Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မန္တလေးတိုင်း NLD ဒု ဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာ
===================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း မန္တလေးကဆန္ဒပြပွဲများ ဦးဆောင်မှု စွပ်စွဲချက်ဖြင့်၊ ဖမ်းဆီးထောင်ချခံထားရသည့် NLD ပါတီ မန္တလေးတိုင်းဒု ဥက္ကဋ္ဌဒေါ်၀င်းမြမြ၊ မန္တလေးအိုးဘိုထောင်မှပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း မန္တလေးနိုင်ငံရေးအသိုက်အ၀န်းမှ သိရသည်။

"အခုမနက်ပြန်လွတ်လာတယ်၊ ဘယ်လိုအခြေအနေနဲ့ပြန်လွတ်တယ်ဆိုတာတော့ သူ့မိသားစုကပဲသိမှာပါ၊ လွတ်လာတာတော့အမှန်ပဲ၊ လျှော့ရက်တွေနဲ့ လွတ်ရက်စေ့လို့ပြန်လွတ်လာတာလို့လည်းသိရတယ်" ဟု ၎င်းနှင့် နီးစပ်သည့် မန္တလေးနိုင်ငံရေးအသိုက်အ၀န်းမှ တစ်ဦးကပြောသည်။

ဒေါ်၀င်းမြမြကို၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က၊ အာဏာသိမ်းစစ်ကောင်စီတပ်ကဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ မန္တလေးမြို့ကဆန္ဒပြပွဲများတွင် ဦးဆောင်ပါ၀င်ကြောင်းစွပ်စွဲချက်ဖြင့်၊ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ထို့နောက် ထိုနှစ်ဇွန်လ ၂၉ ရက်နေ့တွင်၊ မန္တလေးအိုးဘိုထောင်တရားရုံးက ထောင်ဒဏ် သုံးနှစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစ္စလာမ်ဘာသာ၀င်တစ်ဦးလည်းဖြစ်သော အသက် ၇၀ ကျော်အရွယ်ဒေါ်၀င်းမြမြသည်၊ ရှစ်လေးလုံး လူထုအရေးတော်ပုံခေတ်နောက်ပိုင်း၊ နိုင်ငံရေးအစဉ်အလာကောင်းဖြင့် ကျော်ကြားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဒီပဲယင်းအရေးအခင်းတွင် ဒဏ်ရာများစွာဖြင့် အသက်မသေဘဲလွတ်မြောက်လာပြီးနောက်၊ တစ်မိသားစုလုံး ထောင်ချခံရခြင်း၊ နေအိမ်နှင့်လုပ်ငန်းများ ပိတ်သိမ်းခံရခြင်းတို့ဖြင့် ကြုံတွေ့ခဲ့ရသည်။

ထို့နောက် NLD ပါတီ မန္တလေးတိုင်းတွင်၊ ရာထူးအဆင့်ဆင့်ဖြင့် တာ၀န်ပေးအပ်ခံရပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#NLD
#မန္တလေးတိုင်း
#ပြည်သူ့လွှတ်တော်
#အိုးဘိုထောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤5🔥2🤮1
​​သက်ငယ်မုဒိန်းမှုနှင့်ဆက်စပ်၍ ထွက်ပေါ်နေသည့် သတင်းမှားများ
===================

JC
(မဇ္ဈိမ)။ ။ သက်ငယ်မုဒိန်းမှုအား ဖြေရှင်းမပေးဘဲ ဖုံးကွယ်ရန်ကြံစည်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့အား ဆန္ဒပြနေကြသည်ဟု ပြုပြင်ထားသည့်ဓာတ်ပုံဖြင့် ဖြန့်ဝေနေကြသည်။ ယင်းမှာ မှားယွင်းနေသည်။

