Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မေလ ၂၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6❤1
​​KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီစခန်းများအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

YT
(မဇ္ဈိမ)။ ။ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၁) နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်း၊ အထိုင်စခန်းများအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းများမှ ဒရုန်း၊ လက်နက်ကြီးများ၊ RPG များဖြင့်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF
တာဝန်ခံနှင့် ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“ပွဲက နေ့တိုင်း ကနေတာပဲ။ တနေရာမဟုတ် တနေရာပဲ။ ဘီးလင်းမှ မဟုတ်ပါဘူး၊ တပ်မဟာ (၁) တခွင် ပေါ့။ ဒါပေမယ့် ဘီးလင်းမှာ ဒီရက်ထဲပိုများတာပါ။ ပြီးတော့ ဘီးလင်းကို အခုက စစ်ကြောင်းတွေထိုးနေ တာလည်းရှိတယ်” ဟု ဒေသတွင်းလှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။
မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာရှိ မဲပလီစစ်ကောင်စီစခန်း အား ဒရုန်းဖြင့် ဗုံးသီးငါးလုံးပစ်ချတိုက်ခိုက်ခဲ့ပြီး အထိအခိုက်အပျက်အစီးအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ဘီးလင်းမြို့နယ် တိုးဂိတ်အဟောင်း၊ ဘီးလင်းတံတားထိပ်ရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်နှင့် ဇီးတောကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတို့အား ဒရုန်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သထုံ ခရိုင် PDF တာဝန်ခံထံက သိရသည်။
မေလ ၁၈ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ မဲလံကျေးရွာအခြေစိုက် မဲလံ BGF စခန်းနှင့် ရင်းအုံကျေးရွာ အနီးရှိ ရင်းအုံ BGF စခန်းတို့အား ဒရုန်း၊ RPG များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံက ဆိုသည်။
ထို့ပြင် မေလ ၁၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအတွင်း တပ်စွဲ ထားသည့် စစ်ကောင်စီတပ်သားများအား လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
စစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ခြင်းရှိကြောင်း၊ မေလ ၁၇ ရက်နေ့ ပစ်ခတ်မှုအတွင်း ဘီးလင်းအခြေစိုက် အမြောက်တပ် အမတ(၃၁၄)မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ဒေါက်ရပ်တောင်ခြေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် (၆၅) နှစ်အရွယ်ရှိ ဒေါ်ခင်မနှင့် အသက်(၁၁) နှစ်အရွယ် နော်ဝိုင်းလေးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိပါတယ်။ ၁၇ ရက်နေ့က ဘီးလင်းအမြောက်တပ်(၃၁၄) ကနေ လက်နက်ကြီးနဲ့ရမ်းသန်းပစ်လို့ ဒေါက်ရပ်တောင်ခြေရွာသားနှစ်ဦး
ထိခိုက်ဒဏ်ရာရခဲ့တယ်" ဟု သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကိုပြောသည်။
ဘီးလင်းမြို့နယ်အတွင်းပြုလုပ်နေသော စစ်ဆင်ရေးများအား တပ်မဟာ (၁) KNLA ၊ PDF ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု (TPDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ၊ ပအိုဝ်း ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD ပါဝင်သော ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မဟာ (၁) KNLA၊ တပင်ရွှေထီးစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်း၊ ဘီးလင်း ပ.က.ဖ တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့တို့မှ ပြုလုပ်နေကြကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNUတပ်မဟာ(၁)နယ်မြေ
#သထုံခရိုင်
#ဘီးလင်းမြို့နယ်
#စစ်ကောင်စီစခန်း
#တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤1🔥1😁1
​​ချင်းအမျိုးသားအာဇာနည်နေ့အခမ်းအနား CNO ဌာနချုပ်တွင် ကျင်းပ

