Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​၂၀၂၃ ဟီရိုရှီးမားဆုကို BNI ရရှိ
=============

မဇ္ဈိမ
Edita and Morris Hiroshima Foundation for Peace and Culturd သည် ၎င်းတို့၏ ၂၀၂၃ အတွက် ဆုချီးမြှင့်ခြင်းကို မြန်မာနိုင်ငံမှ Burma News International (BNI) ကို ချီးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။

BNI သည် တိုင်းရင်းသား သတင်းဌာန ၁၅ ဖြင့် ဖွဲ့စည်းထားသော သတင်းအဖွဲ့အစည်းဖြစ်ကာ နိုင်ငံတွင်းနှင့် နိုင်ငံပြင်ပသို့ သတင်းများကို ရဲရင့်စွာ တင်ဆက်နေပြီး ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား သတင်းဖော်ပြနေသကဲ့သို့ နိုင်ငံတကာ ပရိသတ်အတွက်လည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး တင်ဆက်နေခြင်း ဖြစ်သည်။

BNI ၏ နှစ်အတော်ကြာအောင် ငြိမ်းချမ်းရေး တည်ဆောက်မှု အားထုတ်မှုများအပြင် အထူးသဖြင့် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ပါဝင်မှုများအတွက် ဟီရိုရှီးမားဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ KIC သတင်းဌာန၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် နန်းဖောကေ ကပြောသည်။

"မြန်မာပြည်မှာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသအသီးသီးက သတင်းတွေ ကို မတူကွဲပြားတဲ့ တိုင်းရင်းသားဘာသာစကားတွေနဲ့ ထုတ်လုပ်သွားနိုင်တာရယ်၊ တိုင်းသူပြည်သားတွေ လူ့အခွင့် အရေး ချိုးဖောက်ခံရပြီး လူသားဖြစ်ခွင့် ပျောက်ဆုံးနေတာတွေ၊ စစ်ကောင်စီ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အများပြည်သူနဲ့ နိုင်ငံတကာသိအောင် သတင်းအားဖြင့် အစီရင်ခံသွားတဲ့အပေါ် ဒီဆုကို ပေးအပ်ခံရတာ ဖြစ်ပါတယ်" ဟု နန်းဖောကေ ကပြောသည်။

BNI ကို တိုင်းရင်းသားနှင့် ဒေသတွင်း လွတ်လပ်သော မီဒီယာ လေးခုဖြစ်သော Mizzima Media Group၊ Khonumthung Media Group၊ Kaladan Press Network နှင့် Narinjara News တို့ တည်ထောင်ခြင်း ဖြစ်သည်။

BNI ၏ ဦးဆောင်ညွှန်ကြားရေးမှူးမှာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတတမှု ရှိရေးအတွက် ဆယ်စုနှစ်ချီ လုပ်ကိုင်နေသော လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေး စွမ်းဆောင်သူ ဒေါ်တင်တင်ညို ဖြစ်သည်။

၂၀၂၃ ဟီရိုရှီးမားဆုသည် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ခန့် ချီးမြှင့်မည် ဖြစ်သည်။ ဆုပေးပွဲ အခမ်းအနားကို ၂၀၂၃ စက်တင်ဘာတွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပရန် အစီအစဉ် ရှိသည်။

Edita and Ira Morris Hiroshima Foundation for Peace and Culture ကို ဆွီဒင် စာရေးဆရာ Edita Morris (1902-1988) ၏ သေတမ်းစာအရ ၁၉၈၉ တွင် ထူထောင်ခြင်း ဖြစ်သည်။ Edita သည် အမေရိကန်စာရေးဆရာမ Ira Morris (1903-1972) နှင့် လက်ထပ်ပေါင်းသင်းခဲ့သည်။

