“မိုခါ” မုန်တိုင်းတိုက်ခတ်မှုအပြီး ၄ ရက်မြောက်နေ့ စစ်တွေမြို့မြင်ကွင်း (ပုံသတင်း)
မဇ္ဈိမ
အလွန့်အလွန်အားကောင်းသော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအပြီး ယနေ့ မေလ ၁၈ ရက်နေ့ တွေ့မြင်ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ မြင်ကွင်းများ ဖြစ် သည်။
“မိုခါ” ဆိုင်ကလုန်း မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်းမိုင် ၁၃၀ ဖြင့် ရခိုင်ကမ်းရိုးတမ်းကို မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းဗဟိုချက် စစ်တွေမြို့တွင် ၉၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
နိုင်ငံတဝန်း ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"ကြောင့် မေလ ၁၇ ရက်နေ့အထိ သေဆုံးသူ ၄၅၅ ဦးရှိပြီး ယင်းအနက် ရခိုင်ပြည်နယ်မှ သေဆုံးသူ ၄၃၁ ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားသည်။
Photos- Zann Win Paing
#မိုခါစစ်တွေ
#ရခိုင်
#mizzima

👍6🔥3
လေးလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၁,၄၀၀ ကျော်ဖြစ်ပွား
001
(မဇ္စျိမ)။ ။၂၀၂၃ ခုနှစ် ပထမလေးလအတွင်း မြို့နယ် ၁၁၅ ခုတွင် တိုက်ပွဲပေါင်း ၁,၄၀၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ့(ISP Myanmar)မှ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်(EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်မှု ပြန်များလာကြောင်း ဖော်ပြထားသည်။
“ဒီအထဲကမှ ၅၈ ရာခိုင်နှုန်းကျော်ဟာ တိုင်းရင်းသားလက်နက်ကိုင်(EAOs)နဲ့ ဒေသခံကာကွယ်ရေးတပ် (PDFs)တွေရဲ့ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြားဖြစ်ခဲ့တာပါ။ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်အကြားဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အရေအတွက်အများဆုံးကို ပြန်ရောက်ခဲ့တာလည်းဖြစ်ပါတယ်” ဟု ISP Myanmar က ဆိုသည်။

