Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာကျော်တေးသံရှင် စလင်းဒီယွန် ဆေးရုံတက်နေရတယ်လို့ ပြုပြင်ထားတဲ့ပုံနဲ့ ဖြန့်ဝေနေကြပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6707553265946188/

#Mizzima #Misinformation_Buster #Fake_News #Shorts #Reels #Celine_Dion #Titanic
👍8🔥3
Media is too big
VIEW IN TELEGRAM
မိုခါမုန်တိုင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပုံအဟောင်းတွေနဲ့ဗီဒီယိုအဟောင်းတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန် - https://www.facebook.com/login/?next=https%3A%2F%2Fweb.facebook.com%2FMizzimaDaily%2Fposts%2F6714109305290584&_rdc=1&_rdr

#Mizzima #Misinformation_Buster #Fake_News #Shorts #Reels #Mocha #မိုခါ
😁5👍2
Media is too big
VIEW IN TELEGRAM
ကျားဖြူစစ်ကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်PDF၃၀ခန့်သေဆုံးကာ၃၆ဦးဒဏ်ရာရတယ်လို့ဖြန့်ဝေနေကြပါတယ်

သတင်းအပြည့်အစုံဖတ်ရန် - https://www.facebook.com/MizzimaDaily/posts/6707618985939616

#Mizzima #Misinformation_Buster #Fake_News #Shorts #Reels #PDF #ကျားဖြူ
😁5👍3
​​ကန့်ကွက်မှုများရှိသည့် နမ္မတူ ရေကာတာစီမံကိန်းကို UWSAပိုင် ကုမ္ပဏီက အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟု ထုတ်ပြန်

001
(မဇ္စျိမ)။ ။ ဒေသခံလူမှုအသိုင်းအဝိုင်း၏ အတိုက်အခံပြုလုပ်မှုများကြားမှ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပိုင် ကုမ္ပဏီက နမ္မတူရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုစောင့်ကြည့်ရေးအဖွဲ့ (SSFIM)က ယမန်နေ့ မေလ ၁၈ ရက်တွင် ထုတ်ပြန်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၏မြောက်ဘက် ၂၀ ကီလိုမီတာအကွာရှိ နမ္မတူ မြစ်ငယ်မြစ်ပေါ်တွင် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆိုသည်။
လျှပ်စစ်ဓာတ်အား ၂၁၀ မဂ္ဂါ၀ပ် ထုတ်လုပ်မည့် နမ္မတူ (သီပေါ) ရေကာတာကို ဆောက်လုပ်ရန် UWSA ပိုင် Natural Current Energy Hydropower ကုမ္ပဏီ (NCEH)နှင့် စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အား စီမံရေးဦးစီးဌာနတို့အကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စဆောက်တာကတော့ ၂၀၁၉ လောက်တည်းက စနေတာပါ။ တရား၀င်စာချုပ်ကိုတော့ ၂၀၂၂ ခုနှစ် ဧပြီမှာမှ ချုပ်တာပါ။ လက်ရှိကတော့ စက်ပစ္စည်းတွေ နေရာချတာ၊ မြေတူးတာ မြေဖို့တာ စလုပ်နေပြီရှင့်၊ ၁၀ ရာခိုင်နှုန်းလောက်လို့ ခန့်မှန်းရပါတယ်”ဟု SSFIMက ပြောသည်။
၂၀၂၂ခုနှစ် စာချုပ်ချုပ်ဆိုကတည်းက ရေကာတာ စီမံကိန်းတွင် ကြီးမားသော ၀န်တင်ယာဉ်များ လားရှိုးဘက်မှ ရောက်လာခြင်း၊ မြန်မာစကားမပြောတတ်သော တရုတ်အလုပ်သမား ရာနှင့်ချီ ၀င်ရောက်လာခြင်း စသည့်ထူးခြားသော လှုပ်ရှားမှုများကို ဒေသခံများက သတိပြုမိခဲ့ကြပြီး ယခုစီမံကိန်းသည် တရုတ်ကျောထောက် နောက်ခံဖြစ်သည်ဟူသော ယူဆချက်ကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံနေကြောင်း SSFIM က ဆိုထားသည်။
၂၀၁၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် MyAsia Consulting၏ သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာ ထိခိုက်မှု အစီရင်ခံစာများအရ နမ္မတူရေကာတာသည် တည်ဆောက်မှု ကုန်ကျစရိတ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၃၆ မီလီယံ ရှိကြောင်း သိရသည်။
အဆိုပါ စီမံကိန်းဆောက်လုပ်လွှဲပြောင်းခွင့် (BOT) တွင် မည်သည့် သဘောတူညီချက်များ ပါရှိပြီး NCEH အနေဖြင့် ကုန်ကျစရိတ်များပြားသော စီမံကိန်းအတွက် ငွေကြေးများကို မည်သို့ရရှိထားပုံကို တရား၀င်ထုတ်ဖော်ထားခြင်းမရှိဟု SSFIM က ထောက်ပြထားသည်။
နမ္မတူရေကာတာ စီမံကိန်းသည် တရုတ်-မြန်မာရထားလမ်း စီမံကိန်းအတွက်သာဖြစ်ပြီး ဒေသခံများအတွက် ဆိုးကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးအဖွဲ့ (SSFIM) ပြောရေးဆိုခွင့်ရှိသူ ခမ်းလူက ဝေဖန်သည်။
“ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားတွေ ကိုယ့်ဒေသ သယံဇာတကို စီမံခန့်ခွဲခွင့်ရှိတဲ့ ဖက်ဒရယ်မရမချင်း ဒီစီမံကိန်းနဲ့ အလားတူ စီမံကိန်းတွေကို ရပ်တန့်စေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။
MyAsia Consulting၏ အစီရင်ခံစာတွင် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ထိခိုက်မှု လေ့လာမှုအဆင့်အတွင်း ရေကာတာ စီမံကိန်းနှင့် ပတ်သက်သည့် မြောက်မြားစွာသော ဆိုးကျိုးသက်ရောက်မည့်ဖြစ်စဉ်များကို ဖော်ပြထားသော်လည်း လူထုအား တရား၀င်ချပြထားမှု မရှိသေးကြောင်းလည်း SSFIM ထောက်ပြထားသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ ဒေသခံများနှင့်အတူရပ်တည်ရန်၊ ရေကာတာ တည်ဆောက်ရေးလုပ်ငန်းများကို မည်သည့်နည်းနှင့်မဆို ကူညီတားဆီးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
နမ္မတူမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများကို ရပ်တန့်ပေးရန် ဒေသခံ လက်မှတ် ၁,၈၀၀ ကျော်ပါဝင်သည့် အိတ်ဖွင့်ပေးစာကို ၂၀၂၀ ခုနှစ်အတွင်းကလည်း ဒေသခံများက နိုင်ငံတော်အတိုင်ပင်ခံရုံးသို့ ပေးပို့ခဲ့ကြဖူးသည်။
ယခု နမ္မတူ ရေကာတာစီမံကိန်းသည် နမ္မတူမြစ်ပေါ်တွင် တည်ဆောက်ရန်စီစဥ်ထားသော ရေကာတာစီမံကိန်း ငါးခုအနက် တတိယမြောက် ရေကာတာဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရှမ်းပြည်နယ်
#သီပေါမြို့
#နမ္မတူရေကာတာ
#UWSA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤2😱2🔥1🤮1
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"အဖိနှိပ်ခံတို့ ညီညွတ်ကြ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၆)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#Mizzima
👍12😁4❤3
စစ်ရေးအရှိန်မြှင့်မည့် S.O.F ၏ ၁ လကြာ အထူးလက်ဖြောင့် မွမ်းမံသင်တန်း ပြီးမြောက်

