မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာမှ စစ်ကောင်စီ အမြောက်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ အမြောက်တပ် ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်းအမှတ် (၂၇) Black Dragon Force က ထုတ်ပြန်ထားသည်။
မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ အမှတ် (၅၀၈) အမြောက်တပ်ကို အဖွဲ့လေးဖွဲ့ခွဲကာ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး ၂၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း တပ်ဖွဲ့၏ စုံစမ်း မှုများအရ သိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးအနားရှိ ကွမ်းခြံများအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဆုံးရှုံးနစ်နာခဲ့သော ပြည်သူများအတွက်
များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယခုတိုက်ခိုက်မှုကို BlackDragon Force နှင့်အတူ Titans People Defense Force ၊ မိုင်းမင်းသား ပြောက်ကျားတပ်ဖွဲ့ ၊ God of Snake ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ(၁) Brother Defense Force ၊ တပ်စိပ် (၃) Moe Hein Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

👍9🔥2😁1
ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာများ ထောက်ပံ့မှုအနည်းအကျဥ်းသာ ရရှိသေး
001
(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည့် ကျေးရွာများမှာ လက်ရှိ အချိန်အထိ ထောက်ပံ့မှုအနည်းအကျဥ်းလောက်သာရရှိသေးပြီး စားနပ်ရိက္ခာနှင့် သောက်သုံးရေ အခက် အခဲများဖြစ်ပေါ်နေကြောင်း မြေပြင်တွင် အကူအညီပေးနေသည့်အဖွဲ့များထံမှ သိရသည်။
လက်ရှိတွင် စားနပ်ရိက္ခာခက်ခဲနေသောနေရာများ၌ စစ်ကောင်စီ၏လှုပ်ရှားမှုများကို မတွေ့ရသေးသကဲ့ သို့ နိုင်ငံတကာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၏ထောက်ပံ့မှုမှာလည်း အနည်းအကျဥ်းသာရရှိသေးကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(CAN) မှ Coordinator ကိုခိုင်ကပြောသည်။
“မြေပြင်အောက်ခြေကို ရောက်နိုင်တဲ့အနေအထားတော့ မတွေ့ရသေးဘူး။ အဖွဲ့အစည်းတွေ data assessment တို့ဘာတို့ကောက်နေတဲ့ အနေအထားပဲရှိသေးတယ်။ response က တော်တော်လေးနည်း တယ်ပြောလို့ရတယ်။ နောက်ကျနေပြီ။ တော်တော်လေး နောက်ကျနေပြီ။ အရေးပေါ်လိုအပ်တဲ့အနေ အထားကို သေသေချာချာရောက်အောင်လုပ်နိုင်တဲ့အနေအထားတော့ ကျွန်တော်တို့ သိပ်မတွေ့ရသေး ဘူး။ အခုသွားပြီးပေးနေတဲ့ ကျွန်တော်တို့လိုအဖွဲ့အစည်းတွေ၊ Local CSO တွေ သွားပေးနေတဲ့ဟာလေး တွေတော့ရှိတယ်။ ဒါပေမဲ့ အဲ့ဒီဟာလေးနဲ့တော့ သိပ်ပြောပလို့မရနိုင်သေးတဲ့ အနေအထားလို့ပြောလို့ရ တယ်” ဟု ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်စသည့်မြို့နယ်တို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင်လည်း မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်(CAN) ကပြောသည်။
စစ်ကောင်စီကမူ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၇၀,၀၀၀
ထောက်ပံ့ထားသကဲ့သို့ အရန်ဆန် တန် ၃,၀၀၀ ကို စစ်သင်္ဘော၊ အရပ်ဘက်ကုန်တင်သင်္ဘောများဖြင့် ပေးပို့လျက်ရှိကြောင်း ပြောဆိုထားသည်။
ထို့ပြင် မေလ ၁၈ ရက်နေ့က အိန္ဒိယရေတပ်မှ စစ်ရေယာဥ်သုံးစီးဖြင့်တင်ဆောင်လာသည့် ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို မုန်တိုင်းသင့်ဒေသများသို့ အမြန်ဆုံးရောက်ရှိစေရေး ထိုနေ့ညနေပိုင်းတွင် စစ်လေယာဥ်ဖြင့် စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ပြီး အမြန်ဆုံးဖြန့်ဝေနိုင်ရေး စီစဥ်နေကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ရသေ့တောင်နှင့် ပေါက်တောမြို့နယ်တို့ရှိ ကျေးရွာများအပါအဝင် မြို့နှင့်ဝေးသည့် ကျေးရွာ များ၌ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာ လိုအပ်ချက်အခက်အခဲများရှိနေသော်လည်း မည်သည့် ထောက်ပံ့မှုမှမရရှိသေးကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအဖွဲ့ကလည်း ပြောသည်။
“မြို့နဲ့ဝေးတဲ့နေရာတွေမှာ တအား အခက်အခဲဖြစ်တယ်။ ဆန်တို့ ဆီတို့ စားသောက်ကုန်တွေကိုလည်း လွယ်လင့်တကူ ဝယ်လို့မရဘူး။ သူတို့နဲ့က
အလှမ်းဝေးတယ်ဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။ အဲ့ဒီနေရာတွေကိုတော့ ကျွန်တော်တို့ ဖောင်ဒေးရှင်းအနေနဲ့ သွားရောက်လှူဒါန်းနေတာရှိပါတယ်။(စစ်ကောင်စီက) မြို့ပေါ်မှာတော့ မုန်တိုင်းမဖြစ်ခင်က စခန်းတွေကိုပတ်ပြီး ဆန်အိတ်ပေးတာတော့ရှိတယ်။ အခုတော့ ဘာမှ
မကြားသေးဘူး”ဟု အဆိုပါ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“လက်ရှိတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့်ကျေးရွာများတွင် ဝမ်းရောဂါစသည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုတွေ့လာရပြီး အခြေခံဆေးဝါးလိုအပ်ချက်လည်းရှိနေကြောင်း မြေပြင်တွင် ကူညီနေသည့် အဖွဲ့များကပြောသည်။
“အခုနောက်ပိုင်းကြားတာတော့ ကန့်သတ်တာတို့ဘာတို့ အများကြီးကြားနေရတယ်။ ဆိုတော့ အထူး သဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့တော့ အဲ့ဒီအကျပ်အတည်းက အနည်းအများကတော့ ရှိလာ မှာပါ။ အဲဒီလိုဆိုရင် အချိန်က ပိုပြီးကြာသွားနိုင်တယ်။ ဒီဟာက လူသားချင်းစာနာထောက်ထားမှုဆိုတော့ နိုင်ငံရေးတွေအများကြီးပါလာရင် လူတွေပိုပြီးဒုက္ခရောက်မယ်” ဟု ACN မှ Coordinator ကိုခိုင်ကဆို သည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်တွင် လူ ၁၄၅ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီက မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#မုန်တိုင်းဒဏ်သင့်ကျေးရွာများ
#ထောက်ပံ့မှု
#ဆိုင်ကလုန်းမုန်တိုင်းမိုခါ