ပါခွီး
(မဇ္စျိမ)။ ။(၂)နှစ်မြောက် ချင်းအမျိုးသားအာဇာနည်နေ့အခမ်းအနားကို မေလ ၂၁ ရက်နေ့က ချင်းအမျိုးသား အဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် CNO/CNDF ဌာနချုပ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
မတူညီသော အချိန် ၊ ခုနှစ်၊ နေရာများတွင် ကျဆုံးခဲ့သော ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများကို အတူတကွ ဂုဏ်ပြုနိုင်ရန်အတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များထဲမှ ပထမဦးဆုံး အသက် ပေးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့ကို ချင်းအမျိုးသား အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း CNO/CNDF က ထုတ်ပြန်ထားသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်စိုးမိုးနယ်မြေများ၌ ရုံးပိတ်ရက်သတ်မှတ်ခြင်း၊ အလံတဝက်လွှင့်ထူခြင်း၊ ဆု တောင်းအောက်မေ့ပွဲများ ကျင်းပခြင်း၊ ကျဆုံးအာဇာနည်များအတွက်ရည်စူး၍ ကောက်ခံသော အလှူငွေ များ ပေးအပ်ခြင်းနှင့် အာဇာနည်များကို ဂုဏ်ပြုအလေးပြုခြင်းများပြုလုပ်ကြကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဝေဟင်ရန်ကိုသတိပြုနေရတဲ့အတွက် ခမ်းခမ်းနားနားကြီးတော့ မလုပ်ဖြစ်ပါဘူး။ ဌာနချုပ်နဲ့
တပ်ရင်း တပ်ဖွဲ့တွေမှာ အာဇာနည်သူရဲကောင်းအတွက် အလံတဝက်ချ လွှင့်ထူတယ်၊ ဂုဏ်ပြုအလေးပြုခြင်းနဲ့ အောက်မေ့ဆုတောင်း ဝတ်ပြုခြင်းပြုလုပ်ခဲ့ပါတယ်”ဟု CNO/CNDF
ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ကျုံးငိုင်းက မဇ္စျိမကို ပြောသည်။
တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်သူများ၊ ကျဆုံးရဲဘော်များကို ဘယ်သောအခါမျှ မေ့ပျောက်ခြင်း မရှိ ဘဲ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အလေးနီပြုကြောင်း ၎င်းက ပြောသည်။
အာဇာနည်များပေးဆပ်ခဲ့သည့် သွေးမြေကျ၊ ချွေးမြေခရမှုများ အလဟဿမဖြစ်ရစေဘဲ ချင်းအမျိုးသား တန်းတူညီမျှမှု ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီး အာဏာရှင်စနစ် ပျက်သုဉ်းသည်အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း သူရဲကောင်းနာမည်များကိုတိုင်တည်သစ္စာပြုသည်ဟု ဆလိုင်းကျုံးငိုင်းက ဆို သည်။
နွေဦးတော်လှန်ရေးနှင့်အတူ ပြန်လည်နိုးထလာသော အမျိုးသားရေးစိတ်ဓါတ်ကိုအခြေခံ၍
CNO/CNDF ဖွဲ့စည်းထူထောင်ပြီးနောက်ပိုင်း အမျိုးသားရေးတာဝန်ထမ်းဆောင်ရင်း အသက်ပေးခဲ့သူ ၃၂ ဦး ရှိပြီဖြစ် ကြောင်း သိရသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်၏ (၂)နှစ်မြောက် ချင်းအမျိုးသား အာဇာနည်နေ့တွင် အနယ်နယ်အရပ်ရပ်တွင် ရောက်ရှိနေသာ ချင်းအမျိုးသာပြည်သူများအနေဖြင့် ကျဆုံးသူရဲကောင်းများကိုဂုဏ်ပြုရင်း
အမျိုးသား ရေးတာဝန်များကို ပြန်လည်အောက်မေ့သတိရစေရန်အတွက်အထူးတိုက်တွန်းလိုက်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ချင်းပြည်ရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ အမျိုးသားရေးအတွက် အသက်ပေးခဲ့ကြသူများ၊ နွေဦး တော်လှန်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများ မပေါ်ပေါက်မီက အသက်ပေးခဲ့ကြသော ပြည်မ၊ တောင်တန်းမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းများအား အမှတ်တရဂုဏ်ပြုရန်အတွက် ချင်းအမျိုး သားအာဇာနည်နေ့ကို မေလ ၂၁ ရက်နေ့အဖြစ် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတ်မှတ်ခဲ့ ခြင်းဖြစ် သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ချင်းပြည်နယ်
#CNO/CNDF
#ချင်းအမျိုးသားအာဇာနည်နေ့
(၂)နှစ်မြောက် ချင်းအမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ် အလံတစ်ဝက်လွှင့်ထူ ထားစဉ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1🤮1
This media is not supported in your browser
VIEW IN TELEGRAM
တစ်ပတ်အတွင်း ပျံ့နှံ့နေခဲ့တဲ့ သတင်းတု သတင်းမှားတွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံ ကြည့်ရန်လင့် - https://youtu.be/zQ6jBmAKWQo

