Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မိုခါမုန်တိုင်းသင့် ရခိုင်ဒေသအတွက် အိန္ဒိယက သင်္ဘော ၄ စီးဖြင့် တင်ဆောင်လာသည့် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်း

001
(မဇ္စျိမ)။ ။ မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံက သင်္ဘောလေးစီးဖြင့် တင်ဆောင်လာသည့် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို စစ်ကောင်စီမှ တဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
အိန္ဒိယရေတပ်သ‌င်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့မှာ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်း စုစုပေါင်းတန်ချိန် (၄၀)တန်ခန့်ကို မေလ (၁၈) ရက်နေ့တွင် တင်ဆောင်လာခဲ့ကြောင်း ရန်ကုန်ရှိ အိန္ဒိယနိုင်ငံသံရုံးက ယနေ့ မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Vinay Kumar မှ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ ထိုနေ့ကပင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် စတုတ္ထ အိန္ဒိယရေတပ်သ‌င်္ဘောဖြစ်သည့် INS Gharial မှာမူ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများအပြင် အရေးပေါ်ဆေးဝါးများနှင့် ဆေးပစ္စည်များ ကို ယနေ့ မေလ ၁၉ တွင် တင်ဆောင်လာခဲ့ကြောင်း သိရသည်။
👍13👎4❤3😢2👏1
မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ကူညီမှုကို ကရုဏာစီမံချက်ဖြင့် မေလ ၁၈ရက်တွင် စတင်ခြင်းဖြစ်ကြောင်း အိန္ဒိယသံရုံးက ပြောထားသည်။
အဆိုပါ သင်္ဘောလေးစီးဖြင့် သယ်ဆောင်လာသည့် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများတွင် အရေးပေါ်အတွက်အသုံးပြုရန် မရှိမဖြစ်လိုအပ်သော အသုံးအဆောင်များဖြစ်သည့် စားနပ်ရိက္ခာများ၊ လူသုံးကုန်များပါဝင်သည့်သေတ္တာ ၁၄ လုံး နှင့်အတူ ဆေးသေတ္တာ ၁၆ လုံး ပါဝင်ကြောင်း သိရသည်။
စားနပ်ရိက္ခာများတွင် အသင့်စားခေါက်ဆွဲခြောက်၊ ဆန်၊ နို့မှုန့်၊ သောက်သုံးရေ၊ အသင့်စား အစားအစာများ၊ အဟာရပြည့် ဘီစကွတ်၊ စားသုံးဆီ၊ သကြား၊ ငါးသေတ္တာဗူးများ၊ အသားဗူးများ၊ လဘက်ရည်၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်များ စသည်တို့ပါဝင်ကြောင်း ဖော်ပြထားသည်။
လူသုံးကုန်ပစ္စည်းများတွင်လည်း တာပေါ်လင်စများ၊မိုးကာတဲများ၊ အစွန်းချွတ် ပေါင်ဒါမှုန်များ၊ ပိုးသတ်ဆေးရည်များ၊ ဆပ်ပြာတုံးများ၊ အဝတ်လျှော်ဆပ်ပြာမှုန့်များ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေး ပစ္စည်းများ၊ အမျိုးသမီးသုံး ကျန်းမာရေး ပစ္စည်းများ၊ ချိုင်းထောက်များ၊ ဘီးတပ်ထိုင်ခုံများ၊ လွှစက်များ၊ ရေငုပ်ကရိယာများ၊ မျက်နှာသုတ်ပုဝါများ၊ ရှပ်အင်္ကျီများ၊ စောင်များ၊ ခြေညှပ်ဖိနပ်များ၊ စက်သုံးဆီပေပါများ၊ နေရောင်ခြည်သုံးမီးအိမ်များ၊ ရွှေ့ပြောင်းနိုင်သောမီးစက်များ၊ ရေစုပ်စက်များ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။
ထိုပစ္စည်းများအားလုံးကို ရခိုင်ပြည်နယ်သို့ လေယာဉ်ဖြင့် ချက်ခြင်းသယ်ပို့ပေးပြီး မုန်တိုင်းဒဏ်ထိခိုက် ခံစားရသည့် လူမှုအသိုင်းအဝန်းများကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးက ဆိုထားသည်။
မိုခါမုန်တိုင်းပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက်ပိုင်းတွင် လူဦးရေ ၁၅၀,၀၀၀ ခန့် မုန်တိုင်းဒဏ်ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရသည်ဟု ခန့်မှန်းရကြောင်း UN OCHA Myanmarက မေလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်

