Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​သေဒဏ် ချမှတ်နိုင်သည့် လက်နက်ဥပ​ဒေကို စစ်​ကောင်စီ ​ခေါင်း​ဆောင် လက်မှတ်​ရေးထိုး ပြဋ္ဌာန်း
=======================

001
(မဇ္စျိမ)။ ။ စစ်​ကောင်စီ၏ တရားရုံးတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အများဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် လက်နက်ဥပ​ဒေကို အာဏာသိမ်းစစ်​ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ​မေလ ၁၁ ရက်​နေ့က လက်မှတ်​ရေးထိုးပြဋ္ဌာန်းခဲ့သည်။

အခန်း ကိုးခန်းပါဝင်သည့် အဆိုပါ ဥပ​ဒေတွင် တားမြစ်ချက်များနှင့်ပတ်သက်ပြီး ​ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုအလိုက် ထောင်ဒဏ် အနည်းဆုံး ​သုံးလမှ အများဆုံး ​​ထောင်ဒဏ် တစ်သက်ဖြစ်​စေ၊ ​သေဒဏ်ဖြစ်​စေ ချမှတ်နိုင်​ရန် ပြဋ္ဌာန်းထားသည်ကို ​တွေ့ရသည်။
လက်ရှိတွင် ပျူ​စောထီးများအပါအဝင် အများစုမှာ စစ်​ကောင်စီထံတွင် လိုင်စင်မ​လျှောက်ဘဲ ​သေနတ်ကိုင်​ဆောင်​နေသည့်အတွက် စစ်​ကောင်စီက ၎င်းတို့ဘက်မှ လူများကို ​ပြန်လည်ခြောက်လှန့်ရန် ဥပ​ဒေထပ်မံပြဋ္ဌာန်းခြင်းဖြစ်​ကြောင်း အဆိုပါ ဥပ​ဒေနှင့် ပတ်သက်ပြီး တရားလွှတ်​​​တော်​ရှေ့​နေတစ်ဦးက သုံးသပ်သည်။

"သူတို့က ထပ်ပြီး​တော့ ​ခြောက်လှန့်တာ​ပေါ့​နော်။ PDF ​တွေကို အ​ယောင်ပြပြီး သူတို့(စစ်​ကောင်စီ) လူ​တွေကို ပြန်မနိုင်​တော့၊ ရှင်းရှင်း​ပြောရရင်​တော့ မနိုင်​တော့ဘူး​ပေါ့ဗျာ၊ သူတို့က ဓားပြတိုက်တယ်၊ လူသတ်တယ်၊ မုဒိမ်းကျင့်တယ်၊ မီးရှို့ အဲ့တာမျိုး​တွေ လုပ်လာတဲ့အခါမှာ ပျူ​တွေကဆိုရင်လည်း အဲ့တာ ​ရောလုပ်လာတယ်။ ဓားပြတိုက်တာ​တွေ ​ရောလုပ်လာတယ်။ သူတို့ထိန်းချုပ်ရတာ ခက်လာတယ်။ ထို့နည်းတူပဲ သူတို့(စစ်​ကောင်စီ) ဘက်က အကျအဆုံး​တွေကလည်း ​တော်​တော်များလာတယ်။ အသတ်ခံရတာ​တွေနည်းနည်းလည်း စိတ်လာတယ်​ပေါ့ ။ အဲ့တာကို ​ခြောက်တဲ့အ​နေနဲ့ ​သေဒဏ်အထိချနိုင်တယ်ဆိုပြီး​တော့ လုပ်တာ​ပေါ့" ဟု ၎င်းက​ပြောသည်။

စစ်​ကောင်စီ၏ ဥပ​​ဒေသစ်တွင် လက်နက်ကိုင်​ဆောင်ခွင့်နှင့်ပတ်သက်ပြီး တားမြစ်ချက်ပုဒ်မ ရှစ်ခုပါဝင်ပြီး ယင်းတားမြစ်ချက်များကို ​ဖောက်​ဖျက်ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသည့် ပုဒ်မ ၁၀ ခု ပါဝင်သည်ကို ​တွေ့ရသည်။

