"မိုခါ" မုန်တိုင်းကြောင့် အိုင်းမရေလွှဲဆည် ရေကြီးမှတ် အထက်ရောက်
ရွှေနွယ်
(မဇ္ဈိမ)။ ။ "မိုခါ" မုန်တိုင်းကြောင့် မကွေးတိုင်းတွင် မိုး အဆမတန်ရွာသွန်းပြီး မကွေးတိုင်း ငဖဲမြို့နယ်မှ မင်းဘူးမြို့နယ်အတွင်း စီးဆင်းသည့် မန်းချောင်းအထက်ပိုင်းရှိ အိုင်းမရေလွှဲဆည်တွင် ရေထိပ်ရေမှတ်သည် ယနေ့ မေလ ၁၄ ရက် ညနေတွင် ဆည်ပေါ်မှ ၁၀.၂၀ ပေရေကျော်နေသည်ဟု ဆည်တာဝန်ရှိသူများက သတိပေးထားသည်။
"စကုမန်းကျင်းက မိတ်ဆွေများ မပေါ့ကြပါနဲ့။ ညသန်းခေါင်ချိန် ရေပိုတိုးပါမည်။ ကျနော့်ဆည်ထိပ်ရေမှတ်ကို အခြေခံအကြံပြုတာပါ” ဟု အိုင်းမဆည်ထိပ်တာဝန်ခံ ဦးစီးမှူး (မြို့ပြ) ဦးဝင်းဇော်ထွန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။
အဆိုပါ အိုင်းမဆည်သည် ၂၀၁၅ ခုနှစ်က ၂၅၂.၅၀ ပေ အထိ အများဆုံး တက်ခဲ့ဖူးသည်။ ထိုစဉ်က ဆည်အထက်သို့ ၁၀.၅၀ ပေရေကျော်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်ထိုအမှတ်သို့ရောက်ရန် ၀.၃၀ ပေသာ လိုတော့သည်။

👍15😁1
လက်ရှိတွင် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မုန်တိုင်းဗဟိုဖြတ်ကျော်ဝင်ရောက်နေဆဲဖြစ်ပြီး မုန်တိုင်းသည် ယနေ့ညပိုင်းတွင် လေတိုက်နှုန်း တစ်နာရီမိုင် ၆၀ မှ ၉၀ ကြားဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကို ဆက်လက်ဖြတ်ကျော်ရန်ရှိနေကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။
မုန်တိုင်းဖြတ်ကျော်ပါကလည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများ ဆက်လက်ဖြစ်ပွားရန်ရှိနေသည်။
ယနေ့တွင်လည်း မကွေးတိုင်း မင်းဘူး၊ စလင်း၊ စကု၊ ပွင့်ဖြူ ဘက်တွင် မိုးရွာသွန်းမှုစံချိန်တင်နေသည်ဟု ပွင့်ဖြူဒေသခံက ပြောသည်။
“မနေ့ကစပြီး မိုးရွာက စံချိန်တင်ပါပဲ ။ မိုးရေချိန် ကိုး လက်မလောက် ရှိမလားတောင်မသိဖူး။ ကျောင်းတော်ရာမှာလည်း မိုးရေနဲ့လျှံနေပါတယ်။ အိုင်းမဆည်ကတော့ စလင်းဘက်အတွက်အဓိကစိုးရိမ်ရပါတယ်” ဟု ပွင့်ဖြူဒေသခံက မဇ္ဈိမကိုပြောသည်။
လက်ရှိ စလင်းမြို့တွင် စလင်းချောင်း ရေ လျှင်မြန်စွာ တက်နေ၍ ချောင်းတစ်လျှောက်ရှိ ကျေးရွာများ ရေမြုပ်နေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လက်ရှိတွင် စလင်းမြို့နယ်အတွင်းရှိ ကျီးသိုက်ကျေးရွာ၊ နောင်တော်ကြီးကျေးရွာ၊ ကညှပ်ကျေးရွာ ၊ ပေါင်းဆည်ကျေးရွာ ၊ ယမ်းဘိုကုန်းရွာ ၊ နွယ်တမယ်ကျေးရွာ ၊ ဥယျာဉ်စုကျေးရွာ၊ ခရေကုန်းကျေးရွာ အပါအဝင် ကျေးရွာ ၂၀ ခန့် ရေမြုပ်နေပြီဖြစ်ကြောင်းသိရသည်။