နျူကလီးယားဗုံး ဒဏ်ရာဒဏ်ချက်များကို ဖော်ပြသည့် Edita Morris ၏ နာမည်အကြီးဆုံး The Flowers of Hiroshima ဝတ္ထုအမည်ကို ယူ၍ ဖောင်ဒေးရှင်းအား အမည်ပေးထားသည်။
ဖောင်ဒေးရှေင်းအနေဖြင့် ယဉ်ကျေးမှု နယ်ပယ်တွင် ပါဝင်သော အမျိုးသမီးနှင့် အမျိုးသားများနှင့် ပဋိပက္ခဒေသများတွင် ဆွေးနွေးပွဲများ၊ နားလည်မှုများနှင့် ငြိမ်းချမ်းရေးတို့ကို မြှင့်တင်သူများကို ဆုပေးအပ် ချီးမြှင့်သည်။ ဆုအား ပုံမှန်အားဖြင့် နှစ်နှစ်တစ်ကြိမ် ချီးမြှင့်သော်လည်း ပြောင်းလဲမှု ရှိခဲ့သည်။

၂၀၂၀ အတွက် ဆုကို ဆိုက်ပရပ်စ်က ငြိမ်းချမ်းရေးအတွက် Bi-Communal Choir အဖွဲ့အား ချီးမြှင့်ခဲ့သည်။ ၂၀၁၈ အတွက် ဆုကို တောင်အာဖရိက လူမျိုးရေး ခွဲခြားမှု တိုက်ဖျက်ရေးတွင် ပါဝင်သည့် တောင်အာဖရိကဖွား ပြဇာတ်ရေးဆရာနှင့် ယဉ်ကျေးမှု တက်ကြွလှုပ်ရှားသူ Mike van Graan အား ချီးမြှင့်ခဲ့သည်။

"ဟီရိုရှီးမားဖောင်ဒေးရှင်းရဲ့ အသိအမှတ်ပြုမှုဟာ ဘီအဲန်အိုင်နဲ့အဖွဲ့ဝင်တွေအတွက်သာမက မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအတွက် ကောင်းမွန်တဲ့ခွန်အားကို ရရှိစေပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဘီအဲန်အိုင်အားဖြင့် ကိုယ့်နိုင်ငံသားတွေအပြင် အိမ်နီးချင်းနိုင်ငံနဲ့ နိုင်ငံတကာကပါ မြန်မာပြည်ရဲ့ နေရာဒေသစုံက အခြေအနေတွေကို ပိုမိုအာရုံစိုက်လာအောင် အားစိုက်ကြိုးပမ်းသွားဖို့ ရည်ရွယ်ချက်ရှိပြီးသားမို့ ဒီဆုကလည်း ဘီအဲန်အိုင် ရှေ့လုပ်ငန်းစဉ်အတွက် ယုံကြည်စွာ လုပ်ဆောင်နိုင်ဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်" ဟု BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ KIC သတင်းဌာန၏ အယ်ဒီတာချုပ်လည်းဖြစ်သည့် နန်းဖောကေ ကပြောသည်။

နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့(ဘီအဲန်အိုင်)ကို မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသများဖြစ်သော မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယ နယ်စပ်များတွင် အခြေပြုသည့် မီဒီယာအဖွဲ့အစည်း လေးခုဖြင့် ၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် စတင်ဖွဲ့စည်းထူ ထောင်ခဲ့သည်။
တည်ထောင်ခဲ့သော အဖွဲ့အစည်းများမှာ Mizzima News, Narinjara News, Kaladan Press Network နှင့် Khonumthung News တို့ဖြစ်သည်။
👏5👍2🤮2😁1
​​မိုခါ ဆိုင်ကလုန်းမုန်တိုင်းအတွင်း ရိုဟင်ဂျာမွတ်စလင်များ သေဆုံးမှု များပြား
========================

ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်း၌ မြန်မာနိုင်ငံအတွင်း တော်တော်များများ ပျက်စီးဆုံးရှုံးမှုများနှင့် နေရာတော်တော်များများသို့ အဆက်အသွယ် မရခြင်းနှင့်အတူ ရိုဟင်ဂျာမွတ်စလင် တော်တော်များများ သေဆုံးကြောင်း အကူအညီပေးရေး အဖွဲ့တစ်ရပ်နှင့် မီဒီယာတို့က အင်္ဂါနေ့တွင် ပြောသည်။
😢11👏1😁1
Business Round Up (16 May 2023)
===========

- ရခိုင်ပြည်သူများကို အရေးပေါ်အကူအညီများ အမြန်ဆုံးပေးဖို့ နိုင်ငံတကာကို (AA) တောင်းဆို

- ကန်ဒေါ်လာတစ်သောင်းအထက် ပြည်ပသို့ လွှဲပြောင်းပါက အခွန်အကောက်များ ပေးဆောင်ထားပြီးဖြစ်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်

- မုန်တိုင်းသင့် ရခိုင်ကို ပြန်လည်ထူထောင်ရာမှာ မူလအခြေအနေတွေထက် ကောင်းအောင် လုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော

- ရိုဟင်ဂျာအရေး တာဝန်ဆက်မယူတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ပြော

- ထိုင်းဆန်ဈေး လေးလတာအတွင်း အမြင့်ဆုံးရောက်ရှိလာ

https://youtu.be/2gRxE_sb2Cs
 
#BusinessRoundUp
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁3
ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်း ဝင်စီးနင်းခံရပြီး သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံး
🤬3🔥2😁1😢1
ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်း ဝင်စီးနင်းခံရပြီး သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ ဆုံးရှုံး
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်တွင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်းကို စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး စခန်းရှိပစ္စည်းများ သိမ်းဆည်းသွားရာ ကာလတန်ဖိုး ကျပ် ၄၀,၀၀၀,၀၀၀(သိန်းလေးရာ)ခန့် ဆုံးရှုံးခဲ့ရကြောင်း Monywa Nightking က မေလ ၁၅ရက်နေ့တွင် ထုတ်ပြန်သည်။

ဒေသတွင်း မုန်တိုင်းမဝင်လာမီ ကြိုတင်ပြင်ဆင်ရန် သွားရောက်နေချိန် မေလ ၁၃ရက် နေ့လယ် ၁၂နာရီအချိန်တွင် ၎င်းတို့၏ နောက်တန်းစခန်းငယ်တစ်ခုကို စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်ဖြင့် ဝင်ရောက်စီးနင်းခံရခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ သတင်းပေါက်သွားတဲ့ အတွက် အခုလိုဖြစ်သွားတယ်လို့ သုံးသပ်ပါတယ် ။ ကျွန်တော်ရဲ့လိုအပ်ချက်ကြောင့် အခုလို ဆုံးရှုံးရတဲ့အပေါ်ထိခိုက်နာကျင်ရသလို ရှက်ရွံ့အားနားစိတ်လည်းဖြစ်ရပါတယ်” ဟု Monywa Nightking ဗိုလ်ငယ်လေး က ပြောသည်။

အဆိုပါစီးနင်းခံရမှု၌ လက်လုပ်သေနတ် ၂၁ လက် ၊ လက်လုပ် RPG ရှစ်လက် ၊ လက်လုပ်စိန်ပြောင်း တစ်လက် ၊ လက်လုပ်မိုင်း ရှစ်လုံး ၊ ၆၀မမ ဗုံးသီး ငါးလုံး ၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၃၅ လုံး ၊ လက်လုပ် RPG ဗုံးသီး သုံးလုံး ၊ လက်လုပ် အီနာဂါ ဗုံသီး ရှစ်လုံး ၊ လက်လုပ် လက်ပစ်ဗုံး သုံးလုံး ၊ ယမ်းထုပ် ၆၅ ထုပ် ၊ ယမ်းမဲ တစ်ပိဿာ ၊ အမြန်ယမ်းကြိုး ခုနစ်ခွေ ၊ ပြောက်ကျား ယူနီဖောင်း ၅၀ စုံ ၊ တွင်ခုံ နှစ်လုံး ၊ သံဖြတ်စက် နှစ်လုံး ၊ သံဖောက်စက် သုံးလုံး ဆုံးရှုံးခဲ့ကြောင်း ဆိုသည်။