မဇ္ဈိမ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ဦးဆောင်ပြုလုပ်သည့် အထူးလက်ဖြောင့်မွမ်းမံသင်တန်း ပြီးမြောက်သွားပြီဖြစ်၍ သင်တန်းဆင်းပွဲကို KNU တပ်မဟာ(၆) နယ်မြေအတွင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အထူးလက်ဖြောင့်မွမ်းမံသင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့နှင့် MSRF မှ အတွေ့အကြုံရှိ ထူးချွန်စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍ စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံံ၊ ပုံစံမျိုးစုံကို အချိန်တစ်လကြာသည်အထိ လက်တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အထူးလက်ဖြောင့်မွမ်းမံသင်တန်းအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း S.O.F တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
❤22👍11🔥1🥰1😁1
“အဓိကတော့ ရှေ့ဆက်လုပ်မယ့် စစ်ဆင်ရေးတွေမှာ အဓိက အရှိန်မြှင့်နိုင်အောင်၊ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် ရည်ရွယ်တာပါ၊ သမားရိုးကျ စစ်ဆင်ရေးပုံစံ အမြဲတမ်းလုပ်သွားလို့ မရဘူး၊ အဲဒီအပေါ်မှာ တခါတလေလည်း ပြောက်ကျားစစ်နဲ အလစ်အငိုက် အမှည့်ခြွေတဲ့စနစ်နဲ့ သွားရမယ်၊ အလုံးအရင်းနဲ့ တိုက်ခိုက်နိုင်တဲ့ အနေအထား မရှိရင်လည်း စနိုက်ပါနဲ့ အမှည့်ခြွေလို့ရမယ်၊ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လို့ ရမယ်ပေါ့၊ အဲဒါကို ရည်ရွယ်တာပါ” ဟု S.O.F တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့် တပ်ဖွဲ့ဝင် ၃၀ ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်မြေရှိ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


#SOF
#အထူးလက်ဖြောင့်သင့်တန်း
#Mizzima
Photos- S.O.F
❤26👍8🔥1😁1
မေလ( ၂၀ )ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း ရဲဘော်တွေကို NUG က လက်နက်တပ်ဆင်ပေးခဲ့တဲ့သတင်းနဲ့အတူ သေဒဏ်ကျနိုင်ကျဉ်းအချို့နဲ့ PDF တွေအပါအဝင် ၉ ဦး တောင်ငူ‌ထောင် အထူးတရားရုံးလုံခြုံရေးအဖွဲ့ကို တိုက်ခိုက် ထွက်ပြေး လွတ်မြောက်ခဲ့တဲ့သတင်းအပါအဝင် တခြား စိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/xDXWv_a3RRo
👍14😁3