ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီး
=====================
KMN
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၇ ရက်မှ ၁၂ ရက်နေ့အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှာ ကဘွက်၊ ကုတ္တက်၊ ရုံးပင်၊ သင်ပေါင်း၊ သရက်ကုန်း၊ တောင်ဘို့ရေ စသည့်ခြောက်ရွာဖြစ်ပြီး ဧရာဝတီမြစ်အရှေ့ဘက်မှကူးလာသည့် စစ်ကောင်စီတပ်သားများကမီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့မှုကြောင့် ကဘွတ်ကျေးရွာမှ နေအိမ် ၁၅၀ လုံး ၊ ကုတ္တက်ကျေးရွာမှ နေအိမ် ၃၀ လုံး၊ ရုံးပင်ကျေးရွာမှနေအိမ် ၂၄ လုံး၊ သင်ပေါင်းကျေးရွာမှ နေအိမ် ၁၂ လုံး၊ သရက်ကုန်းကျေးရွာမှ နေအိမ် ၁၂ လုံးနှင့် တောင်ဘို့ရေကျေးရွာမှ နေအိမ်နှစ်လုံး ပျက်စီးခဲ့သည်။
“ဒေသခံ ၂,၀၀၀ ကျော်ဟာ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ပြီးတဲ့အထိ နေရပ်ကို မပြန်နိုင်ကြသေးပါ ဘူး။ စားနပ်ရိက္ခာနဲ့ နေစရာအခက်အခဲတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
မိုခါမုန်တိုင်းကြောင့် မေလ ၁၄ ရက်နေ့တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ်အနောက် ခြမ်းရှိ ဂျပို့၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ ရှင်မင်းတွေ၊ သရက်ကုန်း၊ ကင်းပြစ်၊ တဲစု၊ မြစ်တော်၊ မုံလှ စသည့်ကျေးရွာ ၄၉ ရွာမှ နွေရာသီ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ်အပြင် ဂန္တမာပန်းခင်းများစသည့် စိုက်ဧက ၁၀,၀၀၀ ကျော် ရေနစ်ပျက်စီးခဲ့ကြောင်း သိရသည်။
မိုခါမုန်တိုင်းကြောင့် ခင်ဦး-ရေဦးမြို့နယ်အစပ်တွင် ကိုယ်ထူကိုယ်ထပြုလုပ်ထားသည့် စစ်ရှောင်တံတား တစ်စင်းလည်း ပျက်စီးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ခင်ဦးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့ဖျက်ဆီး
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
(မိုခါမုန်းတိုင်းအပြီး နေရပ်မပြန်နိုင်သေးသည့် ခင်ဦးနယ်ဒေသခံများနှင့် ရေကြီးရေလျှံမှု ပုံရိပ်များ)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Facebook
#စစ်ကိုင်းတိုင်း – Explore
explore #စစ်ကိုင်းတိုင်း at Facebook
❤3👍2😁1🤬1
မေလ (၁၆)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================
01:04 − အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့သတင်း
03:17 − မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းမှာ စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ NUG ထုတ်ပြန်တဲ့သတင်း
09:10 − စစ်ကောင်စီကို ချက်ချင်းအရေးယူဆောင်ရွက်ဖို့ G7 နိုင်ငံတွေကို မြန်မာပြည်သူတွေနဲ့ အဖွဲ့ ၁၈၆ ခုက တောင်းဆိုလိုက်တဲ့သတင်းနဲ့
09:17 − မြစ်ငယ် မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/KGtN0OtKJMo