ထို့ပြင် တွင်းကုန်းရွာမှ နေအိမ်များကို မွှေနှောက်ပြီး ရွှေ ၊ငွေနှင့် အဖိုးတန်ပစ္စည်းများ ခိုးယူကာ ဒေသခံပြည်သူ ငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ဆုံရှုံးခဲ့သော ပစ္စည်းများထဲမှ ယူနီဖောင်းများကို အသုံးပြုပြီး စစ်ကောင်စီတပ်မှ ပုံမှားရိုက် အသွင်ယူလုပ််နိုင်၍ ညီအကိုရဲဘော်များအနေဖြင့် အထူးသတိထားကြစေလိုကြောင်း သတိပေးထားသည်။
ယင်းသို့ စခန်းနှင့် ရွာကို မွှေနှောက်ပြီးပြန်လာသည့် စစ်ကောင်စီတပ် အပြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရန် အသင့်ရှိသော်လည်း စစ်ဘေးရှာင်နေရသော ပြည်သူများ ထိခိုက်မည့်အန္တရာယ်ရှိသဖြင့် တိုက်ခိုက်မှုမပြုခဲ့ကြောင်း ဗိုလ်ငယ်လေး က ဆက်လက်ပြောဆိုသည်။
ဆုံးရှုံးခဲ့သောလက်နက်ပစ္စည်းများ ပြန်လည် တပ်ဆင်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် အကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လက်နက်ပစ္စည်း
#ကနီမြို့နယ်
#အခြေစိုက်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#စစ်ကောင်စီတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍7🔥1👏1😭1
​​ရေဖြူတွင်စစ်ကောင်စီတပ်က လေကြောင်းဖြင့်တိုက်ခိုက်၍ ဒေသခံများ ထွက်ပြေးနေရ
======================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထားဝယ်အထူး စီးပွားရေးဇုန်အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းမှစတင်တိုက်ခိုက်ခဲ့၍ ဒေသခံများထွက်ပြေးနေရ ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှစတင်ဗုံးကြဲခဲ့စဉ် ဒေသခံများထိခိုက်မှုမရှိခဲ့ သော်လည်း မေလ ၁၅ နှင့် ၁၆ ရက်တို့တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် လာရောက်ပျံသန်းခဲ့၍ ဒေသခံများစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းဟု သိရသည်။

“ဒီမှာက အကုန်ပြေးနေကြရတာပဲဗျ ဘယ်ရွာမဆို လူမရှိတော့ဘူး။ ခြံထဲပြေးပုန်းနေကြတာပဲ။ ရိက္ခာပြန် လာယူတဲ့အခါ ဖမ်းခံရတာမျိုးတွေရှိတယ်။ စစ်ကိုင်းလိုဖြစ်မှာကြောက်တော့ မလာလည်း ပုန်းနေကြရ တယ်။ ကလေးတွေဆို လေယာဉ်လာရင် လမ်းမှာမဆော့ရဲတော့ဘူး အိမ်အောက်ကိုဝင်ပုန်းနေကြရ တယ်” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီ၏မြေပြင်တပ်မှ ဒေသခံအချို့ကို လမ်းပြအဖြစ် လူသားဒိုင်းပြုလုပ်ကာ ဖမ်းဆီးမှုများရှိလာနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ဒေသခံခုနစ်ဦးကိုဖမ်းဆီးပြီးနောက် ငါးဦးကို ပြန်လည်လွတ်ပေးခဲ့ကာ နှစ်ဦးမှာ မျက်နှာကိုဖုံး အုပ်ပြီး ဖမ်းဆီးသွားကြောင်း တနင်္သာရီစစ်ဒေသခွဲ(ကွပ်ကဲရေးအဖွဲ့) ပြန်ကြားရေးထံမှ သိရသည်။
“ဟုတ်တယ် ဖမ်းဆီးခံရတာတွေ ရှိနေတယ်။ နောက်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာလို့ လေးငါးရွာ လောက် စစ်ရှောင်နေရတယ်။ တော်တော်များများ စစ်ရှောင်နေတယ်” ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေး တာဝန်ခံကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏လေကြောင်းရန်ကြောင့် အဓိကစစ်ဘေးရှောင်ရသည့်နေရာများမှာ ရေဖြူ မြို့နယ်အတွင်းမှ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ပုဂေါဇွန်း၊ မူးဒူး၊ ဘဝါ၊ နဘုလယ်စသည့် ကျေးရွာ များဖြစ်ကြပြီး အိမ်ထောင်စု ၆၀၀ ကျော်ခန့်ရှိကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထံ မှ သိရသည်။

