“ စစ်ကိုင်းတိုင်း အတွင်းမှာတော့ မုန်တိုင်းကြောင့် သီးနှံတွေ ပျက်စီးဆုံးရှုံးမှုများတယ်။ နေအိမ်တွေလည်း ပျက်စီးမှု တချို့ရှိတယ်။ ”ဟု စစ်ကိုင်းဒေသခံ တောင်သူတစ်ဦးက မဇ္စျိမကို ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မိုခါမုန်တိုင်းမတိုက်မီ ရက်ပိုင်းအလိုကပင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဒေသခံ တောင်သူများ၏ စိုက်ပျိုးထားသည့် ယာခင်းများ ရေမြုပ်မှုကြုံတွေ့ ခဲ့ရသည်။
ယင်းသို့ မုန်တိုင်းမိုးရွာသွန်းမှုကြောင့် အချိန်မီမရိတ်သိမ်းနိုင်သည့် တောင်သူများ၏ ကောက်ပဲသီးနှံများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၀ိုင်း၀န်းကူညီရွေ့ပြောင်းပေးခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။
သို့သော် မုန်တိုင်း တိုက်ခတ်ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ မြစ်ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် သီးနှံစိုက်ခင်းများစွာ ထပ်မံပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် တောင်သူများ စိုက်ပျိုးထားသည့် နွေသီးနှံစိုက်ခင်း ဧက ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း S&C အဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။
“ ဒီမှာဆို မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးရတဲ့ တောင်သူအရေအတွက်က ၃၃၃ ဦး၊ ဧကပေါင်း ၁,၀၀၀ ကျော် ရှိတယ်၊ ဒီအရေအတွက်က ကျွန်တော်တို့ အခုကူညီမှုတွေ လုပ်ပေးနေတာဆိုတော့ အတိအကျစာရင်းပါ။” ဟု ၄င်းက ပြောသည်။
ယင်းအပြင် မြစ်ချောင်းများနှင့် နီးကပ်စွာတည်ရှိသည့် ခင်ဦး၊ တန့်ဆည်၊ မြောင်၊ မြင်းမူ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကန့်ဘလူနှင့် ပုလဲ မြို့နယ်များရှိ ကျေးရွာပေါင်းများစွာတွင်လည်း ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားသည့် ယာခင်းများ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ မုံရွာခရိုင်၊ မြောင်နဲ့ ယင်းမာပင်တို့မှာတော့ မုန်တိုင်းကြောင့် လူသေဆုံးမှုမရှိပေမယ့် တိရစ္ဆာန်သေဆုံးမှုနဲ့ စိုက်ခင်းပျက်စီးမှုတွေ ရှိခဲ့ပါတယ်” ဟု CDSOM အဖွဲ့မှ ကိုနွေဦး (မြောင်)က ပြောသည်။
မကွေးတိုင်းအတွင်းရှိ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြုကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မုန်တိုင်းတိုက်ခတ်မှုအတွင်း မန်းချောင်းနှင့် စလင်းချောင်းတို့မှ ရေကြီးရေလျှံမှုများကြောင့် ဒေသခံတောင်သူများ၏ စိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။
“ ဆောမြို့နယ်မှာတော့ ယောချောင်းရေတအားတက်သွားတဲ့အတွက် ချောင်းဘေးရွာက စပါးခင်းတွေ အများဆုံးပျက်စီးတယ်။ ဧကနဲ့ဆို မနည်းဘူး” ဟု မကွေးဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ လူဦးရေ ၃,၀၀၀ ကျော်ရှိသည့် စစ်ရှောင်စခန်းတစ်ခုတွင်လည်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အလုံး ၅၀ ကျော်နှင့် နွေသီးနှံဧက ၅၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးမြေများတွင် ဒေသခံတောင်သူများက စပါး၊ ပဲ၊ နှမ်း စသည့် နွေသီးနှံများကို စိုက်ပျိုးထားကြခြင်း ဖြစ်သည်။
အဆိုပါ သီးနှံများကို မကြာမှီ ရိတ်သိမ်းရတော့မည် ဖြစ်သော်လည်း စိုက်ပျိုးမြေအများစုမှာ မုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုအတွင်း ပျက်စီးဆုံးရှုံးခဲ့ကြရသည်။