မန်းစက်တော်ရာ(ရွှေစက်တော်) ရှိ မန်းချောင်းတွင်လည်း ယနေ့ ရေစီးသန်ကာ ရေလျှံနေပြီး အောက်စက်တော်ရာ ခြေတော်ရာအနီးတွင် ချောင်းရေများပတ်လည်ဝိုင်းနေပြီဖြစ်သည်။
ယနေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်မူ မန်းချောင်းရေမှာ လက်မအနည်းငယ်ခန့် ပြန်ကျသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" သည် မေလ ၁၄ ရက် ညနေ ၆ နာရီခွဲအထိ လေတိုက်နှုန်း တစ်နာရီ ၈၆ မိုင်နှုန်းဖြင့် ချင်းပြည်နယ်သို့ရောက်ရှိပြီးနောက် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ကိုဖြတ်ကျော်၍
မေလ ၁၅ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် မုန်တိုင်းအင်အားပျက်ပြယ်သွားမည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားသည်။
လက်ရှိတွင် "မိုခါ" သည် "ကုန်းတွင်းမုန်တိုင်း"အဖြစ် အရှေ့မြောက်အရပ်ကို ဦးတည်ရွေ့လျားနေပြီး မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်း စေတုတ္တရာ၊ ဆော၊ ပေါက်၊ မြိုင်၊ မုံရွာ၊ ကနီ၊ ထီးလင်း၊ ဂန့်ဂေါ၊ မင်းကင်း၊ ကလေး၊ ပင်လယ်ဘူး၊ ကောလင်း၊ ထီးချိုင့်၊ ဖေါင်းပြင်၊ မော်လိုက်၊ ဟုမ္မလင်း စသည့် မြို့များတွင် မိုးရေချိန် တစ် လက်မခွဲမှ ရှစ်လက်မ အထိ ရွာသွန်းနိုင်ကြောင်းဆိုသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#အိုင်းမရေလွှဲဆည်
#ရေကြီးမှတ်အထက်ရောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤1😁1
ကျောက်ပန်းတောင်းတွင် ယနေ့ည လေပြင်းကျ၊ သစ်ပင်ကြီးအချို့ ပြိုလဲ
ဂျူချန်း
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့တွင် ယနေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်း၌ မုန်တိုင်းအရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ပြီး သစ်ပင်ကြီးအချို့လဲကျခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ယနေ့ တနေကုန်နီးပါး မိုးရွာခဲ့ပြီး ညနေပိုင်းမှစတင်ကာ လေပြင်းတိုက်ခတ်လာခြင်းဟု သိရသည်။
“လေကပြင်းပြင်းထန်ထန်တိုက်တာတော့ ညနေ ၅နာရီကနေစပြီး ပြင်းထန်တိုက်တယ်။ တနေကုန် မိုးရောလေရော ချနေတာ" ဟု ဒေသခံတစ်ဦးကပြောသည်။
ကျောက်ပန်းတောင်းမြို့တွင် ယနေ့ည ၉နာရီခန့်အထိ လေပြင်းတိုက်ခတ်လျက်ရှိနေဆဲဟု သတင်းရရှိသည်။
“လေကတော့ တချက်တချက် ဆောင့်ဆောင့်
တိုက်တာ။ ကြောက်စရာကောင်းတယ်ဗျာ။ သစ်ပင်ကြီးတချို့ဆို သက်တမ်းရင့်တွေ လဲကျတာ" ဟု ဒေသခံတစ်ဦးကပြောသည်။
ကျောက်ပန်းတောင်းနှင့် ထိစပ်နေသော
