တောင်စလုံးတိုက်ပွဲအတွင်း KNDF/B-11 မှ တပ်ရင်းမှူး ကျဆုံး
================================
ဇာနည်
(မဇ္ဈိမ)။ ။ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် နယ်စပ်ရှိ တောင်စလုံးကျေးရွာတွင် မေလ ၈ ရက်နေ့၌ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်ရင်း KNDF B/11 မှ တပ်ရင်းမှူး အန်းဂျလို(လို့)သည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ရင်း ရရှိဒဏ်ရာကြောင့် ဆေးကုသနေစဥ် မေလ ၉ ရက်နေ့နံက်ပိုင်းအချိန်တွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း KNDF B-11 က ယမန်နေ့ညတွင် ထုတ်ပြန်ထားသည်။
အဆိုပါကျဆုံးသွားသည့် တပ်ရင်းမှူးသည် KNDF B-11 မှ တပ်ရင်းမှူး အန်ဂျေလိုလို့ ဖြစ်ပြီး သူ၏ ဈာပနအခမ်းအနားအား မေလ ၁၀ ရက်နေ့တွင် ပြုလုပ်ပေးခဲ့သည်။
တပ်ရင်းမှူး အန်းဂျလို(လို့)သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် KNDF/B-11 မှ အာဇာနည် သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်ရင်းမှူး အန်းဂျလို(လို့)၏ နိုင်ငံရေးခံယူချက်နှင့် စစ်ရေးအမြင်များကို မိမိတို့ KNDF/B-11 ရဲဘော်များက စံပြအဖြစ်လိုက်နာပြီး အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကတိ၊ သစ္စာပြုထုတ်ပြန်ထားသည်။
အဆိုပါ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြား တိုက်ပွဲသည်၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ယနေ့ထိ သုံးလ နီးပါး နေ့စဥ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲကာလ ကြာမြင့်သည်နှင့်အမျှ ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် စက်သုံးဆီများ လိုအပ်လျှက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် KNDF/B-11 ကို အားဖြည့်ကူညီ လှူဒါန်းပေးပါရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တောင်စလုံးတိုက်ပွဲ
#တပ်ရင်းမှူး
#KNDF
#ဖယ်ခုံမြို့နယ်
#ပင်လောင်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#mizzima – Explore
explore #mizzima at Facebook
😢16👍4🔥3🥰2😭2
ယင်းမာပင်တွင် ဒေသခံကလေးငယ်နှစ်ဦး စစ်တပ်ပစ်ခတ်မှုကြောင့် သေဆုံးဟုဆို
=======================
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ မယ်ဇောတောပြင်မှ ကလေးငယ်နှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ သေဆုံးသွားကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး (ဗဟို) ULFကသတင်းထုတ်ပြန်သည်။
ယနေ့ မေလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက မယ်ဇောတောပြင်ကို စစ်ကြောင်းထိုးပြီး ကလေးငယ်နှစ်ဦးကိုပါ ပစ်သတ်သွားခြင်းဟု ULF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
" စစ်သားတွေက ကလေးတွေပါမကျန်ပစ်သွားတာ" ဟု၎င်းကပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အသက် ခြောက်နှစ်အရွယ်နှင့် ၁၅ နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးသွားသည်ဟု သိရသည်။