🔥5👍3
မေလ (၂၁) ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
UEC ဒုညွှန်ချုပ်ကို ရှင်းလင်းခဲ့တဲ့ YRF အဖွဲ့ဝင်တွေကို ဖမ်းဆီရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့သတင်း နဲ့အတူ
စစ်တပ်ကဖမ်းဆီးထားတဲ့ အဆိုတော်စောဖိုးခွားပြန်လည် လွတ်မြောက်လာတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။
https://youtu.be/gfxzOg-dqbE

YouTube
မေလ (၂၁) ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
UEC ဒုညွှန်ချုပ်ကို ရှင်းလင်းခဲ့တဲ့ YRF အဖွဲ့ဝင်တွေကို ဖမ်းဆီရမိထားကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့သတင်း နဲ့အတူ
စစ်တပ်ကဖမ်းဆီးထားတဲ့ အဆိုတော်စောဖိုးခွားပြန်လည် လွတ်မြောက်လာတဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့…

👍4🔥3😁2
မုန်တိုင်းဒဏ်သင့်နေရာသို့ နိုင်ငံတကာအကူအညီများ အချိုးကျရောက်ရှိရန်လိုအပ်ကြောင်း NUG ပြော
ဂျူချန်း၊ ရွှေနွယ်
(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်နှင့် မုန်တိုင်းသင့်ဒေသများသို့ အာဆီယံမှပေးလာသော အရေးပေါ်တုံ့ပြန်မှု အကူ အညီများ စနစ်တကျရသင့်ရောက်သင့်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက် ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့သည်လည်း မိုခါမုန်တိုင်းဒဏ်ကိုခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံး မှုများစွာရှိနေသောကြောင့် အဆိုပါဒေသများသို့လည်း အာဆီယံမှပေးအပ်သော အကူအညီများ အချိုးကျ ရသင့်သည်ဟု ဝန်ကြီးကပြောသည်။