ပုဂံ-ညောင်ဦး ဒေသတွင်လည်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ချောင်းရေလျှံခြင်းနှင့် သစ်ပင်ပြိုလဲခြင်းများဖြစ်နေပြီး ယာဉ်များသွားလာရန် အခက်အခဲရှိနေကြောင်း သိရသည်။

👍8🔥1
ဆိုင်ကလုန်းမုန်တိုင်းမိုခါသည်ယနေ့ မေ ၁၄ရက်ညတွင် ချင်းပြည်နယ်နှင့်မကွေးတိုင်းအတွင်းသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန် ကြောင့် ဒေသအများစု၌ မိုးကြီးမှုဘေး၊ လေပြင်းဘေးနှင့် တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု ဘေးများကို သတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မိုခါဆိုင်ကလုန်းမုန်တိုင်း
#ကျောက်ပန်းတောင်း
#လေပြင်းတိုက်ခတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန် ကြောင့် ဒေသအများစု၌ မိုးကြီးမှုဘေး၊ လေပြင်းဘေးနှင့် တောင်တန်းဒေသများ၊ ကုန်းမြင့်ဒေသများ၌ တောင်ကျရေဘေး၊ မြေပြိုမှု ဘေးများကို သတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မိုခါဆိုင်ကလုန်းမုန်တိုင်း
#ကျောက်ပန်းတောင်း
#လေပြင်းတိုက်ခတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၄ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"နာဂစ်ခြေဥ ငါတို့မမေ့ စစ်ခွေးရန်၊ မိုခါမုန်တိုင်းဘေးမှ အားလုံးကင်းဝေးကြပါစေ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြော သည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၁)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
#ဆန္ဒပြ

❤12🔥1😁1
ဆိုင်ကလုန်းမိုခါ မြန်မာစံတော်ချိန် မေ ၁၄ ရက် ည ၁၀ နာရီ နောက်ဆုံးရအခြေအနေ
ဆိုင်ကလုန်းမိုခါသည် ချင်းပြည်နယ် မင်းတပ်မြို့၏ အနောက်တောင်ဘက် ၂၇ မိုင်အကွာနားတွင်တည်ရှိနေခဲ့ပြီး ပြင်းအားအဆင့် (၁) Cat1 အဖြစ်ရှိရာ လေတိုက်နှုန်းမှာ တစ်နာရီပျှမ်းမျှ မိုင် ၈၀-၉၅ ရှိသည်။
ချင်းပြည်နယ်အတွင်းမှလာသော သတင်းများအရ မိုးသည်းထန်စွာရွာသွန်းနေရာ ရေကြီးခြင်းနှင့် မြေပြိုခြင်းများကြုံရနိုင်သည်။
ဆိုင်ကလုန်းမိုခါသည် ထပ်မံအားပျော့လာပြီး မြောက်ဘက်၊ အရှေ့မြောက်ဘက်အရပ်ဆီသို့ဆက်လက်ဦးတည်နေသည်။

👍6❤3🔥1
ဆိုင်ကလုန်းမိုခါ မြန်မာစံတော်ချိန် မေ ၁၅ ရက် သန်းခေါင်ယံ (12:00 am) အချိန် နောက်ဆုံးရအခြေအနေ
ဆိုင်ကလုန်းမိုခါသည် ယခုအခါတွင် အပူပိုင်းဒေသမုန်တိုင်း (tropical storm) အဖြစ်ပြောင်းလဲသွားပြီး အရွယ်အစားပမာဏအားဖြင့်လျော့ကျသွားကွာ ပြင်းအားလည်းကျဆင်းသွားသည်။