“ ပြီးခဲ့တဲ့ နွေစပါးတုန်းက စကစ စစ်ကြောင်းထိုး မီးရှို့လို့ ပျက်စီးဆုံးရှုံးသွားတယ်၊ အခုတခါ ပဲစိုက်ပြီးတော့ ပြန်လည်ဦးမော့ဖို့ကြိုးစားတဲ့အချိန်မှာ ဆက်ပြီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်တာပေါ့။ အခုကတော့ မိုးစပါးပဲ မျှော်လင့်ချက်ရှိတော့တယ်။ ဒါလည်း ပိုက်ဆံရှိဦးမှလေ” ဟု စစ်ကိုင်းဒေသခံတောင်သူတစ်ဦးက ပြောသည်။

👍5🔥2
တချို့တောင်သူများမှာ နွေသီးနှံစိုက်ပျိုးရန်အတွက် ငွေတိုးချေးကာ သီးနှံရိတ်သိမ်းပြီးမှ ပြန်လည်ပေးဆပ်ရန် စီစဥ်ထားသော်လည်း ယခုအခါ စိုက်ခင်းများ ရေမြုပ်ပျက်စီးမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ ပဲခင်းတွေရဲ့ ဆုံးရှုံးမှုဆို တော်တော်ကြီးတယ်။ ဆုံးရှုံးမှု တန်ဖိုးက တစ်ဧကကို ငါးသိန်းနဲ့ ခြောက်သိန်းကြားလောက်ရှိတယ်၊ တချို့ ဆယ်ဧကလောက်စိုက်တဲ့သူဆို သိန်း ၆၀ လောက် နစ်နာသွားပြီ။ တချို့ဆို ရှိတာလေးတွေ ကုန်သွားတာပေါ့။ အဲ့လိုတွေ ရှိပါတယ်၊” ဟု S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ တာ၀န်ရှိသူက ဆိုသည်။
ထိုသို့အခက်အခဲဖြစ်ပေါ်နေသည့် ဒေသခံတောင်သူများအား လိုအပ်သည့် ကူညီမှုများပေးနိုင်ရန် ဒေသအခြေစိုက်ကူညီရေးအဖွဲ့များက စီစဉ်လျက်ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ် ထောက်ပံမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်မှု ပြင်းထန်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အချို့နေရာများတွင် စစ်ကောင်စီတပ်က အင်တာနက်ဖြတ်တောက်ထားသည့်အတွက် မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်ရရှိမှုနည်းပါးခဲ့သလို ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ရကြောင်း ဒေသခံများက ဆိုသည်။
ထို့အပြင် မုန််တိုင်းတိုက်ခတ်နေစဥ်ကာလအတွင်းမှာပင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူများစွာ မိုးရွာသွန်းမှုကြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။
စစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်ကို “ လူသားစိတ်မဟုတ်ဘဲ တိရစ္ဆာန်စိတ်နဲ့လုပ်တဲ့ လုပ်ရပ်ဆိုတာ ထင်ရှားကြောင်း” NUG ယာယီ သမ္မတ ဒူ၀ါလရှီးလက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများထံ အားပေးစကားပြောကြားရာတွင် ထည့်သွင်းပြောကြားထားသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မေလ ၁၇ ရက်နေ့အထိ ကောက်ယူရရှိထားသည့် အချက်အလက်များအရ ပြည်နယ်နှင့် တိုင်း ခုနစ်ခုတွင် ပြည်သူ ၄၅၅ ဦး သေဆုံးထားကြောင်း NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)

👍4🔥3
မေလ (၁၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:04 - ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီကြောင့်မြန်မာနဲ့ဆက်ဆံရေးအပြင် အာဆီယံရဲ့ရပ်တည်ချက် ပြောင်းလဲသွားနိုင်တဲ့သတင်း
04:35 - လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ခံထားရတာကြောင့် ရိုဟင်ဂျာရာနဲ့ချီသေဆုံးရတာလို့ NUG နဲ့ တက်ကြွလှုပ်ရှားသူတွေ မှတ်ချက်ပြုတဲ့သတင်း
10:06 - အဂတိလိုက်စားမှုနဲ့စွပ်စွဲပြစ်တင်ခဲ့တဲ့ကွန်ဂရက်ကိုအီကွေဒေါသမ္မတဖျက်သိမ်းတဲ့သတင်း
11:33 - နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေးမူအပေါ် ခိုင်မာစွာရပ်တည်မယ်လို့ အပစ်ရပ် ၇ဖွဲ့ထုတ်ပြန်တဲ့သတင်းတွေအပါအဝင်စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေး ပါတော့မယ်။
https://youtu.be/QW1ei6OAEYY