"NUG မုဒိန်းမှု NLD မုဒိန်းမှုများကို တော်လှန်ရေးသပိတ်၊ ယင်းမာပင်မြို့နယ်မှာ ပြနေကြပြီ။ PDF မုဒိန်း မတရားဥပဒေများကို တော်လှန်ဖို့ သပိတ်၊ ယင်းမာပင်မြို့နယ်မှာ ပြနေကြပြီ" ဟုရေးသားထားပြီး ဆန္ဒပြနေသည့် ပုံတစ်ပုံနှင့် အတူ “Truth Media” တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားသည်။

ထိုအကြောင်းကို အခြားတယ်လီဂရမ်ချန်ခုနစ်ခုတွင်လည်းဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၀,၀၀ နီးပါး ရှိနေပြီဖြစ်သည်။ ထို့ပြင် ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ဖြန့်ဝေလျက်ရှိသည်။
မဇ္ဈိမ၏ သတင်းချက်အလက်စစ်ဆေးသူများမှ အဆိုပါဓာတ်ပုံအား အချက်အလက်စိစစ်ခဲ့ရာတွင် ပြုပြင်ထားသည့် ဓာတ်ပုံဖြစ်ကြောင်း တွေ့ရသည်။

သတင်းတုတွင် အသုံးပြုထားသည့်ဓာတ်ပုံသည် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်း၌ မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေကြသည့် သပိတ်စစ်ကြောင်းဓာတ်ပုံဖြစ်သည်။

ထိုအကြောင်းကို Khith Media နှင့် Detal News Agency တို့တွင် ဖော်ပြထားကြသည်။
Khit Thit Media - https://ln.run/xb9Ds
Delta News Agency - https://ln.run/UM2oT

မီဒီယာများမှ ဖော်ပြထားသည့်ဓာတ်ပုံတွင် “မတရားမှုဟာ ဥပဒေဆိုရင် တော်လှန်ခြင်းဟာ ဝတ္တရားပဲ” ဟူသည့်စာသားသာပါဝင်ပြီး သတင်းမှားတွင်မူ အဆိုပါ စာနှစ်ကြောင်းအောက်၌ “NUG,NLD မုဒိန်းမှု” ဟု ထပ်ပေါင်းပြုပြင်ကာ ဖြန့်ဝေထားခြင်း ဖြစ်သည်။
အလားတူပင် သက်ငယ်မုဒိန်းမှုနှင့် ပတ်သက်၍ “Ko Thet” တယ်လီဂရမ်ချန်နယ်တွင် “သက်ငယ်မုဒိန်းမှုဖြစ်စဉ်အား အမှုပိတ်သိမ်းကြောင်း NUG ပြောကြား” ဟု မေလ ၉ ရက်နေ့တွင် ဖြန့်ဝေထားသေးသည်။ ထိုအကြောင်းကို အခြားချန်နယ် ခြောက်ခုတွင်ပြန်လည်ဖြန့်ဝေထားပြီး ကြည့်ရှုသူ ၄၀,၀၀၀ ကျော်ရှိနေသည်။ ထို့ပြင် ဖေ့စ်ဘုတ်စာမျက်နှာများတွင်လည်း ပြန်လည်ကူးယူကာ ထပ်ဆင့်ဖြန့်ဝေနကြသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စုပေါင်းနေအိမ်တစ်ခုတွင် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အခန်းကပ်ရက်နေထိုင်သူ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွင်းရေးမှူး ဦးအောင်မင်းက မုဒိန်းမှုကျူးလွန်ခဲ့ကြောင်း NUG အစိုးရထံသို့ တိုင်ကြားထားသည်။

အဆိုပါအမှုကို ပိတ်သိမ်းခြင်းမရှိဘဲ အမှုမှန်ပေါပေါက်ရေးအတွက် အမှုတည်ဆောက်ကာ အထူးတရားရုံးတွင် တရားစီရင်နိုင်ရန်စီစဉ်နေပြီး ကျူးလွန်သူဟုစွပ်စွဲခံရသူအား ဝရမ်းထုတ်ဖမ်းဆီးနိုင်ရန်လည်း စီစဉ်လျက်ရှိ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Myanmar Now သတင်းဌာနသို့ ပြောကြာားထားသည်။