#မိုခါ
#မိုခါအိန္ဒိယကူညီကယ်ဆယ်ရေး
#Mizzima
❤9👍2👏1😢1
ဒီတပတ်ရဲ့My india အစီအစဉ်မှာတော့

-အိန္ဒိယနိုင်ငံ အူတာပရာဒေ့ရှ်ပြည်နယ် ဘရစ်ဂျ်ဒေသမှာ ထောင်ပေါင်းများစွာသော လူများက ရိုးရာတေးသီချင်းများနဲ့အတူ ကခုန်ပြီး ဟိုလီပွဲတော်ကို ဆင်နွှဲနေသော မြင်ကွင်း
-နယူးဒေလီ ဒေသခံများက ကျန်းမာတဲ့ ဘဝနေထိုင်မှုကို မြှင့်တင်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို စက်ဘီးစီးပွဲတစ်ခုမှာပါဝင်ခဲ့ကြ
-အမျိုးဇာတ်နဲ့ ဘာသာရေးအတားအဆီးများကို ကျော်လွန်ပြီး ဟီမာချယ်ပရာဒေ့ရှ်ရဲ့ ရိုင်ပူမြို့က လူအများက Thakur Satyanarayan Kapuriya ဘုရားကျောင်းမှာ မူဆလင်မင်္ဂလာပွဲတစ်ခုကို အစ္စလာမ်မစ်ဓလေ့ထုံးတမ်းများနဲ့အညီ ကျင်းပခွင့်ပြုခဲ့
-U.Sအတွင်းဝန် အန်သိုနီဘလင်ကန်က U.Sသံရုံးရဲ့ အစီအစဉ်နဲ့ အိန္ဒိယရဲ့ နာမည်ကျော် အော်တို၃ဘီး စီးနင်းခြင်းအရသာကို နယူဒေလီမှာ ခံစားကြည့်ခဲ့
-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ
အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/kuTnoTFAht4
👍12❤2🔥1😁1
​​ဒုက္ခမှ သမူဟသို့၊ အတိတ်မှ သင်ယူပြီး ခွင့်တူညီမျှ လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်း

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစပြီး Generation Z တွေဟာ တိုင်းရင်းသားရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကနေ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို တောင်းဆိုလာကြတာနဲ့အတူ အရေးပါတဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုတွေ ရှိလာခဲ့ပါတယ်။ ဗမာလူငယ်တွေဟာ ကိုးကွယ်ရာ ဗုဒ္ဓဘာသာရဲ့ မိရိုးဖလာ အယူအဆနဲ့ အသင်းအဖွဲ့တွေကို စောဒက တက်လာကြပြီး ထင်ရှားတဲ့ ဘုန်းကြီးတွေကို လူမှုပြစ်ဒဏ် ခတ်ဖို့ တောင်းဆိုလာခဲ့ကြတဲ့အထိပါပဲ။ သီတဂူဆရာတော်လို ဘုန်းကြီးတွေဟာ မြန်မာစစ်တပ်ရဲ့ အပေါင်းပါတွေပဲလို့ ရှုမြင်ကြပါတယ်။
👍23🔥1😁1
​​မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ပြည်သူ ၃ ဒသမ ၂ သန်း အကူအညီ လိုအပ်နေဟု ယူနီဆက်ဖ် ပြော

မေ ၁၄ ရက်က ရခိုင်ပြည်နယ်ဆီ ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါ နောက်ပိုင်း၌ ပြည်သူ ၃ ဒသမ ၂ သန်းသည် အလွန်တရာ ခုခံအားနည်းပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီများ လိုအပ်နေဖွယ် ရှိကြောင်း မေ ၁၇ ရက်က ထုတ်ပြန်သည့် ယူနီဆက်ဖ်၏ မြန်မာ လူသားချင်း စာနာထောက်ထားရေး အခြေအနေ အစီရင်ခံစာအရ သိရသည်။
👍6🔥4
မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ သေဆုံး

