Media is too big
VIEW IN TELEGRAM
Global Brand Ambassador အားလုံးတက်ရောက်ခဲ့တဲ့ Bulgari ပွဲ
Full Video Link - https://youtu.be/d1lcvEMJvLY
#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts

🔥3
Media is too big
VIEW IN TELEGRAM
ထိုင်းဝက်သားခေါက်ဆွဲကြော် | Chef Eve's Easy Thai Cooking Show | Ep - 15
Watch more detail- https://youtu.be/81Y5DpOGup8
#Mizzima #reels #shorts #ခေါက်ဆွဲကြော်
#ChefEve’s

👏1🤮1
ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအား စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၁၇၂ လုံး ပြာကျ
KMN
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်က မေလ ၁၉ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၇၂လုံး ပြာကျပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
၎င်း စစ်ကြောင်းသည်မေလ ၁၉ ရက်နေ့တွင် ရွှေဘိုနယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှ ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ရွှေဘို မြို့နယ်ရှိ ကံသာကုန်း၊ လိပ်ရကုန်း စသည့်ကျေးရွာများကိုမီးရှို့ခဲ့ပြီး မေလ ၁၉ရက်နေ့ ညနေပိုင်းတွင် အောင်ချမ်းသာရွာ(မကျီးတုံကုန်း) တွင် သုံး အိမ် ၊ ကံသစ်ကျေးရွာတွင် ၁၇၂အိမ် အား မီးရှို့ခဲ့ကြပြီး ယနေ့ မေလ ၂၀ ရက် နေ့လယ်၂နာရီ ၃၀အချိန်တွင် ရေဦးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
"ကံသစ်ကျေးရွာပြည်သူအများစုဟာ မထင်မှတ်ဘဲ နံနက်စာတောင် မစားရခင် ထွက်ပြေးရတာပါ။ အဝတ်အစားနဲ့ စားသောက်စရာတွေ ဘာတစ်မှမသယ်ဆောင်နိုင်ဘဲ အသက်ဘေးလွတ်အောင်ပြေးရတယ်။ အကုန်ပါသွားတယ်လို့သိရတယ်" ဟုခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။
ကံသစ်ကျေးရွာသည် တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ရွာရှိ နေအိမ်ပေါင်း ၅၀၀ အနက် ၃၀၀ ဝန်းကျင် ပြာကျပျက်စီးခဲ့သည်။
၎င်းစစ်ကြောင်းမှ တပ်သားများသည် မေလ ၁၉ ရက်နေ့တွင် ကံသစ်ရွာအရှေ့ဘက် ဆီဆိုင်အနီး သစ်ပင်အောက်တွင် ဝင်ရောက်နေစဉ် ကာကွယ်ရေးတပ်များ၏ မိုင်းနင်းမိခဲ့ပြီး အနည်းဆုံး လေး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်သားများ၏ အလောင်းများကို ကံသစ်ရွာ ကတ္တရာလမ်းတောင်ဘက် လူနေအိမ်အတွင်းထည့်ကာ သစ်သားများ၊ ထင်းများ ၊တာရာများဖြင့် စနစ်တကျ မီးရှို့ထားခဲ့သည်ကို တွေ့ရကြောင်းဒေသခံတစ်ဦးက ပြောကြားသည်။
ခင်ဦးမြို့နယ်တွင် မေလ ၂၀ ရက်နေ့အထိအကြမ်းဖက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၇၄ ရွာအထိ ရှိနေပြီဖြစ်သည်။ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမူကြောင့်
အိမ်ခြေ ၅,၀၀၀ ကျော် ပြာကျပျက်စီး၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိလာကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#Mizzima
