အောင်မြေသာစံမြို့နယ်တွင် အင်ဗာတာဖြင့် ဘက်ထရီအိုးအားသွင်းရာမှ အပူလွန်ကဲပြီးမီးလောင်မှုဖြစ်ပွား
007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ မေလ ၁၉ရက် နံနက်အစောပိုင်းက ခရစ်ယာန်ဘုရားကျောင်းပိုင် အဆောက်အအုံတွင် ဖွင့်လှစ်ထားသော အထည်ဆိုင်တစ်ဆိုင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၈၇ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားရှိ၊ စိန်မိုက်ကယ် ခရစ်ယာန်ဘုရားကျောင်းပိုင် လေးထပ်တိုက်တန်း၏ မြေညီထပ်တွင် ဖွင့်လှစ်ထားသော ဝါဝါ၀င်းအမည်ရှိ အထည်ဆိုင်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
"ဘက္ထရီအိုးကို အင်ဗာတာနဲ့အားသွင်းထားတာကနေ OverLoad ဖြစ်တယ်ထင်တယ်၊ အခန့်မသင့်တော့ ဘက်ထရီအိုးပွင့်ထွက်ပြီး၊ အဲဒီက မီးစတွေက အထည်တွေပေါ်ကူးပြီး မီးလောင်မှုဖြစ်တာပါ" ဟု မီးသတ်ဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက်ကို ကိုးကား၍ မီးသတ်၀န်ထမ်းတစ်ဦးက ပြောသည်။

👍4🔥3❤1
အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ခြောက် စီး၊ ရေသယ်ယာဉ် နှစ် စီး၊ အရန်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့၀င် ၄၀ တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း၊ မီးလောင်မှုကြောင့် ၁၀ ပေ၊ ပေ ၃၀ အကျယ်အ၀န်းရှိသော တိုက်ခန်း(ဆိုင်ခန်း)အတွင်းပိုင်းနှင့် အထည်အလိပ်များ ပျက်စီးပြီး လူထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးအား မီးသတ်ဦးစီးဌာနက ၈၀၀,၀၀၀ကျပ် သတ်မှတ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော ဆိုင်ခန်းပိုင်ရှင်အား အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)ရဲစခန်းတွင် (ပ)၉၃/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#အောင်မြေသာစံမြို့နယ်
#မီးလောင်မှု
Photo CJ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥4👍3
Media is too big
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီကြောင့် မြန်မာနဲ့ဆက်ဆံရေးအပြင် အာဆီယံရဲ့ရပ်တည်ချက် ပြောင်းလဲသွားနိုင်
Watch more detail -
https://youtu.be/OdHbJz0_t3c
#Political #ထိုင်းရွေးကောက်ပွဲ #အနိုင်ရပါတီ #မြန်မာ #အာဆီယံ #VideoNews #shorts #reels

👍13😁4
ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီကြောင့် မြန်မာနဲ့ဆက်ဆံရေးအပြင် အာဆီယံရဲ့ရပ်တည်ချက် ပြောင်းလဲသွားနိုင်
https://youtu.be/OdHbJz0_t3c
https://youtu.be/OdHbJz0_t3c
YouTube
ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီကြောင့် မြန်မာနဲ့ဆက်ဆံရေးအပြင် အာဆီယံရဲ့ရပ်တည်ချက် ပြောင်းလဲသွားနိုင်
မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ အရေးကြီးပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဆောင်ဖို့ ထိုင်းနိုင်ငံက တွန်းအားပေးမယ်လို့ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်…
👍16😁2
မေလ (၁၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04 - မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက်ဝမ်းနည်း ကြောင်းသဝဏ်လွှာ ဗြိတိန်ဘုရင်ထုတ်ပြန်တဲ့သတင်း
02:09 - စစ်ကောင်စီထံ စစ်လက်နက်တွေမရောက်ဖို့ ကုလရဲ့ဆုံးဖြတ်ချက်အတိုင်းလိုက်နာဟု စင်င်္ကာပူကထပ်မံ ဖြေရှင်းတဲ့သတင်း
05:34 - သေဒဏ်ကျနိုင်ကျဉ်းအချို့နှင့်PDF တွေအပါအဝင်၉ ဦး တောင်ငူထောင်အထူးတရားရုံးလုံခြုံရေးအဖွဲ့ကို တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက်လာတဲ့သတင်း
07:55 - ရုရှားရဲ့ဩဇာလွှမ်းမိုးမှုကျဆင်းလာတဲ့ဗဟိုအာရှမှာနေရာဝင်ယူဖို့ တရုတ်ကြိုးစားလာတဲ့ သတင်း တွေအပါအဝင် တခြားစိတ်ဝင်စားစရာသတင်းတွေနဲ့ အရေးကြီးသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။
https://youtu.be/LfcuNPOtGbU