YouTube
မေလ (၁၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:04 - ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီကြောင့်မြန်မာနဲ့ဆက်ဆံရေးအပြင် အာဆီယံရဲ့ရပ်တည်ချက် ပြောင်းလဲသွားနိုင်တဲ့သတင်း
04:35 - လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ခံထားရတာကြောင့် ရိုဟင်ဂျာရာနဲ့ချီသေဆုံးရတာလို့ NUG နဲ့ တက်ကြွလှုပ်ရှားသူတွေ မှတ်ချက်ပြုတဲ့သတင်း
10:06…

👍5😁1🤣1
ရွှေဘိုတွင် စစ်ကောင်စီတပ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိဟုဆို
ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း Flying Dragon Force တပ်ဖွဲ့ထံမှ သိရသည်။
ရွှေဘိုမြို့၊ နန်းတော်ရာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ ရွှေဘိုမြို့ နန်းတော်ထဲမှာ တပ်စွဲထားတဲ့ စကစ(စစ်ကောင်စီတပ်) အဖွဲ့ မူးယစ်သောက်စားနေတဲ့အချိန် တိုက်ခိုက်တာဖြစ်ပါတယ်။ အဲ့ဒီ့နေရာမှာ စစ်တပ်က တပ်စွဲထားတာ ကြာပါပြီ။ “ ဟု FDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။
ရွှေဘိုမြို့ နန်းတော်ရာအတွင်းတွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တပ်စွဲထားသည်မှာ လချီအချိန်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။
ထိုသို့ တပ်စွဲထားသည့် နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က ပြည်သူများအား ဖမ်းဆီးမှုများ ပြုလုပ်ကာ ငွေဖြင့် ပြန်လည်ရွေးယူခိုင်းခြင်းအပြင် အခြားဖိနှိပ်မှုများကို လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့၏ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း FDF တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
“ သေဆုံးမှုကို မျက်မြင်လဲတွေ့ခဲ့သလို အထောက်ကနေလဲအတည်ပြုနိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီး မနေ့က ညပိုင်းမှာ မြို့ထဲကနေ သေနတ်သံနဲ့ ပေါက်ကွဲသံထွက်ပေါ်မှုတွေ ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ကာကွယ်ရေးတပ်ဘက်က ပြောကြားထားသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်အတူ Snake Eyes PDF ၊မဟူရာရွှေဘိုသား ၊ဒေါင်းမာန် ၊ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နောင်ရိုး Army၊ တန (၂) မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာအချို့တွင်လည်း ယမန်နေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး ဖမ်းဆီးခံရသူများရှိနေသလို ဒေသခံပြည်သူအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရွှေဘိုမြို့
#စစ်ကောင်စီတပ်
#လက်ပစ်ဗုံး
#တိုက်ခိုက်
#နန်းတော်ရာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12😁2👏1
ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်တွင် ကန့်ဘလူ (၆၀၀၆) အမြောက်တပ်နှင့် မြေပြင်စစ်ကြောင်းထိုး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်သည်။
မေလ ၁၇ ရက် နံနက် ၇ နာရီခန့်တွင် စစ်ကောင်စီ၏ (၆၀၀၆) အမြောက်တပ်က ဟောင်ဝစ်ဇာအမြောက်ဖြင့် ပစ်ခတ်ခဲ့ရာ ထန်းကုန်းတိုက်နယ်၊ ထိန်တောရွာမှ ကွမ်းခြံထဲ၌ ဆေးဖြန်းနေသည့် အသက် ၂၆ နှစ် အရွယ် လင်မယားနှစ်ဦး ထိမှန်ခဲ့ပြီး အမျိုးသမီးမှာဆေးရုံ၌ သေဆုံးခဲ့ကာ အမျိုးသားမှာမူ ကုသမှု ခံယူနေရဆဲ ဖြစ်သည်။