#ခင်ဦးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬11👍4🔥1😁1
စစ်ကောင်စီကန့်သတ်ထား၍ မတူပီ မုန်တိုင်းဘေးသင့်ပြည်သူများ အိမ်ဆောက်ပစ္စည်းဝယ်ရန် အခက်ကြုံနေဟုဆို
(မဇ္ဈိမ)။ ။ မိုခါမုန်တိုင်းကြောင့် လေပြင်းတိုက်ခိုက်ခဲ့ပြီး အပျက်အစီးများခဲ့သည့် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများ ပိတ်ဆို့ထား၍ အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်နေသလို ဝယ်ယူရန်လည်း အခက်ကြုံတွေ့နေကြောင်း ဒေသခံများကပြောသည်။
" အိမ်ဆောက်ပစ္စည်းတွေကလည်းမြို့ပေါ်ဆိုင်တွေမှာဝယ်မရတော့ဘူး။ ကုန်ကားတွေလည်းမဝင်တော့ ဒီတိုင်းပဲ နေနေကြတယ်။အကယ်လို့ မိုးသာထပ်ရွာလာရင်ဘယ်လိုနေရမလဲမသိတော့ဘူး’’ဟု ပလက်ဝမြို့နယ် ဖနိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ဖနိုင်ကျေးရွာသည် မိုခါမုန်တိုင်းအရှိန်လေပြင်း ကြောင့် အပျက်အစီးအလွန်များခဲ့ပြီး အိမ်ခြေပေါင်း၂၅၀ ကျော်ရှိသည့်အနက် ၂၃၀ ကျော်ပျက်စီးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် မတူပီမြို့ပေါ်၌ ဖုန်းလိုင်းတချို့သာအသုံးပြု၍ရပြီး အင်တာနက်လိုင်းဖြတ်တောက်ခံထားရ၍ ငွေလွှဲလုပ်ငန်းများလည်းရပ်ဆိုင်းနေသည်ဟု သိရသည်။ ထို့ကြောင့် ဘေးသင့်ဒေသခံများထံသို့ ပြည်တွင်းပြည်ပမှအလှူရှင်များက ငွေလှူ ဒါန်း၍ မရသည့် အခက်အခဲကြုံနေသည်ဟု ဒေသခံများကပြောသည်။
‘’မတူပီမြို့ပေါ်မှာက ငွေလွှဲလုပ်ငန်းတွေနားထားကြတယ်။အခုလည်းတချို့ကပြင်ဆင်ရေးတွေအတွက်ငွေလှူချင်တယ်ပြောထားတာတွေရှိတယ်။ဒါပေမယ့်မတူပီမှာက ပိုက်ဆံရှိရင်လည်း အိမ်ဆောက်ပစ္စည်းဝယ်ဖို့ဘာမှမရှိတော့ဘူးလေ။နောက်ပြီးအရင်ကငွေလွှဲလုပ်ငန်းလုပ်တဲ့သူတွေကိုCDFတွေထောက်ပံ့တယ်ဆိုပြီးဖမ်းဆီးထားတာတွေရှိနေတော့ ငွေလွှဲလုပ်ငန်းလည်းမလုပ်ရဲကြတော့ဘူးဖြစ်နေတယ်’’ဟုလည်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်းဆိုသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က မိုခါ မုန်တိုင်းဘေး ကြိုတင်ကာကွယ်ရေး လုံလောက်အောင်မလုပ်ခဲ့သလို မုန်တိုင်းအလွန်ကာလ၌လည်းမြို့အဝင်အထွက်ကို ဆက်လက်ပိတ်ပင်ထားဆဲဟု ဒေသခံများပြောသည်။
" အခုလိုသာ ဆက်ပိတ်ထားရင် မိုးထဲလေထဲပဲ နေရမယ့် ပုံစံရှိတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်
ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဝင်ရောက်ခဲ့သည်။ မုန်တိုင်းဘေးကြောင့် ချင်းပြည်နယ်တွင် လူနေအိမ် ၁,၇၇၄လုံး၊ ဘာသာရေးအဆောက်အဦ၂၉လုံး၊ ကျန်းမာရေးအဆောက်အဦငါးလုံး၊ စာသင်ကျောင်း ၃၀နှင့် စပါးကျီ၁၉လုံးပျက်စီးခဲ့သည်ဟုကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က မေ ၁၇ရက်က ရရှိသော စာရင်းကို ထုတ်ပြန်ထားသည်။ ထို့အပြင် မုန်းတိုင်းဘေးသင့်ပြည်သူများအတွက် အကူအညီများ လိုအပ်နေသည်ဟု ICNCCက အသိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#မိုခါမုန်တိုင်း
#မတူပီမြို့နယ်
#လမ်းပိတ်ဆို့
#အိမ်ဆောက်ပစ္စည်းပြတ်လပ်