👍9🔥1😁1
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၉,၃၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်းလည်း ISP Myanmar ၏ စာရင်းအရ သိရသည်။
ထိုနှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံအတွင်းမြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက်မှ ၂၀၅ မြို့နယ်တွင် တိုက်ပွဲ များဖြစ်ပွားခဲ့သည်ကိုတွေ့ရပြီး ၅၄ ရာခိုင်နှုန်းမှာ ကရင်ပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကိုင်းတိုင်း တွင် ဒုတိယအများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်ရှိနေပြီး ယခုနှစ် ပထမလေးလပတ် ကာလအတွင်း မြို့နယ် ၅၆ ခုထက်မနည်းတွင် လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်းရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ၆၉၀ ကျော် သေဆုံးခဲ့ကြောင်းတွေ့ရသည်။
၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ဘေးရှောင်အရေ အတွက်လည်းတိုးလာပြီး ယခုနှစ် ပထမလေးလပတ်အတွင်း နိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၆၈၂,၃၄၄ ဦးထက်မနည်းတိုးလာကြောင်းလည်း ISP Myanmarက ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန် ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#တိုင်းရင်းသားလက်နက်ကိုင်(EAOs)
#ပြည်သူ့ကာကွယ်ရေးတပ်(PDF)
#တိုက်ပွဲ
#လက်နက်ကိုင်ပဋိပက္ခ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12🔥1😁1
ဘီးလင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေ
YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်သို့ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို KNAL ပူးပေါင်းတပ်မှ ထပ်မံ၍ ကြားဖြတ်တိုက်ခိုက်ရာ တပ်သားသုံးဦးသေဆုံးကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များမှ ပြောသည်။
ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာဘက်မှဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းအား နယ်ခြားရွာ (ကျား ကွင်း) အနီးတွင် ယနေ့ မေလ ၁၈ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ဝန်းကျင်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မနက်စောစောက ဘီးလင်းချောင်းဟို ဘက်ကမ်းမှာ တိုက်ပွဲခဏဖြစ်သေးတယ်။ စစ်ကောင်စီတပ်သား သုံးယောက်သေတယ်။ ကျန်တဲ့ အသေးစိတ်ကတော့ မသိရသေးဘူး”ဟု KNU နှင့် နီးစပ်သော သတင်း ရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ပြောသည်။
မဲလံကျေးရွာဘက်မှဆင်းလာသော အင်အား ၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တပ်မဟာ (၁) KNLA တပ်ခွဲ (၂)၊ KRF ပါဝင်သော ပူးပေါင်းစစ်ကြောင်းက အနီးကပ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
“အနီးအနားက ရွာတွေကိုတော့ ရှောင်ခိုင်းထားကြတယ်။ ဒီဘက်ကတော့ အထိအခိုက်မရှိကြဘူး” ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။
ဘီးလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန် ဗျူဟာမှူးကိုယ်တိုင်ဦးဆောင်၍ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဆင်းလာသည့်အဆိုပါစစ်ကြောင်းကို မေလ ၁၅ ရက်နေ့မှစ၍ လေးကြိမ်ထက်မနည်း တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံထံမှ သိရသည်။
မေလ ၁၅ ရက်နေ့နှင့် ၁၆ ရက် နှစ်ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၂၅ ဦးသေဆုံးကာ ၂၀ ဦးဒဏ်ရာရခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
မဇ္ဈိမအနေဖြင့် စစ်ကောင်ဘက်မှ ထိခိုက်ကျဆုံးမှုအသေးစိတ်ကို ဒေသခံများထံမှ အတည်ပြုချက် ရယူ နိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ကလည်း ထိုစစ်ကြောင်း ခေတ္တအထိုင်ချရာ ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာရှိ နတ်ကြီးစစ်ကောင်စီစခန်းအား KNLA ၊ PDF ပူးပေါင်းတပ်မှ ဒရုန်းဖြင့် ဗုံးသီးလေးလုံးပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#KNLA
#ပူးပေါင်းတပ်
#စစ်ကြောင်းထို
#ကြားဖြတ်တိုက်ခိုက်
#ဘီးလင်း

👍10😁3👏1
မေလ ၁၈ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
-အာဏာသိမ်းပြီးနောက် ရုရှားနဲ့တရုတ်ထံဆီက အပါအဝင် စစ်လက်နက်ပစ္စည်း ၁ ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူတဲ့သတင်း
-KIO၊ MNDAA နဲ့ NUG တို့က မုန်တိုင်းသင့် ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု အလှူငွေတွေကို AA ဆီကို ပေးပို့လိုက်တဲ့အကြောင်း
-မဲဆောက်မြို့တွင် ဖြစ်ပွားခဲ့သည်ဆိုသော သက်ငယ်မုဒိန်းမှုကို နှစ်နိုင်ငံဥပဒေများဖြင့် အရေးယူနိုင်ရန် NUGဆောင်ရွက်နေဟုဆို
-ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့် အဆောက်အဦ ၁,၈၀၀ ကျော် ပျက်စီးသွားတဲ့သတင်း
- မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း အိမ်ဆောက်ပစ္စည်းများ ဈေးအဆမတန် မြင့်တက်နေတဲ့အကြောင်း
-မိုခါမုန်တိုင်းကြောင့် ထွက်ပေါ်လာတဲ့ ပုံဟောင်းနှင့် ဗီဒီယိုအဟောင်း သတင်းမှား အပါအဝင် ရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
https://youtu.be/IGhZbRIDWYU

