“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့မှ ပျက်စီးမှု မြင်ကွင်းများ (ပုံသတင်း)
မဇ္ဈိမ
အလွန့်အလွန်အားကောင်းသည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မြင်ကွင်းအချို့ ဖြစ်သည်။
အဆိုပါ မုန်တိုင်းကြောင့် စစ်တွေအဝေးပြေးကားဂိတ်အနီးရှိ “စစ်တွေမြို့မှ ကြိုဆိုပါ၏” မြို့အဝင် ဆိုင်းဘုတ်လည်း ပျက်စီးသွားသကဲ့သို့ ဈေးဆိုင်ခန်းများလည်း အမိုးလန် ပျက်စီးနေသည်ကို တွေ့ရသည်။
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပင်မဆက်သွယ်ရေး တာဝါတိုင် ကျိုးကျပြီးနောက် လက်ရှိမှာ ဆက်သွယ်ရေး ဖုန်းလိုင်းများ အားလုံးပြတ်တောက်နေပြီး ဆက်သွယ်မှု ဧရိယာပြင်ပ ဖြစ်နေသည်။
အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ယနေ့ မေလ ၁၄ ရက် နံနက် ၁၁ နာရီခွဲ အချိန်တွင် လေတိုက်နှုန်းလတစ်နာရီလျှင် မိုင် ၁၃၀ နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နေကြောင်း NUG ၏ မိုးဇလ ဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- CJ
#စစ်တွေ
#မိုခါ
#Mizzima

👍6😢3🔥1
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅ဦးရှိလာဟု NUG ထုတ်ပြန်
မဲဆောက်(မဇ္ဈိမ)
မဇ္ဈိမ။ ။မိုခါ(Mocha)ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ် ၊မန္တလေးတိုင်းနှင့် ဧရာ၀တီတိုင်းတို့တွင် သေဆုံးသူငါးဦးရှိနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်သည်။
သေဆုံးသူငါးဦးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်ကို ဖော်ပြမထားသော်လည်း မြေပြိုမှုနှင့် သစ်ပင်လဲကျမှုတို့ကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှအမျိုးသားတစ်ဦး၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှအမျိုးသား တစ်ဦး၊ ရှမ်းပြည်နယ် တာချီလိတ်မြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှ အမျိုးသားတစ်ဦး သေဆုံးကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ပြင်ဦးလွင်၊ တောင်ကုတ်နှင့် ရေကြည်မြို့တွင် ယနေ့ မေလ၁၄ရက် နံနက်ပိုင်းက မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခိုက်စဉ် သစ်ပင်လဲကျပြီး အမျိုးသားသုံးဦး သစ်ပင်ပိသေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းမြို့နယ်သုံးခု လူမှုကူညီရေးအဖွဲ့များကပြောသည်။တာချီလိတ်မြို့တွင်ယနေ့ နံနက်သုံးနာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဆန်ဆိုင်းရပ်ကွက်မှ နေအိမ်တစ်လုံးပေါ် မြေပြိုကျခဲ့သည်ဟု မြို့ခံ
လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ မြေပြိုကျသည့် အိမ်အတွင်း အိပ်နေသော ဇနီးမောင်နှံနှစ်ဦး မြေပိသေဆုံးသွားခဲ့ခြင်း တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့များကသတင်းထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ မေလ ၁၄ရက် နံနက် ၁၁နာရီခွဲမှစတင်၍ လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၁၃၀နှုန်းဖြင့် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းဝင်ရောက်ပြီး ၂၄ နာရီအတွင်း ရခိုင်ပြည်နယ်၌ မုန်တိုင်းဒီရေဝင်ရောက်နိုင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်တွင် မြေပြိုခြင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများဖြစ်ပွားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထပ်မံ သတိပေးထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသည့်အပြင် သုံးရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များ ဖျားနာနေကြောင်း၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင်လည်းလျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများပြတ်တောက်လျက်ရှိသဖြင့် စစ်ဘေးရှောင်များ သတင်းအချက်အလက်ရရှိနိုင်ရန် အခက်အခဲကြုံတွေ့နေရသည်ဟုထုတ်ပြန်ထားသည်။မိုခါမုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို ထပ်မံ၍ ထုတ်ပြန်ပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထား သည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ယနေ့ မေ ၁၄ရက်ညတွင် ချင်းပြည်နယ်နှင့်မကွေးတိုင်းအတွင်းသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း - မောင်ကြီး
#မိုခါဆိုင်ကလုန်းမုန်တိုင်း
#သေဆုံးသူငါးဦး
#အမျိုးသားညီညွတ်ရေးအစိုးရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍20😁2😢1
This media is not supported in your browser
VIEW IN TELEGRAM
မုန်တိုင်းအရှိန်ကြောင့် ကျောက်တော်မြို့တွင် လေပြင်းများတိုက်ခတ်နေ
👍7
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်ထုတ်လွှင့်မှုများ
https://youtu.be/cfGKzgm_6to
https://youtu.be/cfGKzgm_6to
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်ထုတ်လွှင့်မှုများ
#PVTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး…