🤬8👍4🔥1😁1
လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၏ ဗဟိုချက်အဖြစ် မြန်မာနိုင်ငံက နာမည်ဆိုး ထွက်လာ
ယခုလအတွင်း၌ အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် အင်ဒိုနီးရှားမှ မြန်မာသို့ လူကုန်ကူးမှု၏ နောက်ကွယ်မှ သံသယရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိသည်။
http://www.mizzimaburmese.com/article/128547
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ယခုလအတွင်း၌ အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် အင်ဒိုနီးရှားမှ မြန်မာသို့ လူကုန်ကူးမှု၏ နောက်ကွယ်မှ သံသယရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးရမိသည်။
http://www.mizzimaburmese.com/article/128547
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
ယူကရိန်းမှ တပ်ဖွဲ့ဝင်များဆုတ်ခွာရေး ရုရှားကို ဖိအားပေးရန် ဂျီ-၇ ခေါင်းဆောင်များက တရုတ်ကို တိုက်တွန်း
ယူကရိန္းနိုင္ငံအား က်ဴးေက်ာ္ဝင္ေရာက္မွုကိုအဆုံးသတ္ေစေရးႏွင့္ ယူကရိန္းပိုင္နက္မွ တပ္ဖြဲ႕မ်ားဆုတ္ခြာေရး ႐ုရွားကို ဖိအားေပးရန္ ဂ်ီ-၇ အဖြဲ႕ ေခါင္းေဆာင္မ်ားက တ႐ုတ္နိုင္ငံကို တိုက္တြန္းလိုက္သည္။
http://www.mizzimaburmese.com/article/128549
------------------------
လြတ္လပ္တဲ့ မီဒီယာအျဖစ္ ရပ္တည္နိုင္ေရး မဇၩိမကို ဝိုင္းဝန္းကူညီေပးဖို့ ဖိတ္ေခၚပါတယ္။ သင္ရဲ့ ကူညီမွုကို ေအာက္ပါလင့္ကို ႏွိပ္ၿပီး လုပ္ေဆာင္နိုင္ပါတယ္။ https://bit.ly/2VhJ12U

👍8😁3
Media is too big
VIEW IN TELEGRAM
သင်္ဘောသီးထောင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 15
Watch more detail- https://youtu.be/81Y5DpOGup8
#Mizzima #reels #shorts #သင်္ဘောသီးထောင်းကြေ #ChefEve’s

👍4🤮1
“ဘာလိုလို့လဲ”လိင်ဆိုင်ရာ အခွင့်အရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေး ပညာရေး ဇာတ်လမ်းတွဲ အပိုင်း -၂
https://youtu.be/qcrfC_DDjKQ
https://youtu.be/qcrfC_DDjKQ
YouTube
“ဘာလိုလို့လဲ”လိင်ဆိုင်ရာ အခွင့်အရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေး ပညာရေး ဇာတ်လမ်းတွဲ အပိုင်း -၂
“သီတာရေစင် ကြည်လင်ပါမှ”ရုပ်သံဇာတ်လမ်းတို
အိမ်တွင်းအကြမ်းဖက်မှု၊ တင်းကြပ်မှုတွေက မိသားစု လူမှုဘဝတွေကို ဘယ်လို ထိခိုက်စေပါသလဲ..?
လိင်အခွင့်အရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးကို ရသ ဇာတ်လမ်းတိုလေးတွေနဲ့ အတူ တင်ဆက်ပေးနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (NMG) က လူငယ်…