အပူပိုင်းမုန်တိုင်းသည် လွန်ခဲ့သည့်နာရီအတွင်း ၁၆ မိုင်ရွေ့လျားသွားခဲ့ပြီး ယခုအခါတွင် ချင်းပြည်နယ် Kwenam နှင့် Shivalaung ရွာများအကြားတွင်တည်ရှိနေခဲ့သည်။
ညသန်းခေါင်ယံတွင် လေတိုက်နှုန်းသည် တစ်နာရီ ၇၂.၄ မိုင်နှုန်းသို့ကျဆင်းသွားသည်။ လေတိုက်နှုန်းသည်ဆက်လက်ကျဆင်းသွားကာ အပူပိုင်းဒေသမုန်တိုင်းအဖြစ် ချင်းပြည်နယ်ကိုဖြတ်သန်းမှာဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းမှုဆက်လက်ဖြစ်ပေါ်မည်ဟု ခန့်မှန်းရပြီး ရေကြီးရေလျှံခြင်းနှင့်မြေပြိုခြင်းများကြုံရနိုင်သည်။
ရုပ်ပုံကားချပ်။ ။ မြန်မာစံတော်ချိန် မေလ ၁၄ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ်တွင် ဆိုင်ကလုန်းမုန်တိုင်းရောက်ရှိနေခဲ့သော တည်နေရာ

👍2🔥1
Breaking News မိုင်တဲလ်ပြန်ရနေတဲ့ ကျောက်တော်
ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင် မိုင်တဲလ် တယ်လီဖုန်းလိုင်းနှင့် အင်တာနက်များပြန်လည်ရရှိနေပြီဖြစ်သည်ဟု ဒေသခံတစ်ဦးနှင့်ဆက်သွယ်ပြောကြားချက်အရသိရသည်။
သို့သော် အော်ရီဒူးဖုန်းလိုင်းမှာ ပြတ်တောက်သွားသည်ဟု သိရသည်။
ကျောက်တော်တွင်မိုးအနည်းငယ်ရွာသွန်းမှုရှိနေသော်လည်း လေငြိမ်နေသည်ဟုလည်း ဒေသခံ၏ပြောကြားချက်အရသိရသည်။
ကျောက်ဖြူမြို့တွင်လည်း ဒေသခံအချို့ကို အွန်လိုင်းပြန်လည်အသုံးပြုနေသည်ကို ဆိုရှယ်မီဒီယာတွင်ရေးသားထားချက်အရသိရသည်။
စစ်ကောင်စီဘက်မှထုတ်ပြန်ချက်အရ ရွေ့လျားဆက်သွယ်ရေးကားများ Mobile Car စစ်တွေဘက်သို့သွားရောက်နေသော သတင်းများလည်းတွေ့ရသည်။ ဆိုင်ကလုန်းမိုခါကြောင့် မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်ခန့်ကစ၍ အမ်းနှင့်သံတွဲမှလွဲ၍ ရခိုင်ပြည်နယ် မြို့အတော်များများတွင် တယ်လီဖုန်းနှင့်အင်တာနက်များပြတ်တောက်သွားခဲ့သည်။

👍6🔥2
ကချင်ပြည်နယ်သို့ မိုခါမုန်တိုင်း သက်ရောက်နိုင်ခြေ သတိပေးချက်
=================================
ကချင်ပြည်နယ်သို့ နီးကပ်လာချိန်တွင် မိုခါမုန်တိုင်းသည် အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအခြေအနေသို့ ပြောင်းလဲသွားပါမည်။ မိုးရွာသွန်းမှု ပြင်းထန်၍ လေတိုက်နှုန်းအလယ်အလတ်မျှသာ ဖြစ်မည်။ မိုးရွာသွန်းမှုများသည့်အတွက် မြေပြင်အခြေအနေပေါ်မူတည်၍ ရေကြီးမှု၊ မြေပြိုမှုများ ကြုံရနိုင်ပါသည်။
Warning for Kachin
Cyclone Mocha will be a tropical low-pressure system as it approaches Kachine. Heavy rain and moderate winds are expected to develop. Heavy rains may cause localised flooding and landslides.