05:34 - သေဒဏ်ကျနိုင်ကျဉ်းအချို့နှင့်PDF တွေအပါအဝင်၉…

👍10😁2
မီဒီယာလုပ်ငန်းရှင်ဂျင်မီလိုင်းက အမှုရင်ဆိုင်ရန် ဗြိတိန်ရှေ့နေငှားခွင့်တောင်းဆိုမှုအပေါ် ဟောင်ကောင်တရားရုံး ပယ်ချ
နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စွဲချက်များကို ခုခံချေပရန် ဗြိတိန်ရှေ့နေတစ်ဦးအားငှားရမ်းလိုသည့် တက်ကြွလှုပ်ရှားသူ မီဒီယာသူဋ္ဌေးကြီး ဂျင်မီလိုင်း၏ ကြိုးပမ်းချက်ကို ဟောင်ကောင်တရားရုံးက မေလ ၁၉ ရက်တွင် ပယ်ချလိုက်သည်။
ဖျက်သိမ်းခံလိုက်ရသည့် Apple Daily သတင်းစာကို တည်ထောင်သူ အသက် ၇၅ နှစ်အရွယ် ဂျင်မီလိုင်းသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရမည်ဖြစ်သည်။ ဟောင်ကောင်တရားရုံးသည် နိုဝင်ဘာလက ဂျင်မီလိုင်အား အမှုအတွက် ဝါရင့်ရှေ့နေ တီမိုသီအိုဝင်ကို ငှားခွင့်ပြုခဲ့သော်လည်း ဟောင်ကောင်၏ နိုင်ငံတော်လုံခြုံရေးအာဏာပိုင်များက တားမြစ်ခဲ့သည်။

👍8🔥3
ရေစကြိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူများလိုက်ပါလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၈ ဦးသေဆုံးဟုဆို
MTO
(မဇ္ဈိမ)။ ။မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကြည့်ကန်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူ များလိုက်ပါလာသည့် ယာဉ် သုံးစီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှစ်ဦးထိ သေဆုံးသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်တွင် အင်အား ၈၀ ခန့်ပါဝင်သည့် ဖောကား သုံးစီးဖြင့် ဇီးတောပျူရွာမှ ဆင်ချောင်းပျူရွာသို့ ထွက်လာစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ သူတို့သွားရာလမ်းကြောင်းတစ်လျှောက်ကို လက်နက်ငယ်တွေ ပစ်ဖောက်ပြီးတော့ လာတာ၊ အဲ့အချိန်မှာ ကျတော်တို့ ရဲဘော်တွေက အနီးကပ်မိုင်းဆွဲခဲ့တာ ယာဉ် သုံးစီး အတန်းလိုက်ကို နောက် နှစ်စီးက ထိထိမိမိမှန်တယ်၊ နောက်ဆုံး အတည်ပြုလို့ ရတာ ရှစ်ယောက်သေတယ်၊ အဲ့အထဲမှာ ရဲ နဲ့ ပျူတွေ အများဆုံး သေတယ်လို့ သိရတယ်။ ဒဏ်ရာ ရတဲ့သူတွေကလည်း ၁၀ ယောက်ထက်မနည်းရှိတယ်” ဟု ပြောသည်။
ယင်းစစ်ကောင်စီယာဉ်တန်းတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူများသည် မုန်တိုင်းကာလအတွင်း ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ ပြုလုပ်ခဲ့သူများဖြစ်ကြောင်း ရေစကြို ပကဖ တာဝန်ရှိသူက ဆိုသည်။
၎င်းက “ ပျက်စီးဆုံးရှုံးမှုတွေကတော့ သူတို့ စစ်ကြေင်းတစ်လျှောက် ရွာတွေကိုဝင်တယ်၊ နေအိမ်တွေကို မွှေနှောက်ရှာဖွေတယ်။ သူတို့ လိုချင်တာရှိရင်ယူသွားတယ်။ သူတို့ မကြိုက်တဲ့ ပုံစံမျိုးတွေတွေ့ ရင် ဖျက်ဆီးသွားတယ်ပေါ့နော်” ဟု ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ များဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြင်းအထန် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရေစကြိုမြို့နယ်
#မိုင်းဆွဲ
#ကြည့်ကန်ကျေးရွာ
#ဒေသကာကွယ်ရေးတပ်ဖွဲ့