👍7🍌2🥰1
ကနီမြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ကျော်အတွက် အမိုးအကာနဲ့ အခြေခံဆေးဝါးများ အရေးပေါ်လိုအပ်နေ ( ရုပ်သံ)
https://youtu.be/iedJfWzVqdQ

KimMung (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ဘေးရှောင် ၁၀,၀၀၀ကျော်အတွက် မိုးကာတဲတွေနဲ့ အခြေခံဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စဒေသခံတွေထံကနေ သိရပါတယ်။
ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁၀,၀၀၀ကျော်ဟာ မေလ ၁၂ ရက်မနက်…

👍10🔥1😁1😢1
ရခိုင်ပြည်နယ်အတွင်း ဆားငန် ရေဝင်နေသည့် ရေကန်များ အရေးပေါ် ရေစုပ်ထုတ်ရန် လိုအပ်နေ
ဂျူချန်း
(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များတွင် မိုခါမုန်တိုင်းကြောင့် ဒီရေတက်လာ၍ ရေချိုကန်များ အတွင်းသို့ ပင်လယ် ဆားငန်ရေများ ၀င်သွားခဲ့ရာ ထိုရေကန်များမှ ရေများ အရေးပေါ်စုပ်ထုတ်ရန် လိုအပ်နေကြောင်း သိရသည်။
ထိုသို့ ဆားငန်ရေ ၀င်ရောက်မှုကြောင့် သောက်သုံးရေ အခက်အခဲများ ရှိနေပြီး ကန်အတွင်းရှိ ရေချိုငါးများလည်း သေဆုံးခဲ့၍ ကျန်းမာရေးအတွက် ကန်များအား သန့်ရှင်းရေး အရေးပေါ်လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသူထံက သိရသည်။
“ရခိုင်ဘက်မှာ အဓိကအားဖြင့် ဒေသခံတွေက ရေကန်တွေကို အမှီပြုပြီးနေကြတာများတယ်။ ရေချိုငါးတွေနေတဲ့နေရာကို ရေငန်က ဝင်သွားတော့ ငါးတွေက ချက်ချင်းသေတာပဲ။ အဲ့ဒါကြောင့် ရေကန်တွေက ရေဆိုးရေညစ်တွေဖြစ်ပြီးတော့ အနံ့တွေတော်တော်နံတယ်” ဟု ရခိုင်ဒေသတွင်း ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသည့် ကိုဝေဟင်အောင်က မဇ္ဈိမ ကိုပြောသည်။