ယင်းနေ့ နံနက် ၇ နာရီခွဲခန့်ကလည်း ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်းနှင့် ရွာသစ်ကုန်း ကျေးရွာများမှ စစ်ရှောင်အမျိုးသားနှစ်ဦး ယော၊ လယ်လှဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးစစ်ကြောင်းနှင့် တည့်တည့်တိုးမိ၍ ပစ်ခတ်ခံခဲ့ရသည်။

🤬3❤2👍1👎1😁1
စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ရွာသစ်ကုန်းရွာမှ ၂၇ နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးမှာ ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ကာ ညောင်ပေါင်ရင်းရွာမှ ၁၈နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။
"ဒဏ်ရာရရှိခဲ့တဲ့နှစ်ယောက်နဲ့ပတ်သက်ပြီး အခုထိတော့ ဘာမှမကြားရသေးပါဘူး မြေပြင်ကပဲ အရေးပေါ်ကုသမှု ပေးနေပါတယ်"ဟု ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက မဇ္ဈိမကိုပြောသည်။
ဒေသခံနှစ်ဦးအား ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး စစ်ကြောင်းသည် မေလ ၁၇ ရက်၊ မနက် ၈နာရီခန့်တွင် ထန်းကုန်းတိုက်နယ်၊ ဉာဏ်အင်းရွာအား ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၃ လုံးနှင့် စစ်ရှောင်တဲ ကိုးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ်၊ ကျွန်းပင်ကုန်းရွာ၌ ညအိမ်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၈) စစ်ကြောင်းသည် ယမန်နေ့၊ မေလ ၁၈ ရက် နံနက်ပိုင်းက အသက် ၆၀ အရွယ် ရွာခံအမျိုးသားနှစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် ဇီးကုန်းတိုက်နယ်၊ မကျည်းကုန်းရွာအား ပစ်ခတ်စီးနင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ရွာတွင်း၌ပင် တပ်စွဲထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေမှုများကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တစ်ခုတည်း၌ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ကန့်ဘလူခရိုင်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
Photo - ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(မေလ ၁၇ ရက်နေ့၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များ)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
"ဒဏ်ရာရရှိခဲ့တဲ့နှစ်ယောက်နဲ့ပတ်သက်ပြီး အခုထိတော့ ဘာမှမကြားရသေးပါဘူး မြေပြင်ကပဲ အရေးပေါ်ကုသမှု ပေးနေပါတယ်"ဟု ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက မဇ္ဈိမကိုပြောသည်။
ဒေသခံနှစ်ဦးအား ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီး စစ်ကြောင်းသည် မေလ ၁၇ ရက်၊ မနက် ၈နာရီခန့်တွင် ထန်းကုန်းတိုက်နယ်၊ ဉာဏ်အင်းရွာအား ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၂၃ လုံးနှင့် စစ်ရှောင်တဲ ကိုးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထန်းကုန်းတိုက်နယ်၊ ကျွန်းပင်ကုန်းရွာ၌ ညအိမ်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၈) စစ်ကြောင်းသည် ယမန်နေ့၊ မေလ ၁၈ ရက် နံနက်ပိုင်းက အသက် ၆၀ အရွယ် ရွာခံအမျိုးသားနှစ်ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် ဇီးကုန်းတိုက်နယ်၊ မကျည်းကုန်းရွာအား ပစ်ခတ်စီးနင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ရွာတွင်း၌ပင် တပ်စွဲထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတိုက်ခိုက်မှုအပြင် မြေပြင်မှလည်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေမှုများကြောင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တစ်ခုတည်း၌ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ကျွန်းလှ၊ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#စစ်ကိုင်းတိုင်း