အဆိုပါစစ်ကြောင်းသည်မေလ ၁၀ ရက်နေ့တွင် မုံရွာမြို့ ၊ နမခတပ်မှ သံချပ်ကာကား သုံးစီးဖြင့်ချင်းတွင်းတံတားကို ဖြတ်ကာ ရွှေတောင်ဦးကုန်းသို့လာရောက်ခဲ့ခြင်းဖြစ်သည်။ရွှေတောင်ဦးကုန်းမှ အနောက်ဘက် မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း ဆင်းလာခဲ့ပြီး နိဗ္ဗူတောရွာတွင် အထိုင်ချထားသည့်စစ်ကြောင်းနှင့်ပူးပေါင်းပြီး ဆက်လက်စစ်ကြောင်းထိုးခြင်းဟု သိရသည်။
စာတည်း - မောင်ကြီး
#ယင်းမာပင်
#မယ်ဇောတော
#ကလေးနှစ်ဦး
#သေဆုံး
ဓာတ််ပုံ - စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးနေရသည့် ယင်းမာပင်ဒေသခံများ(ပုံဟောင်း)

🤬9😢4👍2❤1🔥1
မန္တလေးတိုင်း NLD ဒု ဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာ
===================
007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း မန္တလေးကဆန္ဒပြပွဲများ ဦးဆောင်မှု စွပ်စွဲချက်ဖြင့်၊ ဖမ်းဆီးထောင်ချခံထားရသည့် NLD ပါတီ မန္တလေးတိုင်းဒု ဥက္ကဋ္ဌဒေါ်၀င်းမြမြ၊ မန္တလေးအိုးဘိုထောင်မှပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုက်အ၀န်းမှ သိရသည်။
"အခုမနက်ပြန်လွတ်လာတယ်၊ ဘယ်လိုအခြေအနေနဲ့ပြန်လွတ်တယ်ဆိုတာတော့ သူ့မိသားစုကပဲသိမှာပါ၊ လွတ်လာတာတော့အမှန်ပဲ၊ လျှော့ရက်တွေနဲ့ လွတ်ရက်စေ့လို့ပြန်လွတ်လာတာလို့လည်းသိရတယ်" ဟု ၎င်းနှင့် နီးစပ်သည့် မန္တလေးနိုင်ငံရေးအသိုက်အ၀န်းမှ တစ်ဦးကပြောသည်။
ဒေါ်၀င်းမြမြကို၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က၊ အာဏာသိမ်းစစ်ကောင်စီတပ်ကဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ မန္တလေးမြို့ကဆန္ဒပြပွဲများတွင် ဦးဆောင်ပါ၀င်ကြောင်းစွပ်စွဲချက်ဖြင့်၊ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
ထို့နောက် ထိုနှစ်ဇွန်လ ၂၉ ရက်နေ့တွင်၊ မန္တလေးအိုးဘိုထောင်တရားရုံးက ထောင်ဒဏ် သုံးနှစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စလာမ်ဘာသာ၀င်တစ်ဦးလည်းဖြစ်သော အသက် ၇၀ ကျော်အရွယ်ဒေါ်၀င်းမြမြသည်၊ ရှစ်လေးလုံး လူထုအရေးတော်ပုံခေတ်နောက်ပိုင်း၊ နိုင်ငံရေးအစဉ်အလာကောင်းဖြင့် ကျော်ကြားခဲ့သူတစ်ဦးလည်း ဖြစ်သည်။
၂၀၁၃ ခုနှစ် ဒီပဲယင်းအရေးအခင်းတွင် ဒဏ်ရာများစွာဖြင့် အသက်မသေဘဲလွတ်မြောက်လာပြီးနောက်၊ တစ်မိသားစုလုံး ထောင်ချခံရခြင်း၊ နေအိမ်နှင့်လုပ်ငန်းများ ပိတ်သိမ်းခံရခြင်းတို့ဖြင့် ကြုံတွေ့ခဲ့ရသည်။
ထို့နောက် NLD ပါတီ မန္တလေးတိုင်းတွင်၊ ရာထူးအဆင့်ဆင့်ဖြင့် တာ၀န်ပေးအပ်ခံရပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#NLD
#မန္တလေးတိုင်း
#ပြည်သူ့လွှတ်တော်
#အိုးဘိုထောင်

👍17❤5🔥2🤮1
သက်ငယ်မုဒိန်းမှုနှင့်ဆက်စပ်၍ ထွက်ပေါ်နေသည့် သတင်းမှားများ
===================
JC
(မဇ္ဈိမ)။ ။ သက်ငယ်မုဒိန်းမှုအား ဖြေရှင်းမပေးဘဲ ဖုံးကွယ်ရန်ကြံစည်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့အား ဆန္ဒပြနေကြသည်ဟု ပြုပြင်ထားသည့်ဓာတ်ပုံဖြင့် ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။