လင့် - https://ln.run/kdeEc
အဆိုပါ သက်ငယ်မုဒိန်းမှုအား မည်သည့်အခြေအနေတွင်ဖြစ်စေ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာ အရှိန်အဝါ လွှမ်းမိုးခြင်းမရှိဘဲ တရားမျှတစွာ အမှုမှန်ဖော်ထုတ်ကာ စီရင်ချက်ချ ဖြေရှင်းပေးရန် ကျောင်းသားသမဂ္ဂများနှင့် တော်လှန်ရေးအင်အားစုများမှလည်း တိုက်တွန်းထားကြသည်။

ထို့ကြောင့် သက်ငယ်မုဒိန်းမှုများကို ဖြေရှင်းမပေးဘဲ ဖုံးကွယ်ရန်ကြံစည်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)တို့အား ဆန္ဒပြနေကြသည်ဆိုသော ဓာတ်ပုံမှာ ယင်းမာပင်မြောက်ခြမ်းမှ စစ်အာဏာရှင်စနစ်အား ဆန္ဒပြနေသည့်ဓာတ်ပုံကိုပြုပြင်ကာ ဖြန့်ဝေထားခြင်းဖြစ်ပြီး သက်ငယ်မုဒိန်းမှုဖြစ်စဉ်အား NUG မှ အမှုမှန်ပေါ်ပေါက်စေရန် ဆက်လက်ကိုင်တွယ်လျက်ရှိကြောင်း သိရသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#သက်ငယ်မုဒိန်းမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17😁3
မေလ (၁၂)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

00:58 − ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည်နေပြီး မုန်တိုင်းပြင်းအား လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတဲ့သတင်း

03:16 − မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံပြောကြားလိုက်တဲ့သတင်း

06:37 − မြန်မာ့အကျပ်အတည်းအတွက် ဒေသတွင်း စုပေါင်းဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်းလိုက်တဲ့သတင်းနဲ့

09:27 − ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလိုက်ရပ တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့  စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/_wzKmYtrOGE

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤2🔥2😁1🍌1
လိုင်ဇာမှ မီးဘေးသင့် စစ်ရှောင်စခန်းကို ပြန်တည်ဆောက်နေ
👍13😁2
လိုင်ဇာမှ မီးဘေးသင့် စစ်ရှောင်စခန်းကို ပြန်တည်ဆောက်နေ
===================

အဂမ်

(မဇ္ဈိမ)။  ။ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြီးခဲ့သည့် မတ်လက မီးလောင်ခဲ့သော စစ်ရှောင်စခန်းကို ပြန်လည်တည်ဆောက်ပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ် - မြန်မာ နယ်စပ်စစ်ဘေးရှောင်စခန်းကြီးဖြစ်သည့် ဂျေယန့်စစ်ရှောင်စခန်းသည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ ညနေက လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ခဲ့ပြီး နေအိမ် ၃၅ လုံး 
ပျက်ဆီးသွားခြင်းဖြစ်သည်။ 

ဂျေယန့်စစ်ရှောင်စခန်း၏ ရက်ကွက် (၆)၊ အပိုင်း (B) မှ နေအိမ် ၃၅ လုံး မီးထဲပါသွားခဲ့ခြင်းဖြစ်ပြီး
ယခုအခါ ပြန်လည်တည်ဆောက် နေပြီဟု ကေအိုင်အိုသတင်းရင်းမြစ်များက ဆိုသည်။

လတ်တလောတွင် အဆိုပါ အိမ်ထောင်စု ၃၅ စုမှ မီးဘေးသင့်ပြည်သူ ၁၇၇ ဦးကို ဂျေယန်စစ်ရှောင်စာသင်ကျောင်းတွင် ကေအိုင်အိုအစိုးရက ယာယီနေရာ ချထားပေးကြောင်း သတင်းရရှိသည်။

ဂျေယန့်စစ်ရှောင်စခန်းသည် ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသတွင် အကြီးဆုံးဖြစ်ပြီး နေအိမ် ၁၅၀၀ခန့်ရှိကြောင်း သိရသည်။