👍7😁2
“လူသားချင်းစာနာမှု အကူအညီပေးတယ်ဆိုတာက ခွဲခြားမှုမရှိရဘူး။ တကယ်လိုအပ်နေတဲ့နေရာတွေဆီ တကယ်ရောက်အောင် ပေးနိုင်ရမယ်။ အာဆီယံဆိုတာကလည်း ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အတွက် ကြောင့် ဒီဒေသတွင်းမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို အတွင်းရေးပဲဖြစ်ဖြစ် အပြင်ရေးပဲဖြစ်ဖြစ် ဘယ်လိုကြောင့်ဖြစ်ဖြစ် ပြည်သူဒုက္ခရောက်ပြီဆို ဒုက္ခရောက်နေတဲ့နေရာကို လူသားချင်းစာနာမှု အကူ အညီကို ရောက်အောင်ပေးဖို့ လူသားချင်းစာနာမှု လူ့အခွင့်အရေးတွေနဲ့အညီ ကိုက်ညီအောင်လုပ်ဖို့ တိုက် တွန်းတာဖြစ်တယ်။ ဒါ အင်မတန်အရေးကြီးတယ်” ဟု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် အာဆီယံမှထောက်ပံ့မည့် လူသားချင်းစာနာထောက်ထား မှုအကူအညီများကို ယနေ့ မေလ ၂၁ ရက်တွင် ကုန်စည်ပို့ဆောင်ရေးလေယာဉ်ဖြင့် ပထမအကြိမ်ပို့ဆောင် လိုက်ခြင်းဖြစ်သည်။
နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများသည် စစ်ကောင်စီလက်အောင်တွင်သာ မူအရ ကူညီ ကယ်ဆယ်ခြင်းလုပ်ငန်းများဆောင်ရွက်နေရသဖြင့် တော်လှန်ရေးအားကောင်းသည့်ဒေသများသို့ နိုင်ငံ တကာအကူအညီများ ရောက်ရှိရန်မှာ ရာခိုင်နှုန်းအနည်းငယ်သာရှိကြောင်း ဆိုသည်။
“စစ်ကောင်စီရဲ့ လွှမ်းမိုးမှုရှိတဲ့အတွက်ကြောင့် တကယ်ဒုက္ခရောက်တဲ့နေရာကို သေချာပေါက် အပြည့် အဝ ရောက်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။
အနည်းအကျဉ်းလောက်ကို ဟန်ပြလုပ်မယ်။ သေချာတယ်။ သူတို့အုပ်ချုပ်မှုနယ်မြေ၊ သူတို့ဘက်တော်သားတွေဆီကိုပဲ ရောက်သွားမယ်။ ပြည်သူတွေနဲ့ တကယ် ဒုက္ခ ရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေဘက်တော့ ဘယ်လိုနည်းနဲ့မှ မရောက်နိုင်ဘူး” ဟု ဒေါက်တာ ဝင်းမြတ်အေးက
ပြောသည်။
သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံညှိနှိုင်းဆောင်ရွက်မှု စင်တာ AHA မှ အကူအညီပစ္စည်းများကို ပြင်ဆင်ထားပြီး ဖြစ်ပြီး ထိုင်းနိုင်ငံ Chainat နှင့် မလေးရှားနိုင်ငံ Subang ရှိ အာဆီယံ၏ သဘာဝဘေးအန္တရာယ် အရေးပေါ်ထောက်ပံ့ပို့ဆောင်မှု
ကုန်လှောင်ရုံများတွင် ထားရှိကာ ယနေ့ မေလ ၂၁ ရက်တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မိုခါမုန်တိုင်း တိုက်ခတ်မှုအပြီး နိုင်ငံတကာမှ ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်း စုစုပေါင်းတန်ချိန် ၄၀ တန်ခန့်သည်လည်း အိန္ဒိယရေတပ်သင်္ဘောများဖြစ်သည့် INS Shivalik ၊ INS Kamorta နှင့် INS Savitri တို့ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri
Vinay Kumar မှတဆင့် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ မေလ ၁၈ ရက်နေ့တွင် အခမ်းအနား ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းမိုခါ အဓိကဖြတ်ကျော်ဝင်ရောက်ရာဒေသဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေအိမ်များ၊ သာသနိကအဆောက်အဦများ၊ အစိုးရဌာနဆိုင်ရာရုံးများ၊ ကျောင်းများအပါ အဝင် လယ်မြေ၊ ရေတွင်းရေကန်၊ လမ်းတံတားများသည် ၉၀ ရာခိုင်နှုန်းနှင့် အထက် ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

