Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"ရာဇပလ္လင် ခိုးပုတက်လို့ တိုင်းပြည်ပျက်တာ၊ ခွေးနေရာခွေးပြန်ရောက်ဖို့ ပြည်သူ့အားနဲ့မောင်းချစို့" စာတန်းကိုင်စွဲပြီး ကြံခင်းမှာ ဆန္ဒပြ

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၈ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
"ရာဇပလ္လင် ခိုးပုတက်လို့ တိုင်းပြည်ပျက်တာ ခွေးနေရာခွေးပြန်ရောက်ဖို့ ပြည်သူ့အားနဲ့မောင်းချစို့"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၅)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
👍44❤11🖕2🔥1😁1
မေလ (၁၉) ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်း တစ်ဘီလီယံဖိုး စစ်ကောင်စီက ဝယ်ယူထားတဲ့သတင်းနဲ့အတူ KNU တပ်မဟာ ၃ နယ်မြေက ဒုက္ခသည် တစ်သောင်းခွဲ အကူအညီလိုအပ်နေတဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို ကျန်းမာရေးအကြောင်း ပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/uhNM2wm8U2o
👍8👌2😁1
ကင်းပုံသီးရဲ့အကျိုးကျေးဇူးများ

-ကင်းပုံသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?
-ကင်းပုံသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?
-ကင်းပုံသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?
အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ

https://youtu.be/y0s1PPGu1yM
👍10😁1🤮1
​​သေဒဏ်ကျနိုင်ကျဉ်းအချို့နှင့် PDFများအပါအဝင် ၉ ဦး တောင်ငူ‌ထောင်အထူးတရားရုံးလုံခြုံရေးအဖွဲ့ကို တိုက်ခိုက် ထွက်ပြေး လွတ်မြောက်

ရွှေနွယ်
(မဇ္ဈိမ)။ ။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အပါအဝင် တောင်ငူအကျဥ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ဆယ်ဦးက ထောင်လုံခြုံရေးအဖွဲ့ကို တိုက်ခိုက်ထွက်ပြေးလာခဲ့ရာတစ်ဦး ပြန်ဖမ်းမိသွားပြီး ကိုးဦးသည် ဘေးကင်းရာနေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။
တောင်ငူအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသား ၁၀ ဦးသည်
ယမန်နေ့ မေလ ၁၈ရက် နေ့လယ် ၂ နာရီခန့်တွင် တောင်ငူထောင်တွင်းတရားရုံး၌ ရုံးထုတ်စဉ်
စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ်ကို လုယူပြီး တိုက်ခိုက်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
" ကိုးဦး လွတ်မြောက်ရာကိုရောက်ပါပြီ" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ မေလ ၁၉ရက်တွင် မဇ္ဈိမကို အတည်ပြုပြောကြားသည်။
တောင်ငူခရိုင်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့၏ရဲဘော်ရဲဘက်များလွတ်မြောက်ရေးအတွက် အချိတ်အဆက်မိမိဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောသည်။
" သူတို့ထွက်လာတာနဲ့ဒီဘက်ကသွားစောင့်ကြိုနေကြပါတယ်။ တော်တော်လေးအကွက်ကျပါတယ်" ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်၍ထွက်ပြေးလာကြသူ ၁၀ ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီး အားလုံးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သော ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က) တို့ဖြင့် တရားစွဲဆိုခံရသူများဖြစ်သည်ဟု သိရှိရသည်။ ၁၀ဦးအနက် သုံးဦးသည် သေဒဏ်ကျနိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု မဇ္ဈိမမှ စုံစမ်းသိရှိရသည်။
" မှန်ပါတယ်။ သုံးဦးက သေဒဏ်ကျပြီးသား ရဲဘော်ရဲဘက်တွေပါ။ အခု စစ်တပ်ဘက်ကလည်း ပိတ်ဆို့ရှာဖွေနေတယ်။ ဒါပေမယ့် ကိုယ့်လူတွေ အန္တရာယ်ကင်းတဲ့နေရာကိုရောက်နေပါပြီ"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
၎င်းတို့ ၁၀ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ထောင်ဝန်ထမ်း တပ်ကြပ်မောင်မျိုးသေဆုံးကာ တပ်ကြီးကြီး ကျော်မြင့်ဒဏ်ရာရသွားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်စဉ် အကျဉ်းသားတစ်ဦးသည် ခြေထောက်၌ သေနတ်ကျည်ထိမှန်ကာ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။ ဖမ်းဆီးခံရသူ၏ အမည်နှင့် အသေးစိတ်အချက်အလက်ကို မသိရှိရသေးပေ။
ထိုအခြေအနေကြားထဲမှပင် ထွက်ပြေးလွတ်‌မြောက် လာသူများက ကာဘိုင်တစ်လက်နှင့် MA 11 သေနတ် တစ်လက်ကိုလည်း ရယူလာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ထွက်ပြေးလွတ်မြောက်လာသူများနှင့်ပတ်သက်၍ အသေးစိတ်မပြောလိုသေးကြောင်းနှင့် အများစုသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များဖြစ်သည်ဟု တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
တောင်ငူအကျဉ်းထောင်သည် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ဖမ်းဆီးအကျဉ်းချထားရာနေရာလည်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁ရက်ကလည်း မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား ကိုးဦး တရားရုံးကရုံးထုတ်အပြန်တွင် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ထွက်ပြေးခဲ့သည်။ ယင်းဖြစ်စဉ်တွင် နှစ်ဦး လွတ်မြောက်ခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း မကွေးတိုင်း၊ ပခုက္ကူထောင်မှ တော်လှန်ရေးရဲဘော် နှစ်ဦး ၊ နိုင်ငံရေးအကျဉ်းသားသုံးဦးတို့သည် ထောင်ဖောက်ထွက်ပြေးလာခဲ့ရာ ပခုက္ကူမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့များက လွတ်မြောက်နေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။
စာတည်း - မောင်ကြီး