#ကန့်ဘလူခရိုင်
#စစ်ကောင်စီတပ်
#ပစ်ခတ်မှု
Photo - ကျွန်းလှ၊ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(မေလ ၁၇ ရက်နေ့၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်များ)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤬4❤1😁1
သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာတွင် အရပ်သား ၂ဦး ပစ်ခတ်ခံရ၊ ၁ဦးသေဆုံး
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာတွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက အရပ်သားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၁၈ ရက် နံနက် ၈နာရီအချိန်ခန့်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုသည် အနင်းကျေးရွာလမ်းမအတိုင်း ဝင်လာပြီးနောက် ဆိုင်ကယ်စီးနင်းလာသည့် အနင်းရွာသားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် ကိုမိုးဇော်ဦးသည် ဦးခေါင်းတွင် ကျည်ထိမှန်ကာ နေရာတွင် သေဆုံးခဲ့ပြီး ကိုထိုက်စိုး (ခ) နိုင်အဒစ်သည် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“သူတို့(လက်နက်ကိုင်လူတစ်စု) မနေ့ မနက် ၈ နာရီလောက် ရွာထဲဝင်လာတယ်။ ၁၂ ယောက် ၁၃ ယောက်လောက်ရှိမယ်။ အားလုံးလက်နက်တွေပါတယ် အရပ်ဝတ်တွေနဲ့ပဲ။ ကျောပိုးအိတ်တွေလည်း ပါတယ်။ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်ဝင်လာပြီး ၁၀ မိနစ်လောက်ကြာတော့ လက်နက်ငယ်သံ နှစ်ချက်ကြားတယ်။ ဆိုင်ကယ်စီးလာတဲ့ နှစ်ယောက် ပစ်ခံထိပြီး တစ်ယောက်သေတယ်။ အနောက်က တစ်ယောက်ဆိုင်ကယ်ကနေ ကျတော့ ကျန်တဲ့တစ်ယောက်က ထွက်ပြေးတာ ပေါင်မှာထိသွားတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှုအပြီးတွင် အနင်းရွာ နယ်မြေရဲစခန်းမှ လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ကိုင်လူတစ်စုသည် အနင်းရွာထဲမှ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။
"သူတို့ဝင်လာတဲ့အချိန်ကနေ ထွက်သွားတဲ့အချိန်ထိဆို တစ်နာရီလောက်ကြာတယ်။ အဲ့ဒါပြီးပြီးချင်း အလောင်းကို ဘယ်သူမှ မကောက်ရဲကြဘူး” ဟု ဒေသခံက ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကိုမူ မသိရသေးပေ။
“အရပ်၀တ်ဆိုရင်တော့ သေချာ စဉ်းစားဖို့တော့ လိုပြီး။ စစ်ကောင်စီတပ်ဖွဲ့လား ကျနော်တို့ လားပေါ့။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်။ ကျနော်တို့ဘက်ကပဲဖြစ်ဖြစ် ဟိုဘက်(စစ်ကောင်စီ)ကပဲဖြစ်ဖြစ်။ ပြည်သူလူထုကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်ကို လုပ်နေရင်တော့ အပြစ်ပေးအရေးယူရမှာပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မေလ ၁၈ ရက်မတိုင်မီ နှစ်ရက်ခန့်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနင်းရဲစခန်းမှ ကာကွယ်ရေးတပ်််ဖွဲ့များရှိမည်ဟု ယူဆရသည့် နေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအစပ်များသို့ ကျည်ကျရောက်ခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကလည်း အနင်းကျေးရွာတွင်းသို့ လူခြောက်ဦးခန့် ဝင်လာသည့်အတွက် အနင်းရဲစခန်းမှတစ်ဆင့် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အနင်းကျေးရွာအစွန် ခြံတွင် အလုပ်လုပ်နေသည့် အမျိုးသမီး လေးဦး ကျည်စထိမှန်ဒဏ်ရာ ရခဲ့သေးသည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မွန်ပြည်နယ်