"NUG မုဒိန်းမှု NLD မုဒိန်းမှုများကို တော်လှန်ရေးသပိတ်၊ ယင်းမာပင်မြို့နယ်မှာ ပြနေကြပြီ။ PDF မုဒိန်း မတရားဥပဒေများကို တော်လှန်ဖို့ သပိတ်၊ ယင်းမာပင်မြို့နယ်မှာ ပြနေကြပြီ" ဟုရေးသားထားပြီး ဆန္ဒပြနေသည့် ပုံတစ်ပုံနှင့် အတူ “Truth Media” တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားသည်။
ထိုအကြောင်းကို အခြားတယ်လီဂရမ်ချန်ခုနစ်ခုတွင်လည်းဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၀,၀၀ နီးပါး ရှိနေပြီဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ဖြန့်ဝေလျက်ရှိသည်။
မဇ္ဈိမ၏ သတင်းချက်အလက်စစ်ဆေးသူများမှ အဆိုပါဓာတ်ပုံအား အချက်အလက်စိစစ်ခဲ့ရာတွင် ပြုပြင်ထားသည့် ဓာတ်ပုံဖြစ်ကြောင်း တွေ့ရသည်။
သတင်းတုတွင် အသုံးပြုထားသည့်ဓာတ်ပုံသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်း၌ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေကြသည့် သပိတ်စစ်ကြောင်းဓာတ်ပုံဖြစ်သည်။
ထိုအကြောင်းကို Khith Media နှင့် Detal News Agency တို့တွင် ဖော်ပြထားကြသည်။
Khit Thit Media - https://ln.run/xb9Ds
Delta News Agency - https://ln.run/UM2oT
မီဒီယာများမှ ဖော်ပြထားသည့်ဓာတ်ပုံတွင် “မတရားမှုဟာ ဥပဒေဆိုရင် တော်လှန်ခြင်းဟာ ဝတ္တရားပဲ” ဟူသည့်စာသားသာပါဝင်ပြီး သတင်းမှားတွင်မူ အဆိုပါ စာနှစ်ကြောင်းအောက်၌ “NUG,NLD မုဒိန်းမှု” ဟု ထပ်ပေါင်းပြုပြင်ကာ ဖြန့်ဝေထားခြင်း ဖြစ်သည်။
အလားတူပင် သက်ငယ်မုဒိန်းမှုနှင့် ပတ်သက်၍ “Ko Thet” တယ်လီဂရမ်ချန်နယ်တွင် “သက်ငယ်မုဒိန်းမှုဖြစ်စဉ်အား အမှုပိတ်သိမ်းကြောင်း NUG ပြောကြား” ဟု မေလ ၉ ရက်နေ့တွင် ဖြန့်ဝေထားသေးသည်။ ထိုအကြောင်းကို အခြားချန်နယ် ခြောက်ခုတွင်ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၄၀,၀၀၀ ကျော်ရှိနေသည်။ ထို့ပြင် ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ပြန်လည်ကူးယူကာ ထပ်ဆင့်ဖြန့်ဝေနကြသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စုပေါင်းနေအိမ်တစ်ခုတွင် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အခန်းကပ်ရက်နေထိုင်သူ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွင်းရေးမှူး ဦးအောင်မင်းက မုဒိန်းမှုကျူးလွန်ခဲ့ကြောင်း NUG အစိုးရထံသို့ တိုင်ကြားထားသည်။
အဆိုပါအမှုကို ပိတ်သိမ်းခြင်းမရှိဘဲ အမှုမှန်ပေါပေါက်ရေးအတွက် အမှုတည်ဆောက်ကာ အထူးတရားရုံးတွင် တရားစီရင်နိုင်ရန်စီစဉ်နေပြီး ကျူးလွန်သူဟုစွပ်စွဲခံရသူအား ဝရမ်းထုတ်ဖမ်းဆီးနိုင်ရန်လည်း စီစဉ်လျက်ရှိ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now သတင်းဌာနသို့ ပြောကြာားထားသည်။
လင့် - https://ln.run/kdeEc
အဆိုပါ သက်ငယ်မုဒိန်းမှုအား မည်သည့်အခြေအနေတွင်ဖြစ်စေ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာ အရှိန်အဝါ လွှမ်းမိုးခြင်းမရှိဘဲ တရားမျှတစွာ အမှုမှန်ဖော်ထုတ်ကာ စီရင်ချက်ချ ဖြေရှင်းပေးရန် ကျောင်းသားသမဂ္ဂများနှင့် တော်လှန်ရေးအင်အားစုများမှလည်း တိုက်တွန်းထားကြသည်။
