This media is not supported in your browser
VIEW IN TELEGRAM
စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရကို ငြင်းပယ်ကာ အတိုက်အခံတွေက ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ပြင်ဆင်
#Internationalnews #Mizzima #Reels #Shorts

👍15❤3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အာဒိုဂန်ရဲ့ပြိုင်ဘက်က လာမယ့်တစ်ကျော့ပြန်ရွေးကောက်ပွဲမှာ အနိုင်ယူနိုင်ဖို့ကတိပြု
https://www.facebook.com/reel/227184770051889
#internationalnews
#MizzimaTV
#reels
#shorts

👍4😁2
မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲနဲ့ ညွန့်ပေါင်းအစိုးရ ပြင်ဆင်မှု | VOA On Mizzima
Watch more detail - https://youtu.be/GhGP36D4ymM
#VOA #Thailand #Election #VideoNews #shorts #Reels

👍6😁2
မိုခါမုန်တိုင်းကြောင့် မီဇိုရမ်ရောက် မတူပီစစ်ဘေးရှောင်များနေထိုင်သည့် Thai Zawl စခန်း ပျက်စီးမှု များပြား
👍2😢2❤1😁1

===============
မဇ္စိုမ။ ။မိုခါမုန်တိုင်း၏အရှိန်ကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၌ မတူပီမြို့မှစစ်ဘေးရှောင် လာကြသူ အများအပြားနေထိုင်သည့် Thai Zawl စစ်ဘေးရှောင်စခန်းတွင် ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။
မုန်တိုင်း၏အရှိန်ကြောင့် လေပြင်းများတိုက်ခတ်၍ မီဇိုရမ်ပြည်နယ်အတွင်းရှိ Thai Zawl စစ်ရှောင်စခန်း မှ နေအိမ် အလုံး ၇၀ ကျော် ပျက်စီးခဲ့သည်ဟု စစ်ရှောင်စခန်းမှ ဆရာအောင်ကပြောသည်။
“လောလောဆယ်တော့ ကူညီထောက်ပံ့တာတွေမရှိဘူး။ တခြားအဖွဲ့အစည်းတွေလည်းမရှိတော့ ကိုယ် ထူကိုယ်ထနဲ့ ပျက်စီးနေတဲ့အိမ်တွေကို ကူဆောက်ပေးနေတဲ့ အနေအထားပဲရှိပါတယ်။ ပြီးတော့ လော လောဆယ် ဆယ်တန်းကလေးတွေ စာမေးပွဲဖြေနေကြတယ်။
အဆင်ပြေသလို အဆောင်တွေမှာဖြေနေ ကြရတာ။ ကျောင်းထဲမှာတော့ လုံးဝအဆင်မပြေဘူး။ ကျောင်းတွေ အမိုးလန်ပျက်စီးနေတယ်။ ဘုရား ကျောင်းတွေလည်း ပျက်စီးတဲ့အထဲပါသွားတယ်” ဟု ၎င်းကဆိုသည်။
မတူပီမြို့နယ်ရှိ ကျေးရွာကိုးရွာမှပြောင်းရွှေ့ခိုလှုံလာသည့် ယခုစခန်းတွင် နေအိမ် ၁၈၃ လုံး၊ လူဦးရေ ၈၀၄ ဦး နေထိုင်လျက်ရှိသည်။
လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်းမှ Thai Zawl စစ်ရှောင်စခန်းရှိစာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော် ပညာသင်ကြားနေကြကြောင်းသိရသည်။
Photo - Salai Van Billy John
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မီဇိုရမ်
#စစ်ဘေးရှောင်စခန်း
#မုန်တိုင်း