👍4🤮1
မြေပြိုခြင်းအတွက် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ
မုန်တိုင်းဖြစ်နေသည့် နေရာများတွင် မြေပြိုခြင်းများလည်း ဖြစ်ပေါ်လာတတ်သည့်အတွက် ကြိုတင်ပြင်ဆင်ရန်များနှင့် မိမိနှင့်အတူရှိသင့်သည့် အရေးပေါ်သုံး ပစ္စည်းများအား ပြောပြပေးချင်ပါတယ်။
https://youtu.be/UceO0J2YUvo

အခုဗီဒီယိုလေးမှာ ပြောပြခဲ့တဲ့ လိုက်နာသင့်သည့် အချက်များကို လိုက်နာပြီး သင်နှင့်…

👍5🔥3
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ မေ ၂၀၂၃)
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တော်လှန်ရေးပြိုကွဲအောင် စစ်ကောင်စီကို ကူညီနေသည့် တရုတ်နိုင်ငံကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြနေပြီး တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း ရေးတွင် ပိုမိုစွက်ဖက်လာပါက ပြည်တွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားရေးများ ထိခိုက်လာ ဖွယ်ရှိသည်။
• အကြမ်းဖက်မင်းအောင်လှိုင်က မုန်တိုင်းအန္တရာယ်အောင်မြင်စွာကျော်လွှားနိုင်ရေးနှင့် မြန်မာနိုင်ငံသား တစ်ဦးမကျန် ကူညီဆောင်ရွက်မည်ဟု ပါးစပ်ကပြောနေသော်လည်း တကယ်လက်တွေ့တွင် မုန်တိုင်း ဧရိယာထဲ ပါဝင်နေသည့် ဒေသများတွင် စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးထဲရေထဲတွင် ပြေးလွှား နေရသည်။

👍20🤮2👏1😁1🙏1
“မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပေါက်တောမြို့မဈေးကြီးနှင့် လူနေအိမ်များ ပျက်စီးမှုရှိ
https://youtu.be/4Pu7Z57bLYw

နောင်နောင်
အလွန့်အလွန်အားကောင်းသော “မိုခါ” ဆိုင်ကုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပေါက်တောမြို့ပေါ်က မြို့မဈေးကြီးနှင့် လူနေအိမ်များ အမိုးလန် ပျက်စီးမှုများ ရှိခဲ့ကြောင်း ပေါက်တော မြို့ပေါ် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပေါက်တောမြို့နယ်တွင် ယနေ့ မေလ ၁၄…

👍9😢3🔥2
Media is too big
VIEW IN TELEGRAM
ဖုန်းစွဲလန်းခြင်းဆိုင်ရာ အကြောင်းအရာ | ကျန်းမာသုတ လူမှုဘဝ Episode - 15
See more - https://youtu.be/4rF-f_ARvc8
#Mizzima #ကျန်းမာသုတလူမှုဘဝ
#ဓမ္မတာလာခြင်း #ကိုယ်ဝန်ဆောင်ကျန်းမာရေး #reels #shorts

👍16🖕2
မေလ (၁၅) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅ဦးရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန် လိုက်တဲ့သတင်းနဲ့အတူ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီက မေလ( ၁၄ )ရက်နေ့ မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ရပါမှာ ဖြစ်သလို အပတ်စဉ်ထုတ်လွှင့်နေကျ အစီအစဉ်တွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/q6arg8k_KQs
#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅ဦးရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန် လိုက်တဲ့သတင်းနဲ့အတူ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတည်ရှိရာ နဘုလယ်ဒေသကို စစ်ကောင်စီက မေလ( ၁၄ )ရက်နေ့ မှာ လေကြောင်းကနေ…

👍9😁3
"မိုခါ" မုန်တိုင်းကြောင့် အိုင်းမရေလွှဲဆည် ရေကြီးမှတ် အထက်ရောက်
ရွှေနွယ်
(မဇ္ဈိမ)။ ။ "မိုခါ" မုန်တိုင်းကြောင့် မကွေးတိုင်းတွင် မိုး အဆမတန်ရွာသွန်းပြီး မကွေးတိုင်း ငဖဲမြို့နယ်မှ မင်းဘူးမြို့နယ်အတွင်း စီးဆင်းသည့် မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်တွင် ရေထိပ်ရေမှတ်သည် ယနေ့ မေလ ၁၄ ရက် ညနေတွင် ဆည်ပေါ်မှ ၁၀.၂၀ ပေရေကျော်နေသည်ဟု ဆည်တာဝန်ရှိသူများက သတိပေးထားသည်။
"စကုမန်းကျင်းက မိတ်ဆွေများ မပေါ့ကြပါနဲ့။ ညသန်းခေါင်ချိန် ရေပိုတိုးပါမည်။ ကျနော့်ဆည်ထိပ်ရေမှတ်ကို အခြေခံအကြံပြုတာပါ” ဟု အိုင်းမဆည်ထိပ်တာဝန်ခံ ဦးစီးမှူး (မြို့ပြ) ဦးဝင်းဇော်ထွန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။
အဆိုပါ အိုင်းမဆည်သည် ၂၀၁၅ ခုနှစ်က ၂၅၂.၅၀ ပေ အထိ အများဆုံး တက်ခဲ့ဖူးသည်။ ထိုစဉ်က ဆည်အထက်သို့ ၁၀.၅၀ ပေရေကျော်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ထိုအမှတ်သို့ရောက်ရန် ၀.၃၀ ပေသာ လိုတော့သည်။

