Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် အဆောက်အဦ ၁,၈၀၀ ကျော် ပျက်စီး

ပါခွီး
(မဇ္စျိမ)။ ။ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦ များ၊ ကျန်းမာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် စပါးကျီများအပါအဝင် အဆောက်အဦ ၁,၈၅၇ လုံး ပျက်စီးခဲ့ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က မေလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းပြည်နယ်အတွင်း မြို့နယ် ရှစ်မြို့နယ်မှ နေအိမ်များ၊ စပါးကျီများနှင့် အဆောက်အဦများ အမိုးလန်ပြိုကျပျက်စီးခြင်းဖြစ်ပွားခဲ့ပြီး ကျေးရွာချင်းဆက်လမ်းများလည်း မြေပြိုပြီးပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်းဆိုသည်။
ICNCC ၏ ထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ၊ ထန်တလန်၊ တီးတိန်၊ ဟားခါးမြို့နယ်များတွင် နေအိမ် ၁,၇၇၄ လုံး ၊ ဘာသာရေးအဆောက်အဦ ၂၉ လုံး ၊ ကျန်းမာရေး အဆောက်အဦ ငါးလုံး၊ စာသင်ကျောင်း ၃၀ နှင့် စပါးကျီ ၁၉ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး တွန်းဇံ မြို့နယ်မှ ထိခိုက်ပျက်စီးမှုများ ပါဝင်လာခြင်း မရှိသေးပေ။
🔥3😢3👍2
ယခုပျက်စီးမှုအရေအတွက်သည် မေလ ၁၇ ရက်နေ့အထိ ဒေသအသီးသီးမှ ပေးပို့တင်ပြလာသော ထိခိုက် ပျက်စီးမှုစာရင်းများကို စုစည်းထားခြင်းဖြစ်ပြီး ပျက်စီးမှုအရေအတွက် ထပ်တိုးလာနိုင်ကြောင်းလည်း ဆို သည်။
“လောလောဆယ်ရရှိထားတဲ့ စာရင်းဇယားကို အခြေခံပြီးစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဌာနကို တင်ပြထားလိုက်ပါပြီ။ မကြာခင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နိုင်မယ်လို့ မျှော်လင့်ပါ တယ်”ဟု NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဒုဝန်ကြီး ဒေါက်တာငိုင်တမ်မောင်က မဇ္စျိမကို ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကို အစောဆုံးလက်နက်ကိုင်တော်လှန်ခဲ့သည့် ချင်းပြည်နယ်ကို အင်တာ နက်နှင့် ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားသဖြင့် ပျက်စီးဆုံးရှုံးမှုစာရင်းကောက်ယူခြင်းနှင့် ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ရာတွင် များစွာအခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
ပျက်စီးသွားသော နေအိမ်များနှင့် အဆောက်အဦများအား ပြန်လည်ပြုပြင်ရန် သွပ်၊ အိမ်ရိုက်သံ၊ မိုးကာ နှင့် တာလပတ်များအပြင် မုန်တိုင်းဒဏ်သင့် ဒေသခံများအတွက် စားနပ်ရိက္ခာနှင့် အခြေခံဆေးဝါးများ လည်း အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
စာတည်း။ ။ နောင်နောင်
#ချင်းပြည်နယ်
#မိုခါမုန်တိုင်း
#ICNCC
#ကူညီကယ်ဆယ်ရေး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1😁1
မေလ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

00:59-မန္တလေးမှာ ပုဂ္ဂလိက ဆေးရုံ ၃ ရုံကို စစ်ကောင်စီက လုပ်ငန်းလိုင်စင်ပယ်ဖျက်တဲ့သတင်း

02:47-စစ်ကောင်စီရဲ့ ကန့်သတ်ချက်ကြောင့် မုန်တိုင်းဘေးသင့်ပြည်သူတွေကို အကူအညီပေးရာမှာ အဟန်အတားဖြစ်စေတဲ့သတင်း