👍19😁3👏2
မန္တလေးတွင် ကြိုးဆွဲချသေဆုံးနေသော ပိုင်ရှင်မဲ့အလောင်းတွေ့ရှိ
007
မဇ္စျိမ။ ။မန္တလေးတိုင်း အမရပူရမြို့နယ်တွင် ယနေ့နံနက်ပိုင်းက၊ ကြိုးဆွဲချသေဆုံးနေသော ပိုင်ရှင်မဲ့အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
"လူက လူလတ်ပိုင်းအရွယ်ပါ၊ အလောင်းတွေ့တဲ့အချိန် လတ်လတ် ဆတ်ဆတ်ကြီးပဲရှိသေးတယ်၊ ရုပ်ပျက်ဆင်းပျက်မဖြစ်ဘူး၊ ပိုင်ရှင်မပေါ်သေးဘူးခင်ဗျ" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အမရပူရမြို့နယ် မုပ်ပုလဲကျေးရွာအပိုင် လယ်ကွင်းအတွင်းရှိ သစ်ပင်တစ်ပင်တွင် ကြိုးဆွဲချလျက် သေဆုံးနေခြင်းဖြစ်ပြီး သေဆုံးသူနှင့်သေဆုံးရခြင်း အကြောင်းရင်းကို မသိရသေးပေ။
လက်ရှိတွင် အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး၊ အလောင်းပိုင်ရှင်နှင့်အဆက်အသွယ်ရရန် ကြိုးစားနေကြောင်း၊ ကူညီဆောင်ရွက်ပေးခဲ့သည့် မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်၊ မန္တလေးမြို့တွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး၊ တချို့ဖြစ်စဉ်များတွင် စား၀တ်နေရေးအခက်အခဲကြောင့် ကိုယ့်ကိုယ်ကိုသတ်သေခြင်းများပါ၀င်ကြောင်း သိရသည်။
"ကျုံးရေထဲ ခုန်ချတယ်ဗျာ၊ ရေနစ်သေတဲ့ Case လည်းရှိတယ်၊ အချိန်မီကယ်လိုက်နိုင်တဲ့ Case တွေလည်းအများကြီးပဲ၊ တစ်ခါကဆိုရင် အရှိန်နဲ့မောင်းလာတဲ့ကားရှေ့လှဲချလို့ ဒဏ်ရာရလို့သွားလို့ လုပ်ပေးရတာမျိုးလည်း ရှိတယ်၊ စား၀တ်နေရေးအဆင်မပြေလို့ သတ်သေကြတာလို့ ပြန်သိရတယ်၊ အခု ကြိုးဆွဲချသေတာမျိုးကတော့ ပထမဆုံးပါပဲ" ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာ၀န်ရှိသူက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မန္တလေး
#ကြိုးဆွဲချ
#သေဆုံး
#ပိုင်ရှင်မဲ့အလောင်း
Photo မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့

👍11🔥2❤1
Business Round Up (19 May 2023)
- မြန်မာသင်္ဘောသားများ ဘရာဇီးလ်နိုင်ငံသို့ ဝင်ရောက်လာပါက ကြီးလေးသည့်ပြစ်မှုမြောက်ကြောင်း ဥပဒေထုတ်ပြန်
- တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် သရက်သီးတင်ပို့မှု ယာယီဆိုင်းငံ့
- မုန်တိုင်း ဒဏ်ခံရသူများထဲမှ အနည်းဆုံး လူဦးရေ ၈ သိန်းကို သုံးလအတွင်း အစားစာနှင့် ငွေကြေးများ ကူညီရန်စီစဉ်နေဟု WFP ပြော
- ရော်ဘက်စ်တာ ကော်ဖီစေ့များ ပြတ်လပ်ခြင်းကြောင့် ကော်ဖီဈေးနှုန်းများ မြင့်တက်
- ဗီယက်နမ်က ကျောက်မီးသွေးစက်ရုံအသစ်များကို ခွင့်မပြုတော့ဘဲ LNG ဖြင့်သာ ဓာတ်အား အမြောက်အမြားရန် အစီအစဉ်ရေးဆွဲ
https://youtu.be/FlBrnd2dKEA