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မေလ (၁၆)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04 − အလှူငွေတွေ အလေအလွင့်မဖြစ်စေဖို့နဲ့ ကုန်စျေးနှုန်းတင်အမြတ်ထုတ်နေမှုတာတွေ မလုပ်ကြဖို့ ULA/AA ဥက္ကဌ သတိပေးလိုက်တဲ့သတင်း
03:17 − မိုခါမုန်တိုင်းကြောင့် ၁၈ ဦး သေဆုံးပြီး စစ်ကိုင်းမှာ စိုက်ဧက ၃၁,၀၀၀ ကျော် ရေနစ်မြုပ်ပျက်စီးခဲ့ရတယ်လို့ NUG ထုတ်ပြန်တဲ့သတင်း…

👍9😁1🍌1
"မိုခါ"မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေးအလှူငွေ သိန်းပေါင်း ၁၀၀,၀၀၀ ကျော် စစ်ကောင်စီရရှိထားတယ်လို့ ထုတ်ပြန်
🤮2🖕2❤1👏1

====================
မောင်ခက်နွေ
(မဇ္ဈိမ) ။ ။ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"အပြီး ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ သိန်းပေါင်း ၁၀၀,၀၀၀ ကျော် စစ်ကောင်စီကရရှိထားသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် ယနေ့ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၁၅ရက်နေ့ မနက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာယာခန်းမတွင် နိုင်ငံအတွင်းက စီးပွားရေးလုပ်ငန်းရှင်များ၏ လှူဒါန်းမှုထိုကျပ်သိန်းပေါင်း ၁၀၀,၀၀၀ ကျော်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ခံရယူခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်အတွက် သိန်းပေါင်း ၇၀,၀၀၀ ကိုပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"မင်းအောင်လှိုင်(အာဏာသိမ်းစစ်ခေါင်းဆောင်)က သိန်းခုနစ်သောင်း ပေးတယ်သာကြားလိုက်ရတယ်၊ လက်ရှိမှာ ပြည်သူတွေ သုံးရေသောက်ရေအခက်အခဲ၊ စားသောက်ရေးအခက်အခဲကြုံနေတာတွေကို လာဝေတာ လာပို့တာတောင် မရှိသေးပါဘူး၊ မီးပြတ်နေတယ်၊ ဆက်လည်းပြတ်ဦးမှာဆိုတော့ အခက်အခဲတွေများနေတယ်။ လမ်းပေါ်က လဲနေတဲ့ဓာတ်တိုင်တွေ၊ သစ်ပင်တွေရှင်းတာတောင် အဓိကလုပ်နေတာက ဒေသတွင်းကူညီကယ်ဆယ်ရေးအသင်းတွေက လုပ်နေတာပါ" ဟု စစ်တွေမြို့နယ် လမ်းမတော်တောင်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးမှ ပြောသည်။
၎င်းနှင့်ပတ်သက်၍ စစ်တွေမြို့တွင်နေထိုင်သည့် ပရဟိတလုပ်ကိုင်နေသော ဒေသခံတစ်ဦးကို မေးမြန်းရာ "ပြည်နယ်အစိုးရအလှူ၊ လေဘေးအလှူဆိုပြီးတော့ အစိုးရအဖွဲ့ ဆိုင်းဘုတ်ကပ်ပြီးတော့ ဆယ်ဘီးကား ကားကြီးတွေ ဝင်လာတာတော့တွေ့တယ်။ သုံးလေးစီးလောက် ဝင်ဖြတ်တာတွေ့တယ်။ လှူတာတော့ မတွေ့ဘူး" ဟု မဇ္ဈိမကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီကတော့ စစ်တွေမြို့မှာ ရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဝါဒဖြန့် သတင်းစာတွေကနေ ထုတ်ပြန်နေပေမယ့်လည်း မြေပြင်မှာတော့ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ အစိုးရရုံးတွေမှာသာ ရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက ပြောသည်။
"အင်တာနက်လိုင်းက အဆင်မပြေတော့ သူတို့ ဘယ်မှာလှူတယ်၊ ဘာလုပ်တယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် မသိရဘူး၊ ကျွန်တော်သိသလောက်ဆိုရင်တော့ သူတို့ အစိုးရရုံးတွေ ရှေ့မှာလောက်ပဲ ရှင်းလင်းတာတွေ့တယ်။ ဒီနေ့ မနက်ပိုင်းမှာဆိုရင် အာကြိတ်တော်ကုန်းဘက်မှာ ရှင်းနေတာပဲတွေ့ခဲ့တယ်။ နှစ်နေရာပဲရှိတယ်”ဟု အဆိုပါ ပရဟိတလုပ်ကိုင်သူဒေသခံက မဇ္ဈိမကို ပြောသည်။