အဆိုပါ ဥပ​ဒေမှာ လက်နက်ကိုင်​ဆောင်ခြင်းနှင့်လက်နက်ကိုင်​​ဆောင်ကျူးလွန်သည့်ပြစ်မှုများကို တားဆီးရန်နှင့် တရားမဝင်လက်နက်ကိုင်​ဆောင်ခြင်းကို တားဆီးရန်တို့အတွက်လည်းဖြစ်​ကြောင်း စစ်​ကောင်စီက ဆိုထားသည်။

နိုင်ငံ​တော်ပိုင် လက်နက် သို့မဟုတ် ဥပ​ဒေအရ ကိုင်​ဆောင်ခွင့်ရှိသူပိုင် ​သေနတ်ကို ဖြစ်​စေ၊ ခဲယမ်းကို ဖြစ်​စေ ခိုးယူခြင်း၊ ​ရောင်းချခြင်း၊ လွှဲ​ပြောင်း​ပေးအပ်ခြင်း၊ လုယူခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ရန် အားထုတ်ခြင်းပြုလုပ်ပါက အနည်းဆုံး ​ထောင် ၁၀ နှစ်မှ အများဆုံး ​ထောင်ဒဏ်တစ်သက်အထိဖြစ်​​စေ၊ ​သေဒဏ်ဖြစ်​စေ ချမှတ်နိုင်သည်ဟုလည်း စစ်​ကောင်စီက ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ခွင့်ပြုမိန့်၊ လိုင်စင်မရှိဘဲ လက်နက်ကိုင်​ဆောင်ခြင်း၊ သယ်ယူခြင်း၊ လက်ဝယ်ထားခြင်း၊ လက်နက်တစ်ခုခုကို ထုတ်လုပ်ခြင်း၊ အသွင်​ပြောင်းခြင်း၊ ​ရောင်းချခြင်း၊ သို​လှောင်ခြင်း၊ ​ရောင်းရန်ကမ်းလှမ်းခြင်း သို့မဟုတ် ​ရောင်းချရန်ခင်းကျင်းပြသခြင်းတို့ ပြုလုပ်ပါကလည်း ​ထောင်ဒဏ် အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ချမှတ်နိုင်​ကြောင်း ​ဖော်ပြထားသည်။

လက်ရှိတွင် စစ်​ကောင်စီက တရားမဝင်ကိုင်​ဆောင်ထားသည့် လက်နက်ခဲယမ်းများကို လိုင်စင်​လျှောက်ရန် ​မေလ ၉ ရက်​နေ့က ထုတ်ပြန်ခဲ့ပြီး သီးခြားထုတ်ပြန်​ပေးမည့် သတ်မှတ်ကာလအတွင်း လက်နက်ခဲယမ်းအပ်နှံပြီး လိုင်စင်​လျှောက်ထားခြင်းမရှိပါက ​ဖော်ထုတ်ဖမ်းဆီးပြီး ထိ​ရောက်စွာ အ​ရေးယူမည်ဟု ​ခြိမ်း​ခြောက်ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#သေဒဏ်
#လက်နက်ဥပ​ဒေ
#စစ်​ကောင်စီ ​
#ပြဋ္ဌာန်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👎6👍4❤1🔥1👏1
​​သာကေတ ကြယ်စင်လင်းရွှေဆိုင် ဓားပြတိုက်ခံရ၊ ရွှေထည်ပစ္စည်း သိန်း ၄,၀၀၀ ကျော်ဖိုးနှင့် ငွေသားများ ပါသွားဟုဆို
================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်း၊ (၁၀) စျေးအနီးရှိ ကြယ်စင်လင်းရွှေဆိုင်၌ ယနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ရှိ ရွှေထည်ပစ္စည်းအရေအတွက်ပေါင်း ၁,၅၀၀ ကျော်(တန်ဖိုးအားဖြင့် ကျပ်သိန်း ၄,၀၀၀ ကျော်) နှင့် ငွေသားများ ပါသွားကြောင်း သိရသည်။