YouTube
မေလ ၁၈ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
မေလ ၁၈ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
============
-အာဏာသိမ်းပြီးနောက် ရုရှားနဲ့တရုတ်ထံဆီက အပါအဝင် စစ်လက်နက်ပစ္စည်း ၁ ဘီလီယံဖိုး စစ်ကောင်စီဝယ်ယူတဲ့သတင်း
-KIO၊ MNDAA နဲ့ NUG တို့က မုန်တိုင်းသင့် ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု…

👍11❤2🍌2
Quad ရေတပ်ဖွဲ့များက ဩစတြေးလျကမ်းလွန်တွင် Malabar 2023 စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင်ကျင်းပမည့် Quad ထိပ်သီးအစည်းအဝေးကို ဖျက်သိမ်းလိုက်သော်လည်း အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့မှ အင်အားကြီး ရေတပ်များသည် ဩစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းတွင် ဩဂုတ်လ ၁၁ ရက်မှ ၂၂ ရက်အထိပြုလုပ်မည့် Malabar 2023 အဆင့်မြင့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သွားမည်ဖြစ်ကာ ပူးပေါင်းစစ်ဆင်ရေး၊ ပင်လယ်ရေကြောင်းဆိုင်ရာဟန့်တားမှုနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုလုပ်ဆောင်နိုင်စေရန် စစ်ဆင်ရေးများ လုပ်ဆောင်ကြမည်ဖြစ်သည်။