👍15😁1
လက်ရှိတွင် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မုန်တိုင်းဗဟိုဖြတ်ကျော်ဝင်ရောက်နေဆဲဖြစ်ပြီး မုန်တိုင်းသည် ယနေ့ညပိုင်းတွင် လေတိုက်နှုန်း တစ်နာရီမိုင် ၆၀ မှ ၉၀ ကြားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဆက်လက်ဖြတ်ကျော်ရန်ရှိနေကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။
မုန်တိုင်းဖြတ်ကျော်ပါကလည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပွားရန်ရှိနေသည်။
ယနေ့တွင်လည်း မကွေးတိုင်း မင်းဘူး၊ စလင်း၊ စကု၊ ပွင့်ဖြူ ဘက်တွင် မိုးရွာသွန်းမှုစံချိန်တင်နေသည်ဟု ပွင့်ဖြူဒေသခံက ပြောသည်။
“မနေ့ကစပြီး မိုးရွာက စံချိန်တင်ပါပဲ ။ မိုးရေချိန် ကိုး လက်မလောက် ရှိမလားတောင်မသိဖူး။ ကျောင်းတော်ရာမှာလည်း မိုးရေနဲ့လျှံနေပါတယ်။ အိုင်းမဆည်ကတော့ စလင်းဘက်အတွက်အဓိကစိုးရိမ်ရပါတယ်” ဟု ပွင့်ဖြူဒေသခံက မဇ္ဈိမကိုပြောသည်။
လက်ရှိ စလင်းမြို့တွင် စလင်းချောင်း ရေ လျှင်မြန်စွာ တက်နေ၍ ချောင်းတစ်လျှောက်ရှိ ကျေးရွာများ ရေမြုပ်နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လက်ရှိတွင် စလင်းမြို့နယ်အတွင်းရှိ ကျီးသိုက်ကျေးရွာ၊ နောင်တော်ကြီးကျေးရွာ၊ ကညှပ်ကျေးရွာ ၊ ပေါင်းဆည်ကျေးရွာ ၊ ယမ်းဘိုကုန်းရွာ ၊ နွယ်တမယ်ကျေးရွာ ၊ ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ခန့် ရေမြုပ်နေပြီဖြစ်ကြောင်းသိရသည်။
မန်းစက်တော်ရာ(ရွှေစက်တော်) ရှိ မန်းချောင်းတွင်လည်း ယနေ့ ရေစီးသန်ကာ ရေလျှံနေပြီး အောက်စက်တော်ရာ ခြေတော်ရာအနီးတွင် ချောင်းရေများပတ်လည်ဝိုင်းနေပြီဖြစ်သည်။
ယနေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်မူ မန်းချောင်းရေမှာ လက်မအနည်းငယ်ခန့် ပြန်ကျသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" သည် မေလ ၁၄ ရက် ညနေ ၆ နာရီခွဲအထိ လေတိုက်နှုန်း တစ်နာရီ ၈၆ မိုင်နှုန်းဖြင့် ချင်းပြည်နယ်သို့ရောက်ရှိပြီးနောက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကိုဖြတ်ကျော်၍
မေလ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မုန်တိုင်းအင်အားပျက်ပြယ်သွားမည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် "မိုခါ" သည် "ကုန်းတွင်းမုန်တိုင်း"အဖြစ် အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျားနေပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စေတုတ္တရာ၊ ဆော၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ ထီးလင်း၊ ဂန့်ဂေါ၊ မင်းကင်း၊ ကလေး၊ ပင်လယ်ဘူး၊ ကောလင်း၊ ထီးချိုင့်၊ ဖေါင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း စသည့် မြို့များတွင် မိုးရေချိန် တစ် လက်မခွဲမှ ရှစ်လက်မ အထိ ရွာသွန်းနိုင်ကြောင်းဆိုသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#အိုင်းမရေလွှဲဆည်
#ရေကြီးမှတ်အထက်ရောက်

👍10❤1😁1