ရေဖြူမြို့နယ်သည် ကျေးရွာအုပ်စု စုစုပေါင်း ၂၇ အုပ်စုနှင့် ရပ်ကွက်ပေါင်း ၄ ရပ်ကွက် ရှိသည့် မြို့နယ် တစ်ခုဖြစ်သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ရေဖြူမြို့နယ်
#လေကြောင်းတိုက်ခိုက်
#စစ်ဘေးရှောင်
#ထားဝယ်ခရိုင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🤬4👍2👏1
ပြည်သူ့ရင်ပြင်အနီးတွင် ဝိုင်ဘီအက်စ် ၇၈ ယာဉ် မီးလောင်မှုဖြစ်ပွား
😁2👍1
ပြည်သူ့ရင်ပြင်အနီးတွင် ဝိုင်ဘီအက်စ် ၇၈ ယာဉ် မီးလောင်မှုဖြစ်ပွား
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်အနီးတွင် ယနေ့ မေလ ၁၆ ရက် နံနက် ၁၀ နာရီဝန်းကျင်က ဝိုင်ဘီအက်စ် ၇၈ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘရိတ်ရှူးငြိပြီးဖြစ်တာ အနောက်အင်ဂျင်ကနေစလောင်တာ။ မီးလောင်တဲ့ ၇၈ ကားပေါ်ကခရီးသည် တွေ ၂၁ ပေါ်ပြောင်းလာရင်း ပြောတာကြားတယ်” ဟု ဝိုင်ဘီအက်ယာဉ် မီးလောင်ရသည့်အကြောင်းနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိသူက ပြောသည်။

မီးလောင်နေသော ဝိုင်ဘီအက်စ် ၇၈ ယာဉ်အား နောက်တွင်မောင်းနှင်လာသော ဝိုင်ဘီအက်စ် ၂၁ ယာဉ်မှ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသော်လည်း မီးပိုကြီးလာသဖြင့် မီးသတ်ကားများရောက်လာမှ မီးငြှိမ်းသတ်နိုင် ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်ယာဉ်ကို နံနက် ၁၀ နာရီ ၈ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန က ထုတ်ပြန်သည်။
မီးလောင်ခဲ့သော ဝိုင်ဘီအက်စ် ၇၈ ယာဉ်မှာ အနောက်ပိုင်းတစ်ခုလုံး ပျက်စီးခဲ့ကြောင်း မျက်မြင်တွေ့ ရှိသူ၏ ပြောပြချက်နှင့် ဓာတ်ပုံအထောက်အထားများအရ သိရသည်။

အဆိုပါယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည်များ ထိခိုက်မှုမရှိ‌ကြောင်းလည်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်တိုင်း
#ဒဂုံမြို့နယ်
#YBS
#မီးလောင်မှု
ဓာတ်ပုံ_ မီးသတ်ဦးစီးဌာန
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍2
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီး
😢8❤1👍1😁1