👍11😁1
ရန်ကုန် - စစ်တွေ လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် ရန်ကုန် - စစ်တွေ လေကြောင်းလိုင်းများကို ငါးရက်ကြာပိတ်သိမ်းခဲ့ပြီးနောက် ယနေ့ မေလ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း Myanmar Airways International (MAI) ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ပိတ်ထားတာက မုန်တိုင်းမတိုက်ခင် တစ်ရက် ၁၃ ရက်နေ့ကနေ စပိတ်တာ၊ ၁၇ ရက်နေ့အထိ။ ဒီနေ့တော့ပြန်ဖွင့်ပြီ။ လေကြောင်းပြေးဆွဲမှု လျှော့ချထားတာမရှိဘူး အရင်အတိုင်းပဲ။ လက်မှတ်စျေးနှုန်းလည်းအပြောင်းအလဲမရှိပါဘူး” ဟု Myanmar Airways International (MAI) မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
မိုခါ မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ရှိ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့ပြီး စစ်တွေလေဆိပ် အမိုးများလန်ကာ အဆောက်အအုံများ နှင့် နားနေဆောင်များပျက်စီးခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့်ရက်များက ရန်ကုန်မှ စစ်တွေ ၊ စစ်တွေမှ ရန်ကုန် သို့ ထွက်သည့် လေယာဉ်လည်းမတွေ့ရကြောင်း စစ်တွေလေဆိပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“ရာသီဥတုအခြေအနေရော၊ လေယာဉ်ကွင်းက လေယာဉ်ဆင်းသက်ဖို့ အခြေအနေအရရော စောင့်ကြည့်နေရလို့ အဲ့ရက်တုန်းက အရေးပေါ် ကယ်ဆယ်ရေးနဲ့ လေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းပို့ လေယာဉ်တွေပဲ ဆင်းသက်နိုင်အောင်လုပ်ထားတာ။ နိုင်ငံခြားကလာလှူတာတို့၊ NGO အဖွဲ့အစည်းတွေလာတာတော့ မတွေ့မိဘူး။ ကယ်ဆယ်ရေးပစ္စည်းပို့ လေယာဉ်တွေလာရင်တောင် ရောက်ပြန်ပဲ။ အကြာကြီးပေးမနေဘူး” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသော ရွှေပြည်တန် ရေယာဉ်ခရီးစဉ်များကိုလည်း မေလ ၁၂ ရက်မှ စတင်ရပ်နားခဲ့ရာ ၁၀ ရက်ကြာပြီးနောက် လာမည့် မေလ ၂၂ ရက် တနင်္လာနေ့ မှ စ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#စစ်တွေလေဆိပ်
#မိုခါမုန်တိုင်း
#ရန်ကုန် -စစ်တွေ လေကြောင်းလိုင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် ရန်ကုန် - စစ်တွေ လေကြောင်းလိုင်းများကို ငါးရက်ကြာပိတ်သိမ်းခဲ့ပြီးနောက် ယနေ့ မေလ ၁၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း Myanmar Airways International (MAI) ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ပိတ်ထားတာက မုန်တိုင်းမတိုက်ခင် တစ်ရက် ၁၃ ရက်နေ့ကနေ စပိတ်တာ၊ ၁၇ ရက်နေ့အထိ။ ဒီနေ့တော့ပြန်ဖွင့်ပြီ။ လေကြောင်းပြေးဆွဲမှု လျှော့ချထားတာမရှိဘူး အရင်အတိုင်းပဲ။ လက်မှတ်စျေးနှုန်းလည်းအပြောင်းအလဲမရှိပါဘူး” ဟု Myanmar Airways International (MAI) မှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
မိုခါ မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ရှိ အဆောက်အအုံ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့ပြီး စစ်တွေလေဆိပ် အမိုးများလန်ကာ အဆောက်အအုံများ နှင့် နားနေဆောင်များပျက်စီးခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့်ရက်များက ရန်ကုန်မှ စစ်တွေ ၊ စစ်တွေမှ ရန်ကုန် သို့ ထွက်သည့် လေယာဉ်လည်းမတွေ့ရကြောင်း စစ်တွေလေဆိပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။
“ရာသီဥတုအခြေအနေရော၊ လေယာဉ်ကွင်းက လေယာဉ်ဆင်းသက်ဖို့ အခြေအနေအရရော စောင့်ကြည့်နေရလို့ အဲ့ရက်တုန်းက အရေးပေါ် ကယ်ဆယ်ရေးနဲ့ လေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးပစ္စည်းပို့ လေယာဉ်တွေပဲ ဆင်းသက်နိုင်အောင်လုပ်ထားတာ။ နိုင်ငံခြားကလာလှူတာတို့၊ NGO အဖွဲ့အစည်းတွေလာတာတော့ မတွေ့မိဘူး။ ကယ်ဆယ်ရေးပစ္စည်းပို့ လေယာဉ်တွေလာရင်တောင် ရောက်ပြန်ပဲ။ အကြာကြီးပေးမနေဘူး” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသော ရွှေပြည်တန် ရေယာဉ်ခရီးစဉ်များကိုလည်း မေလ ၁၂ ရက်မှ စတင်ရပ်နားခဲ့ရာ ၁၀ ရက်ကြာပြီးနောက် လာမည့် မေလ ၂၂ ရက် တနင်္လာနေ့ မှ စ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima
#စစ်တွေလေဆိပ်
#မိုခါမုန်တိုင်း
#ရန်ကုန် -စစ်တွေ လေကြောင်းလိုင်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥3
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ မေ ၂၀၂၃)
စစ်ကောင်စီသည် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့် ထားသည့် အတွက် ပုဂ္ဂလိကဆေးရုံများကို လိုင်စင်ရုပ်သိမ်းနေသလို CDM ဆရာဝန်များ ဖမ်းဆီးခြင်းများ ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းများကို ပြုလုပ်ပြီး CDM ပြုလုပ်သူများကို နှိပ်ကွပ်နေသည်ကို တွေ့ရသည်။

🔥8👍7
မေလ (၁၈) ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ..ချင်းပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် အဆောက်အဦး ၁,၈၀၀ ကျော် ပျက်စီးခဲ့တဲ့သတင်းနဲ့အတူ KIO၊ MNDAA နဲ့ NUG တို့က မုန်တိုင်းဒဏ်ခံ ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု အလှူငွေတွေကို ရခိုင့်တပ်တော် (AA)ကို ပေးပို့လှူဒါန်းခဲ့တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။
https://youtu.be/bwhMS0Ehd2U