👍10🥴2❤1
အလားတူ မိုခါမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင်ရှိနေသော ချင်းပြည် နယ်တွင်လည်း လူနေအိမ်များ၊ ကျေးရွာများ၊ စားပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ချင်းပြည်နယ်သည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့်ဒေသ ဖြစ်သောကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပြင်ပမှသိရှိရန်ခက်ခဲနေခြင်းဖြစ်သည်။
လူနေအိမ်များနှင့်အတူ စပါးကျီများ၊ အိမ်မွေးတိရစ္ဆာန်များပါဆုံးရှုံးထားရသော ချင်းပြည်နယ် ကန်ပက် လက်မြို့နယ်တွင် မုန်တိုင်းမဝင်ရောက်မီက အရေးပေါ်သုံးစွဲရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကကူညီသော ကျပ်ငွေ ၁၀ သိန်းမှအပ လက်ရှိအချိန်အထိ မည်သည့်အကူအညီမှမရရှိသေး ကြောင်း ကန်ပက်လက်မြို့နယ် မိုခါမုန်တိုင်း အရေးပေါ်တုန့်ပြန်ရေးကော်မတီအတွင်းရေးမှုးက မဇ္ဈိမကို ပြောသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင်လည်း မိုခါမုန်တိုင်းကြောင့် ကျေးရွာပေါင်း ၄၉ ရွာမှ လယ်မြေဧက ၁၀,၀၀၀ ကျော် ဆုံးရှုံးပျက်စီးခဲ့ရသည်။
အလားတူ စစ်ကိုင်းတိုင်းအတွင်းရှိ အခြားဒေသများနှင့် မကွေးတိုင်းအတွင်း၌လည်း လယ်မြေဧကများစွာ ၊ သီးနှံစိုက်ခင်းများစွာ ဆုံးရှုံးခဲ့ရကာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြည်သူများ ခံနေကြရသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုဒဏ်ကို ခံခဲ့ရသည့် မကွေးတိုင်း၊ စလင်းမြို့နယ်တွင်မူ လက်ရှိချိန်ထိ ဒေသတွင်း အဖွဲ့အစည်းများကသာ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေရပြီး နိုင်ငံတကာ အဖွဲ့အစည်း များအပါအဝင် အစိုးရနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများ အားလုံးထံမှ အကူအညီများရရှိရန် မျှော်လင့် လျက်ရှိကြောင်း ဆိုသည်။
“နိုင်ငံတကာဆီက ဒုက္ခရောက်နေတဲ့သူအကုန်လုံး အကူအညီများများရလေ ကောင်းလေပေါ့ဗျာ။ မျှော် လင့်တာပေါ့။ လက်ရှိတော့ ပြည်တွင်းက
ပရဟိတအဖွဲ့တွေနဲ့ လူမှုကူညီရေးတွေပဲ လာရောက် ထောက်ပံ့ ပေးနေပါတယ်” ဟု ဆင်ဖြူကျွန်းတွင် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်နေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထို့ပြင် မုန်တိုင်းဝင်ရောက်နေစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ကနီမြို့နယ်နှင့် ခင်ဦးမြို့နယ်တို့မှ ဒေသခံများမှာ မုန်တိုင်းဘေးထက် စစ်ဘေးကို ပို၍ ထိတ်လန့်ခဲ့ ကြရသည်။
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ရှိပြည်သူများသည် မိုခါမုန်တိုင်းမဝင်ရောက်မီကပင် စစ်ဘေးကြောင့် နေအိမ်များဆုံးရှုံးထားရကာ
စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသော လူဦးရေ မှာ အများအပြားရှိနေသော ဒေသများဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်စာရင်းအင်းများအရ မိုခါမုန်တိုင်းကြောင့် သေဆုံးသူဦးရေ မှာ ရခိုင်ပြည်နယ်တွင် ၄၀၀ ဦးကျော်(အတည်ပြုဆဲ)၊ မကွေးတိုင်းတွင် ၁၅ ဦး၊ စစ်ကိုင်တိုင်းတွင် လေးဦး၊ ရှမ်းပြည်နယ်တွင် နှစ်ဦးနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတို့တွင် တစ်ဦးစီဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#NUG
#မိုခါမုန်တိုင်း
#အာဆီယံ
#လူသားချင်းစာနာထောက်ထားမှုအကူအညီ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8😢3😁2
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ် ဖော်
မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
"အမေစုကို တန်းမညှိစမ်းနဲ့ အမေစုရဲ့နောက်မှာ ပြည်သူရှိတယ် အာဏာရူးတို့ရဲ့နောက်မှာကကြိုးစင်"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၈)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
#ဆန္ဒပြ
#Mizzima

👍9❤3😁2