#သံဖြူဇရပ်မြို့နယ်

👍8❤1😁1
ယင်းမာပင်မြို့နယ် ရေဘေးသင့်ကျေးရွာ၂ ရွာအား စားသောက်ကုန်များ လှူဒါန်း
KMN
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာနှစ်ရွာမှ အိမ်ခြေ ၆၁၀ အား ယမန်နေ့ မေလ ၁၈ ရက်က စားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။
"ရေဘေးသင့်ပြည်သူတွေအနေနဲ့ အခက်ခဲတွေရှိနေပါတယ်။အိမ်တွေမှာနုံးတွေ ပို့နေတာကြောင့် အိမ်ရှင်းလင်းရေးလုပ်ဖို့ အချိန်ယူနေရပါတယ်။ပျက်စီးမှုအနေနဲ့ အိမ်သုံးပရိဘောဂ တော်တော်များများ ပျက်စီးတယ်ဗျ။လက်ရှိအခြေအနေကတော့ စားသောက်ရေးအတွက် ထမင်းထုပ်လိုအပ်နေပါတယ်" ဟု ၎င်းကဆိုသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ခဲ့သည့် ကျေးရွာများမှဒေသခံများကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။
စားသောက်ကုန်များ လှူဒါန်းမှုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့၊ Western Chindwin Association(WCA)နှင့် Beyond The Chindwin Organization(BCO) တို့က ပူးပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

👍10🔥1😁1
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ယင်းမာပင်မြို့နယ်၊ ယမားချောင်းဘေး ကျေးရွာများဖြစ်သည့် ထန်းတောကြီးရွာ၊ ရေကြည်ပင်ရွာ၊ မြရိပ်ရွာ၊ မြစိမ်းရွာ၊ သဲတောကြီးရွာ၊ ရွှေပန်းခိုင်ရွာ၊ ကောင်းဆင့်ရွာ၊ အုန်းတောရွာစသည့် ကျေးရွာများတွင် ချောင်းရေလျှံကာ ရေကြီးမှုနှင့်ကြုံတွေ့ခဲ့ပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း ဒေသခံများကပြောသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#Mizzima
#စစ်ကိုင်းတိုင်း
#ယင်းမာပင်
Photo - အညာပစ်တိုင်းထောင်လေးများ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#Mizzima
#စစ်ကိုင်းတိုင်း
#ယင်းမာပင်
Photo - အညာပစ်တိုင်းထောင်လေးများ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1😁1
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်း ကြောင်းသဝဏ်လွှာ ဗြိတိန်ဘုရင်ထုတ်ပြန်
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်း ကြောင်းသဝဏ်လွှာ ဗြိတိန်ဘုရင်ချားလ်စ်က ထုတ်ပြန်သည်။
" အခုလိုအကူအညီများစွာလိုအပ်နေတဲ့အချိန်မှာ ကြောက်မက် ဖွယ် ကောင်းတဲ့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသူတွေ အားလုံးအတွက် ကျွန်တော်တို့ သတိရဆုတောင်းပေးနေပါတယ်။ အခုလို အဖြစ်ဆိုးမှာ မိမိတို့ရဲ့ ချစ်ရသူများ ဆုံးရှုံးခဲ့ရတဲ့ အတွက်လည်း နက်ရှိုင်းစွာဝမ်းနည်းကြေကွဲရပါတယ်" ဟု ဗြိတိန်ဘုရင် ချားလ်စ်က ပြောကြားကြောင်း ဗြိတိန်သံရုံးက ထုတ်ပြန်သည်။
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူ ၁၇၅,၀၀၀ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ ၂သန်းခွဲကို အကူအညီ အများဆုံး လိုအပ်နေသူများအတွက် ရေသန့်နှင့် အမိုးအကာများ ထောက်ပံ့ပေးမည်ဖြစ်ပြီး နောက်ဆက်တွဲရောဂါအန္တရာယ်များ လျော့ပါးစေရန် ကူညီပေးမည်ဖြစ် ကြောင်း ဗြိတိန်သံရုံးက ဆိုသည်။
အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ မြေပြင်မှ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးအပ်မည်ဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများ လိုအပ်နေသည့် အသက်ကယ်ထောက်ပံ့မှုကို အမြန်ဆုံးလုပ်ဆောင်မည်ဖြစ် ကြောင်း သံရုံးက ထုတ်ပြန်သည်။

👍18❤2🤮1🥱1