ထို့ကြောင့် သက်ငယ်မုဒိန်းမှုများကို ဖြေရှင်းမပေးဘဲ ဖုံးကွယ်ရန်ကြံစည်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့အား ဆန္ဒပြနေကြသည်ဆိုသော ဓာတ်ပုံမှာ ယင်းမာပင်မြောက်ခြမ်းမှ စစ်အာဏာရှင်စနစ်အား ဆန္ဒပြနေသည့်ဓာတ်ပုံကိုပြုပြင်ကာ ဖြန့်ဝေထားခြင်းဖြစ်ပြီး သက်ငယ်မုဒိန်းမှုဖြစ်စဉ်အား NUG မှ အမှုမှန်ပေါ်ပေါက်စေရန် ဆက်လက်ကိုင်တွယ်လျက်ရှိကြောင်း သိရသည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#သက်ငယ်မုဒိန်းမှု

👍17😁3
မေလ (၁၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
00:58 − ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည်နေပြီး မုန်တိုင်းပြင်းအား လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့သတင်း
03:16 − မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံပြောကြားလိုက်တဲ့သတင်း
06:37 − မြန်မာ့အကျပ်အတည်းအတွက် ဒေသတွင်း စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်းလိုက်တဲ့သတင်းနဲ့
09:27 − ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလိုက်ရပ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/_wzKmYtrOGE
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ (၁၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
00:58 − ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည်နေပြီး မုန်တိုင်းပြင်းအား လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့သတင်း
03:16 − မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံပြောကြားလိုက်တဲ့သတင်း
06:37 − မြန်မာ့အကျပ်အတည်းအတွက် ဒေသတွင…

👍10❤2🔥2😁1🍌1
လိုင်ဇာမှ မီးဘေးသင့် စစ်ရှောင်စခန်းကို ပြန်တည်ဆောက်နေ
===================
အဂမ်
(မဇ္ဈိမ)။ ။ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြီးခဲ့သည့် မတ်လက မီးလောင်ခဲ့သော စစ်ရှောင်စခန်းကို ပြန်လည်တည်ဆောက်ပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ် - မြန်မာ နယ်စပ်စစ်ဘေးရှောင်စခန်းကြီးဖြစ်သည့် ဂျေယန့်စစ်ရှောင်စခန်းသည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ ညနေက လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ခဲ့ပြီး နေအိမ် ၃၅ လုံး
ပျက်ဆီးသွားခြင်းဖြစ်သည်။
ဂျေယန့်စစ်ရှောင်စခန်း၏ ရက်ကွက် (၆)၊ အပိုင်း (B) မှ နေအိမ် ၃၅ လုံး မီးထဲပါသွားခဲ့ခြင်းဖြစ်ပြီး
ယခုအခါ ပြန်လည်တည်ဆောက် နေပြီဟု ကေအိုင်အိုသတင်းရင်းမြစ်များက ဆိုသည်။
လတ်တလောတွင် အဆိုပါ အိမ်ထောင်စု ၃၅ စုမှ မီးဘေးသင့်ပြည်သူ ၁၇၇ ဦးကို ဂျေယန်စစ်ရှောင်စာသင်ကျောင်းတွင် ကေအိုင်အိုအစိုးရက ယာယီနေရာ ချထားပေးကြောင်း သတင်းရရှိသည်။
ဂျေယန့်စစ်ရှောင်စခန်းသည် ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသတွင် အကြီးဆုံးဖြစ်ပြီး နေအိမ် ၁၅၀၀ခန့်ရှိကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#လိုင်ဇာမြို့