#CycloneMocha
#MizzimaTV

👍14🔥2❤1
မဲဆောက်တွင် မီးလောင်သည့် အိမ်မှ လက်နက်ခဲယမ်းတွေ့ရှိ၊ မြန်မာ အမျိုးသား အဖမ်းခံရ
ဂန္ဒမာ(မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်၊ မာလွေအိမ်ယာရှိ လုံးချင်းနေအိမ်တစ်အိမ်တွင် မေလ ၁၄ ရက် နေ့လယ် ၂ နာရီခန့်က မီးလောင်၍ ထိုင်းအာဏာပိုင်များက လာရောက်စစ်ဆေးရာ လက်နက်၊ခဲယမ်းများ တွေ့ရှိခဲ့သည်ဟု သိရသည်။
ထိုနေအိမ်တွင် နေထိုင်သောသူများက ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ထိုင်းအာဏာပိုင်များက အနီးရှိ Safe House များကို စစ်ဆေးရာမှ မြန်မာလူငယ်အမျိုးသား တစ်ဦး အဖမ်းခံခဲ့ရေကြာင်း မဲ့ဆောက်မြို့နေ မြန်မာလူမျိုးများထံက သိရသည်။
“မီးလောင်တဲ့အိမ်ကလူတွေက ဘေးပတ်ဝန်းကျင်နဲ့လည်း သိပ်အဆက်စပ်မရှိဘူး။ သူတို့ဘာသာသူတို့နေတာ။ မြန်မာစကားပြောတာကိုတော့ မြင််ဖူးတွေ့ဖူးကြတယ်။ အိမ်မီးလောင်တယ်ဆိုတော့ ဝါယာလျှော့ပဲထင်နေတာ။ မီးသတ်တို့ ရဲတို့လာမှ မီးဝင်ငြှိမ်းတဲ့အခါ လက်နက်ထုတ်လုပ်ရေးကြောင့် မီးလောင်တယ်ဆိုတာသိရတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမ ကို ပြောသည်။
ထို့ကြောင့် မာလွေအိမ်ယာတွင် မြန်မာလူမျိုးများနေထိုင်သော Safe House များရှိ၍ တရားခံထွက်ပြေးပုန်းရှောင်နိုင်ကြောင်း
ထိုင်းအာဏာပိုင်၊ ရဲများကယူဆကာ ရှာဖွေမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အနီးရှိ လမ်းမ၊ လမ်းသွယ်များကို ပိတ်ဆို့ခဲ့ပြီး အခင်းဖြစ်ပွားသည့် နေအိမ်အနီးဘေး ဘယ်ညာ အိမ်များကိုလည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ စစ်မေးရန်လည်း ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ်က ဆက်ပြောသည်။
ထို့အပြင် အနီးရှိ လမ်းသွားလမ်းလာများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရသော်လည်း ဖမ်းဆီးခံရသူများမှာ မည်သူ၊မည်ဝါဖြစ်ကြောင်းကို မဇ္ဈိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ဒီတစ်ခေါက်က အရင်တစ်ခေါက်နဲ့မတူဘူး။ အရင်တစ်ခေါက်က လမ်းလယ်ခေါင်မှာ ထိုင်ခိုင်းထားတာ။ အခုက အခန်းတစ်ခုချင်းစီမှာနေထိုင်တဲ့သူတွေက ကိုယ့်အခန်းရှေ့ထွက်ထိုင်နေရတယ်။ ရဲတွေက အခန်းထဲထိဝင်တယ်။ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့အဝတ်အစားတွေတောင်မရဘူး အကုန်မွှေစစ်တယ်။ ဆန်းရှိတ်ပေါ်၊ အမိုးပေါ်တွေပါတက်စစ်တယ်။ အဲ့ကနေမှ Safe House ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်က မြန်မာလူငယ်တစ်ယောက် အဖမ်းခံလိုက်ရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
Safe House သို့ ထိုင်းအာဏာပိုင်များ ဝင်ရောက်ရှာဖွေချိန်တွင် အဖမ်းခံရသည့် အမျိုးသားမှာ အိပ်ပျော်လျက်ရှိပြီး ၎င်းထံမှ စကုပ်၊ ကျည်ဆန်၊ ခဲ ယမ်းနှင့် ယူနီဖောင်းများရှာဖွေတွေ့ရှိခဲ့သည်ကို ကြားသိရကြောင်း ပြောသည်။
လက်နက်ကိစ္စနှင့် မပတ်သက်သူများကိုတော့ အကုန်ပြန်လွှတ်ပေးခဲ့ပြီး မီးလောင်သည့်နေအိမ်တွင်နေထိုင်ခဲ့သူများကိုတော့ ထိုင်းအာဏာပိုင်များက ဆက်လက်ရှာဖွေနေကြောင်း သိရသည်။
မီးလောင်သည့် နေအိမ်အတွင်းမှလည်း ဓာတ်ပုံများရှာဖွေတွေ့ရှိခဲ့သဖြင့် ထိုင်းအာဏာပိုင်၊ ရဲများအနေဖြင့် မရမကဖမ်းဆီးမည့်အရိပ်အယောင်ကို မြင်ရပြီး ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း တောင်းယူရှာဖွေနေကြောင်း ဆိုသည်။