YT
(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ စဝေ ကျွန်းတောကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး၍ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင် ခမရ (၅၉၉)၊ ခမရ(၅၉၀)၊ တပ်မ(၄၄) နှင့် ခလရ(၄၈) တို့မှ စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းသို့ လက်နက်ကြီး အလုံးရေ ၂၀ ကျော် ပစ်ခတ်ကာ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်ကြီးကျည်ထိမှန်၍ ကျေးရွာမှ အသက် ၁၄ နှစ်အရွယ်ရှိ မင်းရဲဆက် (ခ) သားငယ်လေး သေဆုံးခဲ့ရပြီး အသက် ၁၈ နှစ်အရွယ်ရှိ ကိုမြင့်မြတ်သူနှင့် အသက် ၄၀ ကျော်အရွယ်ရှိ မလှစန်းတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း အဆောက်အအုံတစ်လုံး၊ ဒေသခံအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
👍5🔥3❤1😁1
" စဝေ ဘက်ကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးတွေနဲ့ပစ်တာ ဒေသခံတစ်ယောက်သေတယ်။ နာမည်က သားငယ်လေး။ ကျွန်းတောက အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက် ဒဏ်ရာရထားတယ်။ လူမနေတဲ့အိမ်တစ်လုံးပျက်စီးသွားတယ်။ စဝေ ဘုန်းကြီးကျောင်းက ဒေသခံသုံးယောက်ကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ဖမ်းထားတယ်" ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်သည် စဝေ ကျွန်းတောကျေးရွာအတွင်း ဝင်ရောက်အထိုင်ချကာ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်နေ၍ စဝေ ကျွန်းတော၊ နှောင်ကုန်း၊ တောင်စု၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်း၊ ညောင်ပင်သာကျေးရွာတို့မှ ဒေသခံပြည်သူ ဦးရေ ၁၄,၀၀၀ နီးပါး ဘေးလွတ်ရာ အနီးရှိ တောစပ်များသို့ သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ထို့နောက် မေလ ၁၈ ရက် နေ့လယ်၂ နာရီဝန်းကျင်တွင် စဝေကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် KNLA၊ PDF များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အထိအခိုက်များခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
" စဝေတိုက်ပွဲမှာ KNLA ဘက်က တစ်ယောက်ထိခိုက်ဒဏ်ရာရထားတယ်။ စစ်သားတွေကတော့ လဲကျနေတာ အတုံးအရုံးပဲ။ အတိအကျတော့ မသိရဘူး" ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုသည်။
ထို့ပြင် မေလ ၉ ရက်နေ့၊ နံနက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လယ်ဝိုင်းကျေးရွာအတွင်းရှိ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊ မူကြိုကျောင်း၊ ဘုံပစ္စည်းထားရာ အဆောက်အဦးအားလုံးတို့အပြင် ဒေသခံနေအိမ် ၄၂ လုံးခန့် ရွာလုံးကျွတ် မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzim
#စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်
#မုန်းမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6👍5😁1
Mizzima Weekly Sports အစီအစဉ်

-တရုတ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာခံနေရတဲ့ တောင်ကိုးရီးယား ဘောလုံးသမား

-မြက်ခင်းစိမ်းနဲ့ တစ်နှစ်ကြာ ဝေးကွာခဲ့ပြီးနောက် ပထမဆုံးပွဲမှာပဲ ဒဏ်ရာပြန်ရခဲ့တဲ့ ပေါ့ဂ်ဘာ

-ယူရိုပါလိဂ်ဖိုင်နယ်မှာတွေ့ဆုံကြမယ့် ရိုးမားနဲ့ ဆီဗီလာ

-ဒီကလန်ရိုက်စ်ကိုခေါ်ယူဖို့ ကြိုးစားသွားမယ့် အာဆင်နယ်အသင်းရဲ့ အကြောင်းတွေအပါအဝင် စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/mpMD0gF7s84
👍6🔥2
​​ခင်ဦးတွင် စစ်ကောင်စီတပ်က ၁ ရက်တည်းတွင် ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံထောင်ချီထွက်ပြေးနေရ