👍8🔥2
မိုးမကျမီ ရေကန်တွင်းရှိ ရေဆိုးများအား မစုပ်ထုတ်နိုင်ပါက ဝမ်းရောဂါဖြစ်ပွားနိုင်သောကြောင့် ၎င်းအနေဖြင့် ယမန်နေ့ မေလ ၁၉ ရက်က ပေါက်တောမြို့နယ်၊ ငပြီကျွန်း သရက်တောရွာ၊ ရသေ့တောင်ရှိ ဒုံးပိုက်ရွာနှင့် စစ်တွေမြို့ရှိ ရေပိုက်ဆုံကျောင်းရှိ ရေကန်များအား ရေစုပ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ယနေ့ မေလ ၂၀ ရက်တွင် ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ရေစုပ်စက် ၂၄ လုံး ဝယ်ယူကာ ရွာသားများ၊ ပရဟိတသမားများနှင့်အတူ ကန်ထဲမှ ရေစုပ်ထုတ်ခြင်းကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ မက်အလာကျကျေးရွာ၊ ကုန်းတန်းကြိမ်းချောင်း၊ ကုလားချောင်းကျေးရွာ၊ ကျွန်းချေကျေးရွာ၊ ဇိတ်ပင်ကျေးရွာ၊ ခမောင်းတောကျေးရွာ စသည့် ကျေးရွာ များတွင်လည်း ရေကန်တွင်းသို့ ဆားငန်ရေဝင်ရောက်နေ၍ သောက်သုံးရေ အရေးပေါ်လိုအပ်လျက်ရှိသည်။
ထိုသို့ သောက်သုံးရေလုံလောက်စွာမရရှိပါက ဝမ်းရောဂါပြဿနာ ဖြစ်လာနိုင်သဖြင့် ထိုဒေသရှိ ရေကန်များမှ ရေဆိုးရေညစ်များအား အဖွဲ့အစည်းတစ်ခုခုမှလာရောက်စုပ်ထုတ်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။
“ခုလက်ရှိ သောက်သုံးရေအမြန်လိုအပ်နေပါတယ်။ ရေကန်တွေမှာ ဆားငန်ရေတွေ ပြည့်ကျပ်နေတယ်။ လောလောဆယ်တော့ ဝမ်းရောဂါမဖြစ်ကြသေးပါဘူး။ နောက်ဆိုဖြစ်မှာ သေချာသလောက်ပါ။ (သောက်ရေ) ဘယ်အဖွဲ့မှ လာမပေးသေးပါဘူး။ ရေကို နည်းမျိုးစုံနဲ့ ရှာသောက်နေရပါတယ်” ဟု ပုဏ္ဏာကျွန်းဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
မြောက်ဦးမြို့နယ်တွင်လည်း တင်းထိန်ရဲရွာ၊ ကုလားချောင်းရွာ၊ ဟင်းခရော်ရွာ၊ ခတောက်ချောင်းရွာ၊ မင်းညာရွာ၊ ဘုရားများရွာ စသည့် ကျေးရွာများတွင် ဆားငန်ရေ များဝင်နေသဖြင့် သောက်သုံးရေအခက်အခဲရှိကြောင်း ဒေသခံများထံက သိရသည်။
စစ်တွေမြို့ရှိ ရေသန့်စက်နှစ်ခုက မီးစက်ဖြင့် ရေသန့်များထုတ်နေသော်လည်း ဒေသခံများအတွက် လုံလောက်မှုမရှိကြောင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သောက်သုံးရေ လှူဒါန်းခြင်းများလုပ်ဆောင်နေသော်လည်း နယ်ဘက်တွင် အိမ်ခြေတိုင်း၊ ရွာတိုင်းရရှိရန်မလွယ်ကူဘဲ သောက်သုံးရေ လိုအပ်လျက်ရှိကြောင်း သိရသည်။
ဆားငန်ရေ ဝင်ရောက်ခဲ့သည့် ကျေးရွာများမှ ဒေသခံများသည် သောက်ရေသုံးရေရရှိရန် ဆားငန်ရေဝင်ရောက်ခြင်းမရှိသည့် ကုန်းမြင့်ပိုင်း ကျေးရွာများသို့ သွားရောက်၍ သော်လည်းကောင်း၊ ဒေသတွင်း ပရဟိတအဖွဲ့အစည်းများမှတစ်ဆင့် သော်လည်းကောင်း ရေ ကို ပုံးကြီးပုံးငယ်များဖြင့် သွားရောက်သယ်ဆောင်ရကြောင်း သိရသည်။
မိုခါမုန်တိုင်း၀င်ရောက်ခဲ့သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင်၊ ပေါက်တော စသည့် မြို့နယ်များတွင် သောက်သုံးရေ လုံလောက်စွာမရရှိဘဲ လူများသာမက တိရိစ္ဆာန်များလည်း ရေဆိုးရေညစ်များ သောက်မိသဖြင့် ကျွဲ၊ နွားသေဆုံးမှုများ ရှိလာကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဆားငန် ရေဝင်

👍12🔥1😢1