#လေပြင်းတိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===============
မဇ္စိုမ။ ။မိုခါမုန်တိုင်း၏အရှိန်ကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၌ မတူပီမြို့မှစစ်ဘေးရှောင် လာကြသူ အများအပြားနေထိုင်သည့် Thai Zawl စစ်ဘေးရှောင်စခန်းတွင် ပျက်စီးမှုများပြားခဲ့ကြောင်း သိရသည်။
မုန်တိုင်း၏အရှိန်ကြောင့် လေပြင်းများတိုက်ခတ်၍ မီဇိုရမ်ပြည်နယ်အတွင်းရှိ Thai Zawl စစ်ရှောင်စခန်း မှ နေအိမ် အလုံး ၇၀ ကျော် ပျက်စီးခဲ့သည်ဟု စစ်ရှောင်စခန်းမှ ဆရာအောင်ကပြောသည်။
“လောလောဆယ်တော့ ကူညီထောက်ပံ့တာတွေမရှိဘူး။ တခြားအဖွဲ့အစည်းတွေလည်းမရှိတော့ ကိုယ် ထူကိုယ်ထနဲ့ ပျက်စီးနေတဲ့အိမ်တွေကို ကူဆောက်ပေးနေတဲ့ အနေအထားပဲရှိပါတယ်။ ပြီးတော့ လော လောဆယ် ဆယ်တန်းကလေးတွေ စာမေးပွဲဖြေနေကြတယ်။
အဆင်ပြေသလို အဆောင်တွေမှာဖြေနေ ကြရတာ။ ကျောင်းထဲမှာတော့ လုံးဝအဆင်မပြေဘူး။ ကျောင်းတွေ အမိုးလန်ပျက်စီးနေတယ်။ ဘုရား ကျောင်းတွေလည်း ပျက်စီးတဲ့အထဲပါသွားတယ်” ဟု ၎င်းကဆိုသည်။
မတူပီမြို့နယ်ရှိ ကျေးရွာကိုးရွာမှပြောင်းရွှေ့ခိုလှုံလာသည့် ယခုစခန်းတွင် နေအိမ် ၁၈၃ လုံး၊ လူဦးရေ ၈၀၄ ဦး နေထိုင်လျက်ရှိသည်။
လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်းမှ Thai Zawl စစ်ရှောင်စခန်းရှိစာသင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၀ ကျော် ပညာသင်ကြားနေကြကြောင်းသိရသည်။
Photo - Salai Van Billy John
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မီဇိုရမ်
#စစ်ဘေးရှောင်စခန်း
#မုန်တိုင်း
#လေပြင်းတိုက်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
Facebook
#မီဇိုရမ် – Explore
explore #မီဇိုရမ် at Facebook
👍2🔥2😁1
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် KNU ဒု-ဥက္ကဋ္ဌ၏ အစ်ကိုနှင့်တူဖြစ်သူ ပြန်လည်လွတ်မြောက်
=======================
YT
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး( KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးကျေးရွာနေ KNU ဒု- ဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ အစ်ကိုဖြစ်သူနှင့် တူဖြစ်သူအား ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် နာရီပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် စစ်တောင်းမြစ်ရိုးအတိုင်း စစ်ကြောင်းထိုးလာသော အင်အား ၅၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီတပ်သားများသည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးကျေးရွာအတွင်း နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်လာကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် ရေတွင်းကုန်းကြီးကျေးရွာမှ ပြန်လည်စွန့်ခွာရန် ပြင်ဆင်ချိန်တွင် ဒေသခံရှစ်ဦးခန့်အား ဖမ်းဆီးခဲ့ရာ ထိုဖမ်းဆီးခံရသည့်အထဲတွင် KNU ဒု- ဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ အစ်ကိုဖြစ်သူ စောသာဂေနှင့် တူဖြစ်သူ စောသားချိုတို့ပါဝင်သွားကြောင်း ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
" ဖမ်းတာက သူတို့ ခြံရှေ့ ခြံတံခါးပိတ်တဲ့အချိန်မှာ ဖမ်းတာ။ ဘယ်သူဘယ်ဝါရယ်လို့ သိတဲ့ပုံမရဘူး။ အားလုံးခုနစ်ယောက်၊ ရှစ်ယောက်လောက်ရှိတယ်။ အဲ့ဒါကလည်း အိမ်တွေမှာ လိုက်ဖမ်းတာမျိုးမဟုတ်ဘူး။ ရွာသားတွေက ရှောင်ဖို့ထွက်ရင်းနဲ့ ထိပ်တိုက်တိုးပြီး ခေါ်ခံရတာ" ဟု ရေတွင်းကုန်းကြီးကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ ရေတွင်းကုန်းကြီးရွာအတွင်းမှ ထွက်ခွာချိန်တွင် ကျန်ရှိနေသည့် ရွာသားများအား နေအိမ်ထဲတွင်သာ နေရန် ပြောဆိုခဲ့ပြီး ထွက်ခွာသွားကြကြောင်း သိရသည်။
ရေတွင်းကုန်းကြီးကျေးရွာ အပြင်ဘက်အရောက်တွင် ၎င်းတို့ဖမ်းဆီးထားသည့် KNU ဒု- ဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ အစ်ကိုဖြစ်သူနှင့် တူဖြစ်သူ အပါအဝင် ရေတွင်းကုန်းကြီးကျေးရွာမှ ဒေသခံ ရှစ်ဦးခန့်အား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
" သူတို့ ပြန်ထွက်သွားတော့ ကျန်တဲ့သူတွေကို အကုန်လုံးအိမ်ထဲမှာပဲနေခဲ့၊ အပြင်မထွက်နဲ့လို့ မှာပြီးထွက်သွားတယ်။ တီးစောသဂေနဲ့ စောသားချိုကိုတော့ ရွာပြင် နှစ်ဖာလုံလောက်အကွာမှာ ပြန်လွတ်တယ်။ ကျန်တဲ့ရွာသားတွေလည်း အကုန်လွတ်တယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဒေသခံတစ်ဦး၏ ပြောကြားချက်အရ KNU ဒု- ဥက္ကဋ္ဌ၏ မိသားစုဝင်များသည် သတင်းပျံနှံ့မှုများကြောင့် ယခုအခါတွင် ရေတွင်းကုန်းကြီးကျေးရွာအတွင်းရှိ ၎င်းတို့နေအိမ်၌ မနေဘဲ အခြားဒေသသို့ ရှောင်တိမ်းနေကြရကြောင်း သိရသည်။
ပဒိုစောဆဲဂေသည် ယခင်က KNU တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၏ ခရိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစ၍ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် KNU ၏ ဒု-ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရကာ တစ်ဆက်တည်းအနေဖြင့် ကာကွယ်ရေးဌာန တာဝန်ခံအဖြစ်ပါ တာဝန်ယူရန် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကျောက်ကြီးမြို့နယ်
#KNU
#စစ်ကောင်စီတပ်သား
#စစ်ကြောင်းထိုး