“ပရိုဘောက်ကားနဲ့ နံပါတ်ကတော့ အနီ။ ကားဖင်ထိုးပြီးတော့ လူလေးယောက်ဆင်းလာတယ် ပြောတယ်။ ကျွန်တော်က ဆိုင်ရဲ့သုံး၊ လေးဆိုင်မြောက်က လက်ဖက်ရည်ဆိုင်မှာ ခဏသွားထိုင်နေတာ။ ဆိုင်မှာက ဝန်ထမ်းလေးယောက်ရှိတယ်။ သူတို့ကို နောက်က ပန်းထိမ်ခန်းကိုခေါ်သွားပြီးတော့ မှောက်ခိုင်းထားတာ။ သေနတ်ပါတယ်၊ လက်ထိပ်ပါတယ်။ ရှေ့မှာကျတော့ နှစ်ယောက် သုံးယောက်လောက်က အကုန် သိမ်းကြုံးယူသွားတယ်” ဟု ဓားပြတိုက်ခံရသည့် ကြယ်စင်လင်းရွှေဆိုင်က မဇ္ဈိမကို ဖုန်းဖြင့်ဖြေကြားသည်။

ဓားပြတိုက်ခံရသည့် ရွှေထည်ပစ္စည်းများ၏ ကာလတန်ဖိုးအား လက်ရှိအချိန်တွင် တွက်ချက်လျက်ရှိပြီး သိန်း ၄,၀၀၀ ကျော်နိုင်ကြောင်းနှင့် ပါသွားသည့်ရွှေထည်ပစ္စည်းများမှာ ရောင်းချရန် ခင်းကျင်းပြသထားသော ဆိုင်ခင်းထည်များဖြစ်ပြီး အကြမ်းထည်များ ပါသွားခြင်းမရှိကြောင်း သိရသည်။

ကြယ်စင်လင်းရွှေဆိုင် အနေဖြင့် သာကေတမြို့နယ်တွင် ဖွင့်လှစ်ထားသည်မှာ ၁၃ နှစ်ကျော်ခန့်ရှိနေပြီဖြစ်သော်လည်း ဆိုင်ခွဲမရှိကြောင်း ဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်တိုင်း
#သာကေတမြို့နယ်
#ဓားပြတိုက်မှု
#မှုခင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4🤬3👍2😢2
​​တရုတ်က စစ်ပွဲအတွက်ပြင်ဆင်ရန် ကောလိပ်ကျောင်းသားများကို စုဆောင်းနေ
=========================

တရုတ်နိုင်ငံသည် စစ်ပွဲအတွက်ပြင်ဆင်ရန် အငြိမ်းစားစစ်သည်များအား ပြန်လည်စာရင်းသွင်းခြင်းနှင့် နည်းပညာမြင့်သင်တန်းဆင်း ကျွမ်းကျင် ကောလိပ်ကျောင်းသားများကို စုဆောင်းခြင်းအပါအဝင် စစ်မှုထမ်းခြင်းဆိုင်ရာ စည်းမျဉ်းအသစ်ကို မေလ ၁ ရက်တွင် စတင်အကောင်အထည်ဖော်လိုက်သည်။

ရှီကျင့်ဖျင်၏ စစ်မှုထမ်းစနစ်အသစ်သည် ပြည်တွင်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် အရည်အချင်းရှိ စစ်သည်များကို စုဆောင်းရေးနှင့် အရံတပ်ဖွဲ့အင်အားဆိုင်ရာဥပဒေကို အကောင်အထည်ဖော်ရေးတို့ကို အလေးပေးထားသည်။
💩4👍1🔥1🤔1
ဖလမ်း-ဟားခါးလမ်းတွင် ဒေသခံ ၂ဦးပျောက်ဆုံးနေ၍ မိသားစုဝင်များ စိုးရိမ်နေ
😢2😁1
ဖလမ်း-ဟားခါးလမ်းတွင် ဒေသခံ ၂ဦးပျောက်ဆုံးနေ၍ မိသားစုဝင်များ စိုးရိမ်နေ
===================

ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှ ဟားခါးမြို့သို့သွားရန်ထွက်ခွာလာသော ဒေသခံ နှစ်ဦးသည် ဖလမ်း-ဟားခါးလမ်းပိုင်းတွင် ပျောက်ဆုံးနေ၍ ၎င်းတို့၏ မိသားစုဝင်များ စိုးရိမ်နေသည်ဟု သတင်းရရှိသည်။

တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ ဒေါ်ကျင်းဟောက်ဝုန်(ခ)လင်းလင်း အသက် ၃၂နှစ် နှင့် ဦး လျန်းဇထွန်း အသက် ၃၂ နှစ် တို့ နှစ်ဦးသည် မေလ ၂ ရက်တွင် ဖလမ်းမြို့မှ ဟားခါးမြို့သို့ ဆိုင်ကယ်တစ်စီးဖြင့် အတူစီးနင်းသွားကြသည်။

ယင်းနေ့ ညနေ ၆ နာရီနောက်ပိုင်းမှ ယနေ့ထိ အဆက်အသွယ်လုံးဝမရရှိ၍ ၎င်းတို့၏ အသက်အန္တရယ်အတွက် စိုးရိမ်နေခြင်းဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“ကျတော်တို့က အဲဒီလမ်းပိုင်းကို နှစ်ခေါက်သွားရှာသေးတယ်။ အဲ့လမ်းပိုင်းမှာရှိတဲ့ ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့တွေရော၊ စကစဘက်ရော မေးကြည့်တယ်။ နှစ်ဘက်အဖွဲ့တွေက ဒီလူငယ်နှစ်ဦးကို မတွေ့ရှိဘူးလို့ပဲ ပြန်ဖြေကြတယ်။” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကမဇ္ဈိမသို့ပြောသည်။

သူတို့နှစ်ဦးကို မိသားစုဝင်များက ဖုန်းဖြင့် နောက်ဆုံးအဆက်အသွယ်ရရှိချိန်တွင် ဟားခါးမြို့နယ်၊ ချွန်းကျုံးရွာသို့ ရောက်ခါနီးပြီဖြစ်ကြောင်း သိရသည်ဟု ဆိုသည်။

၎င်းတို့၏ စာရွက်စာတမ်း နှင့် အဝတ်အစားများမှာ ဟားခါးမြို့ နှီယာလောန် ရွာသစ် အနီး လမ်းဘေးတွင်ပြန့်ကျဲလျက်ရှိသည်ကို ခရီးသွားများက ကောက်ရထားကြောင်း မိသားစုဝင်များထံက သိရသည်။

ဒေါ်ကျင်းဟောက်ဝုန်(ခ) ဆရာမလင်းလင်းသည် Obed House မိဘမဲ့ကျောင်းတွင် အမှုတော်ဆောင်ဆရာမတစ်ဦးဖြစ်ပြီး ဦးလျန်းဇထွန်းသည် ဟားခါးပြည်သူ့ဆေးရုံ ဓါတ်ခွဲ-၂တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ဒေါ်ကျင်းဟောက်ဝုန်(ခ) ဆရာမလင်းလင်းနှင့် ဦး လျန်းဇထွန်းတို့အားတွေ့ရှိပါက ဖုန်းနံပါတ် ၀၉၇၆၇၁၃၃၂၃၈ သို့ အကြောင်းကြားပေးပါရန် ၎င်းတို့နှင့်နီးစပ်သူများမှ လူမှုကွန်ရက်ပေါ်တွင် အကူအညီတောင်းခံနေကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

#Mizzima
#ဒေသခံ ၂ဦးပျောက်ဆုံး
# ဖလမ်း-ဟားခါးလမ်းပိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍2🔥1😁1
​​မဲဆောက်တွင်ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ တရားစွဲတင်နိုင်ရေး ပြင်ဆင်နေပြီဖြစ်ကြောင်း MOWYCA ပြော
=================

