Mizzima
✔
47.6K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်ဆိုသူများ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံး

ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၊ ငွေဇင်ယော်လမ်းတွင် ယနေ့ မေလ ၂၂ ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တပည့်ဆိုသူများ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အုပ်ချုပ်ရေးမှူးအပါအဝင် သုံးဦးသေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ဖြစ်စဉ်မှာ ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် လူခုနစ်ဦး ဆိုင်ကယ်များဖြင့်သွားလာနေစဉ် ပစ်ခတ် ခံရခြင်းဖြစ်ပြီး သေနတ်သံ အချက်ရေ ၂၀ ခန့်မက ပေါ်ထွက်ခဲ့ကြောင်း သိရသည်။
“အုပ်ကြီးကတော်တော်ဆိုးတာ။ သူနဲ့ပစ်ခံရတဲ့သူတွေက ရုံးအဖွဲ့ဝင်တွေမဟုတ်ဘူး သူ့နောက်လိုက်တွေ။ အုပ်ကြီးအပါထိတာသုံးယောက် ဘေးတွဲနဲ့လာပစ်သွားတာ” ဟု ပစ်ခတ်မှုဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်နေဒေသခံက ရှင်းပြသည်။
အခင်းဖြစ်ပွားသည့်နေရာ၌ အုပ်ချုပ်ရေးမှူး၏ နောက်လိုက်တပည့်ဖြစ်သူနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးမှာ ဆေးရုံပေါ်တွင်သေဆုံးသည်ကို နောက်ဆက်တွဲကြားသိရကြောင်း ဒေသခံက ပြောသည်။
သေဆုံးသွားသော ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူမှာ လွတ်မြောက်သွားပြီး ၎င်းမှာလည်း အုပ် ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်း ဒေသခံကပြောကြားသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနေဆဲဖြစ် သည်။
အခင်းဖြစ်ပွားပြီးနောက် ၈၈ ရပ်ကွက်၊ ၉၀ ရပ်ကွက်နှင့် ၉၁ ရပ်ကွက်များတွင် စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေးခဲ့သလို တောင်ဒဂုံမြို့နယ် ၈/၉ လမ်းဆုံတွင်လည်း ဘေးတွဲဆိုင်ကယ်များကိုဖမ်းဆီး နေကြောင်း နယ်မြေခံသတင်းချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။
ယနေ့နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်ကြောင့် ယနေ့ည ဧည့် စားရင်းစစ်ဆေးမည်ဟုအကြောင်းပြကာ ဝင်ရောက်စစ်ဆေးဖမ်းဆီးနိုင်ချေရှိသဖြင့် သတိဝီရိယထားနိုင်ပါရန် ဒဂုံဆိပ်ကမ်းမြို့နယ်နေပြည်သူတစ်ဦးက အကြံပြုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရန်ကုန်
#ဒဂုံဆိပ်ကမ်းမြို့နယ်
#၈၈ရပ်ကွက်
#အုပ်ချုပ်ရေးမှူး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥3😱1
ကြံခင်းမြို့နယ်တွင် စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ (၈၉)ကြိမ်မြောက် ဆန္ဒထုတ်ဖော်
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၂ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ် ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ပြည်သူကို မီးလိုငရဲလိုကျင့်တဲ့ဖက်ဆစ်တပ် လူထုအားနဲ့အမြစ်ဖြတ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၈၉)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။

#Mizzima
#ဆန္ဒပြ
❤14👍4😁2🔥1
ဖန်ခါးသီးရဲ့အကျိုးကျေးဇူးများ
==============

-ဖန်ခါးသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ဖန်ခါးသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ဖန်ခါးသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/jgFd-F0ry-Y

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🌭1🍌1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ မေလ ၂၃ ရက်၊ ၂၀၂၃ | VOA On Mizzima
=====================

အခကြေးငွေယူပြီး တဏှာကင်းတဲ့ ပွေ့ဖက်မှု ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းအကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ ရွှေထွက်အများဆုံး ဗာဂျီးနီးယားပြည်နယ်အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/z_aHvRwLRbc

#VOA
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2👍1
မေလ (၂၃) ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=====================

ဒီကနေ့ မနက်နားဆင်ရမယ့် သတင်းတွေကတော့ ကိုယ်ပိုင်ကျောင်းတွေမှာ ပါတီနိုင်ငံရေးအကြောင်းဆွေးနွေးရင် ထောင်ဒဏ် ၆ လ ချမှတ်နိုင်တဲ့ ဥပဒေကို အာဏာသိမ်းစစ်ကောင်စီပြဋ္ဌာန်း လိုက်တဲ့သတင်းအပါအဝင် သုံးဆယ်မြို့က ရာအိမ်မှူးဇနီးမောင်နှံကို ပဲခူးတိုင်းမြို့ပြအထူးစစ်ဆင်ရေးအဖြစ် ပစ်ခတ်လိုက်တဲ့အကြောင်းတွ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ဒီနေ့အတွက် စီးပွားရေးသတင်း ကို နားဆင်ကြရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် “Mizzima Editorial Talk” အစီအစဉ်ကို တင်ဆက်သွားဖို့ရှိပါတယ်။

https://youtu.be/uYc4gNUywaM

#Mizzimaradio
#Morningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁3👍1
မြန်မာပြည်သူတွေဘက်ကလား၊ စစ်ကောင်စီဘက်ကလား အာဆီယံ ပြတ်သားဖို့အချိန်ရောက်ပြီ
==========================