#ဂျေယန့်စစ်ရှောင်စခန်း
#ပြန်တည်ဆောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
အဂမ်
(မဇ္ဈိမ)။ ။ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြီးခဲ့သည့် မတ်လက မီးလောင်ခဲ့သော စစ်ရှောင်စခန်းကို ပြန်လည်တည်ဆောက်ပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ် - မြန်မာ နယ်စပ်စစ်ဘေးရှောင်စခန်းကြီးဖြစ်သည့် ဂျေယန့်စစ်ရှောင်စခန်းသည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ ညနေက လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ခဲ့ပြီး နေအိမ် ၃၅ လုံး
ပျက်ဆီးသွားခြင်းဖြစ်သည်။
ဂျေယန့်စစ်ရှောင်စခန်း၏ ရက်ကွက် (၆)၊ အပိုင်း (B) မှ နေအိမ် ၃၅ လုံး မီးထဲပါသွားခဲ့ခြင်းဖြစ်ပြီး
ယခုအခါ ပြန်လည်တည်ဆောက် နေပြီဟု ကေအိုင်အိုသတင်းရင်းမြစ်များက ဆိုသည်။
လတ်တလောတွင် အဆိုပါ အိမ်ထောင်စု ၃၅ စုမှ မီးဘေးသင့်ပြည်သူ ၁၇၇ ဦးကို ဂျေယန်စစ်ရှောင်စာသင်ကျောင်းတွင် ကေအိုင်အိုအစိုးရက ယာယီနေရာ ချထားပေးကြောင်း သတင်းရရှိသည်။
ဂျေယန့်စစ်ရှောင်စခန်းသည် ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသတွင် အကြီးဆုံးဖြစ်ပြီး နေအိမ် ၁၅၀၀ခန့်ရှိကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#လိုင်ဇာမြို့
#ဂျေယန့်စစ်ရှောင်စခန်း
#ပြန်တည်ဆောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍12😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံပြောကြား
Watch more detail -
https://youtu.be/Q6-8zotiVCs
#PoliticalNews #Myanmar #Asian #shorts #Reels

👍7🔥3😁2
သံအရာရှိများ လိုက်ပါလာသည့် ယာဥ်တန်းပစ်ခတ်ခံရမှု နိုင်ငံတကာက စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် PNFCတောင်းဆို
=================
001
(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်သို့ သွားရောက်သည့် သံအရာရှိများလိုက်ပါလာသည့် ယာဥ်တန်း ပစ်ခတ်ခံရမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးက တာဝန်ရှိသူများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)က မေလ ၁၁ရက်နေ့က တောင်းဆိုသည်။
စစ်ဘေးရှောင်ဒုက္ခသည်များနှင့် တွေ့ဆုံရန်သွားရောက်သည့် သံအရာရှိများ လိုက်ပါလာသည့် ယာဥ်တန်းမှာ ပြီးခဲ့သည့် မေလ ၇ရက်နေ့က ဆီဆိုင်မြို့နယ်သို့ မရောက်ခင် လမ်းတစ်နေရာတွင် ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ကျူးလွန်ခဲ့သူများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း PNFC က ထုတ်ပြန်သည်။
ဆီဆိုင် ခရီးစဥ်တွင် အာဆီယံ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်းဆောင်ရွက်ရေး ဗဟိုဌာန (AHA Center)မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံရုံးနှင့် စင်္ကာပူသံရုံးတို့မှ ကိုယ်စားလှယ်များ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကိုယ်စားလှယ်များ၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်ခံရမှု အဖြစ်အပျက်ကို မြင်တွေ့ခဲ့သော ဒေသခံ ပအိုဝ်းပြည်သူများ၏ ပြောဆိုချက်အရ ဒေသခံဌာနေ အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်ရာတွင် နောက်ကွယ်က စေခိုင်းသည့် အခြေအနေများရှိကြောင်း တွေ့ရှိရသည်ဟု PNFC က ဆိုထားသည်။