စာတည်း - မောင်ကြီး
#လိုင်ဇာမြို့
#ဂျေယန့်စစ်ရှောင်စခန်း
#ပြန်တည်ဆောက်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ့အရေးတိုးတက်မှုမရှိကြောင်း အာဆီယံပြောကြား

Watch more detail -
https://youtu.be/Q6-8zotiVCs

#PoliticalNews #Myanmar #Asian #shorts #Reels
👍7🔥3😁2
​​သံအရာရှိများ လိုက်ပါလာသည့် ယာဥ်တန်းပစ်ခတ်ခံရမှု နိုင်ငံတကာက စုံစမ်းစစ်​ဆေးပြီး အ​ရေးယူ​ပေးရန် PNFC​တောင်းဆို
=================

001

(မဇ္စျိမ)။  ။ ရှမ်းပြည်နယ်​တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်သို့ သွား​ရောက်သည့် သံအရာရှိများလိုက်ပါလာသည့် ယာဥ်တန်း ပစ်ခတ်ခံရမှုအ​ပေါ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရုံးက တာဝန်ရှိသူများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စုံစမ်းစစ်​ဆေးပြီး အ​ရေးယူ​ပေးရန် ပအိုဝ်းအမျိုးသား ဖက်ဒရယ်​ကောင်စီ (PNFC)က ​မေလ ၁၁ရက်​နေ့က ​တောင်းဆိုသည်။

စစ်​ဘေး​ရှောင်ဒုက္ခသည်များနှင့် ​တွေ့ဆုံရန်သွား​ရောက်သည့် သံအရာရှိများ လိုက်ပါလာသည့် ယာဥ်တန်းမှာ ပြီးခဲ့သည့် ​မေလ ၇ရက်​နေ့က ဆီဆိုင်မြို့နယ်သို့ မ​ရောက်ခင် လမ်းတစ်​နေရာတွင် ​ချောင်း​မြောင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ကျူးလွန်ခဲ့သူများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ​ကြောင်း PNFC က ထုတ်ပြန်သည်။

ဆီဆိုင် ခရီးစဥ်တွင် အာဆီယံ လူသားချင်းစာနာမှု အကူအညီ ညှိနှိုင်း​ဆောင်ရွက်​ရေး ဗဟိုဌာန (AHA Center)မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံရုံးနှင့် စင်္ကာပူသံရုံးတို့မှ ကိုယ်စားလှယ်များ၊ ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ် (PNLO) ကိုယ်စားလှယ်များ၊ စစ်​ကောင်စီ လက်​အောက်ခံ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှု အဖြစ်အပျက်ကို မြင်​တွေ့ခဲ့​သော ​ဒေသခံ ပအိုဝ်းပြည်သူများ၏ ​ပြောဆိုချက်အရ ​ဒေသခံဌာ​နေ အသွင်​ပြောင်း ပြည်သူ့စစ်အဖွဲ့က လုပ်​ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုပ်​ဆောင်ရာတွင် ​နောက်ကွယ်က ​စေခိုင်းသည့် အ​ခြေအ​နေများရှိ​ကြောင်း ​တွေ့ရှိရသည်ဟု PNFC က ​ဆိုထားသည်။

"​အဲ့ဒီ ​ဒေသမှာ PNO​(ပအိုဝ်းအမျိုးသားအဖွဲ့)က စိုးမိုးတဲ့ ​ဒေသဖြစ်တယ်။ PNO ကအဓိက လုံခြုံ​ရေးယူရတဲ့ တာဝန်ဖြစ်တယ်။ ဆို​​တော့ ပြည်သူက​တော့ ပစ်ခတ်လိုက်တဲ့ အဖွဲ့အစည်းသည် အမှတ်အသားဘက်တံဆိပ် တပ်ဆင်ထားခြင်းမရှိဘူးဆို​ပေမယ့် ဒါသည် ပြည်သူ့စစ်အဖွဲ့အစည်းပဲဖြစ်တယ်။ PNO အဖွဲ့အစည်းထဲကပဲဖြစ်တယ်။ စစ်​ကောင်စီရဲ့ အမိန့်ညွှန်ကြားမှု​​အောက်မှာရှိတဲ့ အဖွဲ့အစည်း​တွေကပဲဖြစ်တယ်ဆိုတာကို​တော့ ​ဒေသခံ​တွေ ​ပြောပြချက်အရ ကျွန်​တော်တို့ စုံစမ်းသိရပါတယ်"ဟု PNFC အတွင်း​ရေးမှုး -၂ ခွန်​ဝေထူးက​ ပြောသည်။