ထိုင်းနဲ့ နယ်စပ်အနီးမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲအရှိန်အဟုန် တိုးမြင့် နေတဲ့အတွက် မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေအကြား ကုန်သွယ်ရေးမြှင့်တင်ရန် ရည်ရွယ်ထားတဲ့ အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းကြီး တစ်ခု ရပ်တန့်ထားရပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော် စစ်ကောင်စီ အာဏာမသိမ်းခင်ကအထိ ပြီးလုနီးပါးဖြစ်နေတဲ့ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကို လွှမ်းခြုံတဲ့ ကီလိုမီတာ ၁၇၀၀ လောက်ရှည်လျားတဲ့ အရှေ့အနောက် စီးပွားရေး စင်္ကြ ံဟာ တိုက်ပွဲတွေကြောင့် မြန်မာဘက်အခြမ်းမှာ ရပ်တန့်ထားရတာ ဖြစ်ပါတယ်။

https://youtu.be/tidIVY9smbI

#Newsfeature
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
Media is too big
VIEW IN TELEGRAM
Nature Article | ဖန်ခါးသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/jgFd-F0ry-Y

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍2🌭1🍌1
​​ယင်းမာပင်မြို့တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့မှတပ်သားလက်နက်အပြည့်အစုံနှင့် CDM ပြုလုပ်
========================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်တိုင်း၊ယင်းမာပင်မြို့ပေါ်ရှိ ဝါဒိုင်တွင်တပ်စွဲနေသည့်စစ်ကောင်စီတပ်ဖွဲ့မှ တပ်သား ရဲရင့်ကျော် ကိုယ်ပိုင် နံပါတ် (တ-၅၅၂၅၅၅)သည် မေလ ၂၂ ရက် နံနက် ၃ နာရီခန့်တွင် ယင်းမာပင်ခရိုင် အမှတ်(၂၉)နှင့် ချိတ်ဆက်၍ CDMပြုလုပ်လာကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့တွင် လုပ်သက်ခြောက်နှစ်ရှိသည့် တပ်သားရဲရင့်ကျော်သည်အနောက်မြောက်တိုင်း စစ်ဌာနချုပ် အမှတ်(၁၂) အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းမှဖြစ်ပြီး ယင်းမာပင်မြို့နယ် ဝါဒိုင်ရုံးမှ အလစ် အငိုက်ထွက်ပြေး၍ CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျနော် ယင်းမာပင်ဘက်ကို စပြီးရောက်ကတည်းက တပ်ကထွက်ခွာဖို့ ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ အိမ်ကမိသားစုတွေကအစကျနော့်ကိုထွက်ဖို့အားပေးကြတာရှိပါတယ်။ လက်နက်အပြည့်ပါယူပြီး
ထွက် ချင်တဲ့အတွက် တပ်ရဲ့အလစ်ကို စောင့်ရင်း အချိန်ကြာသွားတယ်” ဟု ၎င်းက ပြောသည်။

တပ်သား ရဲရင့်ကျော်သည် MA-11 သေနတ်တစ်လက် ၊ ကျည်ဘောက် သုံးခု ၊ ကျည် ၂၂၈ တောင့်နှင့်အတူယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းထံသို့ CDM ပြုလုပ်လာခြင်း ဖြစ်သည်။
CDM ပြုလုပ်လာသည့် တပ်သားရဲရင့်ကျော်ကို ယင်းမာပင်ခရိုင်အမှတ်(၂၉)တပ်ရင်းက ငွေကျပ်သိန်း ၁၀၀ တိတိဆုချီးမြှင့်ခဲ့ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုပါက အမြဲကြိုဆိုလျှက်ရှိကြောင်း
ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်းမှ တာဝန်ရှိသူက ဆိုသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်သား
#CDM
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁2👏1
အမေရိကန်ဌာနေတိုင်းရင်းသား မျိုးနွယ်စု ၅၆၂ ခုရဲ့ မှတ်တမ်း | VOA On Mizzima
==================

အမေရိကန် ဌာနေတိုင်းရင်းသူ ဓာတ်ပုံဆရာမ Matika Wilbur ဟာ ပြည်ထောင်စုက အသိအမှတ်ပြုထားတဲ့ ဌာနေတိုင်းရင်းသား မျိုးနွယ်စု ၅၆၂ ခုစလုံးကို မှတ်တမ်းတင်နိုင်ရေး ရည်ရွယ်ချက်နဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က စလို့ ခရီးစဉ် အစီအစဉ်ကို စတင်ခဲ့တာပါ။ ဌာနေ အမေရိကန်တွေ အပေါ် လူတွေရဲ့ အမြင် သဘောထားကို ပြောင်းလဲနိုင်ရေး ရည်ရွယ်ပြီး သူမရဲ့ နှစ်နဲ့ချီ ဆောင်ရွက်ချက်တွေကို စာအုပ်ထုတ်ဝေပါတယ်။ သူမ နေရပ်ရင်း ဝါရှင်တန် ပြည်နယ်မှာ လှည့်လည်ပြီး စာအုပ်သစ်ကို မိတ်ဆက်ပါတယ်။ Seattle ကနေ ဗွီအိုအေ သတင်းထောက် Natasha Mozgovaya ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် တင်ဆက်ထားပါတယ်။

https://youtu.be/3b85AkOKP9k

#VOA
#mizzimatv

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1😁1
မေလ ၂၃ ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​ဖားကန့်တွင် အမျိုးသား ၁ ဦး သေနတ်ပစ်ခံရ
================