#Mizzima #Misinformation_Buster #Fake_News #Weekly_Program #reels #shorts
👍4🍌1🖕1
မေလ ( ၂၂ ) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

- မန္တလေးမြို့ပြပြောက်ကျားခေါင်းဆောင်အပါအဝင် ၁၃ ဦးဖမ်းမိထားကြောင်း စစ်ကောင်စီကြေညာတဲ့သတင်း

- မုန်တိုင်းသင့်ဒေသတွေအတွက် ပထမဆုံးအကူအညီ အာဆီယံပေးပို့တဲ့သတင်း

- မုန်တိုင်းဒဏ်သင့်နေရာတွေကို နိုင်ငံတကာအကူအညီတွေ အချိုးကျရောက်ဖို့လိုတယ်လို့ NUG ပြောတဲ့သတင်း

- မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာရွှေ့ပြောင်းတွေ ဖမ်းဆီးခံလိုက်ရတဲ့သတင်းနဲ့

- တရုတ်ကို တိုက်ရိုက်မရည်ညွှန်းပေမယ့်လည်း စီးပွားရေးအကျပ်ကိုင်မှုတွေကို တန်ပြန်သွားဖို့ G7 ကတိပြုတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်း တွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://youtu.be/e2zTQkAzH-c
👍12🤮1🍌1
မေလ (၂၂) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ဆွေးနွေးတဲ့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းတာကို ထောက်ခံတယ်လို့ ဗီယက်နမ် ပြောတဲ့ သတင်း အပါအဝင် ဆားလင်းကြီးမြို့နယ် ယမားချောင်းဘေး ကျေးရွာများ ရေဘေးကြုံနေရတဲ့ သတင်းပေးပို့ချက်တွေပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

https://youtu.be/Vt72dgzQBNc
👍3🔥2😁1
​​“ဘက်ပေါင်းစုံ” စကားလုံးနဲ့အချိန်ကုန်နေပြန်တဲ့ အာဆီယံ (ဆောင်းပါး)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအပေါ်မှာ အများကြီးမျှော်လင့်ထားခဲ့ကြပေမယ့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ သက်တမ်းထက်ဝက်ကျော်လာချိန်အထိ ဘာမှ ရေရေရာရာမရှိသေးတာ တွေ့နေရပါတယ်။ မေ ၉ ရက် ကနေ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဖလောစ်ကျွန်းမှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာ့အရေးအတွက် ထူးခြားတဲ့ဆုံးဖြတ်ချက်ထွက်မလာနိုင်ခဲ့ပါဘူး။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁5
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ မေ ၂၀၂၃) 

စစ်ကောင်စီ၏ ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်းမှ ဝင်ငွေရရှိမှုကို နိုင်ငံတကာမှ ပိတ်ဆို့အရေးမှု အားနည်းနေသေးတာကြောင့် ယင်းလုပ်ငန်းများ ရရှိသည့် ငွေများဖြင့် ပြည်သူလူထုကို သတ်ဖြတ် နေခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🥴3😁1
​​မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေ

001
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့မှ မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်၀န် ထမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့က ပြင်ပသို့ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ သည့်အတွက် နိုင်ငံရေးအကျဉ်းသားများက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှု ယနေ့ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြုလုပ်နေကြကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
နိုင်ငံရေးအကျဥ်းသားအချို့ကို အကြောင်းပြချက်မပေးဘဲ မေလ ၂၁ ရက်နေ့ ညနေပိုင်း၊ ညပိုင်းနှင့် မေလ ၂၂ ရက်နံနက်ပိုင်းစသည်ဖြင့် အချိန်ခွဲ၍ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“အကျဉ်းထောင်က တာ၀န်ခံအရာရှိတွေနဲ့ သွားတွေ့တယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒီဖက်ကဖြေရှင်း ပေးမယ့်သူတွေက သွားတွေ့တဲ့အချိန်မှာ ထောင်ဖက်က ဘာမှအကြောင်းပြန်လာတာ မရှိတဲ့အတွက် မနက်ကတည်းကစပြီး hunger စဆွဲနေပါပြီ။ ဒါက ၁၂ နာရီ ၁ ချက်အထိ အတည်ပြုချက်ပေါ့နော်။ အဓိက ကတော့ နိုင်ငံရေးအကျဉ်းသား ခြောက်ယောက်အကျဉ်းထောင်ကို ပြန်လည်ရောက်ရှိရေးဆိုတဲ့ ခေါင်းစဉ် ပေါ့”ဟု မြင်းခြံအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထောင်တွင်းမှ သီးသန့်ခေါ်ထုတ်ခံရသူများမှာ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုဥက္ကာ၊ ကိုကျော် မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုအောင်မျိုးသန့်နှင့် ကိုကျော်ဇင်ဦးတို့ဖြစ်ကြောင်း သိရသည်။
ထိုအထဲမှ ကိုကျော်ဇင်ဦးမှာ မြင်းခြံထောင်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သော်လည်း ကျန်ခြောက်ဦးမှာ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ယနေ့ ညနေပိုင်း တွင် ပြောသည်။
အဆိုပါ ခေါ်ထုတ်ခံရသူများထဲမှ တစ်ဦးသေဆုံးပြီဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း မဇ္စျိမ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“အခုလောလောဆယ် အနေအထားကတော့ ရှာဖွေရေးတွေ အရမ်းကြမ်းနေတယ်။ အခုလက်ရှိ ထောင် တံခါးတွေပိတ်ထားတုန်းပဲ တစ်ယောက်မှ အပြင်မထွက်ရဘူး။ ရေချိုးခွင့်မရှိဘူး။ အစားအသောက် တစ်ခု မှ လာမပို့ထားဘူး။ ဒီဖက်ကလည်း မယူဘူးပေါ့လေ”ဟု ဆိုသည်။
မြင်းခြံအကျဉ်းထောင်တွင် ပြီးခဲ့သည့်နှစ်လခန့်မှစ၍ လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသားများကို ဆေးကုသခွင့် မပေးခြင်းများလည်းရှိနေပြီး ထောင်ဝင်စာပို့ရာတွင်လည်း ကန့်သတ်မှုများရှိနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#မြင်းခြံမြို့
#အကျဉ်းထောင်
#ဆန္ဒပြမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏2
​​ထိုင်းတွင် COVID-19 ကူးစက်မှုနှင့် ဆက်စပ်သေဆုံးမှုတို့ မြင့်တက်

ထိုင်းနိုင်ငံတွင် စာသင်ကျောင်းများ ပြန်ဖွင့်ချိန် ပြီးခဲ့သည့် သီတင်းပတ်က COVID-19 ကူးစက်ခံရသည့် လူနာဦးရေသည် ဆက်လက်မြင့်တက်နေခဲ့ပြီး သေဆုံးမှုများလည်း တိုးခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2😁2
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် PDF ၃၀ ခန့်သေဆုံးဆိုတဲ့သတင်းမှား | Misinformation Buster S3| Ep.67

သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျမကတော့ ဂျူချန်းပါ။

ဒီတပတ်မှာတော့

-မိုခါမုန်တိုင်းကြောင့် ထွက်ပေါ်လာတဲ့ ပုံဟောင်းနဲ့ ဗီဒီယိုဖိုင်အဟောင်း တွေအကြောင်းအပါအဝင်
-ကျားဖြူစစ်ကြောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် PDF ၃၀ ခန့် သေဆုံးလို့ ဖြန့်ဝေနေကြတဲ့ သတင်းမှား