ထိုလှူဒါန်းငွေတွေကို ရခိုင်ပြည်နယ်အတွက်သာမက အခြားမုန်တိုင်းဒဏ်ခံခဲ့ရတဲ့နေရာတွေကိုပါ ခွဲဝေကာပြန်လည် လှူဒါန်းသုံးစွဲသွားမယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့သေးသည်။
ပြောင်းရွှေ့မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့မှုကြောင့် သေဆုံးသူ နည်းပါးခဲ့တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့သည်။
မေလ ၁၅ရက်နေ့ ညပိုင်းအထိကို "မိုခါ"ကြောင့် သေဆုံးသူ ငါးဦးအထိသာရှိကြောင်း စစ်ကောင်စီက သတ်မှတ်ပြောဆိုထားသော်လည်း မဇ္ဈိမက စုံစမ်းသိရှိရသည့် ဒေသတွင်းသတင်းများအရ ၂၀ ကျော်သေဆုံးကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့ နေ့လယ် ၂နာရီအထိ ၁၈ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားကာ "မိုခါ"မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို ထပ်မံထုတ်ပြန်ပေးသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မိုခါ
#မုန်တိုင်း
#ပြန်လည်ထူထောင်ရေး
#အလှူငွေ
#NUG
#မင်းအောင်လှိုင်

#mizzima – Explore
explore #mizzima at Facebook
👍4🤮4❤2👏1🤔1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ ဝန်ကြီးချုပ်ဟောင်းအင်မရမ်ခန်းဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မငြိမ်မသက်ဖြစ်ခဲ့တဲ့ သီတင်းပတ်အပြီး ဆန္ဒပြမှုတွေအဆုံးသတ်
#InternationalNews #reels #shorts
#InternationalNews #reels #shorts
👍2🔥2
မုန်တိုင်းမိုးကြောင့် ချင်းတွင်းအနောက်ဘက်ကမ်းကျေးရွာ ၂၀ ခန့် ရေမြုပ်၊ သီးနှံဧကပေါင်းများစွာ ပျက်စီးဆုံးရှုံး
❤2🤬1😢1

==================
007
(မဇ္စျိမ)။ ။"မိုခါ" မုန်တိုင်းအဖျားခတ်မှုကြောင့်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိကျေးရွာများ၊ ရေကြီးရေလျှံမှုဖြစ်ခဲဲ့ပြီး၊ စိုက်ပျိုးထားသောသီးနှံပင် ဧကပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
"မရိတ်သိမ်းရသေးတဲ့ဟာတွေထဲကဆိုရင် မြေပဲ၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဘူး၊ ဖရုံ အဲဒါတွေအကုန် ပျက်စီးတယ်၊ အဆိုးဆုံးကတော့ နှုတ်ပြီးမရောင်းရသေးတဲ့ဟာတွေ၊ အဲဒီထဲမှာ ကြက်သွန်ကအများဆုံးပါပဲ၊ ရေက ရင်ခေါင်းလောက်အထိ တက်တာဆိုတော့၊ အကုန် ကုန်တာပဲ" ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဘက်ကမ်း(ချင်းတွင်းမြစ်အနောက်ဘက်ကမ်း)၊ ပုလဲ၊ ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်အတွင်းရှိ၊ ဇီးတောမြောက်ရွာ၊ နုံးကြီးရွာဟောင်း၊ ဆည်ကြီး၊ ထန်းတောကြီး၊ ရုံးလေပင်၊ ဒုန်တော၊ ဂုဏ်တော စသည့်၊ ၂၀ ထက်မနည်းသော ကျေးရွာများ ရေ၀င်နစ်မြုပ်မှုဖြစ်ခဲ့ကြောင်းသိရသည်။