အဆိုပါကိစ္စဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင်သည့်နည်းလမ်းဖြင့် အခြားသောမြန်မာများနေထိုင်မည့်နေရာများကိုပါ ရှာဖွေမည့်အနေအထားရှိကာ ထိုင်းအာဏာပိုင်၊ရဲများအနေဖြင့် ယနေ့ဖြစ်ရပ်အတွက် ဒေါသဖြစ်ရကြောင်း ရှာဖွေစစ်ဆေးစဉ်က ပြောဆိုပြုမူပုံများကိုကြည့်ခြင်းဖြင့် သိရသည်ဟု သတင်းရင်းမြစ်က ဆိုသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#မာလွေအိမ်ယာ
#လက်နက်ခဲယမ်းတွေ့ရှိ
#မြန်မာ အမျိုးသား တစ်ဦး ဖမ်းခံရ

🔥5👍3👏2😱2❤1
မိုခါ ဆိုင်ကလုန်းမုန်တိုင်း အားလျော့၊ ရခိုင်နှင့် ချင်းပြည်နယ် မုန်တိုင်းအန္တရာယ်ကင်းပြီဟု မိုးဇလထုတ်ပြန်
မောင်ကြီး
မဇ္ဈိမ။ ။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ဖြတ်ကျော်ပြီး နောက် အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ လျော့ကျသွားပြီ ဖြစ်သည့်အတွက် ယင်းပြည်နယ်နှစ်ခုအတွက် မုန်တိုင်းအန္တရာယ်ကင်းသည့် အရောင်သတ်မှတ်ချက်ဖြစ်သော အစိမ်းရောင် အဆင့်ဟု မိုးဇလက ထုတ်ပြန်လိုက်သည်။
ယနေ့မေလ ၁၅ရက် နံနက် ၅ နာရီခွဲအချိန် တိုင်းတာချက်ကို မိုးလေဇဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။
မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ယမန်နေ့ မေလ ၁၄ရက် ညနေက ဖြတ်ပြီးနောက် ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) အဖြစ်မှ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့သည်ဟု
မိုးဇလက ထုတ်ပြန်ထားသည်။
" ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ပါသည်" ဟု မိုးဇလက ထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံမိုးဇလကလည်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အားလျော့သွားပြီး မြန်မာ့ကုန်းတွင်းပိုင်းတွင် တစ်နာရီ လေတိုက်နှုန်း မိုင် ၄၀ -၅၀ခန့်ဖြင့် ဆက်လက်ရွေ့လျားနေပြီး မကြာမီ အားလျော့သွားမည်ဟု ထုတ်ပြန်ထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် နောက် ခြောက်နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနိုင်ကာ ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်သည်ဟု မိုးဇလက ယနေ့နံနက် ၇နာရီကျော်တွင် ထုတ်ပြန်သည်။
လတ်တလောရာသီဥတုအခြေအနေကြောင့် မြန်မာနိုင်ငံဒေသအနှံ့ မိုးဆက်ရွာနိုင်ပြီး
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက် နှင့် နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်းနှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ ဒေသအလိုက် မိုးကြီးမည်ဆိုသည်မှာ သတိပေးထားသည့် ဒေသတစ်ခုလုံး မိုးကြီးမည့်သတိပေးချက်ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၄၀ ခန့်ရှိနိုင်သည်ဟု ဆက်လက်သတိပေးထားသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ မုန်တိုင်းအရှိန် တိုက်ရိုက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တာဝန်ရှိအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ကနဦးထိခိုက်ဆုံးရှုံးမှုစာရင်းများရယူခြင်း၊အရေးပေါ်လိုအပ်ချက်များဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့ မေလ ၁၄ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။
ရုပ်ပုံကားချပ်။ ။ OCHA ကထုတ်ပြန်သော ဆိုင်ကလုန်းမိုခါဖြတ်သန်းရာလမ်းကြောင်း
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#မိုခါ ဆိုင်ကလုန်းမုန်တိုင်း
#မုန်တိုင်းအားလျော့
#ရခိုင်နှင့်ချင်းပြည်နယ်

👍15❤2🔥1