"အဲ့ဒီ ဒေသမှာ PNO(ပအိုဝ်းအမျိုးသားအဖွဲ့)က စိုးမိုးတဲ့ ဒေသဖြစ်တယ်။ PNO ကအဓိက လုံခြုံရေးယူရတဲ့ တာဝန်ဖြစ်တယ်။ ဆိုတော့ ပြည်သူကတော့ ပစ်ခတ်လိုက်တဲ့ အဖွဲ့အစည်းသည် အမှတ်အသားဘက်တံဆိပ် တပ်ဆင်ထားခြင်းမရှိဘူးဆိုပေမယ့် ဒါသည် ပြည်သူ့စစ်အဖွဲ့အစည်းပဲဖြစ်တယ်။ PNO အဖွဲ့အစည်းထဲကပဲဖြစ်တယ်။ စစ်ကောင်စီရဲ့ အမိန့်ညွှန်ကြားမှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေကပဲဖြစ်တယ်ဆိုတာကိုတော့ ဒေသခံတွေ ပြောပြချက်အရ ကျွန်တော်တို့ စုံစမ်းသိရပါတယ်"ဟု PNFC အတွင်းရေးမှုး -၂ ခွန်ဝေထူးက ပြောသည်။
တိုင်းပြည်အတွင်း တင်းမာမှုများ အမြင့်မားဆုံးကာလတွင် မတူညီသော တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုးအကြား ပဋိပက္ခများ ဖန်တီး၍ လည်းကောင်း၊ တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းရှိ မတူကွဲပြားသော အုပ်စုများအကြား ပဋိပက္ခ ဖန်တီး၍ လည်းကောင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလိုသူ စစ်ကောင်စီ၏ အမျိုးမျိုးသော သပ်လျှိုသွေးခွဲမှုများကို သတိကြီးစွာ ထားရမည့်အချိန်ဖြစ်ကြောင်းလည်း PNFC ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
"ဒါဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုဘက်က လုပ်ပါတယ်ဆိုပြီး ဖော်ပြီးတော့မှ အာဆီယံနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံမျက်နှာစာမှာ ကျွန်တော်တို့ကို အကြမ်းဖက်သူများ ဖြစ်သယောင်ယောင် ဖန်တီးနေတယ်။ အသုံးချနေတာသည် ဒါ အင်မတန်မှ အကျည်းတန်ရုပ်ဆိုးပါတယ်" ဟုလည်း သူက ပြောသည်။
သံအရာရှိယာဥ်တန်း တိုက်ခိုက်မှုကို လုပ်ဆောင်သည့် မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ကလည်း တုံ့ပြန်ထားသည်။
ထိုဖြစ်စဥ်တွင် သက်ဆိုင်ရာ ဒေသတွင်း အုပ်ချုပ်မှု မကျေလည်ခြင်း၊ နားလည်မှုလွဲမှားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ချေရှိသည်ဟု PNLO၏ မေလ ၁၁ရက်နေ့ ကြေညာချက်တွင် ပါရှိသည်။
ထိုသို့ ဟန့်တားနှောင့်ယှက်မှု ဖြစ်ပေါ်စေခြင်းမှာ ပအိုဝ်းအမျိုးသားများအတွက် ဂုဏ်သိက္ခာကျဆင်းစေသည့် အကြောင်းအရင်းတစ်ရပ်ဖြစ်သည်ဟု ရှု့မြင်နိုင်ကြောင်းလည်း PNLO ကပြောဆိုထားသည်။
သံအရာရှိများ ယာဥ်တန်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြင်းထန်စွာရှုတ်ချခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကာ ရလဒ်များကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်ကြောင်း စစ်ကောင်စီက မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုမှု မရှိပေ။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#သံအရာရှိ
#ယာဥ်တန်း
#တိုက်ခိုက်ခံရမှု
#ဆီဆိုင်မြို့နယ်

👍12😁2❤1🔥1👏1