တိုင်းပြည်အတွင်း တင်းမာမှုများ အမြင့်မားဆုံးကာလတွင် မတူညီ​​​သော တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုးအကြား ပဋိပက္ခများ ဖန်တီး၍ လည်း​ကောင်း၊ တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းရှိ မတူကွဲပြား​သော အုပ်စုများအကြား ပဋိပက္ခ ဖန်တီး၍ လည်း​ကောင်း၊ နိုင်ငံ​ရေးထွက်​ပေါက်ရှာလိုသူ စစ်​ကောင်စီ၏ အမျိုးမျိုး​သော သပ်လျှို​သွေးခွဲမှုများကို သတိကြီးစွာ ထားရမည့်အချိန်ဖြစ်​ကြောင်းလည်း PNFC ၏ထုတ်ပြန်ချက်တွင် ​ဖော်ပြသည်။

"ဒါဟာ တိုင်းရင်းသား​တော်လှန်​ရေးအင်အားစုဘက်က လုပ်ပါတယ်ဆိုပြီး ​ဖော်ပြီး​တော့မှ အာဆီယံနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံမျက်နှာစာမှာ ကျွန်​တော်တို့ကို အကြမ်းဖက်သူများ ဖြစ်သ​ယောင်​ယောင် ဖန်တီး​နေတယ်။ အသုံးချ​နေတာသည် ဒါ အင်မတန်မှ အကျည်းတန်ရုပ်ဆိုးပါတယ်" ဟုလည်း သူက ​ပြောသည်။

သံအရာရှိယာဥ်တန်း တိုက်ခိုက်မှုကို လုပ်​ဆောင်သည့် မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းကို မဆို ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချသည်ဟု ပအိုဝ်းအမျိုးသားလွတ်​မြောက်​ရေးအဖွဲ့ချုပ် (PNLO)ကလည်း တုံ့ပြန်ထားသည်။

ထိုဖြစ်စဥ်တွင် သက်ဆိုင်ရာ ​ဒေသတွင်း အုပ်ချုပ်မှု မ​ကျေလည်ခြင်း၊ နားလည်မှုလွဲမှားခြင်းတို့​ကြောင့်လည်း ဖြစ်နိုင်​ချေရှိသည်ဟု PNLO၏ ​မေလ ၁၁ရက်​နေ့ ကြေညာချက်တွင် ပါရှိသည်။

ထိုသို့ ဟန့်တား​နှောင့်ယှက်မှု ဖြစ်​ပေါ်​စေခြင်းမှာ ပအိုဝ်းအမျိုးသားများအတွက် ဂုဏ်သိက္ခာကျဆင်း​စေသည့် အ​ကြောင်းအရင်းတစ်ရပ်ဖြစ်သည်ဟု ရှု့မြင်နိုင်​ကြောင်းလည်း PNLO က​ပြောဆိုထားသည်။

သံအရာရှိများ ယာဥ်တန်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်​ရေးအစိုးရ NUG ကလည်း ပြင်းထန်စွာရှုတ်ချခဲ့ပြီး စုံစမ်းစစ်​ဆေးမှုများ လုပ်​ဆောင်​နေကာ ရလဒ်များကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ထုတ်ပြန်​ကြေညာ​ပေးသွားမည်ဟု ​ထုတ်ပြန်ထားသည်။

ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်​ကြောင်း စစ်​ကောင်စီက ​မေလ ၈ ရက်​နေ့တွင် ထုတ်ပြန်ခဲ့​သော်လည်း မည်သည့် အဖွဲ့အစည်းဖြစ်​ကြောင်း ထုတ်ပြန်​ပြောဆိုမှု မရှိ​ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သံအရာရှိ
#ယာဥ်တန်း
#တိုက်ခိုက်ခံရမှု
#ဆီဆိုင်မြို့နယ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2❤1🔥1👏1
ထန်းတပင်မြို့တွင် ပြည်သူ ၁၈ ဦးအား စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မီးရှို့
🤬10😁2👍1
ထန်းတပင်မြို့တွင် ပြည်သူ ၁၈ ဦးအား စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက်သတ်ဖြတ်မီးရှို့
====================

ရွှေနွယ်

(မဇ္ဈိမ)။  ။ ပဲခူးတိုင်း၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၃ နာရီအထိ စစ်ကောင်စီတပ်နှင့် KNU PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူ ၁၈ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့သွားသည်ဟု ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသူ အပြစ်မဲ့ပြည်သူ ၁၈ ဦးထဲတွင် အသက်မပြည့်သေးသူ ကလေးငယ် ငါးဦးပါဝင်နေပြီး အငယ်ဆုံးကလေးငယ်မှာ အသက် ငါးနှစ်အရွယ်ဖြစ်သည်။

"စစ်ကြောင်းနဲ့တိုးပြီး သတ်သွားတာပါ။ လက်ရှိမှာ ရွာလုံးကျွတ်စစ်ရှောင်နေကြရပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော် ၃၀ နီးပါးသေပါတယ်” ဟု ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မဇ္ဈိမကိုပြောသည်။

မေလ ၁၀ ရက်နေ့က KNU PDFပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ဖွဲ့အား ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် နှစ်ဖက်ညှပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အထိနာကာ အပြစ်မဲ့ကလေးသူငယ်များနှင့် ပြည်သူများအား သတ်ဖြတ်သွားခြင်းဖြစ်သည်။

သတ်ဖြတ်ခံရသူများသည် ဒေါ်ခင်ရီ (အသက် ၆၈နှစ်)၊ မသန်းသန်းဆွေ (အသက် ၃၅နှစ်)၊ မသက်နှင်းစံ (အသက် ငါးနှစ်)၊ ဦးဝင်းမြိုင် (အသက် ၇၀နှစ်)၊ ကိုဇော်မိုးအောင် (အသက် ၄၀နှစ်)၊ မသူဇာ (အသက် ၄၀နှစ်)၊ မောင်မိုးဝဿန် (အသက် ၁၅နှစ်)၊ မောင်မိုးဝေယံအသက် ခုနစ်နှစ်)၊ ဒေါ်ချွတ်တီ (အသက် ၅၈နှစ်)၊ ဒေါ်တင်ဆန်း (အသက် ၅၃နှစ်)၊ ဒေါ်ခင်အုန်း (အသက် ၅၅နှစ်)၊ ဒေါ်တင်အုန်း (အသက် ၅၃နှစ်)၊ မသန်းသန်းဝေ (အသက် ၂၈နှစ်)၊ မောင်သက်ပိုင်ဟိန်း (အသက် ငါးနှစ်)၊ ဦးတိုးတိုး (အသက် ၅၃နှစ်)၊ မဂျုးဂျုးမေ (အသက် ၂၅နှစ်)၊ ဦးကျော်သိန်း (အသက် ၅၅နှစ်)နှင့် ကျန်တစ်ဦးမှာ အမည်စုံစမ်းဆဲတို့ဖြစ်သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့ ညနေပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊(ဇရပ်ကြီးတောင်ခြမ်းဒေသ)ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား တိုက်လေယာဥ်နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ မြေပြင်မှ လက်နက်ကြီးများဖြင့်ရမ်းသန်းပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့သေးသည်။