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ..ချင်းပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် အဆောက်အဦး ၁,၈၀၀ ကျော် ပျက်စီးခဲ့တဲ့သတင်းနဲ့အတူ KIO၊ MNDAA နဲ့ NUG တို့က မုန်တိုင်းဒဏ်ခံ ရခိုင်ဒေသအတွက် လူသားချင်းစာနာမှု အလှူငွေတွေကို ရခိုင့်တပ်တော် (AA)ကို ပေးပို့လှူဒါန်းခဲ့တဲ့သတင်းအပါအဝင်…
❤9👍4😁1🤮1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် မုန်တိုင်းဘေးသင့်ပြည်သူတွေကို အကူအညီပေးရာမှာ အဟန်အတားဖြစ်စေ
Watch more detail - https://youtu.be/IP5c-27qkWI
#Mizzima #Political #reels #shorts #MizzimaTV

👍12🤬4❤1🔥1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်ထုတ်လွှင့်မှုများ
https://youtu.be/-8VHU9OL2W8

#PVTV
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍7🤮1🍌1
ဟင်္သာတမြို့တွင် မီးရထားအရာရှိခြံဝန်းရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား
မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ အရာရှိရိပ်သာလမ်းပေါ်ရှိ မီးရထားအရာရှိ ခြံဝန်းရှေ့၌ ယနေ့ မေလ ၁၈ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရ သည်။
မေလ ၁၈ ရက် ညနေ ၄ နာရီကျော်ခန့်က မီးရထားအရာရှိရိပ်သာလမ်းပေါ်ရှိ Arian စားသောက်ဆိုင်အနီး တွင် ဗုံးတစ်လုံးတွေ့ရှိခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများမှ လာရောက်ဖြုတ်သိမ်းခဲ့သည်ဟု သိရ သည်။
ထိုသို့ဖြုတ်သိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက သုံးပင်ကွင်းရပ်ကွက်အတွင်း ပိတ်ဆို့စစ် ဆေးနေစဥ် ညနေ ၅ နာရီ ၁၅ မိနစ်၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ဗုံးတစ်လုံးတွေ့တဲ့ Arian စားသောက်ဆိုင်နားမှာ စစ်တပ်နဲ့ရဲတွေ ပိတ်ဆို့ထားတဲ့အချိန် အဲဒီဆိုင်ရှေ့က မီးရထားအရာရှိခြံရှေ့မှာ ဗုံးပေါက်တာပါ။ ဗုံးပေါက်တော့ ရဲတွေနဲ့စစ်သားတွေအကုန်လုံး မြေကြီးပေါ်ကို အကုန်ဝပ်သွားကြတယ်။ ထိလို့ဝပ်တာလားတော့ မသိဘူး” ဟု ၎င်းကဆိုသည်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများ ထိခိုက်မှု ရှိ၊မရှိကို အတိအကျမသိရသေးကြောင်း၊ ဗုံးပေါက်ကွဲပြီးမိနစ်အနည်းငယ်တွင် ပေါက်ကွဲမှုဖြစ်ရာနေမှ လူနာတင်ကားတစ်စီးနှင့်ရဲကားတစ်စီး ထွက် ခွာသွားကြောင်း ဒေသခံကပြောသည်။
လက်ရှိတွင် သုံးပင်ကွင်းရပ်ကွက်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ ပိတ်ဆို့စစ်ဆေးမှုများဆက် လက်ပြုလုပ်နေသည်ဟုသိရပြီး အရပ်သားလေးဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်ကလည်း ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ မီးရထားတိုင်း (၉) ရုံးရှေ့တွင် ဗုံးကွဲမှုဖြစ်ပွားခဲ့သေးသည်။
ဓာတ်ပုံ-Arian စားသောက်ဆိုင်ရှေ့မြင်ကွင်း(ပုံဟောင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ဧရာ၀တီတိုင်း
#ဟင်္သာတမြို့
#မီးရထားအရာရှိခြံဝန်း
#ဗုံးပေါက်ကွဲမှု

👍17😁2❤1