-ပြုပြင်ထားတဲ့ပုံနဲ့ ဂရမ်မီဆုရှင် စလင်းဒီယွန် ဆေးရုံတက်နေဟန် ရေးသားထားဖော်ပြထားတဲ့ သတင်းမှားစတဲ့ တစ်ပတ်အတွင်းမှာ ဖော်ထုတ်ခဲ့တဲ့ သတင်းတု သတင်းမှားတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

https://youtu.be/zQ6jBmAKWQo
👍12😁2🖕1
​​မန္တလေးမြို့ပြပြောက်ကျားခေါင်းဆောင်အပါအဝင် ၁၃ ဦးဖမ်းမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

007
(မဇ္ဈိမ)။ ။မန္တလေးမြို့ပြပြောက်ကျားရှစ်ဦးနှင့် ထောက်ပံ့သူငါးဦးကို ဖမ်းမိထားကြောင်း စစ်ကောင်စီက မေလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
မန္တလေးမြို့၌ အမျိုးသမီးသုံးဦးအပါအဝင် လူငယ် ၁၃ ဦးအား စစ်ကောင်စီတပ်ဖွဲ့က မေလ ၁၈ ရက်နေ့ တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မခိုင်ခိုင်အောင်ကို အဲဒီနေ့ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကားလေးစီးနဲ့အိမ်ကိုရောက် လာပြီး ရိုက်နှက်ဖမ်းခေါ်သွားတယ်။ နောက်နေ့မှသိရတာက သူအပါအဝင် အားလုံးပေါင်း ၁၃ ယောက်လို့ အတွင်းသတင်းသိရတယ်။ အမျိုးသမီးတွေက ထောက်ပို့လုပ်တယ် ကျန်တာတွေက PDF တွေဆိုပြီး နန်းတွင်းမှာ ဖမ်းထားတာ” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
အဆိုပါလူငယ် ၁၃ ဦးသည် မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်း စစ်ကောင်စီဆန့်ကျင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းတို့ကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာ Royal Phoenix Guerrilla Force-RPGF အဖွဲ့မှ ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ အဖွဲ့ဝင်ခြောက်ဦး၊ ၎င်းအဖွဲ့အား ငွေကြေးထောက်ပံ့သူလေးဦးနှင့် လက်နက်သိမ်းဆည်းပေးသူတစ်ဦးဖြစ်ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြို့ခံ ၁၃ ဦးကိုဖမ်းဆီးပြီးနောက် PDF အဖွဲ့ကို ဖမ်းမိကြောင်း ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။
“အဲဒီနေ့(မေ ၁၈ ရက်)က သူတို့က တစ်နေကုန် ဖမ်းဆီးရေးတွေလုပ်ခဲ့တယ်၊ တချို့ကို ထောက်ပို့လို့ စွပ်စွဲ တယ်၊ RPGF အဖွဲ့ခေါင်းဆောင်တွေပါတယ်လို့လည်း သတင်းလွှင့်ထားတယ်၊ ပြောက်ကျားတွေ ဟုတ် မဟုတ် ကျွန်တော်တို့မသိပေမယ့်၊ ဖမ်းသွားတဲ့အထဲက တချို့က အပြစ်မဲ့အရပ်သားတွေပါ” ဟု ဖမ်းဆီး စွပ်စွဲခံထားရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် RPGF အဖွဲ့နှင့် အဆက်အသွယ်ရရန် ကြိုးပမ်းနေသော်လည်း ဆက်သွယ်၍ မရသေးပေ။
စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် RPGFအဖွဲ့သည် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် နှင့် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ (ခ)ကောက်ကြီးတို့ကခေါင်းဆောင်ကာ အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ဟိန်းမြတ်မင်း(ခ)ဖိုးသား၊ ဒေးဗစ်၊ ခေါင်းကြီး၊ ဘီလူး၊ ပေါက်ကျော်(ခ)စကုတ်၊ ကျော်ကြီး(ခ) အရှည်ကြီး၊ ထွန်းထွန်း(ခ)ဂျင်းမွှေးနှင့်မဲကြီးတို့ကို ဆက်လက်ဖမ်းဆီးရန်ကျန်နေသေးကြောင်း ဖော်ပြ ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#RPGF
#စစ်ကောင်စီ
#ဖမ်းဆီးမှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3😁3😢2👏1