘူးစကွက်စ်ဟာ ဗုဒ္ဓဟူးနေ့က လူမှုမီဒီယာပေါ်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပါတယ်။

“ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်မဟုတ်ပေမယ့် အချိန်ကျလာပါပြီ”လို့ အသက် ၃၄ နှစ်အရွယ် ဘူးစကွက်စ်က ဆိုပါတယ်။ "ဒါဟာ ဂုဏ်ယူစရာတစ်ခု၊ အိပ်မက်တစ်ခုဖြစ်ခဲ့ပြီး ဒီကလပ်တံဆိပ်ကို ဝတ်ဆင်နိုင်ခဲ့လို့ ဂုဏ်ယူရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။"
👍4😁1
Media is too big
VIEW IN TELEGRAM
ရေဦးမြို့နယ် ချမ်းသာကျေးရွာက အထက်တန်းကျောင်းကို PDF တွေ မီးရှို့တယ်လို့ သတင်းတု ပျံ့နှံ့နေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် https://www.facebook.com/MizzimaDaily/posts/6682274208474094/

#Misinformation_Buster #Fake_News #Shorts #Reels #PDF #ရေဦး #စာသင်ကျောင်း
👍2🔥2🥰1👏1😁1
တောင်စလုံးတိုက်ပွဲအတွင်း KNDF/B-11 မှ တပ်ရင်းမှူး ကျဆုံး
😢11🔥3👍2👏1
တောင်စလုံးတိုက်ပွဲအတွင်း KNDF/B-11 မှ တပ်ရင်းမှူး ကျဆုံး
================================

ဇာနည်
(မဇ္ဈိမ)။ ။ ဖယ်ခုံမြို့နယ် နှင့် ​ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင် မေလ ၈ ရက်နေ့၌ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်ရင်း KNDF B/11 မှ တပ်ရင်းမှူး အန်းဂျလို(လို့)သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ရင်း ရရှိဒဏ်ရာကြောင့် ဆေးကုသနေစဥ် မေလ ၉ ရက်နေ့နံက်ပိုင်းအချိန်တွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း KNDF B-11 က ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။
အဆိုပါကျဆုံးသွားသည့် တပ်ရင်းမှူးသည် KNDF B-11 မှ တပ်ရင်းမှူး အန်ဂျေလိုလို့ ဖြစ်ပြီး သူ၏ ဈာပနအခမ်းအနားအား မေလ ၁၀ ရက်နေ့တွင် ပြုလုပ်ပေးခဲ့သည်။

တပ်ရင်းမှူး အန်းဂျလို(လို့)သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် KNDF/B-11 မှ အာဇာနည် သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်ရင်းမှူး အန်းဂျလို(လို့)၏ နိုင်ငံရေးခံယူချက်နှင့် စစ်ရေးအမြင်များကို မိမိတို့ KNDF/B-11 ရဲဘော်များက စံပြအဖြစ်လိုက်နာပြီး အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိ၊ သစ္စာပြုထုတ်ပြန်ထားသည်။

အဆိုပါ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြား တိုက်ပွဲသည်၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ယနေ့ထိ သုံးလ နီးပါး နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာမြင့်သည်နှင့်အမျှ ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ လိုအပ်လျှက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် KNDF/B-11 ကို အားဖြည့်ကူညီ လှူဒါန်းပေးပါရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တောင်စလုံးတိုက်ပွဲ
#တပ်ရင်းမှူး
#KNDF
#ဖယ်ခုံမြို့နယ်
#ပင်လောင်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢16👍4🔥3🥰2😭2
​​ယင်းမာပင်တွင် ဒေသခံကလေးငယ်နှစ်ဦး စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးဟုဆို
=======================

KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ မယ်ဇောတောပြင်မှ ကလေးငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ သေဆုံးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ဗဟို) ULFကသတင်းထုတ်ပြန်သည်။

ယနေ့ မေလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက မယ်ဇောတောပြင်ကို စစ်ကြောင်းထိုးပြီး ကလေးငယ်နှစ်ဦးကိုပါ ပစ်သတ်သွားခြင်းဟု ULF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

" စစ်သားတွေက ကလေးတွေပါမကျန်ပစ်သွားတာ" ဟု၎င်းကပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ခြောက်နှစ်အရွယ်နှင့် ၁၅ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းသည်မေလ ၁၀ ရက်နေ့တွင် မုံရွာမြို့ ၊ နမခတပ်မှ သံချပ်ကာကား သုံးစီးဖြင့်ချင်းတွင်းတံတားကို ဖြတ်ကာ ရွှေတောင်ဦးကုန်းသို့လာရောက်ခဲ့ခြင်းဖြစ်သည်။ရွှေတောင်ဦးကုန်းမှ အနောက်ဘက် မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း ဆင်းလာခဲ့ပြီး နိဗ္ဗူတောရွာတွင် အထိုင်ချထားသည့်စစ်ကြောင်းနှင့်ပူးပေါင်းပြီး ဆက်လက်စစ်ကြောင်းထိုးခြင်းဟု သိရသည်။

စာတည်း - မောင်ကြီး

#ယင်းမာပင်
#မယ်ဇောတော
#ကလေးနှစ်ဦး
#သေဆုံး
ဓာတ််ပုံ - စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးနေရသည့် ယင်းမာပင်ဒေသခံများ(ပုံဟောင်း)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9😢4👍2❤1🔥1