YT
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန(MOWYCA) ထံ တိုင်ကြားခဲ့သော သက်ငယ်မုဒိမ်းမှု၏ တရားခံကို တရားစွဲတင်ရေး၊ ဖမ်းဝရမ်းထုတ်နိုင်ရေး စသည်တို့ ပြုလုပ်နိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း MOWYCA မှ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည့် CDM တွဲဖက်ပါမောက္ခတစ်ဦး​၏ ငါးနှစ်အရွယ် သမီးငယ်ကို ၎င်းတို့နေထိုင်ရာခြံဝင်းအတွင်းတွင် ဌားရမ်းနေထိုင်သည့် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဦးအောင်မင်း ဆိုသူက လိင်အမြတ်ထုတ်ခဲ့သည်ဆိုသော တိုင်ကြားစာအား မေလ ၂ ရက် နေ့စွဲဖြင့် MOWYCA ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထိုတိုင်ကြားစာတွင် ကလေးငယ်​က ပြန်လည်ပြောပြခဲ့သည့် ဖြစ်စဥ်အသေးစိတ်ကို ဖော်ပြတိုင်ကြားခဲ့ခြင်းဖြစ်ပြီး CDM သူနာပြုတစ်ဦး​၏ ပြောကြားချက်အရ ကလေးငယ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံထားရသည့် လက္ခဏာများ တွေ့ရသဖြင့် မေလ ၂ ရက်နေ့တွင် မဲဆောက်မြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးစစ်ထားကြောင်း၊ ရလဒ်အား စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတမှု ရရှိနိုင်ရေးတို့အတွက် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေပြီဖြစ်ကြောင်း MOWYCA မှ ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

“ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေး၊ လူ့ဂုဏ်သိက္ခာ အကာကွယ်ပေးနိုင်ရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေးကို ကြပ်ကြပ်မတ်မတ်လုပ်ဆောင် လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယခုဖြစ်စဉ်တွင် သံသယတရားခံအား NUG အစိုးရ ပြည်သူ့ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့ခြင်းရှိခဲ့ပြီး လက်ရှိကာလတွင် အမှုတည်ဆောက်၍ တရားစွဲဆိုနိုင်ရေး၊ NUG တရားရေးဘက်မှ အမှုစစ်ဆေး၍ တရားခံအား ဖမ်းဝရမ်းထုတ်နိုင်ရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ချိတ်ဆက်လုပ်ဆောင်နေကြောင်း ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

" အရင်က ခေါ်ယူမေးမြန်းစစ်ဆေးခဲ့တာပဲဖြစ်တယ်။ အခု ရဲဘက်က အမှုတည်ဆောက်၊ တရားစွဲတင်ဖို့ လုပ်နေပြီ။ ပြီးရင် တရားရေးဘက်က အမှုစစ်ဆေး၊ ဝရမ်းထုတ် ကိစ္စတွေ ဆက်လုပ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဆက်လက်လုပ်ဆောင်ရမှာဖြစ်တယ်။ တိုင်ကြားမှုဖြစ်စဉ်ပေါ်လာတိုင်းမှာ တရားဥပဒေအရရော တိုင်ကြားသူရဲ့ဆန္ဒရော နှစ်ရပ်လုံးကို အလေးပေး လုပ်ဆောင်ရတာဖြစ်ပါတယ်" ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ MOWYCA အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြဌာန်းဆောင်ရွက်ထားသည့် လိင်အကြမ်းဖက်ခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလမ်းညွှန် (GBV Case Management Guideline) အတိုင်း ဆောင်ရွက်နေပြီး ထိုလမ်းညွှန် အရ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးအတွက် ထောက်ပံ့ကူညီခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် တရားမျှတမှုရရှိရေးဆောင်ရွက်ခြင်းတို့အား ပြုလုပ်နေကြောင်း သိရသည်။