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၁၉ ရက် တစ်ရက်တည်းတွင် ကျေးရွာ နှစ်ရွာကို မီးရှို့ ဖျက်ဆီးခဲ့၍ အနီးရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာဘက်မှ လာသည့် စစ်ကောင်စီနှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ယမန်နေ့ နေ့လယ်ပိုင်းတွင် အောင်ချမ်းသားကျေးရွာ နှင့် ညနေပိုင်း တွင် ကံသစ်ကျေးရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“အောင်ချမ်းသာရွာမှာ နေအိမ် နှစ်လုံး ၊သုံးလုံးလောက်ပဲ ရှို့သွားတယ်ကြားတယ်။ ညနေပိုင်းမှာ ကံသစ်ကျေး ရွာကို ဝင်တယ် ။ အဲ့ညနေပိုင်းက စပြီး မီးတင်ရှို့တယ် ညလုံးပေါက်လည်းရှို့တယ်။ဒီနေ့ မနက်ပိုင်းမှာလည်း ရှို့ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ကံသစ်ကျေးရွာ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
၎င်းက “ကံသစ်ကျေးရွာ ရဲ့ ပျက်စီးမှုကိုတော့ မသိရသေးဘူး။ ဒေသခံတွေ ရှင်းလင်းရေး မဝင်ရသေးတာကော ပြန်မရောက်ကြသေးတာရောကြောင့် မသိရသေးဘူး” ဟု ပြောသည်။
ထိုစစ်ကောင်စီစစ်ကြောင်းသည် ယနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းတွင် ခင်ဦး-ရေဦး ကားလမ်းအတိုင်း ရေဦးနယ်ဘက်သို့ ထွက်ခွာသွားပြီး လမ်းတစ်လျှောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းသည် ရွှေ့ဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာမှနေအိမ်များ ဆိုင်ကယ်များ ထော်လာဂျီများကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် လိပ်ရကုန်းကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့သေးကြောင်းသိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ခင်ဦးမြို့နယ်
#ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး
#ဒေသခံများထွက်ပြေးနေရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬17🔥2😁1
​​အုတ်ဖိုမြို့မှ လူငယ်ဇနီး‌မောင်နှံကိုPDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးကာ စစ်ကောင်စီက သတ်ဖြတ်သွားဟု ဆို