#mizzima
#တောင်ငူအကျဥ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#တိုက်ခိုက်ထွက်ပြေး
#လွတ်မြောက်
ဓာတ်ပုံ - တောင်ငူအကျဉ်းထောင်(ပုံဟောင်း)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍41👏7❤4🔥3
Media is too big
VIEW IN TELEGRAM
ဆူဒန်ပဋိပက္ခ ကန်-ရှရှား တဆင့်ခံစစ်ပွဲလား “ပိုလီဂရပ်” | VOA On Mizzima

Watch more detail - https://youtu.be/Zh8es9tZBSY

#Mizzima #VOA #ဆူဒန်ပဋိပက္ခ ကန်-ရှရှား တဆင့်ခံစစ်ပွဲလား “ပိုလီဂရပ်”#VideoNews #shorts #reels
👍6🔥3
Media is too big
VIEW IN TELEGRAM
ဖိနှပ်မှုအောက် နှုတ်ပိတ်မနေတဲ့ အီရန်သတင်းသမားများ | VOA On Mizzima

Watch more detail - https://youtu.be/ZJNrqy7SCSE

#Mizzima #VOA #ဖိနှပ်မှုအောက် နှုတ်ပိတ်မနေတဲ့ အီရန်သတင်းသမားများ#VideoNews #shorts #reels
👍9😁2
မေလ ၁၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
စစ်ကိုင်းနှင့် မကွေးတွင် မိုခါမုန်တိုင်းဒဏ်ကြောင့် နွေသီးနှံစိုက်ခင်း ဧက သောင်းချီ ပျက်စီး၊ ဒေသခံတောင်သူများ အခက်အခဲဖြစ်ပေါ်နေ
စိုင်းခန့်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် နွေသီးနှံစိုက်ခင်း သောင်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ကာ ဒေသခံတောင်သူများစွာ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
အင်အားပြင်း ဆိုင်ကလုန်းမိုခါသည် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်ရှိ မြို့နယ်အချို့ကို ၀င်ရောက်ဖြတ်ကျော်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ မုန်တိုင်းတိုက်ခတ်မှုအတွင်း ရခိုင်ပြည်နယ်သည် လူသေဆုံးမှုနှင့် ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ကာ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
မိုခါမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးမြေ ပျက်စီးမှုများတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၃ ခုက စိုက်ပျိုးမြေဧက ၄၂,၃၀၀ ဖြင့် အများဆုံး ပျက်စီးခဲ့ပြီး မကွေးတိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင်လည်း စိုက်ပျိုးမြေ ၂၁၇ ဧက ပျက်စီးခဲ့ရကြောင်း NUG က ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရသည်။
🔥5👍1🤬1😢1