👍8🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်ရောက် တရုတ်တယောက် “Pop Culture အစီအစဉ်” | VOA On Mizzima
Watch more detail - https://youtu.be/eoE_uzi0jhY
#VOA #အမေရိကန်ရောက် တရုတ်တယောက် “Pop Culture အစီအစဉ်”#VideoNews #shorts #Reels

👍6😁3
မိုခါမုန်းတိုင်းကြောင့် အိန္ဒိယနိုင်ငံမှ မြန်မာစစ်ဘေးရှောင်စခန်းပျက်စီး (ဆက်သွယ်မေးမြန်ချက်)
=========================
ပါခွီး (မဇ္စျိမ) ။ ။ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းမှမြို့နယ်များစွာ မုန်တိုင်း ဒဏ်ခံကြရသကဲ့သို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့ရှိ ထိုင်ဇောလ် မြန်မာစစ်ဘေးရှောင်စခန်း တွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
အဆိုပါစခန်းတွင် မတူပီမြို့နယ်အတွင်းရှိ ကျေးရွာကိုးရွာမှ ပြောင်းရွှေ့ခိုလှုံလာသူများ နေထိုင်လျက်ရှိရာ နေအိမ် ၁၈၃ လုံးနှင့် လူဦးရေ ၈၀၄ ဦးရှိပြီး မုန်တိုင်းဒဏ်ကြောင့် နေအိမ် ၇၁ လုံး ပျက်စီးခဲ့ကြောင်း သိရ သည်။
မိုခါမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် အတွေ့အကြုံများအပါအဝင် စစ်ဘေးရှာင်စခန်း တွင် နေထိုင်ရပ်တည်နေရမှုများနှင့်ပတ်သက်ပြီး စခန်းဥက္ကဋ္ဌဦးမှုန်ဇလျန်ကို မဇ္စျိမက ဆက်သွယ်မေးမြန်း ထားသည်။
https://youtu.be/6FIhrrH50Xc
#အိန္ဒိယနိုင်ငံ
#စစ်ဘေးရှောင်
#မိုခါမုန်တိုင်း
#ဆက်သွယ်မေးမြန်းချက်

YouTube
မိုခါမုန်းတိုင်းကြောင့် အိန္ဒိယနိုင်ငံမှ မြန်မာစစ်ဘေးရှောင်စခန်းပျက်စီး (ဆက်သွယ်မေးမြန်ချက်)
ပါခွီး (မဇ္စျိမ) ။ ။ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်းမှမြို့နယ်များစွာ မုန်တိုင်း ဒဏ်ခံကြရသကဲ့သို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့ရှိ ထိုင်ဇောလ် မြန်မာစစ်ဘေးရှောင်စခန်း တွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။…
👏4😁2😢2
တရုတ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာခံနေရတဲ့ တောင်ကိုးရီးယားဘောလုံးသမား
===================
တရုတ်နိုင်ငံမှာ တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးကစားသမားတစ်ဦးကို အတိအကျမဖော်ပြထားတဲ့ အကြောင်းပြချက်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းတစ်ရပ်က တနင်္လာနေ့က ပြောပါတယ်။
ဒီကစားသမားဟာ သောကြာနေ့က ရှန်ဟိုင်းလေဆိပ်မှာ ထိန်းသိမ်းတာခံခဲ့ရတယ်လို့ တောင်ကိုရီးယားသတင်းဌာနအရ သိရပါတယ်။
တရုတ်ဘောလုံးလောကမှာ အဂတိလိုက်စားမှုနဲ့ လုပ်ပွဲတွေကို ဖြိုခွင်းနှိမ်နင်းမှုပြုလုပ်နေစဉ်အတွင်း ဆွန်ဂျွန်ဟိုကို ထိန်းသိမ်းထားတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

🔥5👍2
Media is too big
VIEW IN TELEGRAM
May - 16 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
Mizzima Headline News
#7pmnews
#themizzimaprimetime
#reels
#shorts
😁3👍1
မုံရွာ GTC ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ
=====================
မောင်ခက်နွေ (မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် GTC ကျောင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ယမန်နေ့ မေလ ၁၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Monywa Fighter Group က ထုတ်ပြန်ထားသည်။
GTC ကျောင်း၌ တပ်စွဲထားသော စကစ(စစ်ကောင်စီတပ်ဖွဲ့)၊ ပျူ(ပျူစောထီးဆိုသူ)များ ကျောင်းဝန်းရှေ့ စုဝေးနေချိန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုအား Monywa Fighter Group ၊ ဒဿ Monywa PDF နှင့် Bo Tathaung People's Defense Force(BTT PDF)ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ကျဆုံးခြင်းမရှိဘဲ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။
မေလ ၁၂ ရက်ကလည်း မုံရွာစီးပွားရေးတက္ကသိုလ်၌ ဂိတ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက် ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
https://youtu.be/LDeRlLS-iac
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

GTC ကျောင်း၌ တပ်စွဲထားသော စက…
GTC ကျောင်း၌ တပ်စွဲထားသော စက…
👍6👏2😁2