- မုန်တိုင်း ဒဏ်ခံရသူများထဲမှ အနည်းဆုံး လူဦးရေ ၈ သိန်းကို သုံးလအတွင်း အစားစာနှင့်…

👍4🔥2❤1
မီဇိုရမ်ပြည်နယ် နိုင်ငံရေးတွင် မြန်မာနိုင်ငံသားများ မပါဝင်ကြရန် CRCH အသိပေး
ပါခွီး
(မဇ္စျိမ) ။ ။အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် နိုင်ငံရေးကိစ္စများတွင် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်ခြင်းမပြုကြရန် ချင်းလွှတ်တော်ကိုယ်စားပြုကော်မတီက မေလ ၁၆ရက်နေ့တွင် အသိပေး ထုတ်ပြန်သည်။
ချင်းလွှတ်တော်ကိုယ်စားလှယ်များသည် မီဇိုရမ်ပြည်နယ်၏ နိုင်ငံရေးကိစ္စများနှင့် လာမည့်အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းမရှိသကဲ့သို့ နောက်နောင်တွင်လည်း ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း ဆိုသည်။
ထို့နည်းအတူ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိခိုလှုံလာကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မီဇိုရမ်ပြည်နယ်၏ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိကြစေရန် သိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“မြန်မာပြည်ဘက်ကနေ လာခိုလှုံသူတွေအနေနဲ့ နိုင်ငံရေးအားပြိုင်မှုမှာ ကြားမညပ်အောင်တော့ ဆင်ခြင်ရမယ်လို့မြင်တယ်။ လူသားချင်းစာနာမှုအကူအညီ ရယူသူကရော၊ ပေးကူသူကပါ politicize မလုပ်တာ အကောင်းဆုံးပါပဲ” ဟု ချင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ကပြောသည်။
အမှန်တကယ် အသက်ရှင်သန်ရေးအတွက် ခက်ခဲသောကြောင့် စစ်ဘေးရှောင်သူများမှာ နယ်မြေခံ ဥပဒေတွေကို မချိုးဖောက်ရဲကြကြောင်း ၊ အစိုးရနှင့်ပြည်သူများ မလိုလားသည့် အလုပ်မျိုးများ မလုပ်ကိုင်ကြကြောင်းဆိုသည်။
အိန္ဒိယနိုင်ငံရောက် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိတို့ ယာယီခိုလှုံနေသည့် ပြည်နယ်၏ ဥပဒေများကို လေးစားလိုက်နာပြီး မည်သည့်ရာဇဝတ်မှုမှ မကျူးလွန်ကြရန်နှင့်မူးယစ်ဆေးဝါး သယ်ယူ ၊ ရောင်းချ ၊ သုံးစွဲခြင်း လုံးဝ ရှောင်ရှားကြရန်် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
မီဇိုရမ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိပြီး အတိုက်အခံနှင့် အစိုးရအကြား မဲဆွယ်မှုနှင့် ဝေဖန်တိုက်ခိုက်မှုများ မြင့်မားလာနေချိန်တွင် ယခုကဲ့သို့ CRCH မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်အတွင်း နေရာဒေသအသီးသီးတွင် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၅၀,၀၀၀ (ငါးသောင်း)ခန့် ခိုလှုံလျက်ရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မီဇိုရမ်ပြည်နယ်
#နိုင်ငံရေး
#မြန်မာနိုင်ငံသား
#CRCH
------------------------

👍12😁2
ထိုင်းဝက်သားခေါက်ဆွဲကြော် နဲ့ သင်္ဘောသီးထောင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 15
https://youtu.be/hVasCL0v9tw

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ ထိုင်းဝက်သားခေါက်ဆွဲကြော် နဲ့ သင်္ဘောသီးထောင်းကြော် ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ထိုင်းဝက်သားခေါက်ဆွဲကြော် နဲ့ သင်္ဘောသီးထောင်းကြော်ကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့်…
👍3👏1🤮1
မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
မိုခါမုန်တိုင်းကြောင့် ရသေ့တောင်တွင် လူ ၁၄ ဦးသေဆုံး
ဂျူချန်း
(မဇ္ဈိမ) ။ ။ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်ကျေးရွာနှင့် ပေါက်တောပြင်ကျေးရွာတို့မှ ၁၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၄ ရက်နေ့တွင် ဒုံးပိုက်ကျေးရွာ ဓမ္မာရုံအတွင်း လေဘေးခိုလှုံနေကြစဉ် ဓမ္မာရုံအဆောက်အဦး ပြို ကျမှုကြောင့် အသက် (၇)နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးကိုးဦး၊ အမျိုးသားလေးဦး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရသည်။
ထိုနေ့၌ပင် ရသေ့တောင်မြို့နယ်၊ ပေါက်တောပြင်ရွာတွင် လေပြင်းတိုက်ကာလဲကျလာသည့် သစ်ပင်ပိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