ထန်းတပင်မြို့တွင် ပြည်သူ ၁၈ ဦးအား စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မီးရှို့
🤬10😁2👍1

====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီအထိ စစ်ကောင်စီတပ်နှင့် KNU PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူ ၁၈ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့သွားသည်ဟု ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
သတ်ဖြတ်ခံရသူ အပြစ်မဲ့ပြည်သူ ၁၈ ဦးထဲတွင် အသက်မပြည့်သေးသူ ကလေးငယ် ငါးဦးပါဝင်နေပြီး အငယ်ဆုံးကလေးငယ်မှာ အသက် ငါးနှစ်အရွယ်ဖြစ်သည်။
"စစ်ကြောင်းနဲ့တိုးပြီး သတ်သွားတာပါ။ လက်ရှိမှာ ရွာလုံးကျွတ်စစ်ရှောင်နေကြရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် ၃၀ နီးပါးသေပါတယ်” ဟု ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မဇ္ဈိမကိုပြောသည်။
မေလ ၁၀ ရက်နေ့က KNU PDFပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့အား ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာကာ အပြစ်မဲ့ကလေးသူငယ်များနှင့် ပြည်သူများအား သတ်ဖြတ်သွားခြင်းဖြစ်သည်။
သတ်ဖြတ်ခံရသူများသည် ဒေါ်ခင်ရီ (အသက် ၆၈နှစ်)၊ မသန်းသန်းဆွေ (အသက် ၃၅နှစ်)၊ မသက်နှင်းစံ (အသက် ငါးနှစ်)၊ ဦးဝင်းမြိုင် (အသက် ၇၀နှစ်)၊ ကိုဇော်မိုးအောင် (အသက် ၄၀နှစ်)၊ မသူဇာ (အသက် ၄၀နှစ်)၊ မောင်မိုးဝဿန် (အသက် ၁၅နှစ်)၊ မောင်မိုးဝေယံအသက် ခုနစ်နှစ်)၊ ဒေါ်ချွတ်တီ (အသက် ၅၈နှစ်)၊ ဒေါ်တင်ဆန်း (အသက် ၅၃နှစ်)၊ ဒေါ်ခင်အုန်း (အသက် ၅၅နှစ်)၊ ဒေါ်တင်အုန်း (အသက် ၅၃နှစ်)၊ မသန်းသန်းဝေ (အသက် ၂၈နှစ်)၊ မောင်သက်ပိုင်ဟိန်း (အသက် ငါးနှစ်)၊ ဦးတိုးတိုး (အသက် ၅၃နှစ်)၊ မဂျုးဂျုးမေ (အသက် ၂၅နှစ်)၊ ဦးကျော်သိန်း (အသက် ၅၅နှစ်)နှင့် ကျန်တစ်ဦးမှာ အမည်စုံစမ်းဆဲတို့ဖြစ်သည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့ ညနေပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား တိုက်လေယာဥ်နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့သေးသည်။
ထိုဖြစ်စဉ်ကြောင့် ကလေးသူငယ် တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထန်းတပင်မြို့နယ်သို့ စစ်ကောင်စီ၏ ခလရ (၇၃) နှင့် ခမရ (၃၆၀) တပ်တို့မှ စစ်ကြောင်းဝင်ရောက်နေခြင်းဖြစ်ကာ KNU PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ပြုလုပ်ထားပြီး အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၆၆ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနမှ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့နောက်တွင် ဧပြီလ ၁၁ ရက်နေ့၌ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ထပ်မံဖြစ်ပွားခဲ့ပြီး ပြည်သူ ၂၀၀ နီးပါး သေဆုံးရကာ စစ်ကောင်စီတပ်၏ အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် သေဆုံးမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပဇီကြီးလေကြောင်းတိုက်ခိုက်မှု
#ထန်းတပင်မြို့နယ်
#အစုလိုက်အပြုံလိုက်
#သတ်ဖြတ်မှု

🤬11👍2😁2😢2