ထိုဖြစ်စဉ်ကြောင့် ကလေးသူငယ် တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထန်းတပင်မြို့နယ်သို့ စစ်ကောင်စီ၏ ခလရ (၇၃) နှင့် ခမရ (၃၆၀) တပ်တို့မှ စစ်ကြောင်းဝင်ရောက်နေခြင်းဖြစ်ကာ KNU PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ပြုလုပ်ထားပြီး အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကြောင့် ပြည်သူ ၇၆၆ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနမှ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့နောက်တွင် ဧပြီလ ၁၁ ရက်နေ့၌ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ထပ်မံဖြစ်ပွားခဲ့ပြီး ပြည်သူ ၂၀၀ နီးပါး သေဆုံးရကာ စစ်ကောင်စီတပ်၏ အပြစ်မဲ့ပြည်သူ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် သေဆုံးမှုအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပဇီကြီးလေကြောင်းတိုက်ခိုက်မှု
#ထန်းတပင်မြို့နယ်
#အစုလိုက်အပြုံလိုက်
#သတ်ဖြတ်မှု

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11👍2😁2😢2
​​ကြို့ပင်ကောက်တွင် စစ်ကောင်စီတပ်မှ ပြည်သူ ၅ ဦးကိုဖမ်းဆီးပြီး ၁ ဦးကိုပစ်သတ်
==================

ရွှေနွယ်

(မဇ္ဈိမ) ။  ။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် မေလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ပြည်သူ ငါးဦးကိုဖမ်းဆီးကာ တစ်ဦးအား ပစ်သတ်ခဲ့ကြောင်း ဒေသခံများမှပြောသည်။

ကြို့ပင်ကောက်မြို့နယ်အထွက်ရှိ စိုင်းဂေါင်းကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ပြည်သူလေး ဦးအားဖမ်းဆီးကာ ယင်းနေ့ညနေပိုင်း၌ပင် ကိုငယ်လေးဆိုသူအား ကြို့ပင်ကောက်မြို့ပေါ်တွင် ထပ်မံလာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။

" ဖမ်းတာက PDF တွေလို့စွပ်စွဲပြီး ဖမ်းသွားတယ်လို့သိရပါတယ်။ ကိုကတုံးက ထွက်ပြေးလို့ဆိုပြီး ပစ်သတ် လိုက်တာပါ။ ကျန်တဲ့သူတွေကိုတော့ ရိုက်နှက်ခေါ်သွားတယ်။ ဆက်ပြီးလည်း ကြို့ပင်ကောက်မှာ ဖမ်းနေတုန်းပဲ” ဟု ကြို့ပင်ကောက်မြို့ဒေသခံတစ်ဦးမှ ပြောသည်။

သို့သော် ဖမ်းဆီးသတ်ဖြတ်ခံရခြင်း အကြောင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဓာတ်ပုံမှတ်တမ်း ကဲ့သို့သော သီးခြားအတည်ပြချက် ရယူနိုင်ခြင်းမရှိသေးပေ။

ဖမ်းဆီးခံရသူများမှာ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ တံငါကုန်းရွာနေ အသက် ၁၈ နှစ်အရွယ် မသက်သက်ဦးနှင့် ကိုမြမင်းထက်တို့ ဇနီးမောင်နှံ၊ ကြို့ပင်ကောက်မြို့ ပန်းတင်လမ်းနေ ကိုမောင်မင်းနှင့် စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သူ ကိုကတုံးတို့ဖြစ်သည်။

အဆိုပါ ငါးဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲကာဖမ်းဆီးသွားခြင်းဖြစ်၍ သာယာဝတီခရိုင် သတင်းပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် သတင်းမရရှိသေးကြောင်း ဖြေကြားခဲ့သည်။