😢4👍3🔥2❤1
“ ဘုန်းကြီးကျောင်းမှာလေဘေးခိုလှုံရင်း အဆောက်ဦးပိပြီးသေတယ်။ ကျားလေးယောက်၊ မကိုးယောက်။ ရသေ့တောင်မြို့နယ်ထဲကပဲ ပေါက်တောပြင်ရွာမှာ တစ်ဦးသေတယ်။ သစ်ပင်ပိလို့သေတာ” ဟု လေဘေး ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူ ကိုဝေဟင်အောင်က မဇ္ဈိမသို့အတည်ပြု ပြော ကြားသည်။
မိုခါမုန်တိုင်း၏ အားအလွန်ပြင်းသည့်လေတိုက်နှုန်းကြောင့် ရသေ့တောင်မြို့နယ်ရှိ ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းနှင့်လူနေအိမ်အားလုံးနီးပါးပျက်စီးခဲ့ရကာ လက်ရှိအချိန်တွင် နေအိမ် ပျက်စီးခဲ့သည့် ပြည်သူများမှာ နံရံအကာမရှိသဖြင့် မြောင်းတူးကာတုတ်တန်းအပေါ်တွင် မိုးကာစအုပ်ကာ မိုးခိုနေရကြောင်း သိရသည်။
အထက်ပါ သေဆုံးစာရင်းသည် မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိရရှိထားသော အချက်အလက်များ သာဖြစ်ပြီး နောက်ဆက်တွဲကို မဇ္ဈိမအနေဖြင့် ထပ်မံစုံစမ်းနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန် ကြီးဌာနကလည်း မိုခါမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၄၅၅ ဦး သေဆုံးခဲ့ကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မိုခါမုန်တိုင်း
#ရသေ့တောင်
#သေဆုံး
#ဆိုင်ကလုန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
မိုခါမုန်တိုင်း၏ အားအလွန်ပြင်းသည့်လေတိုက်နှုန်းကြောင့် ရသေ့တောင်မြို့နယ်ရှိ ဘာသာရေး အဆောက်အဦးများ၊ စာသင်ကျောင်းနှင့်လူနေအိမ်အားလုံးနီးပါးပျက်စီးခဲ့ရကာ လက်ရှိအချိန်တွင် နေအိမ် ပျက်စီးခဲ့သည့် ပြည်သူများမှာ နံရံအကာမရှိသဖြင့် မြောင်းတူးကာတုတ်တန်းအပေါ်တွင် မိုးကာစအုပ်ကာ မိုးခိုနေရကြောင်း သိရသည်။
အထက်ပါ သေဆုံးစာရင်းသည် မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းအထိရရှိထားသော အချက်အလက်များ သာဖြစ်ပြီး နောက်ဆက်တွဲကို မဇ္ဈိမအနေဖြင့် ထပ်မံစုံစမ်းနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာဝန် ကြီးဌာနကလည်း မိုခါမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းမှ ပြည်သူ ၄၅၅ ဦး သေဆုံးခဲ့ကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မိုခါမုန်တိုင်း
#ရသေ့တောင်
#သေဆုံး
#ဆိုင်ကလုန်း
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬4👍2🔥1
သရက်ကွ ပျူစောထီးစခန်း လုံခြုံရေးဂိတ်ကို တိုက်ခိုက်မှု ၁၁ ဦးထိ သေဆုံးဟုဆို
MTO
(မဇ္ဈိမ)။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကွပျူစောထီးစခန်း မြောက်ဖက်ရှိ လုံခြုံရေးကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင်နှင့် ပျူစောထီး ၁၁ ဦးထိ သေဆုံးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
မေလ ၁၇ ရက်နေ့ ညနေပိုင်းလောက်တွင် အင်အား ၁၃ ဦးခန့် ရှိသည့် သရက်ကွပျူရွာလုံခြုံရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ် လက်ယာက ပြောသည်။
“ ဘုန်ကြီးကျောင်းဘုရားထဲမှာ စစ်သားရော ပျူရောဆို ၁၃ ဦးလောက်ရှိတယ်။ အဲ့ဒါကို ဝင်တိုက်တာ၊ ဒီမနက် ပြန်ပြီး အတည်ပြုတဲ့အခါမှာ စစ်သား ကိုးယောက် ပျူ နှစ်ယောက်သေတယ်၊ နှစ်ယောက်တော့ လွတ်သွားတယ်” ဟုပြောသည်။
မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် စားနပ်ရိက္ခာကို ပင် ထွက်မယူနိုင်ဘဲ ဖြစ်နေကြသည်ဟု ဗိုလ်လက်ယာက ဆိုသည်။
“ ရိက္ခာတောင်ထွက်မယူရဲဘူး၊ ဟိုနေ့ ကလည်း ရိက္ခာလာပို့တဲ့ကားကို မိုင်းဆွဲပြီး ရိက္ခာတွေ သိမ်းလိုက်သေးတယ်” ဟု ဗိုလ်လက်ယာက ပြောသည်။
လက်ရှိအချိန်တွင် မြိုင်မြို့နယ်အတွင်း အင်အား ၉၀ နီးပါး ပါဝင်သည့် စစ်ကြောင်းတစ်ခုရှိနေပြီး ယင်းစစ်ကြောင်းသည် မနက်မလင်းခင် အချိန်များတွင် ကျေးရွာများကို အလစ်အငိုက် ဝင်ရောက်သည့် ပုံစံမျိုး ဆောင်ရွက်နေသော်လည်း ဒေသကာကွယ်ရေးတပ်များက ပြည်သူတွေကို အချိန်မီ ကယ်ထုတ်နိုင်နေသေးကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း(၁) ၊ တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ရင်း(၁ ) ၊ တပ်ခွဲ (၃ )ရင်း(၁)၊ ကိုအောင်ကြီးတပ်ဖွဲ့ နှင့် စက်ြာအဖွဲ့(ပေါက်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြိုင်မြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
#သရက်ကွ
#ပျူစောထီး
#လုံခြုံရေးကင်းစခန်း