"ရေစတက်တာက စစ်တွေကိုမုန်တိုင်းမ၀င်ခင်တက်တာ၊ မုန်တိုင်းဖြစ်နေချိန်က အဆိုးဆုံးကာလပဲ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး အဲဒီဘက်ကကျေးရွာတွေအကုန် ညတွင်းချင်းတခြားပြောင်းရတယ်၊ ရေကျလို့အိမ်ပြန်တော့ စိုက်ထားသမျှသီးနှံပင်တွေ ပျက်စီးနေပြီ၊ ဧကအမြောက်အမြားလို့ပဲပြောနိုင်ဦးမယ်၊ အတိအကျမသိရသေးဘူး" ဟု ပုလဲမြို့ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းစတင်ထိတွေ့သည့်နေ့မှ၊ ကုန်းတွင်းပိုင်းကိုဖြတ်ကျော်၀င်ရောက်ပြီးပျက်ပြယ်သွားချိန်အထိ၊ နှစ်ရက်ခန့် အတွင်း၊ ချင်းတွင်းမြစ်၏မြစ်လက်တက်များရေကြီးရေလျှံခြင်း၊ မြောက်ယမားချောင်းနှင့် အလောင်းတော်ကဿပဘက်မှ စီးလာသော တောင်ကျရေများကြောင့် ရေ၀င်နစ်မြုပ်ခြင်းတို့ ဖြစ်ခဲဲ့ခြင်းကြောင်းသိရသည်။
လက်ရှိတွင်၊ နေအိမ်ပျက်စီးမှုများအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြင်ဆင်နေပြီး၊ ပျက်စီးသွားသောသီးနှံများထဲက၊ ရသလောက်ပြန်ဆယ်ယူနေကြကြောင်း၊ ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲအဖြစ် မြွေအန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဒေသခံများကပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော မိုခါမုန်တိုင်းသည်၊ မေလ ၁၄ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ကို အားအလွန့် အလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ၀င်ရောက်ခဲ့ပြီးနောက်၊ မြန်မာနိုင်ငံအထက်ပိုင်းကုန်းတွင်းပိုင်းကို ဖြတ်ကျော်ကာ တရုတ် နိုင်ငံအတွင်းအားပျော့ ပျက်ပြယ်သွားခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဘင်္ဂလားပင်လယ်အော်
#မိုခါမုန်တိုင်း
#ချင်းတွင်းမြစ်
#မုံရွာမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
007
(မဇ္စျိမ)။ ။"မိုခါ" မုန်တိုင်းအဖျားခတ်မှုကြောင့်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိကျေးရွာများ၊ ရေကြီးရေလျှံမှုဖြစ်ခဲဲ့ပြီး၊ စိုက်ပျိုးထားသောသီးနှံပင် ဧကပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
"မရိတ်သိမ်းရသေးတဲ့ဟာတွေထဲကဆိုရင် မြေပဲ၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဘူး၊ ဖရုံ အဲဒါတွေအကုန် ပျက်စီးတယ်၊ အဆိုးဆုံးကတော့ နှုတ်ပြီးမရောင်းရသေးတဲ့ဟာတွေ၊ အဲဒီထဲမှာ ကြက်သွန်ကအများဆုံးပါပဲ၊ ရေက ရင်ခေါင်းလောက်အထိ တက်တာဆိုတော့၊ အကုန် ကုန်တာပဲ" ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဘက်ကမ်း(ချင်းတွင်းမြစ်အနောက်ဘက်ကမ်း)၊ ပုလဲ၊ ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်အတွင်းရှိ၊ ဇီးတောမြောက်ရွာ၊ နုံးကြီးရွာဟောင်း၊ ဆည်ကြီး၊ ထန်းတောကြီး၊ ရုံးလေပင်၊ ဒုန်တော၊ ဂုဏ်တော စသည့်၊ ၂၀ ထက်မနည်းသော ကျေးရွာများ ရေ၀င်နစ်မြုပ်မှုဖြစ်ခဲ့ကြောင်းသိရသည်။
"ရေစတက်တာက စစ်တွေကိုမုန်တိုင်းမ၀င်ခင်တက်တာ၊ မုန်တိုင်းဖြစ်နေချိန်က အဆိုးဆုံးကာလပဲ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး အဲဒီဘက်ကကျေးရွာတွေအကုန် ညတွင်းချင်းတခြားပြောင်းရတယ်၊ ရေကျလို့အိမ်ပြန်တော့ စိုက်ထားသမျှသီးနှံပင်တွေ ပျက်စီးနေပြီ၊ ဧကအမြောက်အမြားလို့ပဲပြောနိုင်ဦးမယ်၊ အတိအကျမသိရသေးဘူး" ဟု ပုလဲမြို့ဒေသခံတစ်ဦးကပြောသည်။
ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းစတင်ထိတွေ့သည့်နေ့မှ၊ ကုန်းတွင်းပိုင်းကိုဖြတ်ကျော်၀င်ရောက်ပြီးပျက်ပြယ်သွားချိန်အထိ၊ နှစ်ရက်ခန့် အတွင်း၊ ချင်းတွင်းမြစ်၏မြစ်လက်တက်များရေကြီးရေလျှံခြင်း၊ မြောက်ယမားချောင်းနှင့် အလောင်းတော်ကဿပဘက်မှ စီးလာသော တောင်ကျရေများကြောင့် ရေ၀င်နစ်မြုပ်ခြင်းတို့ ဖြစ်ခဲဲ့ခြင်းကြောင်းသိရသည်။
လက်ရှိတွင်၊ နေအိမ်ပျက်စီးမှုများအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြင်ဆင်နေပြီး၊ ပျက်စီးသွားသောသီးနှံများထဲက၊ ရသလောက်ပြန်ဆယ်ယူနေကြကြောင်း၊ ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲအဖြစ် မြွေအန္တရာယ်နှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရကြောင်း ဒေသခံများကပြောသည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော မိုခါမုန်တိုင်းသည်၊ မေလ ၁၄ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ကို အားအလွန့် အလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ၀င်ရောက်ခဲ့ပြီးနောက်၊ မြန်မာနိုင်ငံအထက်ပိုင်းကုန်းတွင်းပိုင်းကို ဖြတ်ကျော်ကာ တရုတ် နိုင်ငံအတွင်းအားပျော့ ပျက်ပြယ်သွားခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဘင်္ဂလားပင်လယ်အော်
#မိုခါမုန်တိုင်း
#ချင်းတွင်းမြစ်
#မုံရွာမြို့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#mizzima – Explore
explore #mizzima at Facebook
😢6❤1👍1
Forwarded from Mizzima+ TV Channel
This media is not supported in your browser
VIEW IN TELEGRAM
လူသားချင်းစာနာမှုဆိုင်ရာကတိကဝတ်တွေကို နှစ်ဘက်စလုံးကအတည်ပြုထားတဲ့ ဆူဒန်နိုင်ငံခါတွန်မြို့တော်မှာ ပေါက်ကွဲမှုတွေဖြစ်ပွား
#InternationalNews #reels #shorts
#InternationalNews #reels #shorts
🔥4👍1
စစ်တွေမှာ လျှပ်စစ်မီးနှင့် သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲကြုံနေ
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်သွားသော စစ်တွေမြို့တွင် မုန်တိုင်းစတင်ဝင်ရောက်ချိန်မှ လက်ရှိအချိန်အထိ လျှပ်စစ်မီးပြတ်တောက်နေပြီး ရေသန့်စက်ရုံအားလုံးနီးပါးလည်း ပျက်စီးကာ မလည်ပတ်နိုင်သောကြောင့် သောက်သုံးရေအခက်အခဲကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
"မီးပြတ်နေတော့ ရေတင်လို့မရဖူး ရေသန့်စက်ရုံတွေလည်း ထိခိုက်ပျက်စီးတာရော၊ ဒီရေတက်ထားတော့ ရေတွင်းရေကန်တွေပျက်ထားတာရောဆိုတော့ သောက်သုံးရေခက်ခဲနေတယ်။ ချက်ပြုတ်စားသောက်ဖို့လည်း ခက်ခဲနေပါတယ်။” ဟု လမ်းမတော်တောင်ရပ်ကွက်နေဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်တွေမြို့နယ်တွင် ရေသန့်စက်ရုံ ၂၀ ကျော်ရှိပြီး "မိုခါ" မုန်တိုင်းကြောင့် အားလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများရှိကာ ထိခိုက်မှုနည်း၍ ပြန်လည်လည်ပတ်နိုင်ခြေရှိသော စက်ရုံဟူ၍ သုံး လေးခုသာရှိနိုင်ကြောင်း Family ရေသန့်စက်ရုံပိုင်ရှင်က မဇ္ဈိမကိုပြောသည်။