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှ လူငယ်ဇနီး‌မောင်နှံနှစ်ဦးကို PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများနှင့် ပဲခူးတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
အုတ်ဖိုမြို့၊ဝိုင်းကျေးရွာအုပ်စု၊ တံငါကုန်းရွာမှ ကိုမြမင်းထက်နှင့် မသက်သက်ဦးကို ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့တွင် ကြို့ပင်ကောက်မြို့၊သာစည်ကျေးရွာအနီး၌ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
" ဖမ်းသွားပြီး ပြည် ဒကစ ကိုအရင်ခေါ်သွားတယ်။ ပြီးမှ ခမရ(၆)ထဲပြန်ခေါ်လာပြီးဖမ်းထားတာ။ မနေ့ကတော့ လင်မယားစုံတွဲကို ရိုးမထဲက PDF စခန်းတွေကိုလိုက်ပြဖို့ဆိုပြီးခေါ်လာပြီး သတ်ပစ်လိုက်တာပါ”ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးကပြောသည်။
ကိုမြမင်းထက်သည် အသက် ၂၀ခန့်နှင့် မသက်သက်ဦးသည် အသက်၁၈နှစ်ခန့်သာရှိသေးသည့် ဇနီးမောင်နှံဖြစ်သည်ဟု သိရသည်။စစ်ကောင်စီတပ်က မေလ ၁၉ ရက် နေ့လယ်တွင် ကိုမြမင်းထက်နှင့် မသက်သက်ဦးတို့ကို ပဲခိုးရိုးမထဲမှ PDF စခန်းများကို လိုက်ပြခိုင်းပြီး ပဲခူးရိုးမအစပ်ရှိ အုတ်ဖိုမြို့နယ်အပိုင် ကိုင်းချိုကြီးနှင့် လက်ပံပင်ခုန်ကျေးရွာကြား၌ ပစ်သတ်ခဲ့သည်ဟု သတင်းရရှိထားကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
"လင်မယားနှစ်ဦးသတ်ခံရတယ်ဆိုတာက ကောင်မလေးအော်သံကိုလည်းကြားလိုက်ရတယ်။ နောက်ပြီး ဒီစစ်ကြောင်းပြန်ဆင်းသွားချိန်မှာ ခေါ်လာတဲ့လင်မယားနှစ်ဦးလည်းပြန်ပါမလာဘူး။ ပစ်ခတ်သံလည်းကြားရတယ်။ ဒီမနက်မှာကျွန်တော်တို့ဘက်က အလောင်းလိုက်ရှာနေပါတယ်" ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ယနေ့မေလ ၂၀ရက်တွင် မဇ္ဈိမကိုပြောသည်။
အမျိုးသမီးဖြစ်သူအား မသတ်ခင် စစ်ကောင်စတပ်ဖွဲ့ဘက်က အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ကိုမြမင်းထက်နှင့် မသက်သက်ဦးဖမ်းဆီးခံရစဉ် မေလ ၁၀ရက်က ကိုမောင်မင်း၊ ကိုကတုံးဆိုသူလည်း ပါဝင်ခဲ့ကြောင်း၊ ကိုကတုံးသည် ထွက်ပြေးရန် ကြိုစားစဉ် စစ်ကောင်စီက ပစ်သတ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။ကိုမောင်မင်းသည် ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
အဆိုပါ ပစ်ခတ်သတ်ဖြတ်ခံရမှုများနှင့်နောက်ဆက်တွဲအခြေအနေများကို အတိအကျသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီတပ်များသည် ပဲခူးရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား နှိမ်နင်းနိုင်ရန် နည်းမျိုးစုံဖြင့်ကြိုးပမ်းလျက်ရှိပြီး မသင်္ကာသူ အရပ်သားများကိုလည်းဖမ်းဆီးသတ်ဖြတ်မှုများရှိသည်ဟု ဒေသခံများကပြောသည်။လက်ရှိတွင် ပေါင်းတည်မြို့နယ်နှင့် ထိစပ်နေသော ပဲခူးရိုးမအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးအခြေအနေတင်းမာနေသည်။
စာတည်း - မောင်ကြီး
#mizzima
#အုတ်ဖိုမြို့နယ်
#လူငယ်ဇနီး‌မောင်နှံ
#စစ်ကောင်စီ
#ဖမ်းဆီးသတ်ဖြတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬18👍3❤1😁1😢1
​​မိုခါ ဆိုင်ကလုန်းနောက်ပိုင်း လူ ၈၀၀,၀၀၀ ကို အကူအညီများ ထောက်ပံ့ရန် WFP စီစဉ်

မိုချာဆိုင်ကလုန်းမုန်တိုင်း ကြုံတွေ့ခဲ့ရသော အနည်းဆုံး လူ ၈၀၀,၀၀၀ ကို သုံးလအတွင်း စားနပ်ရိက္ခာနှင့် ငွေရေးကြေးရေး အကူအညီများ ထောက်ပံ့သွားရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က စီစဉ်ထားကြောင်း မေ ၁၉ ရက် ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မုန်တိုင်းနောက် နေအိမ်များမှ စွန့်ပြေးရသူ အနည်းဆုံး လူ ၃၆၀,၀၀၀ နှင့် ဝင်ငွေနည်းပြီး ခုခံနိုင်မှု နည်းပါးသည် လူ ၄၄၀,၀၀၀ ကို အရေးပေါ် အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုသည်။
👍12🔥1
​​လူ့အခွင့်အရေးဥပဒေကို လိုက်နာပေးရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆို

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်အတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လိုက်နာပေးကြရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်း ၃၀ က စာထုတ်တောင်းဆိုထားသည်။
“နိုင်ငံရေးအခြေအနေအရ သတင်းဖော်ပြမှု အားနည်းလို့ နှစ်နှစ်တာ ကာလမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့အရာတွေက ဆိုးရွားလာတယ်” ဟု အမည်မဖော်လိုသော သျှမ်းတက်ကြွလှုပ်ရှားသူများအဖွဲ့ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့မှ ဦးဝါလနှင့် အရပ်သားအချို့အား ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့က ဧပြီလ အတွင်းတွင် ဖမ်းဆီးသွားပြီး မေလ ၉ ရက်နေ့တွင် ဦးဝါလ အား လက်ပြန်ကြိုးတုပ်ကာ သစ်ပင်တွင် တွဲလောင်းချည်ပြီး အောက်ကနေ မီးမြှိုက်ကာ SSPP/SSA မှ တပ်သားများက မေးမြန်းစစ်ဆေးနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံံ့နှံံ့ခဲ့သည်။
ယင်းဖြစ်စဉ်သည် စစ်စည်းမျဉ်းစည်းကမ်းနှင့် လူ့အခွင့်ရေးဆိုင်ရာ ဥပဒေတို့ကို ချိုးဖောက်ကျူးလွန်နေပြီး ထိုဖြစ်စဉ်ထဲမှ ဦးဝါလအပါအဝင် ဖမ်းဆီးခံ အရပ်သားများအားလုံး ပြန်လည်လွှတ်ပေးရန်၊ နစ်နာသူများနှင့် မိသားစုဝင်များအတွက် ကျူးလွန်သည့် အဖွဲ့အစည်းများမှ တာဝန်ယူပေးရန် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားကြသည်။
ထိုဖြစ်စဉ်နှင့် အလားတူ လက်နက်ကိုင် အဖွဲ့အစည်းများမှ လူ့အခွင့်အရေးချိုးဖောက်ခြင်းကို ကျူးလွန်ထားသည့် အမှုပေါင်း ၃၀ ကျော်ကို စာရင်းကောက်ယူရရှိထားပြီး မည်သည့်အဖွဲ့မှ ကျူးလွန်ခဲ့သည်ကိုမူ အချက်အလက်သက်သေများ စုဆောင်းဆဲဖြစ်ကြောင်း ပြည်ပရောက် သျှမ်းအမျိုးသားရေးတက်ကြွလှုပ်ရှားသူများကွန်ရက် (Oversea Shan Patriotic Network) မှ ပြောခွင့်ရသူ နန်းမောက်ဟွမ်က ပြောသည်။
“အချက်အလက် သက်သေတွေ စုစည်းနေဆဲပါ။ ကျမတို့ စာထုတ်ပြီးတဲ့နောက် ထွက်ပေါ်လာမယ့်ရလဒ်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း ပြောင်းလဲမှုရှိမရှိ စောင့်ကြည့်နေပါတယ်” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများမှ ဖိအားပေးခြိမ်းခြောက်မှုများမှာ လက်လှမ်းမမီနိုင်သည့် ဖြစ်ရပ်များလည်း ရှိကြောင်း သိရသည်။
ဖမ်းဆီးနှိပ်စက်ခံရခြင်းများတွင် ရှမ်းလူမျိုးတစ်မျိုးတည်းသာမက အခြားသော တိုင်းရင်းသားလူမျိုးစုများလည်း ပါဝင်ကြောင်း ဆိုသည်။
အရပ်သားများအား စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ခြင်းအပြင် အမျိုးသမီးများအား လိင်စော်ကားမှုများပြုလုပ်ခြင်းနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းနေမှုများ၊ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်နေသည့် လုပ်ရပ်များလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာ၌ SSPP/SSA မှ တပ်သားသစ််များ စုဆောင်းခဲ့ရာ ရွာသား ၆၀ ခန့်ကို ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
စစ်စည်းမျဉ်းဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများအား လိုက်နာပေးကြရန် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးများ ချိုးဖောက်ကျူးလွန်နေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးထံသို့ ရှမ်း၊ ဓနု၊ လားဟူ၊ ရှမ်းနီ၊ တအာင်း စသည့် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၃၀ ခုမှ စုပေါင်းတောင်းဆိုထားကြခြင်းဖြစ်သည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရှမ်းပြည်နယ်
#SSPP/SSA
#လူ့အခွင့်အရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍5🔥5
Global Brand Ambassador အားလုံးတက်ရောက်ခဲ့တဲ့ Bulgari ပွဲ Cele City - Episode 19

BTS အဖွဲ့ဝင် JUNGKOOK နှင့် Calvin Klein Brand

👉Global Brand Ambassador အားလုံးတက်ရောက်ခဲ့တဲ့ Bulgari ပွဲ

👉ထိုင်းလူငယ်တွေကြား ပြန်လည်ရေပန်းစားနေတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကသီချင်း အကြောင်း

https://youtu.be/d1lcvEMJvLY
👍9🔥2