👍27👏5❤3😁2
မတ္တရာတွင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ၁ဦး အသတ်ခံရ
007
(မဇ္ဈိမ) ။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်တစ်ဦးသည် ယမန်နေ့ မေလ ၁၈ရက်က နေအိမ်အတွင်းသေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
မတ္တရာမြို့နယ်၊ဝန်စုကျေးရွာအုပ်စု၊ ရေချောင်းဘို့ကျေးရွာမှ မြို့နယ်အဆင့်ပြည်ခိုင်ဖြိုးပါတီအရန်ကော်မတီဝင် ဦးကျော်မင်း(အသက် ၆၉ နှစ်)သည်မေလ ၁၈ ရက်၊ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်း၏ နေအိမ်၌ ရှိနေစဉ်ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဟုသိရသည်။
" မနက်ပိုင်း သူအိမ်ထဲမှာရှိနေတုန်း ဝင်ပစ်သွားတာပါ။ သူ့မိသားစုတော့ အထိအခိုက်မရှိဘူးလို့သိရတယ်၊ သူကတော့ on the spot (ပွဲချင်းပြီး)ပါပဲ။ ဆေးရုံတောင်မရောက်လိုက်ဘူး" ဟု ဒေသခံတစ်ဦးကပြောသည်။
ဦးကျော်မင်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိပြီးအခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် သတင်းရင်းမြစ်ကအတည်ပြုသည်။ဦးကျော်မင်းအား သေနတ်ဖြင့်ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့အစည်းမှ ဖြစ်ကြောင်းမသိရသေးပေ။
၎င်းသည် ဒေသအတွင်း၌ စစ်ကောင်စီလမ်းကြောင်းနှင့်အတူသတင်းပေးလမ်းပြအဖြစ်လိုက်ပါနေခြင်းကြောင့် မကြာခဏသတိပေးခံထားရသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီနှင့် ပူးပေါင်းနေသူများ၊ သတင်းပေးအဖြစ်ရပ်တည်နေသူများအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းရန် တော်လှန်ရေးအင်အားစုများ၊ မြေအောက်ပြောက်ကျားအဖွဲ့များက သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မတ္တရာမြို့နယ်
#ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်

👍18🔥2👏1