" လက်ရှိမှာ အုတ်ဖိုဘက်ကိုလည်း စစ်ကြောင်းတက်နေတယ်ကြားတယ်ဗျ။ သေချာတော့မသိဘူး။ တိုက်ပွဲက ပေါင်းတည်ဘက်မှာရော အုတ်ဖိုဘက်မှာရော ဒီလထဲဖြစ်နေတော့ သူတို့ဘက်က ပိုစစ်နေတဲ့သဘော ဖြစ်မယ်ဗျ ” ဟု ကြို့ပင်ကောက်ဒေသခံမှ ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မေလ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မေလ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ဖမ်းဆီးခံရသူ ၂၂,၂၀၃ ဦးရှိပြီး၊ ကျဆုံးခဲ့ရသော ပြည်သူစုစုပေါင်းမှာ ၃,၄၉၀ ဦးရှိပြီဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။ သန့်ဇော်(သန်လျင်)

#ကြို့ပင်ကောက်
#ဖမ်းဆီး
#ဒေသခံ
#PDF

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬3😁2
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာနဲ့တစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း ၇၁ သန်းကျော်ရှိခဲ့

#internationalnews #reels #shorts
🤬4🔥2👍1
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
😢8😁2👍1🤬1
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
=====================

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာနှင့် ဖလံချိုင်ရွာတို့ကို စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း(၃၆၁)နှင့် (၃၆၈) မှ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

ကန့်ဘလူမြို့နယ် သိုးဘိုးရွာမှ မေလ ၁၀ရက်နေ့တွင် ထွက်ခွာလာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ထန်းကုန်းတိုက်နယ်၊ သရက်ခေါင်ရွာတွင် တစ်ညအိပ်တပ်စွဲထားပြီး မေလ ၁၁ရက် နံနက် ၆နာရီအချိန်တွင် သရက်ခေါင်ရွာကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ဆိုသည်။

သရက်ခေါင်းရွာသည် ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ်ကာ လူနေအိမ် ငါးလုံးနှင့် စာသင်ဆောင်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ပြီး ဧပြီ ၂၉ ရက်နေ့က ပထမအကြိမ် မီးရှို့ခံရမှုတွင် စာသင်ဆောင် တစ်လုံး မီးလောင် ပျက်စီးခဲ့ရသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီတပ်များသည် သရက်ခေါင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဖလံချိုင်ရွာသို့ သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး မေလ ၁၁ရက်နံနက် ၈နာရီ ၁၅မိနစ်ခန့်တွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်မှ ဖလံချိုင်ရွာ မီးတင်ရှို့မှုကြောင့် ဒေသခံလူနေအိမ် မည်မျှမီးလောင်သွားသည်ကို အတည်မပြုနိုင်သေးပေ။
ထိုကဲ့သို့ရွာစဉ်အလိုက် မီးရှို့နေသော စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း (၃၆၁) စစ်ကြောင်းသည် မေလ ၁၂ရက် နံနက် ၇နာရီ ၂၀မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ဖုတ်ကုန်းရွာအနီးသို့ ရောက်ရှိနေကြောင်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် မေလ ၇ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာရှိ လူနေအိမ် ၈၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၁၁ ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ထောက်ရှာအိုင်ရွာသား ၁၁ဦးနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကန့်ဘလူခရိုင်အတွင်းရှိ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်နှင့် ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ဧပြီလကုန်မှစ၍ ယနေ့အချိန်ထိ မနားတမ်းလှည့်ပတ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံ ၂၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး အခြေခံစားသောက်ကုန်၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင်အတွင်း တချို့တိုက်နယ်များတွင် စစ်ကောင်စီတပ် စစ်ကြောင်းထွက်သွားလျှင် ရွာထဲသို့ ပြန်လည်ဝင်ရောက်နေထိုင်ကြသူများရှိသကဲ့သို့ တချို့ပြည်သူများမှာ ကျေးရွာတွင်းသို့ ပြန်မဝင်ကြတော့ဘဲ နီးစပ်ရာတောများတွင် တဲထိုးနေထိုင်ကြရသည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
ထို့အပြင် စစ်ဘေးရှောင်ပြည်သူများမှာ စစ်ဘေး၊ မီးဘေးအန္တရာယ်တင်မကဘဲ မြွေဆိုးအန္တရာယ်ပါ ရင်ဆိုင်နေကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန့်ဘလူမြို့နယ်
#ကျေးရွာ
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6😁2👍1