06:50-ကန့်ဘလူမြို့နယ်မှာ စစ်ရှောင်အမျိုးသား ၁ဦးမိုးကြိုးပစ်ခံရလို့ သေဆုံးပြီး စစ်ရှောင်၂ ဦး မြွေကိုက်ခံရတဲ့သတင်း

08:06-ဝန်ကြီးချုပ်တိုက်ခိုက်ခံခဲ့ရတဲ့ ဂျပန်က G7 လုံခြုံရေးကို အထူးတင်းကျပ်ထားတဲ့သတင်း
အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။

https://youtu.be/HicYqlCcLcQ
👍4🔥1😁1
အစိမ်းရောင် လူမျိုးစု [ TRAILER -2] | Green Tribe

အင်မတန်ခြောက်ခြားစရာကောင်းတဲ့ ရွာတစ်ရွာရှိသတဲ့ကွယ်။
အဲ့မှာ အစိမ်းရောင်တွေက အပြာရောင်တွေကိုဖိနှိပ်နေသတဲ့။
သူတို့ဇာတ်လမ်းတွေကို မဇ္ဈိမတီဗီချန်နယ်မှာ မေလ ၂၆ ရက်၊ သောကြာနေ့ ည ၇နာရီခွဲအချိန်မှာ စောင့်မျှော်ကြည့်လိုက်ရအောင်

https://youtu.be/ls7bQYbg_f0
👍3🔥2😁1
မေလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:06-KIO၊ MNDAA နှင့် NUG တို့က မုန်တိုင်းဒဏ်ခံ ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု အလှူငွေတွေကို AAထံသို့ ပေးပို့တဲ့သတင်း

02:22-အာဏာသိမ်းပြီးနောက် ရုရှားနဲ့တရုတ်ထံမှအပါအဝင် စစ်လက်နက်ပစ္စည်း တစ်ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူတဲ့သတင်း

05:16-တိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်းNLD ဝန်ကြီးဟောင်းဦးမြင့်စန်း ကင်ဆာရောဂါဖြင့်ကွယ်လွန်တဲ့သတင်း

06:30-ရေဝင်ပျက်စီးခဲ့သောပုဂံဘုရားတွေကို အရင်ခင်ခေတ်နည်းလမ်းအတိုင်း ကော်ရည်အသုံးပြုပြင်ဖို့ စစ်ခေါင်းဆောင်မှာကြားတဲ့သတင်းအပါအဝင် တခြားအရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါခင်ဗျာ။

https://youtu.be/NmpGsVnxEME
👍3😁2🤮2
​​အရှေ့တောင်အာရှ၌ ဖွံ့ဖြိုးမှုအတွက် ဆယ်စုနှစ်များကြာ စိတ်နှစ်မြှုပ်ဆောင်ရွက်မှုများကို ရှင်းပြသည့် ရိုဆာလီယာ ဆီရောတီနို 

ရိုဆာလီယာ ဆီရောတီနိုသည် အရှေ့တောင်အာရှကို သူမ၏ အိမ်သဖွယ် ဖြစ်စေခဲ့ပြီး မနုဿဗေဒပညာရှင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှုဗေဒပညာရှင်တစ်ဦးအနေဖြင့် သူမသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့်ပတ်သက်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ၏ သိရှိနားလည်မှုကို တိုးတက်စေရာတွင် ဦးဆောင်သူတစ်ဦးလည်း ဖြစ်သည်။ အီတလီဖွား တက္ကသိုလ်ဆရာတစ်ဦးဖြစ်သည့် သူမတွင် စိတ်ဝင်စားစရာကောင်းသော အလုပ်သက်တမ်းတစ်ခု ရှိပြီး သူမသည် လက်ရှိတွင် အရှေ့တောင်အာရှရှိ နိုင်ငံရေးနှင့် လူမှုရေး ကိစ္စရပ်များနှင့်ပတ်သက်၍ SEA Junction (အကျိုးအမြတ် မရည်ရွယ်သော ထိုင်း ဖောင်ဒေးရှင်းတစ်ခု) ၊ ချူလာလောင်ကွန်းနှင့် မဟီဒေါ တက္ကသိုလ်များနှင့်အတူ လက်တွဲအလုပ်လုပ်ခြင်းအားဖြင့် အများပြည်သူကို အသိအမြင်ကြွယ်စေရန် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
👍12😁1
“ကြောက်ခေတ်ကို မှောက်ပစ်” ဆိုသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း