နစ်နာသူ ကလေးငယ်နှင့် မိခင်​၏ ကိုယ်၊ စိတ်လုံခြုံရေးအတွက် NUG အစိုးရ​၏ ဝန်ကြီးဌာနများနှင့် အရပ်ဘက်အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးနေကြပြီဖြစ်ကြောင်း၊ ကလေးငယ်​၏ မိခင်သည်လည်း စိတ်ဓာတ်ခိုင်မာကြောင်း MOWYCA ဝန်ကြီး နော်ဆူဇန်နာလှလှစိုးက မဇ္ဈိမကိုပြောသည်။

" ထိခိုက်နစ်နာလို့ တိုင်ကြားသူရဲ့ ကိုယ်ရော စိတ်ပါ လုံခြုံရေးအတွက် MOWYCA ရော MOHADM ကနေ ကော၊ အရပ်ဘက်အဖွဲ့အစည်းကပါ ဆက်လက် ကူညီဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ သမီးလေးရဲ့မေမေဟာ ထင်မှတ်မထားလောက်အောင် စိတ်ဓာတ်ခိုင်မာပြီး သူ့ရဲ့ရပ်တည်ချက်ဟာ စံပြုဖွယ်ကောင်းပါတယ်" ဟု ၎င်းက ဆိုသည်။

# Mizzima
#သက်ငယ်မုဒိန်းမှု
#MOWYCA
#ဦးအောင်မင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬1🤣1
Cele City - Episode 18
===========

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 ပရိသတ်တွေအပြောများနေတဲ့ Park Seo Joon ရဲ့ Marvels ဇာတ်ကောင်

👉 Cannes Film Festival ကိုဖိတ်ကြားခံရတဲ့ ဘောလီးဝုဒ်သရုပ်ဆောင်များ

👉 တားမြစ်ဆေးဝယ်ယူမှုကြောင့် စစ်ဆေးခံနေရတဲ့ ထိုင်းမင်းသမီး Ice Preechaya

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/GlJhuhnWc28

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3👍2🌭1
Media is too big
VIEW IN TELEGRAM
Twitter မှာ နံပါတ် ၁ ဖြစ်နေတဲ့ Charles ဘုရင် နန်းတက်ဖျော်ဖြေပွဲ

Full Video Link - https://youtu.be/GlJhuhnWc28#entertainmentnews

#celecity #mizzimaplus #internationalnews #reels #shorts
👍4😁1
မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်းစက်ကွင်းဒေသများ၌ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်
🔥4👍2
မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်းစက်ကွင်းဒေသများ၌ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်
===================

ရွှေနွယ်

(မဇ္ဈိမ)။ ။အလွန်အင်အားပြင်းမုန်တိုင်း “မိုခါ” မဝင်ရောက်မီ ယနေ့ မေလ ၁၃ ရက်နေ့တွင် မုန်တိုင်းစက်ကွင်းဒေသများအဖြစ်သတ်မှတ်ထားသော ဒေသများ၌ မိုးရွာသွန်းခြင်း၊ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သစ်ပင်လဲကျမှုများ ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်။

မန္တလေးတိုင်းအတွင်းမြို့နယ်များ၊ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ၊ ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်တချို့နှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်တချို့တွင် မိုးရွာသွန်းခြင်း လေပြင်းတိုက်ခတ်ခြင်းများကြောင့် လမ်းမပေါ်သို့သစ်ပင်လဲကျ သစ်ကိုင်းကျိုးကျခြင်းများနှင့် ချောင်းရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိသည်။

ရွှေပြည်သာမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ မြောင်းမြခရိုင် ဝါးခယ်မြို၊ ကျုံမငေးမြို့၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မုံရွာမြို့၊ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့တို့တွင် မိုးကြီးကာ လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျ လဲကျ၍ လမ်းပိတ်ဆို့ခြင်းများဖြစ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယနေ့ မေလ ၁၃ ရက်နေ့မှစ၍ မနက်ဖြန် မေလ ၁၄ ရက်နေ့နံနက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မုန်တိုင်း "မိုခါ" ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုခါ
#မုန်တိုင်းစက်ကွင်း
#မိုးရွာသွန်း
#လေပြင်းတိုက်ခတ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🔥2😁1