"ကျွန်တော့်စက်ရုံကတော့ အကုန်ပျက်စီးတယ်၊ ရေသန့်လှောင်ကန်တွေပါ လွင့်စင်ကုန်တယ်။ ပြန်လည်နိုင်ဖို့ တစ်လခွဲလောက်ကြာဦးမယ်။ နောက်ပြီး လည်နိုင်မယ့်စက်ရုံတွေရှိလည်း လျှပ်စစ်မီးကို အဓိကအားကိုးလည်ပတ်ရတာဆိုတော့ မလွယ်သေးဖူး" ဟု Family ရေသန့်စက်ရုံပိုင်ရှင်က ပြောသည်။
လက်ရှိတွင် ပျက်စီးမှုနည်းသောစက်ရုံ၊ ပြန်လည်လည်ပတ်နိုင်ခြေရှိသည့် စက်ရုံဟူ၍ သုံးခုလောက်သာရှိနိုင်ပြီး မီးစက်အားကိုးရမည်ဖြစ်ကြောင်းလည်းဆိုသည်။
အဆိုပါ စက်ရုံးသုံးခုခန့် ပြန်လည် လည်ပတ်လျှင်လည်း စစ်တွေမြို့ သောက်သုံးရေလိုအပ်ချက်၏ ၄၀ ရာနှုန်းခန့်ကိုသာ ဖြေရှင်းနိုင်ခြေရှိပြီး ကျန် ၆၀ ရာနှုန်းမှာ ခက်ခဲနေနိုင်သေးကြောင်းသိရသည်။
"မုန်တိုင်းမဝင်ခင်က ဘူးအခွံတွေကို အကုန်ရေဖြည့်ထားတော့ လက်ကျန်လေးတော့ရှိသေးတယ်။ ခုတော့ နီးစပ်ရာက လာဝယ်နေကြတာပဲရှိတယ်။ ရက်ကြာရှည်ကတော့ အခက်အခဲတွေ ရှိနေနိုင်ပါသေးတယ်” ဟု Family ရေသန့်စက်ရုံပိုင်ရှင်မှ ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ရေဝေပေးခြင်းလည်းမရှိ၊ အခြားသောအခြေခံစားနပ်ရိက္ခာ ဝေပေးနေခြင်းလည်းမရှိကြောင်း၊ WFP မှလည်းပြင်ဆင်ထားကြောင်း ကြားသိရသော်လည်း ဝင်ရောက်လာခြင်းရှိသည်ဟုမကြားသိရသေးကြောင်းနှင့် မပျက်စီးဘဲ ကျန်ရစ်နေသော (၁၅)ရပ်ကွက်ရှိ ရေတွင်းရေကန်တချို့မှသာ သုံးရေမျှဝေ ယူနေကြရကြောင်း သိရသည်။
“စစ်အစိုးရက လုပ်ပေးနေတာမတွေ့ရဘူးဗျ၊ အဓိက လုပ်နေတာ မြို့ခံ လူမှုကူညီရေးအသင်းကြီး နှစ်ခုလောက်ကပဲ အဓိကလုပ်နေရတာပါ။ ဖုန်းလိုင်းအင်တာနက်လိုင်းလည်းမရတော့ ရွာတွေမှာ ဘယ်လောက်ပျက်စီးသလဲဆိုတာ မသိရသေးဘူး။ သေဆုံးစာရင်းလည်း အတည်မပြုနိုင်ကြသေးဖူး” ဟု စစ်တွေမြို့ဒေသခံမှပြောသည်။
စစ်ကောင်စီမှ စားနပ်ရိက္ခာဝေမျှဝေပေးနေကြောင်း ထုတ်ပြန်ထားသည်များနှင့်ပတ်သက်၍ မေးမြန်းရာ "ကျွန်တော်တို့ရပ်ကွက်တွေဘက်တော့ လာဝေတာမရှိပါဘူး" ဟု ၎င်းမှ ဖြေကြားသည်။
လက်ရှိတွင် စစ်တွေမြို့နှင့်အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပြီး ပြည်သူများအတွက် အမိုးအကာ၊ သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးတကြီးလိုအပ်လျက်ရှိကာ လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဆက်သွယ်ရေးနဲ့အတူ အရေးကြီးအခြေခံလိုအပ်ချက်များ အလျင်အမြန်ဆုံးဆောင်ရွက်ပေးရန်လိုအပ်နေကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် ဦးထွန်းမြတ်နိုင်မှ ယနေ့တွင်ပြောကြားသော မုန်တိုင်းနောက်ဆက်တွဲ အရေးပေါ်မိန့်ခွန်း၌ပြောကြားခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#လျှပ်စစ်မီး
#အရေးပေါ်မိန့်ခွန်း
#စစ်တွေမြို့
#မုန်တိုင်း
ဓာတ်ပုံ - စစ်တွေတွင်မုန်တိုင်းတိုက်ခတ်စဥ်က ဒီရေဝင်ရောက်မှုမြင်ကွင်း

👍7😢2❤1🔥1