ပါခွီး
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ယနေ့ မေလ ၁၈ရက်တွင်ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်” စာတန်းကို ကိုင်စွဲပြီး ပုသိမ် - မုံရွာလမ်းမပေါ်ရှိ ယမားတံတားပေါ်နှင့် ကျေးလက်ဈေးတစ်ခုတွင် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
👍10❤6🔥1😁1
ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မတီ၏ ၇၉၂ ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည် ။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ရွာပေါင်းစုံ သပိတ်စစ်ကြောင်း
#ကြောက်ခေတ်ကို မှောက်ပစ်
#စစ်အာဏာရှင် ဆန့်ကျင်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8🔥1😁1
​​ဖယ်ခုံတိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးရှိ၊ PDFရဲဘော် ၂ ဦးဒဏ်ရာရဟုဆို

ဂျူချန်း
(မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF Pekhon တို့ ယမန်နေ့ မေလ ၁၇ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် သေဆုံးမှုရှိသလို PDF ရဲဘော်နှစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ မေလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က ဖယ်ခုံမြို့၊ အမှိုက်ကျင်းဘက်မှ စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်သားများနှင့် PDF Pekhon တပ်ရင်း (၁) တို့ ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
“ PDF က လက်ဦးပြီးပစ်ခတ်တယ်။ အပြန်အလှန်ပေါ့။ စစ်ကောင်စီ ဖက်ကတော့ အကျအဆုံး ရှိတယ်။ အတိအကျအတည်ပြုနိုင်ခြင်းမရှိသေးဘူးဗျ” ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
PDF ရဲဘော်နှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း ၎င်းက ပြောသည်။
မြေပြင်တွင် တိုက်ပွဲဖြစ်ပွားနေချိန်တွင် ခမရ (၃၃၆) တပ်၊ စကခ (၇) တပ်ရင်း၊ ဖယ်ခုံရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ မြေပြင်မှ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မေလ ၁၈ရက်တွင် ဖယ်ခုံမြို့၊ လတူးရွာအထိ ရောက်ရှိလာပြီဟု တော်လှန်ရေးအင်အားစုများကပြောသည်။
ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ရှိ ပင်လောင်း-ဖယ်ခုံဒေသတွင် ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ဧပြီလကုန်ပိုင်းခန့်တွင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် မေလအတွင်း၍ တကျော့ပြန် ထပ်မံအင်အားဖြည့်တင်းကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ရိက္ခာနှင့် လက်နက်ခဲယမ်းများအား ကုန်းလမ်းမှပို့ဆောင်နိုင်ရန်နှင့် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရန် ပင်လောင်း-ဖယ်ခုံ အစပ်တွင် အင်အားသုံးထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက သုံးသပ်ထားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ရှမ်း-ကရင်နီနယ်စပ်ရှိ ဖယ်ခုံနှင့်ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲပေါင်း အကြိမ် (၅၀) ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၇၀) ဦး သေဆုံးခဲ့ကြောင်း KNDF ကမေလ ၃ ရက်တွင်ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။မောင်ကြီး
#ဖယ်ခုံမြို့
#PDF Pekhon
#စစ်ကောင်စီတပ်
#စစ်ကြောင်းထိုး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2🔥1
​​မြန်မာတိုက်ပွဲများကြောင့် အရှေ့တောင်အာရှ စီးပွားရေးစင်္ကြံ အပြီးမသတ်နိုင်

ထိုင်းနှင့် နယ်စပ်အနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မဲခေါမြစ်ဝှမ်းနိုင်ငံများကြား ကုန်သွယ်ရေး မြှင့်တင်ရန် ရည်ရွယ်သည့် အကြီးစား စီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းကြီးတစ်ရပ် တန့်ရပ်လျက် ရှိနေသည်။
👍10🔥2