အဂမ်
(မဇ္ဈိမ)။ ။ ကချင်ပြည််နယ် ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်တွင် ယမန်နေ့ မေလ ၂၂ ရက် နေ့လယ်ပိုင်း ၂ နာရီကျော်အချိန်လောက်က အမျိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး အခြေအနေစိုးရိမ်ရ​​ကြောင်း ဒေသခံများက ဆိုကြသည်။

ဖားကန့်မြို့ မော်ဝှမ်းရှိ မျိုးသန့် ဆံပင်ညှပ်ဆိုင်အနီးရှိ ကွမ်းယာဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် လူငယ်များက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“လမ်းမှာကားတွေ ဆိုင်ကယ်တွေရှုပ်နေတဲ့အချိန် ပစ်သွားတာဟုတ်တယ်။ ဆိုင်ကယ်နဲ့ပဲ ဟုတ်တယ်။ လူငယ်လေးတွေပါပဲ။ သိတဲ့အတိုင်း ကွမ်းယာဆိုင်ဆိုတော့ လူကလည်းရှုပ်နေတဲ့အချိန် အသံကြားလို့ ကြည့်လိုက်တာ ဆိုင်ရှေ့မှာ လူက လဲနေပြီ ” ဟု သတင်းရင်း မြစ်က အခုလိုပြောသည်။

ပစ်ခတ်ခံရသူမှာ အသက် ၅၄ နှစ်ခန့်အရွယ်ရှိ ဦးဇော်တူးဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၊ လည်ပင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့်အတွက် လက်ရှိဖားကန့်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေတယ်လို့ စုံစမ်းသိရှိရသည်။

မည်သည့်အဖွဲ့က ဘာကြောင့် ပစ်ခတ်သွားခဲ့သည်ကိုတော့ စုံစမ်းနေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်အတွင်းက ဖားကန့်ရတနာမြေတွင် ယခုလို ဖြစ်စဉ်များမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဖားကန်မြို့
#ရတနာမြေ
#မှော်ဝမ်းရပ်ကွက်
#ဆံပင်ညှပ်ဆိုင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥1
Media is too big
VIEW IN TELEGRAM
အမေရိကန်ဌာနေတိုင်းရင်းသား မျိုးနွယ်စု ၅၆၂ ခုရဲ့ မှတ်တမ်း | VOA On Mizzima

Watch more detail - https://youtu.be/3b85AkOKP9k

#VOA #AmericanNews #VideoNews #shorts #Reels
👍5🤮1
တဏှာကင်းတဲ့ ပွေ့ဖက်မှု ဝန်ဆောင်မှုလုပ်ငန်း ထွန်းကား | VOA On Mizzima
====================

အာဖရိကတိုက်ရဲ့ ပထမဆုံးသော အခကြေးငွေယူပြီး တဏှာကင်းစွာ ပွေ့ဖက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို တောင်အာဖရိကနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ ကိုဗစ်ကပ်ရောကာကာလအတွင်း အထီးကျန်စွာနေခဲ့ရတာတွေနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် အခုလို အခကြေးငွေယူကာ ပွေ့ဖက်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း ထွန်းကားလာနေတာပါ။ ဂျိုဟန်နာဘတ်စ်ကနေ Zaheer Cassim သတင်းပေးပို့လာတာကို ရဲမွန်က တင်ဆက်ထားပါတယ်။

https://youtu.be/uFsrcUpZUXo

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1🖕1
မေလ (၂၃)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
==================

01:00 − မုန်တိုင်းအပြီး တစ်ပတ်ကျော်ကြာတဲ့အထိ ရခိုင်မှာ အကူအညီတွေမရသေးဘူးလို့ ဒေသခံတွေပြောတဲ့သတင်း

04:34 − မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေကြတဲ့သတင်း

06:24 − မြိတ်မြို့မှာ မီတာခ ယူနစ်ဈေးတွေ လျှော့ချပေးဖို့ မြို့ခံတွေ တောင်းဆိုတဲ့သတင်းနဲ့

10:17 − ပျက်ကျခဲ့တဲ့လေယာဉ်မှ ကလေးငယ်တွေကို အသက်ရှင်လျက်တွေရှိခဲ့ကြောင်း ပြောဆိုချက်ကို ကိုလံဘီယာသမ္မတပြန်ရုတ်သိမ်းတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်း နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/jK_f0h0T7xQ

#12pmnews
#Mizzimanewshour

👍3🤮1🍌1